အခန်း ( 8 )
ဒီနေ့ ကျွန်တော်တို့ လေးယောက် လက်ဖက်ရည်ဆိုင်တွင် ဆုံမိကြသည်။ လက်ဖက်ရည်ဝိုင်း တစ်ခုလုံးကို ဆူညံစေသော ပြောစရာစကားကတော့ ပါးကွက်နဲ့ မိန်းခလေး အကြောင်းသာလျှင် ဖြစ်နေတော့သည်။ ဒီ တစ်ခါ အံသြရသူမှာ ကျွန်တော်တစ်ယောက်တည်းပင် မဟုတ်တော့ပါ။ ကျွန်တော်ရဲ့ ရဲဘော်ကြီး အောင်မင်း ပါ ပါဝင်လာခဲ့သည်။ အောင်မင်းက........
မနေ့က ကိစ္စ ဘယ်လိုမြင်လဲ
ဟု အစပျိုးပေးလိုက်တာနဲ့
ခင်ဇော်က
ဘာကိစ္စ တုန်း..
အောင်မင်းက ပြန်ရ်ျ
မနေ့က ငါတို့ကို စာသင်ပေးတဲ့ ဆရာမလေးကိုပြောတာလေကွာ
ထို အခါ ခင်ဇော်က
ဘာဖြစ်လို့လဲ ၊ ဘာများအဆန်းပါလို့လဲ
အောင်မင်း က
မင်းကတော့ မသိတော့ မထူးဆန်းဘူးပေါ့ကွာ ၊ ငါတို့က တော့ ထူးဆန်းနေတာ။ သူကို ဒီမှာ ပထမဆုံးမြင်ဖူးတ မဟုတ်ဘူးလေကွာ။ပြီးတော့ ငါတို့ထက် ထူးဆန်းနေမယ့်သူ ရှိသေးတယ်။ (ကျွန်တော်ကို ညွှန်ပြလျက် )
ထို အခါ ကျွန်တော်က
မင်းက လည်း နေရင်းထိုင်ရင်း ငါ့ ကိုပါ အ့မှု့ထဲ ဆွဲထည့်နေပြန်ပြီ
ကျွန်တော့် စကားဆုံးတော့ အောင်မင်းက
မင်းက မထူးဆန်းဘူးပေါ့ ဟုတ်လား။
ဟု အောင်မင်းက စကားဆက်ပြန်သည်။
အေးလေ။ မထူးဆန်းပါဘူး။ ဒါက တိုက်ဆိုင်မှုတစ်ခု ပဲ မဟုတ်လား။ ဘာကို ဘာလို့ ငါက ထူးဆန်းနေရမှာ လဲ။
ကျွန်တော် ထိုသို့ သာပြောချမိလိုက်သည်။ စိတ်ထဲမှာတော့ တကယ်ပင် နားမလည်ခြင်းတွေနဲ့ ထူးဆန်းနေတာတော့ အမှန်ပါပဲ။ ကျွန်တော့် စကားဆုံးတော့ တရုတ်ကြီးက
ကဲ ကဲ ။ ထူးဆန်းတာတွေကော ။ တိုက်ဆိုင်တာတွေကော ငါပြောပြမယ်။
ခင်ဇော် ကတော့ မျက်စိသငယ်နားသငယ်ဖြင့် ထိုင်နားထောင်နေရှာသည်။တရုတ်ကြီးက
ဒီကောင်မလေးကို မင်းတို့နှစ်ယောက် ၀ိုင်းမှာ တွေ့ဖူးတယ်နော်။ နောက် ခု ဒီမှာ ထပ်တွေ့ကြတယ်။ ဟုတ်တယ်နော်။ အဲဒါမင်းတို့ဘာသာ ထူးဆန်းနေတာ၊ တိုက်ဆိုင်နေတာ၊ ဟိုကဖြင့် သူ့အလုပ်သူလုပ်နေတာ။
ဘယ်လိုလဲ ငါမရှင်းဘူး။
ကျွန်တော် မနေနိုင်တော့ပဲ ၀င်ပြေမိလိုက်သည်။ ကျွန်တော့် စကားကို အောင်မင်းကလည်း ထောက်ခံလိုက်သေးသည်။
အေး ငါလည်း မရှင်းဘူး။
ဒီတော့ တရုတ်ကြီးက
ဒီ ကောင်မလေးက ငါတို့ ၀ိုင်းမှာ သီချင်းလာဆိုတာသိပ်မကြာသေးဘူးကွ။ သူ့ သူုငယ်ချင်းနှစ်ယောက်နဲ့ လာတာ။ အဲ သူ့ သူငယ်ချင်းတွေက သူ့ရှေ့ကတည်း လာဆိုနေကြတာ။ ငါ့ အဖေက အရင်လူတွေကလည်း အသက်တွေလည်း ရလာပြီ။ အလုပ်တွေလည်းများလာကြပြီ။ ဒါကြောင့် လူငယ်တွေနဲ့ အားသစ်လောင်းမယ်ဆိုပြီး သူတို့ကို ခေါ်ထားလိုက်တာ။ နောက်ပြီး ခုလို သင်တန်း လာပြပေးတာကလည်း သူက စေတနာ ၀န်ထမ်းပဲ။ သူတို့က ပိုက်ဆံတစ်ပြားမှ မရကြဘူး။ နောက်ပြီး ဘာသိချင်ကြသေးလဲ။
ဟု ဆိုပြီး စကားကိုခဏရပ်ကာ အကဲခတ်လိုက်သည်။
ရှိသေးတာပေါ့။
ကျွန်တော်က ကြားဖြတ်ပြောလိုက်ခြင်းပင်ဖြစ်သည်။ကျွန်တော်က ဆက်ပြီး
သူက ဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ငါတို့ကို စာပြန်သင်ပေးနိုင်ရတာလဲ။ တကယ်ဆို ငါတို့နဲ့ အသက်က ရွယ်တူလောက်ပဲမဟုတ်လား
ဆိုပြီး ပြောလိုက်တော့ ကျွန်တော့် စကားကို ခင်ဇော် ကပါ ထောက်ခံပေးလိုက်ပါသည်။
အဲဒါတော့ ဟုတ်တယ်ဟ။
ခင်ဇော် စကားဆုံးတော့ တရုတ်ကြီးက
မင်းတို့က သိမှမသိကြပဲကိုးကွ။ သူတို့က ငယ်ငယ်တည်းက တရုတ်စာကို သင်ယူလာခဲ့ကြတာလေ။ ငါတို့ မြန်မာကျောင်းတက်သလိုမျိုးပဲလေ။ တစ်ဖက်မှာ မြန်မာကျောင်းကိုတက်တယ်။ တစ်ဖက်ကနေ တရုတ်စာကို သင်ယူလာခဲ့ကြတာလေ။ ဒါကြောင့် ခုလို ငယ်ငယ်ရွယ်နဲ့ မင်းတို့ကို စာပြန်သင်ပေးနိုင်တာပေါ့ကွ။ ကဲ ဒီလောက်ဆိုရင်တော့ မထူးဆန်းတော့ဘူးမဟုတ်လား။
ထိုအခါ အောင်မင်းက
အေး နဲနဲတော့ နားလည်သွားသလိုပဲ။
ဟု ပြန်ဖြေပေးလိုက်သည်။ အောင်မင်းစကားဆုံးတော့ ကျွန်တော်က
အင်း .. ဒါဆို ဒီကောင်မလေးက တော်တယ်လို့ပြောရမှာပေါ့။ ပညာရပ်နှစ်ခု လုံးကို တစ်ချိန်တည်းမှာ သင်ယူထားနိုင်တဲ့အပြင် ၀ါသနာပါတဲ့ သီချင်းဆိုတဲ့ အလုပ်ကိုလည်းပိုင်နိုင်တာပဲ။ တကယ့်ကို လေးစားစရာပါပဲ။
ကျွန်တော့် စကားဆုံးတော့ အောင်မင်းနဲ့ တရုတ်ကြီးက ပြိုင်တူ ကျွန်တော့်ကို ဖောက်လိုက်ကြပုံက
မင်းကတော့ ပြောပြီပေါ့လေ...........
( ဆက်လက်ဖော်ပြပါမည်။ )
Rocker77
No comments:
Post a Comment