ကြယ် မဲ့ ကောင်းကင်
လမင်း ကွင်း လို့
မြင်နိုင်စွမ်းတို့
ပျောက်ဆုံးကုန်ဧ။်
ထို အမှောင်ယံ
ပိန်းပိတ်ခြင်းက
မျက်ကန်းသူနှယ်
ခံစားရဧ။်
ဖွေရှာသော်လည်း
ပိုးစုန်းကျူးမျှ
အလင်းတစ် စ
ငါ မရဧ။်
တမ်းတ စိတ် နဲ့
အလွမ်းနွမ်းလျ
မြောက်ပြန်မြူးတော့
ကျောစိမ့် စေ ဧ။်
မျက်စိစုံမှိတ်
အာရုံ လွှမ်းတော့
ကြားရ သံသာ
သူ့ နှုတ်ချို ဧ။်
ခြေသံ လေလား
ယောင်ယမ်းလှည့်ကြည့်
အို ငါ့ အသိ
တံလျှပ် ဖြစ်ဧ။်
ထင်ယောင်ထင်မှား
ကယောင်ခြားကာ
ဒီ ည အလှ
စိတ္တဇ မည် ဧ။်
ရော့ခ်ကာ ( လင်းရောင်ခြည် )
1:35 AM
7. 1. 2014
No comments:
Post a Comment