လောက .........
သင်သည် မည်ကဲ့သို့ နည်း
ငါသည် အဘယ်သို့ နည်း
သင် နှင့် ငါ
မည်သူက မည်ကဲ့သို့ အဘယ်သို့နည်း ။
ရှေးခေတ်က ပြောကြတယ်
ဆီသည် က ဆီသည်
ဆင်ထိန်း က ဆင်ထိန်း တဲ့
အခုကော ဘယ်လို ပြောကြမလဲ
ဘာကို ပြောကြမလဲ ။
လက်ဖမိုးပေါ်က အရာတစ်ခု
လက်ဖ၀ါး ဘက် အကြောင်းတရားတစ်ခု
သေချာစွာ ဆန်းစစ်ကြည့်မိတော့
လက်ဝါးတစ်ခုကို တွေ့ရတယ်
လက်ဝါးစောင်းတစ်ခုကို မြင်ရတယ် ။
ဒီတော့ ........
အသင်လောက
သင် ပဲ မှားလား
ငါ ပဲ မမှန်တာလား
ငါသည်လည်း မတွေးချင်တော့ ။
လက်ဝါးစောင်းအတိုင်းပဲ
ခရီးဆက်ကြရုံပဲပေါ့ ။
13 . 10 . 2011
23း0 AM
Rocker77
အမြဲတမ်းလည်း နေမပူသလို
ReplyDeleteအမြဲတမ်းလည်း မုန်တိုင်းမထန်ပါဘူး
သူငယ်ချင်း