တစ်နေ့တစ်၌ ကျွန်ုပ်သည် အလုပ် ကိစ္စတစ်ခုဖြင့် မြို့ထဲသို့ သွားရန် အိမ်မှ ထွက်လာခဲ့ သည်။ ကားဂိတ်ရောက်တော့ စီးရမည့်ကားကို စောင့်နေလိုက်မိသည်။ ခနအကြာ ကားဆိုက်လာရ်ျ ကားပေါ်သို့ တက်လိုက်ပါသည်။ ကားသည် အတော်အတန်ပင်ချောင်နေပြီး နေရာလွတ်များ အ နည်း ငယ် ရှိနေသဖြင့် အလိုက်သင့် ၀င်ထိုင်လိုက်ပါသည်။ ထိုင်လိုက်ပြီးကာ
မှ ကားက မထွက်။ လူစောင့်တင်နေတော့သည်။ ထို အခိုက် အသက် (65) နှစ် အရွယ်ရှိ ယောက်ျား တစ်ယောက် သည် သူဧ။် မြေးဟု ယူဆရသော (4) နှစ်အရွယ် ကောင်လေးတစ်ယောက်နှင့် အတူ ကားပေါ်သို့ တက်လာ ပါသည်။ ကျွန်ုပ် ထိုသူအား သေချာကြည့်လိုက်တော့ ငယ်ငယ်က တက်ခဲ့ဖူးသော အထက်ကျောင်းမှ ကျွန်ုပ်တို့အား စာသင်ပေးခဲ့သော ဆရာ တစ်ယောက်ဖြစ်နေ သည်ကို သိလိုက်ပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် ထို ဆရာအား အနားသို့ ခေါ်လိုက်ပြီး ထိုင် စရာနေရာပေး လိုက်လေသည်။
ဆရာကတော့ ကျွန်ုပ်အား မှတ်မိဟန် မတူချေ။ ကလေးတစ်ဖက်နဲ့ ဆရာက ထိုင်ခုံ၌ ထိုင်ပြီးသည်နှင့် ကားသည် စတင်ထွက်ခွာပါတော့သည်။ ( အမှန်တော့ နောက်ကားဝင်လာရ်ျ ထပြေးခြင်းသာ ဖြစ်ပါသည်။) ကားထွက်သည်နှင့် ကားစပယ်ယာက ကားခ ကောက်ခံပါ တော့ သည်။ ထိုအခိုက် ကျွန်ုပ်သည် ကားခကို 2 ဦးစာ ပေါင်းရ်ျ ပေးလိုက်ပါသည်။ ဆရာက ကြောင်အမ်း အမ်း ဖြစ်သွားပြီး ကျွန်ုပ်အား လက်ထဲတွင် အသင့်ကိုင်ထားသော ကားခကို လှမ်းပေးပါသည်။ ကျွန်ုပ်က မယူပါရစေနဲ့ဗျာ။ ကြုံတုန်း ပေးလိုက်တာပါလို့ ပြန်ပြောတော့ ဆရာက နဲနဲ သဘော ပေါက်ဟန် ရှိသွားပြီး ကျွန်ုပ်ကို ကျေးဇူးတင်ပါတယ် ဆိုသောမျက်လုံးနဲ့ ကြည့်နေ ပါတော့ သည်။
ဒီလိုနဲ့ ကားသည် မှတ်တိုင်များကို တစ်တိုင်ပြီး တစ်တိုင် ကျော်လွန်ပြီး ခရီးစဉ်ကို အစီစဉ် အတိုင်း မောင်း လျက် ရှိပါသည်။ ကားစီးနေရင်းဖြင့် ကျွန်ုပ်သည် ဆရာဖြစ်သူအား နည်း နည်း အကဲ ခတ်ကြည့်မိ တော့ ဆရာသည် ဇရာထောက်နေသော အနေထားကို သတိထားမိပါသည်။ သို့ပါသော်လည်း ငယ်တုန်းက ရုပ်ရည်ကတော့ ကျန်နေသေးသည်။ အသားတွေလည်း ဖြူနေ သေး သည။် ယခုတော့ ကျောင်းဆရာ ဘ၀မှ အနားယူပြီး အငြိမ်းစား ဖြစ်နေဟန်လည်း ရှိပါသည်။ ကျွန်ုပ်သည် ဆရာနှင့် စကားထွေထွေထူးထူး တစ်ခုမှ မပြောဖြစ်ပါ။ ထို့နောက်တွင်တော့ ကျွန်ုပ် ဆင်းရမယ့် မှတ်တိုင်သို့ ဆိုက်ရောက်သဖြင့် ကားပေါ်မှ ဆင်းကာ မိမိ လိုရာသို့ ဆက်သွား လိုက်ပါ သည်။ ထိုသို့ သွားရင်းဖြင့် ကျွန်ုပ်ဧ။် အတွေးထဲတွင်တော့ ယခုကဲ့သို့ ကြုံတုန်း ကြုံခိုက် မိမိရဲ့ ဆရာ သမား တစ်ယောက်ကို ကူညီခွင့် ရလိုက်သည်ကိုပင် ကြည်နူးမဆုံး ရှိလှပါသည်။
တကယ်ဆို ယခု အကြောင်းရာသည် ကြိုတင်စီစဉ်ထားသည်မဟုတ်။ ကျိုးကြောင်း တိုက် ဆိုင် ရ်ျ သာ ပြုလုပ်ခွင့် ရခြင်းသာလျှင်ဖြစ်ပါသည်။ သို့ပေမယ့် ဒီ အခွင့်ရေးလေးသည် ဆရာ သမား တစ်ယောက်ကို ဂါဝရပြု ကျေးဇူးဆပ်ခွင့် ရလိုက်ခြင်း၊ သက်ကြီးဝါကြီးတစ်ဉ်ီးကို ကူညီခွင့် ရလိုက်ခြင်း၊ လူသားဆန်သော အပြုမူတစ်ခုကို ပြုလုပ်ခွင့် ရလိုက်ခြင်း၊ အချိန်အခိုက်တန့်လေး အတွင်းမှာ ရလာသော အခွင့်ရေးကို လှမ်းဆုပ်ကိုင်နိုင်လိုက်ခြင်း တို့ဖြင့် မိမိရဲ့ စိတ်အစဉ်မှာ ကြည်နူး ပီတိ ဖြစ်၇ခြင်းတို့ဖြင့် ပြည့်စုံနေပါတော့သည်။
ကိုရောခ့်ကာ
No comments:
Post a Comment