နိဒါန်း
လောက၌ အသက်ရှင် နေထိုင်ကြသော လူသားတို့တွင် ရည်ရွယ်ချက် ၊ ရည်မှန်းချက် ဆိုသော အရာသည် ဘ၀ဧ။် အစိတ်ပိုင်းထဲတွင် တစ်ခု အပါအ၀င် ဖြစ်လေသည်။ ထို ရည်မှန်းချက် ၊ ရည်ရွယ်ချက် များကို ဘ၀ရဲ့ အိပ်မက် ဟုလည်း တင်စားခေါ်ဝေါ် ပြောဆိုလေ့လည်း ရှိကြလေသည်။ ထို ဘ၀ အိပ်မက်များသည် ငယ်စဉ် ကလေး ဘ၀ ကတည်းက ဖြစ်တည်နိုင်ခဲ့ကြသလို ဆယ်ကျော်သက်အရွယ် ၊ လူငယ်ဘ၀ နှင့် လူလတ်ပိုင်းအရွယ် တို့တွင်လည်း ဖြစ်တည်နိုင် ကြလေသည်။ ငယ်စဉ် ကလေးဘ၀ ၌ ဖြစ်တည်ကြသော ဘ၀ အိပ်မက်များသည် ဘ၀ရပ်တည်မှု ပုံစံ နှင့် ပတ်ဝန်းကျင် အနေထားများကြောင့် ဆက်လက်တည်တံ့ ခိုင်မြဲ ကြသူများ ရှိသလို အများစု မှာ ဦးတည်ရာ လမ်းကြောင်း ပြောင်းလဲ သွားတက်ကြလေသည်။ သို့သော်
ဆယ်ကျော်သက် လူငယ်ဘ၀ နှင့် လူလတ်ပိုင်းဘ၀ အရွယ် တို့တွင် ဖြစ်တည်ကြ ကုန်သော ဘ၀အိပ်မက်တို့သည်ကား အသိပညာ ကြွယ်ဝလာမှု ၊ စဉ်းစားတွေးခေါ် ဆင် ခြင်နိုင်စွမ်းတို့ အားကောင်းလာမှု ၊ ဘ၀ ရပ်တည်မှု အခြေနေကို ပိုမို ကြိုးစား အားထုတ် လာနိုင်မှု တို့ကြောင့် အများစု မှာ ရည်ရွယ်ချက် ၊ ရည်မှန်းချက် များ ပေါက်ရောက် အောင်မြင်ကြကာ ဘ၀ရဲ့ အိပ်မက်များကို လှပစွာ ထုဆစ် နိုင်ကြလေသည်။ ထို့အပြင် ဆန့်ကျင်ဘက် အနေဖြင့် အကြောင်းရာ မျိုးစုံတို့ကြောင့် ဘ၀အိပ်မက်များ ပျက်စီးဆုံးရှုံး သွား ကြသူများသည်လည်း ဒုနဲ့ဒေး ရှိကြလေ သည်။ မည်သို့ပင် ဖြစ်စေကာ လူသားတိုင်း လူသား တိုင်းတွင် လူရယ်လို့ ဖြစ်လာသည်နှင့် အမျှ ရည်ရွယ်ချက် ၊ ရည်မှန်းချက် များနှင့် ပြည့်စုံနေသော ဘ၀အိပ်မက်များသည် ထို လူသား တို့ဧ။် ဘ၀တွင် သူတို့ဧ။် ၀ိညာဉ် နှင့် ထပ်တူထပ်မျှ တည်ရှိနေကာ ထို အိပ်မက်များဧ။် လှပ ပွင့်ဝေ မှုများသည်လည်း ထို သူတို့ ဧ။် လက်ဝယ်တွင်သာ အလုံးစုံ ဖြစ်တည်ကာ တည်ရှိနေ ကြလေ သည်။
အခန်း ( ၁ )
သူ သူ့ရှေ့ ၌ မြင်နေရသော အရူးတစ်ယောက်ကို ကြည့်နေမိသည်။ ထို အရူးသည် ဆေးလိပ် တို ကို ထိုင် ဖွာကာ ပါးစပ်က ပွစိပွစိ နှင့် ရေရွတ်နေလေသည်။ တစ်ချက်တစ်ချက်တွင် သီချင်း တစ်ပုဒ်ကိုလည်း ညည်း ချင် ညည်း လိုက်သေးသည်။ ပတ်ဝန်းကျင် ကို သူ ဂရုမစိုက် ။ လောကကြီး တစ်ခုလုံး က သူနှင့် မသက်ဆိုင် ။
တစ်ယောက်တည်း အေးချမ်း နေလေသည်။ ထိုသို့ သူ ကြည့်နေခိုက် ထို အရုးထံသို့ လူ တစ်ယောက် ထမင်း နဲ့ ဟင်း ကို ရောထည့်ထားသော ကျွတ်ကျွတ်အိတ် ကို လာပေးလေသည်။ ထို ထမင်း ဟင်း သည် တစ်ယောက်စာ အတွက် ဖူ လုံသော ပမာဏ လည်း ဖြစ်လေသည်။ အရူးက ထမင်းထုပ် လာပေးသူကို ကြည့်ကာ ရယ်ပြလေသည်။ ထို့နောက် လက်ထဲမှ ဆေးလိပ်တိုကို လွှင့်ပစ်လိုက်ပြီး ထမင်းထုပ်ကို ယူကာ အားရပါးရ စားသုံးလေတော့သည်။
ထို မြင်ကွင်းလေးကို မြင်ပြီး သူ ပြုံး မိလိုက်သည်။ စိတ်မနှံ့သူ တစ်ယောက် ရဲ့ ဘ၀က ပကတိ ရိုးစင်းပြီး အေးချမ်းနေလေသည်။ ပုံမှန် စိတ် ရှိသူ လူသားတွေမှာတော့ နေ့စဉ် နဲ့ အမျှ ငွေကြေးအတွက် လောဘ ၊ ဒေါသ ၊ မောဟ တွေကို ရင်ဝယ်ပိုက်ကာ မပြီးစီးနိုင်သေးတဲ့ ရည်ရွယ်ချက် ၊ ရည်မှန်းချက်တွေကို အကောင်ထည် ဖော်နေကြရင်း ဘ၀ ကို ရုန်းကန် နေကြရလေသည်။ ထို လူသားများထဲတွင် သူ ကိုယ်တိုင်လည်း တစ်ဦး အပါဝင် ဖြစ်နေခဲ့လေသည်။
" ဂြီ ........ "
ထို အသံသည် သူဧ။် ဗိုက်ထဲမှ ထွက်ပေါ်လာသော အသံဖြစ်လေသည်။ သူ မနက်ကတည်းက လက်ဖက်ရည် နှင့် စမူဆာ သုံးခုကို မောနင်းစာ အဖြစ် သုံးဆောင်ခဲ့ပြီး အလုပ်လုပ်နေခဲ့ခြင်း ဖြစ်လေရာ ယခု မွန်းတည့်ချိန် ကျော်နေသောကြောင့် သူ့ ဗိုက်ထဲမှ အချက်ပေးသံလည်း ဖြစ်လေသည်။ ထို့ကြောင့် သူ အနီးပတ်ဝန်းကျင် ကို တစ်ချက် အကဲခတ် လိုက်လေသည်။ ကံ ကောင်းထောက်မစွာ သူ ရောက်နေသော နေရာနှင့် မလှမ်းမကမ်းတွင် လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင် ကိုတွေ့ရလေသည်။ ထို လက်ဖက်ရည် ဆိုင် ရှေ့၌ ၀ှိုက်ဘုတ် ပေါ်တွင် မှင် ပြာ ဖြင့် ရေးထားသော စာသားများကလည်း သူဧ။် ၀မ်းမီးကို ပိုမို တောက်လောင် စေလေသည်။ ထို စာသားများကတော့ ........
ထမင်းဖြူ
ထမင်းသုပ်
လက်ဖက်သုပ်
ဂျင်း သုပ်
ခရမ်းချဉ်သီးသုပ်
မြင်းခွာရွက်သုပ်
ရှောက်သီးသုပ်
ဆေးဘဲဥ သုပ်
ဟူရ်ျ ဖြစ်လေသည်။ ထို အမယ် များအားလုံးသည် သူ့ အတွက် လုံလောက် ကောင်းမွန်သော ဟင်းလျာ များ ဖြစ်သည့်အပြင် ငွေကုန်ကြေးကျ နည်းပါးသောကြောင့် သူ့အတွက် စားနေကျ မနက်စာလည်း ဖြစ်လေသည်။ ထို့ ကြောင့် သူသည် သူဧ။် ၀မ်းမီးတောက်ကို ငြိမ်းသတ်ရန် နှင့် အဟာရ ဖြစ်ထွန်းစေရန်အတွက် ထို လက်ဖက်ရည် ဆိုင်လေးသို့ သွားရန် ကားအတွင်းမှ ထွက်လိုက်လေသည်။ ထို့နောက် ကား တံခါးမှန်များကို တစ်ချပ်ချင်းစီ လိုက်တင် လိုက်လေသည်။ ထိုသို့ ပြုလုပ်နေရင်း ကား နောက်တံခါးကို မှန်တင်ရန် တံခါးဖွင့်လိုက်စဉ် ကား နောက်ခန်း ထိုင်ခုံ ပေါ်၌ မှတ်စု စာအုပ်လေး တစ်အုပ်ကို တွေ့ရလေသည်။ သူ မှတ်စု စာအုပ်လေးကို ထိုင်ပေါ် မှ ကောက်ယူလိုက်လေ သည်။ ထို့နောက် တံခါးမှန်တို့ကို အပြီးသတ် တင်လိုက်ကာ ကားတံခါး တို့ကို လော့ဒ် ချပြီး လက်ဖက်ရည် ဆိုင်သို့ လှမ်းလျှောက် လိုက်လေ သည်။
သူ ဆိုင်ထဲသို့ ရောက်သည် နှင့် တပြိုင်နက် စားပွဲထိုး ချာတိတ်လေး တစ်ဦးရောက်လာကာ ........
" အကို .... ဘာ မှာ မလဲ ဗျ "
" အေး ..... စားစရာ ဘာရလဲကွ "
သူ တမင်တကာ လျှောက်မေးနေခြင်းသာ ဖြစ်လေသည်။ စားပွဲထိုး ကောင်လေးကတော့ အဟုတ်ထင် ပြီး ရသမျှ အစားစာ တို့ကို တောက်လျှောက် ရွတ်ပြနေလေသည်။ ကောင်လေးရွတ်ပြ လို့ မဆုံးခင်မှာပင် သူလက်ကာ ပြကာ .....
" ထမင်း ဖြူ ရလား "
ကောင်းလေးက ခေါင်းညိတ် ပြ လေသည်။ ထို့နောက်
" ဒါဆို အစ်ကို့ ကို ထမင်းဖြူ တစ်ပွဲရယ်
မြင်းခွာရွက်သုပ် တစ်ပွဲရယ်
ကြက်ဥ မွှေကြော် တစ်လုံး ရယ် လုပ်ကွာ "
သူ စားပွဲထိုး ကောင်လေးအား မှာ စရာရှိသည်များ မှာ ပြီးနောက် ကားနောက်ခန်းတွင်းမှ ယူလာသော မှတ်စု စာအုပ် လေးကို ကြည့်မိလိုက်လေသည်။ စာအုပ်လေးသည် အညိုရောင် သရေ အဖုံးနှင့် ဖြစ်ပြီး မထူမပါး အရွယ် တော်လေး ပင် ဖြစ်လေသည်။ ထို့နောက် သူ စာအုပ် အဖုံးလေးကို အသာယာ လှန်ကြည့်လိုက်လေသည်။ ပထမ ဦးဆုံး စာမျက်နှာ ထိပ်ပိုင်း ၌ နာမည် တစ်ခုကို ရေးထိုးထားသည်ကို တွေ့ရလေသည်။ သူ ထို ရေးထိုးထားသော နာမည် ကို နှုတ်ခမ်း လှုပ်ရုံမျှ ရွတ်ကြည့် လိုက်မိလေသည်။
အခန်း ( ၂ )
ဒီနေ့ သူမ တွင် လုပ်စရာ ကိစ္စများ ပုံနေခဲ့သည်။ ထို့ကြောင့် သူမ အိမ်ကနေ ခပ်စောစော ပင် ထွက်လာခဲ့လိုက် သည်။ သူမ နံနက်ပိုင်း တစ်ပိုင်းလုံး ရန်ကုန်မြို့ထဲတွင် လုပ်ရမည့် ကိစ္စ များကို ပြီး ပြတ်အောင် ဆောင်ရွက်လိုက်သည်။ ထို့နောက် ထမင်းဆိုင် တစ်ခုသို့ ၀င်ကာ နံနက်စာ ကို သုံးဆောင်ပြီးနောက် ဆက်လုပ်ရမည့် အလုပ် များကို ဆောင်ရွက်ရန် စိုင်းပြင်း လိုက်လေသည်။ သူမ ထမင်းဆိုင်မှ ထွက်လေသော် နေမွန်းတည့် ချိန်သို့ ဆိုက်ရောက် နေပြီ ဖြစ်သဖြင့် လမ်းများပေါ်၌ ကျရောက်နေသော အပူရှိန် သည် အတော်ပင် အရှိန် ကောင်းနေလေသည်။ ထို့ကြောင့် သူမ ကားငှားစီးရန် ဆုံးဖြတ်လိုက်ပြီး အနီးပတ်ဝန်ကျင် ၌ ရပ်ထားသော ကားတစ်စီး ကို ငှား စီး လိုက်လေသည်။
သူမ ငှားစီးခဲ့သော ကားလေးသည် စထွက်ပြီး သိပ်မကြာခင်မှာပဲ ကား ထဲ၌ သီချင်းသံစဉ်များ ပျံ့လွင့် လာလေသည်။ ထို ဖွင့်ထားသော သီချင်းများသည် အပြင်းစား သီချင်း သံစဉ်များမဟုတ်သော်လည်း ခံစားတတ်လျှင် ခံစားချက်များ နှလုံးသားတွင် ပြည့်လျှံ သွားစေနိုင်သော တေးသွားသံစဉ်များ ဖြစ်နေလေသည်။ သူမ မသိမသာဖြင့် ကားအတွင်းမှန် မှ တဆင့် ယာဉ်မောင်း အား အကဲခတ် လိုက်လေ သည်။ ကား အတွင်းမှန် တွင် ယာဉ်မောင်းဖြစ်သူဧ။် မျက်ဝန်းအစုံကို သူမ ထင်ရှားတွေ့မြင်ရလေသည်။ သူဧ။် မျက်ဝန်း တို့သည် သမင် မျက်လုံးပုံစံ အသွင် ရှိပြီး မျက်တောင်များ သည်လည်း ကော့ညွတ် နေပေသည်။ အမှန်တကယ် ဆိုပါ လျှင် ထို မျက်ဝန်း ပုံစံသည် ယောက်ျားလေး များတွင် ရှိလေ့ ရှိထ မရှိပဲ မိန်းခလေး အများစုတွင်သာ ရှိတတ်သော မျက်ဝန်းမျိုးလည်း ဖြစ်ပေသည်။ သို့သော် ယခု သူမ တွေ့မြင်နေရ သည် က ယောက်ျားလေး တစ်ဦးထံတွင် ဖြစ် လို့ နေပေသည်။
" အစ်မလေး .... ဘယ်နားလောက် ရပ်ပေးရမလဲ ဗျ "
ရှေ့မှ ယာဉ်မောင်းဖြစ်သူဧ။် စကားသံကြောင့် သူမ ရှိုးတို့ရှန့်တန့် ဖြစ်သွားခဲ့ပြီး ပတ်ဝန်းကျင် ကို သတိ ထားကြည့်လိုက်တော့ သူမ ငှားထားသော နေရာ အနီးသို့ ကားက ရောက်ရှိနေလေသည်။ ထို့ကြောင့် ကဗျာကယာ ပင် .......
" ဟို အရှေ့နားလောက် ဆို ရပါပြီ "
ကားသည် သူမ ပြောဆိုလိုက်သော နေရာအနီးသို့ ရောက်လေသော် ကားသည် ရပ်တန့် သွားလေ သည်။ ထို့နောက် သူမ ကားငှားခ ကျသင့်ငွေကို အိတ်ထဲမှ ထုတ်ကာ ပေးလိုက်ပြီး လုပ်ဆောင်ရမည့် ကိစ္စ များအတွက်
သူမ အငှား ကားပေါ်မှ ဆင်းကာ ခပ်သွက်သွက်လေး လျှောက်လှမ်းမိလိုက်သည်။ တကယ်ဆိုလျှင် သူမ ဆင်းရ မည့်နေ ရာ နှင့်  အနည်းငယ် ကွာဝေးနေသေးသည်။ ရုတ်တရက် ကြောင်အမ်းအမ်း ဖြစ်ကာ ရှေ့နား လို့ သူမ ပြောလိုက်ကာ ကားပေါ် မှ ဆင်းလာ ခဲ့မိလိုက်သည်။ ခုမှတော့ မထူးတော့လေပြီ။ လမ်းဆက်လျှောက်ရုံသာ ရှိလေ တော့သည်။
ထို့သို့ဖြင့် သူမ လျှောက်ရင်း လျှောက်ရင်း ဖြင့် သူမ သွားလိုသော နေရာသို့ ရောက်ရှိ ခဲ့လေသည်။ ထိုသို့ ရောက်ရှိကာမှ သူမ အသိတစ်ခု ခေါင်းထဲသို့ ၀င်ရောက်လာလေသည်။ ထို အသိ သည် စာအုပ် ဖြစ်သည်။ သူမ ဧ။် မှတ်စု စာအုပ်လေးပင်ဖြစ်သည်။ ထို မှတ်စု စာအုပ်လေးကို ကားပေါ်၌ ဘေးတွင်ချထားမိခဲ့သည်။ သူမ ကားပေါ်မှ ဆင်းတော့ ထိုစာအုပ်လေးကို ယူဖို့ မေ့သွားသည်။ ထို မှတ်စု စာအုပ် လေးသည် သူမ အတွက် အရေးကြီးလေသည်။ ထို စာအုပ်သည် သူမ ဧ။် ရည်ရွယ်ချက် ၊ ရည်မှန်းချက် တို့နှင့် သက်ဆိုင်သော ဘ၀ အိပ်မက် များကို ရေးမှတ် ထား လေ သည်။ တစ်နေ့တာ လုပ်ဆောင်ရမည့် ကိစ္စ တို့ကိုလည်း ထိုစာအုပ်လေးဖြင့် ပင် ရေးမှတ်ကာ လုပ်ဆောင်လေ့ ရှိပြီး တခြား မှတ်စရာ ရှိသည့် အကြောင်းရာတို့ကိုလည်း ထို စာအုပ်လေးဖြင့် ပင် ရေးမှတ်ထားလေ့ ရှိလေသည်။ ထို့ အပြင် ထို စာအုပ်လေးသည် သူမ မွေးနေ့ တစ်ခုတွင် သူမ အမေ လက်ဆောင်ပေးခဲ့သော အမှတ်တရ ပစ္စည်း တစ်ခု လည်း ဖြစ်ပေသည်။ ထို မှတ်စု စာအုပ်လေးသည် အခကြေးငွေ တန်ဖိုး မရှိပေမယ့် သူမ အတွက်တော့ တန်ဖိုးရှိသော ပစ္စည်း တစ်ခု ဖြစ်လေသည်။ အခုတော့ အငှား ကားပေါ်တွင် ကျန်နေခဲ့ခြင်း ဖြစ်လေရာ ပြန်ရနိုင်ဖို့ရာ မလွယ်ကူနိုင်တော့ပေ။ ထို့ကြောင့် သူမ စိတ်ညစ်ညစ်နှင့်ပင် အစောက ကားရပ်ပေးခဲ့သော နေရာလေးဆီသို့ ပြန်လမ်းလျှောက်လာခဲ့လေသည်။
အခန်း ( ၃ )
မိုးသည် ဆိုင်းမဆင့် ဗုံမဆင့် ဘဲ ၀ုန်းဒိုင်းကျဲကာ ရုတ်တရက် ရွာ ချလိုက်လေသည်။ မိုးသည်းလွန်း သဖြင့် ကား ရဲ့ ရေသုတ်တံ ( ၀ိုင်ဘာ ) လည်း ခတ်အားမနိုင်တော့ကာ အရှေ့ မြင်ကွင်းတို့ေ၀၀ါး ကုန်လေသည်။ ထို့ကြောင့် သူ ကားကို အရှိန်လျော့ မောင်းကာ ရှေ့ မီးကြီးကို လည်း ထွန်းဖွင့် ထားလိုက်လေသည်။ ကားကို အလယ် ယာဉ်ကြောသို့ ယူကာ ရှေ့ ကား နှင့် ယာဉ် တစ်စီးစာ အကွာမှ အသာယာ လိုက်မောင်းလာခဲ့လေသည်။ အချိန် နာရီ ၀က် စာမျှ ကြာလေတဲ့ အထိ သည်းနေတဲ့ မိုးက ရပ်မသွားခဲ့ပေ။ ထို့ကြောင့် သူ ကားကို အချက်ပြမီး ပြကာ ညာ ဘက်ကြော သို့ ပြောင်းကာ လမ်းဘေး၌ ရပ်တန့် လိုက်လေသည်။
" ဒေါက် ....ဒေါက် .....ဒေါက် ...... "
သူ လမ်းဘေးသို့ ကားရပ်ပြီး နောက် ကား တံခါးမှန်ကို တစ်စုံတစ်ယောက် လာခေါက်လေ သည်။ သူ တံခါးခေါက်ရာ ဆီသို့ လှမ်းကြည့် လိုက်သော်လည်း မိုးက သည်းနေသဖြင့် အပြင်ကို သဲကွဲစွာ မမြင်ရပေ။ အပြင်က လူက စိတ်မရှည်ရ်ျလား ၊ မိုးသည်းနေရ်ျ လားမသိ ကားတံခါးဖွင့်ကာ ကားထဲသို့ ၀င်ထိုင်လိုက်လေသည်။ ထို အခါမှ သူ ကားနောက် ခန်းကို လှည့်ကြည့် လိုက်လေရာ တစ်ကိုယ်လုံး မိုးရေတွေ စိုရွှဲနေသော မိန်းခလေး တစ်ယောက် ကို တွေ့ ရလေသည်။ ထို မိန်းခလေးဧ။် လက်ထဲတွင် မိန်းမဆောင်းထီး တစ်လက်ပါသော်လည်း လေရော မိုးပါ သည်းနေသည့် မို့ သူမကို ထို ထီးက မကာကွယ်ပေးနိုင်ခဲ့ချေ။
ထို မိန်းခလေးက သူမ သွားလိုသော နေရာကို ပြောသဖြင့် သူ ကားကို ပြန်လည် မောင်းထွက်လာ ခဲ့လေသည်။ သူမပြောသော စကားသံသည် နှစ်လိုဖွယ်ကောင်းသော အသံ ဖြစ်သော်လည်း သူမ တစ်ကိုယ်လုံး ကတော့ ခိုက်ခိုက် တုန်ကာ ချမ်းနေသည်ကိုတော့ သူ သတိထားမိ လိုက်လေသည်။ ထိုသို့ ဖြင့် သူဧ။် ကားလေးသည် သူမ ပြောသော နေရာသို့ တရွေ့ ရွေ့ နှင့် ဦးတည်ကာ မောင်းထွက် လာခဲ့လေရာ များမကြာမီ အချိန်တွင် ရောက်ရှိ ခဲ့လေသည်။ ထို့နောက် သူ သူမပေးသော ရေစိုနေသော ကားခ ကို သူမထံသို့ လှည့် ယူ လိုက်လေသည်။ ထို့နောက် သူမက .......
" ဟိုလေ ..... အကို့ ကားကို ညီမ တစ်ခါ စီးဖူး လားမသိဘူး။ "
" အမ် .... မပြောတတ်ဘူးဗျ။ ကျွန်တော့် ကား ကို စီးတဲ့ သူတွေက အများကြီးဗျ ။ "
" ကျွန်တော် မမှတ်မိဘူးဗျ။ ဘာဖြစ်လို့ လဲမသိဘူး။ "
" အော် .... ညီမ တစ်ခါ ကားပေါ်မှာ မှတ်စု စာအုပ်လေး တစ်အုပ် ကျန်နေခဲ့ဖူးလို့ပါ။ "
" တန်ဖိုးတော့ မရှိပေမယ့် ညီမ အတွက် အရေးပါနေလို့ပါ။ "
" အဲ့ ဒါ အကိုနဲ့ ရုပ်ဆင်လို့ မေးကြည့်တာပါ။ "
" ဘယ်လို စာအုပ် မျိုးလေးလဲ ဗျ "
" ဟို ... အညိုရောင် သရေ အဖုံး လေးနဲ့ ပါ။ "
" အား .... ဒါဆို ဟုတ်မယ် ထင်တယ်။ "
" ကျွန်တော့် ဆီမှာတော့ အဲ့လို စာအုပ်လေး တစ်အုပ် တော့ ရှိတယ်။ "
" ပိုင်ရှင် ဘယ်သူလဲ တော့ ကျွန်တော် မသိဘူး။ "
" စာအုပ် ကို ကြည့်ကြည့် လိုက်လေ။ "
" ဒါမယ့် စာအုပ်က ခု မပါဘူးဗျ။ ကျွန်တော် အိမ်မှာ သိမ်းထားတာ ။ "
" ဒီ လို လုပ်ဗျာ။ ညီမ ကျွန်တော့် ဖုန်း နံပါတ် ယူထား လိုက်လေ။ "
" နောက်နေ့ လောက် ကျွန်တော့် ဆီကို ဖုန်း ဆက်ပေးပေါ့ "
" ကျွန်တော် လာပို့ ပေးလိုက်ပါ့မယ်။ "
" ဟုတ်ကဲ့ပါ အကို ၊ ကျေးဇူးတင်ပါတယ်နော်။ "
ထိုသို့ဖြင့် သူ သူရဲ့ ဖုန်း နံပါတ်ကို သူမ ကို ပေးကာ ကားကို ပြန်လှည့်ထွက်လာခဲ့လိုက်လေသည်။ သူ သူမ ကားပေါ်မှ မဆင်းခင်တော့ သူမရဲ့ အပြုံးလှလှလေးတစ်ခုကို မျက်ဝန်းအိမ်မှတဆင့် မှတ်တမ်း တင်ထားလိုက် မိ လေသည်။
အခန်း ( ၄ )
သူမ ဒီနေ့ သူ နှင့် တွေ့မည်ဟု ဆုံးဖြတ်ထားလေသည်။ သူ့ကို မှတ်စုစာအုပ်လေး ပြန်ပေးသည့် အတွက် အမှန်တကယ်ကျေးဇူးတင်မိသလို သူ့ရဲ့ ရည်မွန်တဲ့ ဟန်ပန်ကြောင့်လည်း ခင်မင်ရင်းနှီးနေမိလေသည်။ ထို့ကြောင့် သူမ သူ့ကို ကော်ဖီဆိုင်တစ်ခုသို့ လာရောက်ပေးရန် ချိန်းဆို ခဲ့လေသည်။ ထို့နေ့မှ စတင်ကာ သူ နှင့် သူမ တစ်စ တစ်စ ခင်မင်ရင်နှီးလာခဲ့ပြီးနောက် သံယောဇဉ် တွယ်မိကြကာ ချစ်သူ ဘ၀သို့ တစ်နှစ်အတွင်းမှာပင် ရောက် ရှိခဲ့ကြလေ သည်။ နောက်ထပ် ချစ်သူသက်တမ်း သုံးနှစ် ပြည့်လာသောအခါ နှစ်ဘက် လူကြီးမိဘများကို အသိပေးကာ စေ့စပ်ကြောင်း လမ်း ခဲ့ကြလေသည်။
" အကို .... "
" ဟင် ...ဘာလဲ ...ညီမ ... ပြောလေ "
" ညီမတို့ ဘယ်တော့ မင်္ဂဆောင်ကြမလဲ ဟင် "
" အချိန်ခဏလေး စောင့်ပါဦး ညီမ ရယ် "
" အကို့မှာ ရည်မှန်းချက်တွေ မပြည့်သေးဘူးလေ။ "
" ညီမ လည်း သိနေသားရက် နဲ့ ။ "
" အာ ...အကို ကလည်း ။ ခုလည်း ညီမ တို့ ဘာများ ပူပန်နေရလို့လဲ ။ "
" လူကြီးတွေ အားလုံးလည်း သဘောတူ ထားပြီးသားကို ။ "
" မဟုတ်သေးဘူး ညီမ ရဲ့ ။ အိမ်ထောင်ကျသွားပြီဆိုရင်
လူကြီးတွေကို အားကိုးနေရတာမျိုး မဖြစ်စေချင်ဘူး။ "
" ကိုယ့် အိုး ကိုယ့် အိမ်လေးနဲ့ ။ ကိုယ့် စီးပွားလေးနဲ့ ။
သက်တောင့် သက်သာ နေမှ ကောင်းမှာပေါ့။ "
" ဒါမှ လူကြီးတွေလည်း ကိုယ့်အပေါ်မှာ အထင်ကြီးမှာပေါ့။ "
" မဟုတ်ဘူးလား "
" အာ ... ဟုတ်သေးပါဘူး အကိုရဲ့ ။ "
" ညီမတို့ အခု ချစ်သူသက်တမ်းလည်း နည်းတော့တာမှ မဟုတ်တာ။ "
" ပြီးတော့ တရားဝင်လည်း စေ့စပ်ထားကြပြီးသားကို "
" မိဘ တွေလည်း အသက်တွေ ရနေကြပြီကို"
" မသိဘူးကွာ။ အကို ကတော့ ကိုယ့် ရည်မှန်းချက်တွေ ပြည့်ပြီးမှပဲ မင်္ဂလာ ကိစ္စကို
စီစဉ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဒါပဲ ။ တော်ပြီ ။ ဆက်မပြောနဲ့တော့ ။ "
ထိုသို့ဖြင့် ထို အချိန် ထိုနေ့ရက်များစွာက သူမ နဲ့ သူ တွေ့ဆုံတိုင်း ၊ မင်္ဂလာ ကိစ္စ အကြောင်း ပြောမိ တိုင်း အနည်းနဲ့ အများဆိုသလို ကတောက်ကဆလေးတွေ ရှိလို့ လာလေသည်။ ထို ကတောက် ကဆ လေးများသည် အမှိုက်က စ ပြသာဒ် မီးလောင်ဆိုသလို ဖြစ်လာမှာကိုတော့ ထို အချိန် ထို အခါက နှစ်ယောက် စလုံး မသိရှိ ခဲ့ကြပေ။
အခန်း ( 5 )
" အကို ထမင်း နဲ့ ကြက်ဥမွှေကြော်ရပါပြီ "
" မြင်းခွာရွက်သုပ် လာပို့ပေးမယ်နော်။ "
ဆိုင်ရဲ့ စားပွဲထိုး ချာတိတ်လေးရဲ့ အသံကြောင့် သူ့ အတွေးစတို့ ပြတ်တောက်လွင့်စင် သွားလေ သည်။ ထို အတွေးစများအားလုံးသည် လွန်ခဲ့သော ငါးနှစ် ကျော် ကာလက ဖြစ်ပျက်ခဲ့ သော အကြောင်းရာများ ဆိုလျှင်လည်း မှားမည် မထင်ပါ။ သို့ပေမယ့်လည်း သူ့ရင်ထဲမှာတော့ အညိုရောင် သရေ အဖုံးလေးနဲ့ မှတ်စု စာအုပ်လေးနဲ့အတူ လန်းလန်းဆန်းဆန်း လတ်လတ်ဆတ်ဆတ် ပင် ရှိနေသေးလေသည်။ ထို အကြောင်းရာတို့သည် သူ့ဘ၀တွင် ဘယ်တော့ မေ့ဖျောက်လို့ ရနိုင်မယ့် အကြောင်းရာများလည်း မဟုတ်တော့ချေ။ ထိုအကြောင်းရာများကို သူ သတိရမိသည့် အခါတိုင်းတွင် ဒီ မှတ်စု စာအုပ်လေးကို ထုတ်ထုတ်ကြည့်ကာ အခုလိုပဲ တစ်ယောက်တည်း လွမ်းဆွေးနေတတ်လေသည်။ ထိုအချိန်က သူရဲ့ အိပ်မက်တွေ ၊ သူ့ရဲ့ ရည်ရွယ်ချက်တွေကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် သူ့ နှလုံးသားထဲမှာ တန်ဖိုးအထားရဆုံး သူတစ်ယောက်ကတော့ သူ အောင်မြင်မှု ရရှိလာချိန် မှာ သူ့အနားတွင် ရှိမနေတော့ပေ။
သူ ဆိုင်ရှေ့က ဖြတ်သွားသော အရူးကို လှမ်းကြည့်လိုက်မိလေသည်။ သူ့တွင် လောဘ ၊ ဒေါသ ၊ မောဟ ဆို တာတွေ အလျင်းမရှိချေ။ သူသွားချင်တဲ့ နေရာကို လျှောက်သွားနေတတ်သည်။ သူ လုပ်ချင်ရာကို လုပ်နေတတ်သည်။ သူ ပြောချင်ရာကို ပြောနေတတ်သည်။ ပတ်ဝန်ကျင်ကို သူလုံးဝ ဂရုမစိုက်ပေ။ ပတ်ဝန်းကျင်က သူ့ကို ဂရုစိုက်နေတာကိုလည်း သူ ဂရုမစိုက်ပေ။
တကယ့်လို့သာ ရူးသွပ်ခြင်းမရှိတဲ့ လူတစ်ယောက်ဟာ မျှော်လင့် ချက်မဲ့ ပြီး နာဂတ်လမ်း ကင်းမဲ့နေ မယ် ၊ အထီးကျန် ဆန်နေမယ် ဆိုရင် ထိုလူရဲ့ ပတ်ဝန်းကျင်မှာ ဘယ်လိုအရာတွေ ပဲ ပြည့်စုံနေပါစေ ထို အရာတွေ အားလုံးဟာ လည်း သူနှင့် မဆိုင်သလိုပင် ဖြစ်တည်နေလိမ့် ပေမည်။ လွမ်းဆွတ်ခြင်း ၊ အထီးကျန်ခြင်း ဆိုတဲ့ အရာတွေရဲ့ လွှမ်းမိုး မှုအောက် မှာ သူ့ဘ၀ တစ်ခုလုံးဟာ အသက်ရှင်နေပေမယ့် ၀ိညာဉ် သေဆုံးနေပေလိမ့်မည်။
ထိုသူနှစ်ဦးစလုံးတွင် ထပ်တူညီနိုင်သော အချက်တစ်ခုတော့ ရှိနေသေးသည်။ ထို အကြောင်းရာကို အနာဂတ်လမ်း ကင်းမဲ့ခြင်း လို့ ခေါင်းစဉ်တပ်ရ်ျ ရနိုင်ပေသည်။ သူတို့ နှစ်ဦးရဲ့ ဘ၀ ထဲမှာ ရည်ရွယ်ချက် ၊ ရည်မှန်း ချက် တွေနဲ့ ပြည့်နှက်နေတဲ့ အိပ်မက်တွေဟာ တစ်စစီ ပျက်စီးနေပြီး အိပ်မက်က လန့်နိုးလာတဲ့ သူတွေလိုပင် အိပ်မက်ဟာ အိပ်မက် အတိုင်း သာပင် တည်ရှိနေပေလိမ့်မည်။ သူတို့ရဲ့ ဘ၀ ဟာလည်း တစ်ခန်းရပ် ပြဇာတ် တစ်ခုလို ရပ်တန့်နေကြမှာ မလွဲမသွေ ဖြစ်နေပေလိမ့်မည်။ သူတို့ ရဲ့ လူငယ် ဘ၀ ၌ မက်ခဲ့သော အိပ်မက်တွေသည်သာ ...........
ရော့ခ်ကာ ( လင်းရောင်ခြည် )
20.1.2014
8:13 PM

No comments:
Post a Comment