Wednesday, June 4, 2014

ဂရိနတ်များ







နတ်ကိုးကွယ်မှုသည် သိပ္ပံပညာ မထွန်းကားမီ ကမ္ဘာဦး ခေတ်မှ စ၍ ဖြစ်ပေါ်လာသည်။ ကျူးးပစ်၊ ဗီးနပ် စသည်တို့မှာ ကမ္ဘာ နှင့်အဝန်း လူသိများသည်။ ရောမ အမည်မှည့်ထားလင့်ကစား စင်စစ်မှာမူ ဂရိနတ်များ ဖြစ်သည်။ ထိုဂရိနတ်များကို ရောမတို့ လက်ခံကိုးကွယ်သည့် အကြောင်းကို သမိုင်းပုံပြင်တို့ဖြင့် စိတ်ဝင်စားဖွယ် ဖော်ပြထားသည်။

မွေးနေ့





( ၁ )



               ဒီနေ့ ကျွန်တော် ကိစ္စတွေ တတော်များနေခဲ့တယ်။ အလုပ်ကိစ္စတွေက တစ်ဖက် ၊ အမေ့ကို ဆေးခန်း လိုက်ပို့ပေးရမှာက တစ်ဖက်နဲ့ ဗျာ များ နေခဲ့ တာ။ မနက်စာ ထမင်းလည်း အချိန်လွန်လို့ နေခဲ့တယ် ။ ရုံးမှာ အလုပ်ကိစ္စတွေကို အပြီးဖြတ်ခဲ့ပြီး နေ့တ၀က် ခွင့်ယူကာ အမေကို ဆေးခန်း ပြပေးဖို့ ကားကို ခပ်သွက်သွက်လေး မောင်းလာခဲ့လိုက်တယ်။ ဖြစ်ချင်တော့ လမ်းမှာ မိုးက သည်းသည်းမည်းမည်း ရွာချ လိုက်ပါလေရော ။

Monday, May 19, 2014

ကြွေလွင့်သွားသော စာမျက်နှာ





( ၁ )


                               ဒီနေ့ ဘာဖြစ်မှန်းမသိ ၊ မနက်ကတည်းက ကားက မွှေနေသည်။ ပျက်သမျှ ကို ပြင်နေပေမယ့် ကားက ကောင်းမလာ ။ နာရီကြည့်တော့   နေ့တစ်ဝက်ကျိုး နေကာ မနက်စာ စားချိန်ကို ရောက်လုနေခဲ့ပြီ ။ အိတ်ထဲက ငွေကို စစ်ကြည့်တော့ ကားပြင်လက်ခ ၊ ပစ္စည်းဖိုးတွေ သုံးလိုက် လို့ တစ်ပြားမှ မကျန်တော့ ပေ ။ ဗိုက်ထဲကလည်း ဆာလာသလိုလို ရှိလာလေပြီ။ ဒါနဲ့ပဲ စိတ်ညစ်ညစ်နဲ့ အိမ်ပြန်ရန်သာ ဆုံးဖြတ်လိုက်လေသည်။ အိမ်ရောက် တော့  ညီမ ဖြစ်သူက ခရီးဦးကြိုကာ ...


                               " ကိုကြီး ထမင်းစားတော့မလား။ "

                               " အင်း .. စားမယ်။ ငါ ရေ အရင်ချိုး လိုက်ဦးမယ်။

                                  ကား နှိုက်ထားတာ ညစ်ပတ်နေပြီ။ "


စိတ်ရွေ့ရာ




                
                  ည သည် တိတ်ဆိတ်နေသည်။ ထို ည နှင့်အတူ မြို့တစ်မြို့ အိပ်မောကျနေ သည်။ ကောင်းကင် ၌ ကြယ်စင်တို့ ဟိုတစ်စု ဒီတစ်စု လင်းလက်နေကြပြီး မိုးသားတိမ် တိုက်တို့ သည် လည်း သူ့နေ ရာနှင့်သူ ။ မြစ်ပြင်ပေါ်မှ ဖြတ်သန်းလာသော လေတို့တွင် ရေ ရဲ့ အငွေ့သက်တွေ ပါဝင်ပတ် သက်နေသည်။ ၀ိုင်းစက်နေတဲ့ လ၀န်းကြီးက ညကို အမှောင် ထုအောက် က ဆွဲထုတ်ပေးလျက် ရှိနေ သည်။


ဂေါ်ဖီခြံသို့ အလည်တစ်ခေါက်







အခန်း ( ၁ )

             
                               " ဒေါ်လေး ... ဒေါ်လေး .... ဒေါ်လေးရေ .... " 

                               " အကြပ်ကြီး ဖုန်း ဆက်တယ်။ "

                               " ကိုလှမင်း ကို ရဲဘက် ထုတ်လိုက်ပြီတဲ့ "

အိပ်မက်ဆိုးတွေ က တဲ့ ည




ည မအိပ်တဲ့ အိပ်မက်
အလင်းနှစ်မိုင်များဆီ
ခေါင်းမော့ကြည့်ရင်
အရောင်ဖျော့ ဝိညာဉ်တွေ
စိတ်အစဉ်ကို ဖမ်းစားကျွန်ပြု
နှိပ်စက်လေကြပြီ

........ ဟာသ ........




မင်္ဂလာ 
အဲ့ဒီနေ့ရက်
ငါ့ကို စိတ်ကောက်နေတယ်

လေလွင့် ငှက်




ဟေ့ ... ဟိုမှာ ကြည့်စမ်း
လေလွင့်ငှက် တစ်ကောင်
အစာတောင်းနေတယ်
သူရဲ့ ၀မ်းစာအတွက် ။

Friday, March 14, 2014

........ခေါင်းစဉ်မဲ့ .........



လေထက်ပေါ့တဲ့ မီးခိုးတွေထဲ
စိတ်အစဉ်တို့ စီးဝင်နေတယ်
ယစ်မူးစေတဲ့ အရာတွေက
မျဉ်းပြိုင်အဖြစ်နဲ့ ရပ်တည်ပေမယ့်
ရည်ရွယ်ချက် ခပ်ဝါးဝါးကို
အိပ်မက်အဖြစ် စားသုံးနေဆဲ ။

Monday, February 3, 2014

Laptop အကြောင်း သိကောင်းစရာများ။



Laptop တွေအတွက် အကြောက်ဆုံး အရာကတော့ အပူချိန် မြင့်မားမှုပါပဲ။

အပူချိန်မြင့်မားလာလျှင် ဘယ် electronic device တွေမှ ခံနိုင်မှုမရှိပါဘူး။ တချို့  သော Laptop တွေဟာ အထူ နဲ့ ထုပ်လုပ်ပြီး တချို့  Laptop တွေကို ပါးလွှာအောင် ထုတ်လုပ်ကြပါတယ်။

အလင်းနတ်သမီး


ည ရဲ့ အမှောင်ထဲ အလင်းတစ်ခုကို ငါတွေ့သလို
မျက်လုံးကို ဖွင့်ကြည့်တော့
ကြယ်တံခွန် တစ်ခုက ခေါင်းပေါ်မှာ

Tuesday, January 21, 2014

စိတ္တဇ ည





ကြယ် မဲ့ ကောင်းကင်
လမင်း ကွင်း လို့
မြင်နိုင်စွမ်းတို့
ပျောက်ဆုံးကုန်ဧ။်


လူငယ် အိပ်မက်

နိဒါန်း

                            လောက၌ အသက်ရှင် နေထိုင်ကြသော လူသားတို့တွင် ရည်ရွယ်ချက် ၊ ရည်မှန်းချက် ဆိုသော အရာသည် ဘ၀ဧ။် အစိတ်ပိုင်းထဲတွင် တစ်ခု အပါအ၀င် ဖြစ်လေသည်။ ထို ရည်မှန်းချက် ၊ ရည်ရွယ်ချက် များကို ဘ၀ရဲ့ အိပ်မက် ဟုလည်း တင်စားခေါ်ဝေါ် ပြောဆိုလေ့လည်း ရှိကြလေသည်။ ထို ဘ၀ အိပ်မက်များသည် ငယ်စဉ် ကလေး ဘ၀ ကတည်းက ဖြစ်တည်နိုင်ခဲ့ကြသလို ဆယ်ကျော်သက်အရွယ် ၊ လူငယ်ဘ၀ နှင့် လူလတ်ပိုင်းအရွယ် တို့တွင်လည်း ဖြစ်တည်နိုင် ကြလေသည်။ ငယ်စဉ် ကလေးဘ၀ ၌ ဖြစ်တည်ကြသော ဘ၀ အိပ်မက်များသည် ဘ၀ရပ်တည်မှု ပုံစံ နှင့် ပတ်ဝန်းကျင် အနေထားများကြောင့် ဆက်လက်တည်တံ့ ခိုင်မြဲ ကြသူများ ရှိသလို အများစု မှာ ဦးတည်ရာ လမ်းကြောင်း ပြောင်းလဲ သွားတက်ကြလေသည်။ သို့သော်

Sunday, November 10, 2013

သွေးကြောထဲမှာ ရော့ခ်တေးသွားတွေ ကခုန် နေတယ်


နိဒါန်း


                လောက ၌ အပြစ်မရှိပဲ အပြစ်ဒဏ် ခံရသူသည် ဘ၀တွင် ဆိုးရွားသော ကံကြမ္မာကို ကြုံတွေ့ရခြင်း ဖြစ်ပေ လိမ့် မည်။ ထို အပြစ်တို့ကို အပြစ်မရှိကြောင်း ဖြေရှင်းနိုင်မှသာလျှင် ထို သူဧ။် အမည်းစက်တို့သည် ဘ၀ အတွက် ဖြူစင်ခြင်း အရာ ကို ပြန်လည် ရရှိ ပိုင်ဆိုင်နိုင်ပေ လိမ့်မည်။ သို့သော် ထို အပြစ်တို့ကို ဖြေရှင်းနိုင်စွမ်း နှင့် ဖြေရှင်းခွင့် တို့ မရှိခဲ့လျှင် ထို သူဧ။် အပြစ် တို့သည် သေရာ ပါသည် အထိ အညိုမည်း စွဲသွားနိုင်လေသည်။ 

Sunday, November 3, 2013

ရုပ်သေးရုပ် ပွဲတော်



ပွဲတော်

နှလုံးသားရပ်ကွက်က ကျင်းပတဲ့ ပွဲတော်

မိန်းမော ယစ်မူး နှစ်သက် မြတ်နိုး တဲ့ ပွဲတော်

ဘ၀ကို အရင်းပြုတဲ့ ပွဲတော်

စတေးမှုတွေ စုံတဲ့ ပွဲတော်


Monday, October 28, 2013

ကျွန်တော် နှင့် အတွေးစများ

                             


                              ည သည် တိတ်ဆိတ် ငြိမ်သက်လျက် ရှိနေပေသည်။ အချိန်အားဖြင့် သန်းခေါင်း ယံကျော်ချိန်သို့ တိုင်နေခဲ့လေသည်။ ကောင်းကင်တွင် မှိတ်မှိတ်တုပ်တုပ် ကြယ် လေး များမှ အပ လမင်း နှင့် တိမ် တိုက်များ ကင်းစင် လျက်ရှိနေပေသည်။ သမရိုးကျ ပြောရလျှင် ဒီလို ညမျိုး သည် ကောင်း မွန်စွာ အိပ်စက် အနားယူသူတို့ အဖို့ ကောင်းသော ည တစ်ညတစ် ပင် ဖြစ်ချေလိမ့်မည်။ သို့သော် ကျွန်တော့် ရဲ့အတွေးတွေ ကတော့

Thursday, October 10, 2013

ကမ္ဘာမြေ လူသားတစ်ယောက်ရဲ့ ဆွေးမြေ့စွာ လွမ်းဆွေးခြင်း





ငါ နေချင်လိုက်တာ
မင်းရဲ့ အနားမှာ
ငါ မြင်ချင်လိုက်တာ
မင်း ရဲ့ အပြုံးနုလေးတွေ
ငါ ကြားချင်နေတယ်
မင်း ရဲ့ ရယ်မောသံလွင်လွင် လေးတွေ

Sunday, October 6, 2013

တည်းခိုခန်း


ည ........

ညသည် မှောင်မိုက် တိတ်ဆိတ်နေလျက် ရှိနေသည်။ မှိတ်တုပ်မှိတ်တုပ် ကြယ်ကလေးများအား မိုးသားတိမ်တိုက် မည်းမည်း ကြီးများက ဖုံးအုပ်ကာ လွှမ်းခြုံထားလေသည်။ တဖျက်ဖျက် လင်း လက် နေသည့် လျှပ်ပန်းခက်တို့က တ၀ုန်းဝုန်း အော်မြည်နေသည့် ထစ်ချူန်း သံတို့နဲ့ အတူ မကြာ ခင် ၀ုန်းတိုင်းကျဲကာ ရွာဖို့ ဟန်ပြင်နေသည့် မိုးတိမ် တို့နဲ့အတူ ကခုန် နေလျက်ရှိနေပေသည်။

Friday, September 27, 2013

............. ငါ ...........




ငါ သည် ကောင်းမွန်စွာ မွေးဖွား လာဧ။်
ငါ သည် ကောင်းမွန်စွာ အသက်ရှုလာဧ။်
ငါ သည် ကောင်းမွန်စွာ ကျင့်ကြံလာ ဧ။်  
ငါ သည် ကောင်းမွန်စွာ သင်ယူလာ ဧ။်
ငါ သည် ကောင်းမွန်စွာ ကြိုးစားလာ ဧ။်

Tuesday, September 24, 2013

ချစ်ခြင်း သိက္ခာ



မိုး ......
မိုးသည်း ည
ဒီ မိုးည တွေထဲ
ငါ့ အတွေးတို့ ပျံ့လွင့်ဆဲ