အခန်း ( 24 )
အာရုဏ်တက်ချိန် ၊ မိုးသောက်ယံ အချိန်တို့ကို ကျော်ဖြတ်ပြီးနောက် နေမင်းစစ်ခင်း မိုးစင်စင်လင်းချိန် တွင် ဒီမိုရာ နှင့် မယ်မြ တို့သည် ၄င်းတို့၏ ခရီးစဉ်ကို ဆက်လက်ထွက်ရန် အဆင့် သင့် ဖြစ်နေသဖြင့် လေးရက်မြောက် ခရီး စဉ်ကို စတင်လိုက်ကြလေသည်။ ညက ကောင်းမွန်စွာ အိပ်စက်အနားယူထားသဖြင့် လူ နှင့် မြင်း များပါ လန်းဆန်းတက် ကြွနေကြကာ အင်ပြည့်အားပြည့် ဖြင့် ခရီးစဉ်ကို အပြင်းနှင်နိုင်ကြလေသည်။ တောင်ကုန်းတောင်တန်း ချိုင့်ဝှမ်းလွင်ပြင် တို့ကိုနေ့ ၀က် စာမျှ ခရီးနှင် ကျော်ဖြတ်ကြလေပြီးသော် သစ်ခုတ်သမားများ အများစု နေထိုင်ကြသော ရွာငယ် တစ်ရွာသို့ ရောက်ရှိကြလေသည်။ ထို့ကြောင့် ဒီမိုရာ နှင့် မယ်မြ တို့သည် ထို ရွာငယ်လေး ၌ ခရီးစဉ် ကို ခေတ္တရပ်နားကာ ရွာထဲရှိ ဆိုင်ငယ်လေး တစ်ခုသို့ ၀င်ပြီး နံနက်စာကို သုံးဆောင်ကြလေ သည်။
ထိုသို့ ဒီမိုရာ နှင့် မယ်မြ တို့သည် ဆိုင်ငယ်လေးအတွင်း၌ နံနက်စာကို အေးဆေးစွာ သုံး ဆောင်နေစဉ် မလှမ်းမကမ်း စားပွဲဝိုင်းတစ်ခုတွင် ရွာထဲမှ ရွာသားများ၏ ငြင်းခုန် စကားပြော ဆို သံများကို အတိုင်းသား ကြားမိ ကြ လေသည်။
ဟ .... မင်းသတင်းက
ဟုတ်ကော ဟုတ်ရဲ့လားကွ။
ဟုတ်ပါတယ်ဆိုမှဗျာ။
ကျုပ် မနက်ကပဲ မြို့မှာ
သစ်တွေ သွားပို့တော့
မြို့ကလူတွေ ပြောနေကြတာဗျ။
ငါ တော့ မထင်ပါဘူးကွာ။
ခံတပ်ဖြူ ဆိုတာကြီးက
ဘယ်တုန်းကမှ ကျရှုံးဖူးတာ
မဟုတ်ဘူးကွ။
မင်း အကြားမှားတာ နေမှာပါကွာ။
ထိုကဲ့သို့ ရွာသားများ တစ်ယောက်တစ်ပေါက်ဖြင့် ငြင်းခုန်ပြောဆိုနေကြ ခြင်းကို ကြား မိ ကြသော ဒီမိုရာ နှင့် မယ်မြ တို့မှာ အသံလာရာဆီသို့ နားစွင့်နေကြရင်း တစ်ယောက် မျက်နှာ တစ် ယောက် ကြည့်မိကြလေသည်။ ထို့နောက် စကားသံများကို ဆက်လက် နားစွင့် ကြည့်ကြလေရာ .......
ကျုပ် ကြားခဲ့တာက
ခံတပ်ဖြူကြီးက
လုံးဝကို ပြိုကျ ပျက်ဆီးသွားတာတဲ့
တပ်တွေလည်း အထိခိုက်များတယ်တဲ့။
တိုက်ပွဲမှာ ရဲမက်တွေ တကွဲတပြား ဖြစ်ကုန်ပြီး
အသက်လုပြီး ထွက်ပြေး ကြရတာတဲ့။
နေပါအုံး မောင်ရင် ရဲ့
မောင်ရင် ကို ဘယ်သူက
ဒါတွေကို ပြောလိုက်တာတုန်း
မြို့က လူတွေပါ ဆိုမှ ဗျာ။
ဟ ... သူတို့က သိလှချည်လားကွ
အာ... သိဆို
မြို့ထဲကို တိုက်ပွဲမှာ
ဒဏ်ရရာလာပြီး
ထွက်ပြေးလာတဲ့
ရဲမက် လေးငါး ယောက်လောက်
ရောက်လာ ကြတာကိုးကွ။
ဟေ .........................
ဟုတ်လား ။
ထိုသို့ဖြင့် အစောပိုင်းက တစ်ယောက်တစ်ပေါက်ဖြင့် ငြင်းခုန်နေကြသော စားပွဲ ၀ိုင်း သည် တိတ်ဆိတ် ငြိမ်သက် သွားကြလေတော့သည်။ ထို့နောက် ရွာသားများသည် ကိုယ်စီကိုယ်စီ ဖြင့် အသီးသီး ဆိုင်တွင်းမှ ထွက်ခွာ သွား ကြလေသည်။ ဒီမိုရာ နှင့် မယ်မြ တို့သည်လည်း မနက်စာ အတွက် ကျသင့် ငွေများကို ရှင်းကာ ဆိုင်းတွင်းမှ ထွက်ကာ မိမိ တို့၏ ခရီးစဉ်ကို မြင်းများကိုယ်စီ စီးနှင်းလျက် ဆက်လက် ထွက်ခွာ လာခဲ့ကြလေသည်။
******************************************
ခံတပ်ဖြူ တိုက်ပွဲနေရာ၌ လက်ကျန်လူများကို စုစည်းကာ တပ်ဆုတ်ခွာ ထွက်ပြေး လာ သော တပ်မှူးငယ် ခွန်ဒီနောင် တို့ လူစု နောက်သို့ ယုဒီပ တပ်ဖွဲ့တစ်ခုကလည်း ထပ်ချပ်မကွာ လိုက် ပါ လျှက် ရှိနေလေသည်။ ခွန်ဒီနောင် တို့ လူစုသည် နောက်မှ လိုက်ပါလာသော ရန်သူ့တပ်များ၏ လက်မှ လွတ်မြောက်စေရန် ပြေးရန်မှတပါး အခြားမရှိတော့ချေ။ အကြောင်းမှာ ခွန်ဒီနောင် တို့ လူစု သည် လူ ( 20 ) ခန့်လောက်သာ ကျန်ရှိနေတော့ပြီး နောက်မှ လိုက်ပါလာသော ယုဒီပ တပ် များမှာ လူ ( 80 ) နီးပါး ရှိနေလေရာ အင်အားခြင်း မမျှသဖြင့် ယှဉ်ရ်ျ တိုက်ခိုက်ရန် သိပ်ပြီး မလွယ် ကူတော့ သော ကြောင့် ဖြစ်လေသည်။ ခွန်ဒီနောင် တို့ လူစုသည် မောပန်းနေသော မြင်းများကို အားသွန် ခွန်စိုက် ပြေးခိုင်းလျက် ရှေ့မှ အပြင်းနှင်လေပြီး နောက်မှ လိုက်ပါလာသော ယုဒီပ မြင်း တပ်မှာ တိုက်ပွဲတွင် ရင်ဆိုင်ခဲ့သော မြင်း တပ်မဟုတ်သော ကြောင့် သူတို့၏ မြင်းများမှ အားအင် ပြည့်ဝ နေကြသေးသည်။
ထိုသို့ အနေထားဖြင့် ပြေးလွှားဆုတ်ခွာနေရင်း ခွန်ဒီနောင်သည် နောက်မှ လိုက်ပါ လာ သော ရန်သူများ မျက်ခြေပြတ်စေရန် ရည်ရွယ်လျက် လမ်းကြောင်းပြောင်းလဲကာ တောအုပ်ငယ် တစ်ခု အတွင်းသို့ ၀င်ရောက် လိုက်ကြ လေသည်။ ထို တောအုပ်ငယ်လေးသည် သစ်ပင်ကြီးများ ၊ ခြုံနွယ်များ ထူထပ်နေသဖြင့် ပုန်းအောင်းရန် လွယ်ကူသဖြင့် ခွန်ဒီနောင်တို့ လူစု သည် ထိုအရာ များဖြင့် အကာကွယ်ယူကာ တောအုပ်တွင်း၌ တပ်ဖျောက်ကာ ၀င်ရောက် ပုန်းအောင် နေကြ လေ သည်။ ထို့နောက် နောက်မှ လိုက်ပါလာသော ယုဒီပ တပ်များသည် ထို တောအုပ်ငယ်အစပ်သို့ ရောက်ရှိကြလျှင် ခေါင်းဆောင်ဖြစ်သူက သူ၏တပ်များကို ခေတ္တရပ်ရန် အချက် ပြလိုက်လေသည်။ ပြီးနောက် တပ်များကို အုပ်စု သုံးစု ခွဲကာ တောအုပ်တွင်းသို့ ၀င်ရောက် ရှာဖွေ စေလေသည်။
သို့ဖြင့် အုပ်စု ခွဲကာ ၀င်ရောက်လာကြသော ယုဒီပ စစ်သည်များအားလုံးကို တောအုပ် တွင်း၌ အသင့်နေရာ ယူ ပုန်းအောင်းနေကြသော ဟန်သောဝေ တပ်မှူးငယ် ခွန်ဒီနောင် နှင့် ရဲမက် များသည် အတိုင်းသား မြင်တွေ့နေရပြီး တိတ်ဆိတ်စွာ နေရာယူလျက် လုပ်ကြံကြရန် ပုန်းအောင်း လျက် ရှိနေပေသည်။ ယုဒီပ တပ်ခေါင်းဆောင်သည် တောအုပ် တွင်းသို့ ၀င်ရောက်ပါက လုပ်ကြံခံရ မည်ကို တွက်ဆမိသော်လည်း အုပ်စု သုံးခု ခွဲလိုက်သဖြင့် အင်အား နည်းပါးသွားကို တော့ သတိ လွတ် ခဲ့လေခြင်း ဖြစ်လေသည်။ ခွန်ဒီနောင်တို့ လူစု သည် ၀င်ရောက်လာကြသော ရန်သူ့ စစ်သည် များကို သစ်ပင်ကြီးမှ ပေါ်မှ လည်းကောင်း ၊ ခြုံနွယ်များအကွယ် မှ နေရ်ျ လည်းကောင်း ၊ ချိုင့်ခွက် များ တွင်းမှ နေရ်ျ လည်း ကောင်း ပုန်းနေကြကာ မိမိတို့ စီးနှင်းလာသော မြင်းများကိုလည်း လှဲသိပ် ထား သူ က လှဲသိပ်လျက် ၊ ခြုံများ နောက်ကွယ် တွင် ကွယ်ထားသူက ကွယ်ထားလျက် ထားရှိစေပြီး ချောင်းမြောင်းနေကြလေသည်။ သို့ဖြင့် တဖြည်းဖြည်း တိုးဝင်လာကြ သော ယုဒီပ တပ်များကို သတ် ကွင်းဧရိယာ တွင်းသို့ ၀င်ရောက် ရောက်ရှိကြလျှင် ဟန်သော်ဝေ တပ်မှူးငယ် ခွန်ဒီနောင် က အချက်ပြ အမိန့် ပေးလိုက်လေရာ ရဲမက်များသည် ပြောက်ကျားနည်းဖြင့် ရန်သူများကို လုပ်ကြံ ကြလေတော့သည်။
ရွှတ် ....... ဒုတ် ....... အင့် ..............
အူး........ အီး ......... အား ..........
ထိုသို့ အော်ဟစ်သံ ၊ တိုက်ခိုက်သံများ နှင့်အတူ ယုဒီပ စစ်သည်များသည် အတုံးအရုံး ကျဆုံး ကုန်ကြ လေတော့သည်။ တိုက်ခိုက်ခံရမှုအသံများကို ကြားကြားခြင်း ကျန် ယုဒီပ တပ်ဖွဲ့ နှစ်ခု သည် အသံလာရာ ဘက်ဆီသို့ ချက် ချင်း ရောက်ရှိလာကြလေရာ အလာကောင်းပေမယ့် အချိန်မမှီ တော့ပဲ သေဆုံးနေသော မိမိတို့၏ စစ်သည် ရုပ်အလောင်း များကိုသာ တွေ့မြင်ကြရ လေသည်။ ထိုအခြင်းရာကို တွေ့မြင် လိုက်ရသော ယုဒီပ တပ်ခေါင်းဆောင်သည် သွေးပွက်ပွက်ဆူ ကာ ဟန် သော်ဝေ တပ်များနောက်ဆီသို့ ဆက်လက် လိုက်တိုက်ရန် အမိန့်ကို ပေးလေတော့သည်။ ကျဆုံး ကုန်သော စစ် သည် အင်အားမှာ အုပ်စု သုံးစု ထဲမှ တစ်စုစာ အင်အားဖြစ်ပြီး လူ ( 30 ) နီးပါး ဖြစ် လေသည်။ ထို့နောက် ယုဒီပ တပ် ခေါင်းဆောင်၏ အမိန့်အရ ကျန် စစ်သည် များသည် ဟန် သော်ဝေ တပ်များနောက်သို့ လိုက်ကြလေရာ တောအုပ်ကို လွန် လေသော် လွင်ပြင်ငယ် တစ်ခုကို တွေ့ရပြီး ထို လွင်ပြင်ငယ် ပေါ်၌ ဖြတ်သန်းနေကြသော ဟန်သော်ဝေ ရဲမက် များကို တွေ့ ရှိကြ သဖြင့် မြင်းများ ကို အပြင်း ဒုန်းစိုင်းကြလေရာ နောက်ဆုံးတွင် ဟန်သော်ဝေ ရဲမက်များကို တဖန် မှီရ်ျ လာလေသည်။
ဟန်သော်ဝေ တပ်မှူးငယ် ခွန်ဒီနောင်သည် မိမိတပ်၏ မြင်းများ မောပန်းနေခြင်းကို သတိပြုမိသဖြင့် လမ်းကြောင်းကို ထပ်မံ ပြောင်းလဲလိုက်ကာ လွင်ပြင် အနိမ့်ပိုင်း ဆင်ခြေလျော ဘက်သို့ ဦးတည် လိုက်လေသည်။ ထိုသို့ ပြေးလွှားနေရင်းဖြင့် လွင်ပြင် ဆင်ခြေလျော အဆုံးနား ရှိ ချောင်းငယ်လေး တစ်ခုနားသို့ ရောက်ရှိလေသော် နောက်မှ လိုက်ပါလာသော ယုဒီပ တပ်များက မှီလာရန် အနည်းငယ်သာ လိုတော့သဖြင့် တပ်မှူးငယ် ခွန်ဒီနောင် သည် နောက်ထပ် တိုက်ပွဲတစ်ခု ကို ရှောင်လွှဲရန် မဖြစ်နိုင်တော့မှန်း သိသဖြင့် မိမိ၏ လူစုကို နှစ်ခြမ်းခွဲကာ ဆင်ခြေလျော ၏ ဘယ် ညာနှစ်ဘက် တွင် တပ်စွဲကာ အသင့်စောင့်ဆိုင်းနေစေပြီး အရှိန်ဖြင့် ထိုးဆင်းလာကြသော ယုဒီပ တပ်များကို ဘေးနှစ်မှ ညှပ်ရ်ျ ဖိတိုက် စေလေသည်။
ထို့ကြောင့် ယုဒီပ တပ်များသည် ရုတ်တရက် အငိုက်မိသွားပြီး စစ်သည် အတော်များ များ ကျဆုံး ကုန် ကြလေသည်။ ထို့နောက် ယုဒီပ တပ်များကလည်း ပြန်လည် ခုခံ တိုက်ခိုက်ကြ လေရာ လွင်ပြင်ငယ်၏ ဆင်ခြေလျော အနိမ့် ပိုင်း ချောင်းစပ်နေရာတွင် တိုက်ပွဲ ဖြစ်ပွားလေ တော့ သည်။ ဟန်သော်ဝေ ရဲမက်များသည် လူအင်အားခြင်း မမျှသော်လည်း ရဲစွမ်းသတ္တိရှိရှိ ဖြင့် အသက် ကို ပဓာန မထားကာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြသဖြင့် ယုဒီပ တပ်များအထိနာကာ အကျဆုံး များ လေ သည်။ ဟန်သော်ဝေ ရဲမက်များသည် မိမိထက် အင်အား နှစ်ဆ စာမျှ ရှိနေသော ရန်သူများ ကို ရဲမက် တစ်ယောက် လျှင် ရန်သူ နှစ်ယောက်မျှဖြင့် အသေအကျေ တိုက်ခိုက်ကြခြင်းလည်း ဖြစ် ပေသည်။
တိုက်ပွဲငယ်သည် အချိန်ကြာမြင့်လာသည်နှင့်အမျှ တောက်လျှောက်ပင်ပန်း နေကြ သော ဟန်သော်ဝေ ရဲမက်များသည် ခြေကုန်လက်ပန်း ကျလာကာ တဖြေးဖြေး အသက်ပေးလာ ကြရလေသည်။ ဟန်သော်ဝေ တပ်မှူးငယ် ခွန်ဒီနောင် သည်ပင်လျှင် အဆက်မပြတ် တိုက်ခိုက်နေရ သော တိုက်ပွဲကြောင့် အလွန်မောပန်း လျက်ရှိနေပြီး ဘေးပတ်ဝန်း ကျင်ကို သတိပြုမိချိန်တွင် ချောင်း စပ် ၌ ရုပ်အလောင်းများ ပြည့်နှက်နေသည်ကို သတိပြုမိလာလေသည်။ ထို့နောက် မိမိ တပ် သား များကို ရှာဖွေကြည့်လေရာ အသက်ရှင်သူ ငါးယောက်လောက်သာ ရှိနေပြီး ရန်သူ့ အင်အား မှာလည်း ဆယ် ယောက် လောက်ပင် ရှိနေတော့သည်။ ထို့ကြောင့် တပ်မှူးငယ် ခွန်ဒီနောင်သည် မိမိ၏ လက်ကျန်အားအင်တွေကို စုစည်း လိုက်ပြီး ထိုလက်ကျန် တပ်သားများ တိုက်ခိုက်နေရာ နေရာ သို့ သွားရောက် ကူပေးလိုက်လေသည်။ ရဲမက်တို့သည် တပ်မှူး ငယ်ရောက်လာသည်ကို မြင်ကြလျှင် ............
တပ်မှူး .... ပြေးလေ .... ပြေးတော့ .......
ကျုပ်တို့ ခံချ ထားမယ်။
တပ်မှူးလွတ်အောင်သာပြေး။
ကျုပ် မင်းတို့ကို မထားခဲ့နိုင်ဘူးကွ။
ကျုပ် လည်း မင်းတို့နဲ့ အတူ သေမယ်။
မရဘူး တပ်မှူး။
တပ်မှူး အသက်ရှင်မှ ရမယ်။
ဦးစီး စောင့်နေလိမ့်မယ်။
ကျုပ် မင်းတို့ကို မထားခဲ့နိုင်ဘူး။
ဆုတ် ......... အားလုံး ပြန်ဆုတ်ကြ ။
ဒါ အမိန့် ။
ဘယ်သူမှ မလွန်ဆန်ရဘူး။
တပ်မှူး ..... တပ်မှူး .... တပ်မှူး .......
ရဲမက်များ၏ တားမြစ်သံများသည် ထိုအချိန်တွင် အသုံးမ၀င်တော့ပဲ အမိန့်ကြောင့် လက်ကျန် လူ လေးငါးယောက်နှင့် တပ်မှူးငယ် ခွန်ဒီနောင် တို့သည် နောက်တဖန် တပ်ဆုတ် ပြန် ပြေးကြပြန်လေသည်။ ထိုသို့ ဆုတ်ခွာ ကြသော ဟန်သော်ဝေ ရဲမက်များနောက်သို့ ယုဒီပ တပ်ခေါင်း ဆောင်ကလည်း လက်ကျန်လူများကို စုစည်းကာ ဆက်လက် လိုက်တိုက် ခိုင်းလေသည်။
လိုက် ......... လိုက်တိုက်ကြ ။
တစ်ယောက်မှ မလွတ်စေနဲ့။
ခေါင်းဆောင်ကို အရှင် မိအောင်ဖမ်းကြ။
ဟေ့ ... ဟန်သော်ဝေ ခေါင်းဆောင်
လက်နက်ချလိုက်ပါတော့။
မောင်ရင် ဆက်ပြေးနေလည်း
လွတ်ဖို့ မရှိတော့ဘူး။
အေးဆေးစွာ အဖမ်းခံလိုက်ပါ။
မောင်ရင့်ကို ကျုပ် ရန်မရှာပါဘူး။
ဟား... ဟား... ဟား......
မောင်ရင် ရယ်စရာ လာပြောနေတာလားဟ။
ဒါနောက်ပြောင်ရမယ့် အချိန်မဟုတ်ဘူးကွ။
မောင်ရင့်မှာ အရည်ချင်းရှိရင်
ကျုပ်ကို လာတိုက်ပါ။
ကျုပ် ကတော့ မသေမချင်း လက်နက်ချဖို့
မရှိဘူးကွ။
ကောင်းပြီးလေ။
ဒါဆိုလည်း ကျုပ်က
မောင်ရင် ဆန္ဒကို
ဖြည့်ဆည်းပေးရမှာပေါ့။
ယုဒီပ တပ်ခေါင်းဆောင်သည် ထိုသို့ ပြောဆိုပြီးနောက် တိုက်ခိုက်မည် အပြု ဘယ် ဆီက ဘယ်လို ပစ်လွှတ်လိုက်မှန်း မသိသော မြှားတစ်စင်းသည် ယုဒီပ တပ်ခေါင်းဆောင်၏ လက် မောင်း တွင်းသို့ ထိုးဖောက်ဝင်ရောက် ကာ စိုက်ဝင်သွားလေသည်။
ဝှစ်...................
အား ....................
နှစ်ဘက်သော စစ်သည်ရဲမက်များသည် မြှား လာရာ လမ်းကြောင်းဆီသို့ ပြိုင်တူ ကြည့်မိကြလေရာ မြင်းနှစ်ကောင်ကို တွေ့ရပြီး မြင်းတစ်ကောင်ပေါ်၌ အနက်ရောင် ၀တ်စုံးကို ၀တ်ဆင်ထားပြီး ရုပ်ရည်ချောမော လှပသည့် မိန်းခလေး တစ်ဦးသည် လက်၌ လေးကို ကိုင်ထား သည်ကို တွေ့မြင်ရပြီး စောစောက မြှားအား သူမ ပစ်လွှတ်လိုက်ဟန် ရှိ နေလေသည်။ သူ၏ ဘေး၌ တခြား မြင်းတစ်ကောင်ပေါ်၌ အညိုရောင် အဆင်းရှိသော ၀တ်စုံကို ၀တ်ဆင်ထားသည့် ရုပ်ရည် သန့်ပြန့်သော လူရွယ်တစ်ဦး သည် လက်ရာ အလွန်ကောင်းသော ဓါး တစ်လက်ကို ကျော်၌လွယ် သိုင်းထားလျက် ရှိနေ သည်ကို တွေ့မြင်ကြရလေသည်။ ထို လူရွယ်နှင့် မိန်းခလေးတို့သည် မြင်းပေါ်မှ ဆင်းလာကာ ရဲမက်စစ်သည်များ ရှိ ရာနေရာဆီသို့ လှမ်းလျှောက်လာ ကြပြီး ............
ဟေ့ ... မောင်ရင် ....
မမျှတတဲ့ အလုပ်တွေကို
မြင်နေရတာ မျက်စိထဲမှာ
ဘယ်လိုမှ ကြည့်လို့မကောင်းဘူးကွာ။
ဒါ ကျုပ်တို့ ဟန်သော်ဝေ ရဲမက်တွေ ထင်ပါ့။
မောင်ရင်တို့ ခုချိန် ပြန်လှည့်သွားရင်
ကောင်းမယ် ထင်တယ်။
ဟား ... ဟား .... ဟား .....
မောင်ရင် လာပြီး နောက်ပြောင်နေတာတော့
မဟုတ်လောက်ပါဘူးနော်။
မောင်ရင်တို့ နှစ်ယောက် က သူတို့ဘက်က
ဝင်တိုက်ပေးလိုက်လေ။
ဒါဆို မျှတ သွားမှာပေါ့။
တိုက်ကြ .....................
ဟေ့ .... မောင်ရင်.....
ဘာလဲ သွေးပျက်သွားတာလား။
မပြေးသေးပဲ ဘာလုပ် နေတာတုန်း။
ကျုပ် သွေးမပျက်ပါဘူး။
ကျုပ် အံ့သြနေတာပါ။
ကျုပ် က စစ်သည်တစ်ယောက်ပါ။
ဘယ်တိုက်ပွဲမှာမှ ခင်ဗျားတို့ နှစ်ယောက်လို့
စွမ်းရည်ရှိတဲ့ သူမျိုးကို မတွေ့ဖူးသေးလို့ပါ။
ဘာပဲ ဖြစ်ဖြစ် ကျုပ်ကို အသက်ချမ်းသာခွင့်
ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒီ အကြွေးကို ကျုပ် တစ်ချိန်ချိန်မှာ
ပြန်လည် ပေးဆပ်ပါ့မယ်။
ကံ ရှိရင် ပြန်ဆုံကြတာပေါ့။
ထိုသို့ ပြောဆိုပြီးနောက် ယုဒီပ တပ်ခေါင်းဆောင်သည် နောက်ကြောင်း ပြန်လှည့် ကာ ထွက်ပြေး သွားလေသည်။ ထို့နောက် ခွန်မှူးငယ် ခွန်ဒီနောင်တို့ လူစု သည် ထို လူရွယ်အနီးသို့ ရောက်လာကြပြီး .......
ကျေးဇူးတင်ပါတယ် နောင်ကြီး။
နောင်ကြီး တို့ ရောက်မလာခဲ့ရင်
ကျုပ်တို့ ခုလောက်ဆို သေနေလောက်ပြီ ထင်ပါ့။
ကျုပ် က ဟန်သော်ဝေ တပ်မှူး ခွန်ဒီနောင်ပါ။
ရပါတယ် နောင်ကြီးရာ။
ကျုပ်တို့က အရေးကြီး ကိစ္စနဲ့
ဒီကနေ ဖြတ်သွားတုန်း တွေ့လိုက်ရလို့ပါ။
ကျုပ်က ဒီမိုရာပါ။ သူက မယ်မြ ပါ။
( ဆက်လက်ဖော်ပြပါမည်။ )
Rocker77
No comments:
Post a Comment