သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ။ ဒီ တစ်ခါ မှာတော့ ရန်ကုန်မြို့တော်ကြီးရဲ့ မတူညီတဲ့
မီးပွိုင့် စနစ် အကြောင်းကို တင်ပြဆွေးနွေး သွားချင်ပါတယ်။ ဒီ အကြောင်းရာကို ရေးချင်နေတာ ကြာခဲ့ ပါပြီ။ သို့ပေမယ့်လည်း အချိန်မပေးနိုင်သေးလို့ ဒီနေ့မှပဲ တင်ပြပေးလိုက်ပါတော့တယ်။
ရန်ကုန်မြို့မှာ နေထိုင်တဲ့ သူတွေ၊ေ၇ာက်ဖူးတဲ့ သူတွေကတော့ ရန်ကုန် က မီးပွိုင့်တွေ
အကြောင်းကို ထိမိတွေ့မိ ရှိကြမှာပါ။ သတိထားမိတဲ့ သူတွေ ရှိသလို ၊ သတိမထားမိသေးတဲ့ သူတွေ လည်း ရှိနေကြမှာပါ။ ဘာပဲ ဖြစ်ဖြစ် ဒီ အကြောင်းရာလေးမှာ ကျွန်တော် တို့ ဆွေးနွေး ကြည့်ကြရ အောင်ပါ။
ရန်ကုန် မှာ မီးပွိုင့် တတော်များများကို လေ့လာကြည့်မိမယ်ဆိုရင် စိမ်း ၊ ၀ါ ၊ နီ
မီး သုံးလုံးတပ်မီးပွိုင့် ၊ နံပါတ်ဘုတ် အကြီးတပ် မီးပွိုင့် ၊ နံပါတ်ဘုတ် အသေးတပ် မီးပွိုင့် ၊ ကွေ့ကြော
မြှားစိမ်း ပြ ပေးတဲ့ မီးပွိုင့် ၊ ကွေ့ကြော မီး ၀ါ ပြပေးတဲ့ မီးပွိုင့် ၊ ကင်မရာ တပ်မီးပွိုင့် ဆိုပြီး အမျိုး စားနဲ့ အချက်ပြစနစ် စုံလင်တဲ့ မီးပွိုင့်တွေကို တွေ့ကြရမှာပါ။
ပထမ ဆုံး အနေနဲ့ စိမ်း ၊ ၀ါ ၊ နီ မီးသုံးလုံးတပ် မီးပွိုင့် တွေကို လေ့လာကြည့်ကြ
ပါစို့ဗျာ။ စိမ်းဝါနီ မီးသုံးလုံး တပ် မီးပွိုင့် တွေကို ရန်ကုန် မြို့ရဲ့ မြို့တွင်း မြို့ပြင် နေရာ အနှံပြားမှာ တွေ့
မြင်ကြရမှာပါ။ ဒီ မီးပွိုင့် တွေမှာ အချက်ပြ စနစ်တွေကို လေ့လာကြည့်မယ်ဆိုရင် တချို့ မီးပွိုင့် တွေ မှာ မီးစိမ်းမှ မီးဝါ ကို ကူးပြောင်းတော့မယ် ဆိုပါက မီးစိမ်းမှိတ်တုတ်တုတ် သုံးကြိမ် အချက် ပြပေး ပြီးမှ မီး ၀ါ ကို ကူးပြောင်းပေးသလို မှိတ်တုတ်တုတ် မီးစိမ်း မပြပဲ မီး ၀ါ ကို တန်းပြီး ပြောင်းလဲ တဲ့ ပွိုင့်တွေ ကို လည်းတွေ့မြင်ကြရမှာပါ။( ဥပမာ - စိန်ပေါလ် မီးပွိုင့် ၊ ဆီဒိုနား မီးပွိုင့် )
မှိတ်တုတ်တုတ် မီး စိမ်း အချက်ပြတဲ့ မီးပွိုင့်တွေဟာ ယာဉ်မောင်းသူတွေအတွက်
မိမိ ရဲ့ အရှိန်ကို ထိန်းသိမ်းဖို့ အတွက် အချိန်ပိုရသလို အန္တရယ် ကင်းရှင်းရေးကို လည်း အထောက် ကူဖြစ် စေပါတယ်။ ဒါပေမယ့် မီး စိမ်းကနေ မီးဝါကို ရုတ်တရက် ကူးပြောင်းတဲ့ အခါမျိုးတွေမှာ တော့ ရုတ်တရက် ဘရိတ်နင်းမှုတွေ ဖြစ်ပေါ်လာပြီး မီးပွိုင့်ရဲ့ ၇ပ်မျဉ်းတွေကို ကျော်သွားလို့ နောက်ပြန် ဆုတ်ရတာမျိုးတွေကို လည်း တွေ့မြင်ကြရမှာပါ။ အနောက်မှာ ယာဉ်တစ်စီးစီး ကပ်ပြီး လိုက် ပါလာ ခဲ့ရင်တော့ အရှေ့က ယာဉ်ကို ၀င်တိုက်နိုင်ချေ ပိုများပါတယ်။
နံပါတ်တပ်ဘုတ် အကြီးတွေ တပ်ဆင်ထားပေးတဲ့ နာမည် ကြီးမီးပွိုင့်တွေမှာတော့
ယာဉ်မောင်းသူတွေဟာ အရှိန်ကို ထိန်းသိမ်း နိုင်သလို အန္တရယ်ကိုလည်း ကင်းအောင် မောင်းနှင် နိုင်ကြ မှာပါ။ သို့ပေမယ့် နံပါတ်ဘုတ်တော့ တပ်ဆင်ပေးထားပါရဲ့ ၊ ဘုတ်က အသေးဖြစ်နေမယ်။ မီးပွိုင့်ရဲ့ လမ်း ကြောက ကွေ့ကောက်နေမယ် ၊ ယာဉ် အသွားအလာ များတဲ့ နေရာ မျိုး ဖြစ်နေမယ် ဆိုခဲ့ပါက ယာဉ် မောင်းသူတွေဟာ မီးဘုတ်က နံပါတ်တွေကို အဝေးကနေ မမြင်နိုင်သလို ၊ အန္တရာယ် ကင်းရှင်းရေး အတွက် လည်း ထိန်းသိမ်းဖို့ ခက်ခဲစေမှာပါ။ ဥပမာ(လှည်းတန်း မီးပွိုင့် ၊ ရွှေဂုံတိုင် မီးပွိုင့်)
တချို့ မီးပွိုင့်တွေမှာ ဆိုရင် ကွေ့ကြောတွေကို မြှားစိမ်း မီး ပြပေးပြီး ကွေ့ကားတွေ
ကို ဦးစားပေးထားပါတယ်။ သို့ပေမယ့် တချို့ မီး ပွိုင့်တွေမှာတော့ ကွေ့ကြောတွေကို မီးဝါ ကို အကြာကြီး ပေးထားပြီး ကွေ့ကားတွေကို ဦစားပေးထားပြန်ပါတယ်။ ဥပမာ ( ဝေဇန္တယာ မီးပွိုင့် ၊ တာမွေအ၀ိုင်းထိပ် မီးပွိုင့် ) မြှားစိမ်းမီးကို ကွေ့ကြော ဦးစားပေးစနစ် အသုံးပြုထားတဲ့မီးပွိုင့်တွေမှာ ယာဉ်မောင်းသူတွေ ဟာ အခက်ခဲ မရှိကြပေမယ့် မီးဝါ ပေးထားတဲ့ မီးပွိုင့်တွေမှာ တော့ ကွေ့ရ မှာလား ၊ ရပ်ရ မှာလား၊ မောင်းရမှာလား ဆိုတာကို ဒွိဟ ဖြစ်စေပါတယ်။ အဲ့လို ဖြစ်တဲ့ အတွက် ကြောင့် နောက် ကားရဲ့ အော်ဟစ် ဆဲဆိုသံတွေ ၊ နားလည်မှုမှာ ပြီး တိုက်မိ ကြတာတွေကိုလည်း မြင်တွေ့နေရပါတယ်။
အခု နောက်ဆုံးပေါ်ကတော့ ကင်မရာတပ် မီးပွိုင့်တွေပဲ ဖြစ်ပါတယ်။ ဒီ မီးပွိုင့်
တွေ ဟာ သိပ်တော့ များများ စားစားမရှိလှသေးပေမယ့် အူကြောင်ကြောင်တော့ နိုင်နေသေး ပါ တယ်။ ကင်မရာတပ် မီးပွိုင့်တွေမှာ မီးနီကို ဖြတ်ကျော်မှ ကင်မရာ လှမ်းရိုက်ပြီး မှတ်တမ်း တင်တဲ့ မီးပွိုင့်တွေ ရှိနေသလို ရပ်မျဉ်းကျော်တာနဲ့ ကင်မရာ ရိုက်ပြီး မှတ်တမ်း တင်တဲ့ မီးပွိုင့် တွေလည်း ရှိနေပြန်ပါတယ်။ ရပ်မျဉ်းကျော်တာနဲ့ ကင်မရာကနေ လှမ်းရိုက်တဲ့ စနစ်ပါတဲ့ မီးပွိုင့်တွေကိုတော့ ကွန်ကရစ် လမ်းအသစ် ခင်းထားတဲ့ မီးပွိုင့်တွေမှာ တပ်ဆင်ထားတာကို တွေ့ရပြန်ပါတယ်။
ဥပမာ - ( တာမွေဗလီ မီးပွိုင့် ၊ မင်္ဂလာဈေးမီးပွိုင့် )
မီးပွိုင့် ရပ်မျဉ်းရဲ့ အရှေ့နားမှာ နည်းပညာသုံး ကြိုးတစ်ချောင်းကို မြှုပ်နှံ့ထားပြီး
ကားဘီးက ထို မျဉ်းပေါ်ကို မီးနီနေချိန်မှာ တက်နင်းမိ ပါက ကင်မရာမှ အလိုလျောက် မှတ်တမ်း တင်ထား မှာ ဖြစ်ပြီး ဒဏ်ငွေ ဆောင်ရမှာပါ။ အဲ့လို နင်းမိပြီး နောက်ပြန်ဆုတ်ပါကလည်း နောက် တစ်ကြိမ် မှတ်တမ်း တင်ပြီး ပြစ်မှု ပိုကြီးစေပြန်ပါတယ်။ စုစုပေါင်း နှစ်ခါ မှတ်တမ်းတင်ပါတယ်။ သို့ပေမယ့်လည်း တချို့ ကင်မရာတပ် မီးပွိုင့် တွေမှာတော့ ထို နည်းပညာသုံး ကြိုးကို မြှုပ်နှံ မထား ပြန်ပါဘူး။ မီးဝါ မီးနီ ကို ဖြတ်မှသာလျှင် ကင်မရာမှနေ မှတ်တမ်း လှမ်းယူပြီး အေ၇းယူပြန်ပါတယ်။
၎င်း အပြင်မြို့တွင်းနေရာ ဖြစ်တဲ့ မဟာဗန္ဒုလလမ်း၊ ကုန်သည်လမ်း၊ဗိုလ်ချုပ်လမ်း ၊ ကမ်းနားလမ်း ၊ အနော်ရထား လမ်းမကြီး တွေမှာ ရှိနေတဲ့ နေရာကပ်လွန်းတဲ့ မီးပွိုင့်တွေ ရဲ့ အချိန် သတ်မှတ်ချက်ဟာလည်း တစ်ခုနဲ့တစ်ခု မတူ ညီတာကို တွေ့မြင်ကြရအုံးမှာပါ။ ထို့ကြောင့် လည်း မြို့တွင်းမှာ ကားလမ်း ပိတ်ဆို့ မှုတွေကို မြင်တွေ့နေကြ ရမှာပါ။ ဒီတော့ အထက်ပါ အကြောင်းရာ တွေ ကို ခြုံငုံ သုံးသပ်ကြည့်ရလျှင် ရန်ကုန်မြို့မှာ မီးပွိုင့် အမျိုးမျိုး ၊ နည်း စနစ်အမျိုးမျိုး ကို
တွေ့မြင် ကြရမှာ ဖြစ်ပါတယ်။ သို့ပါရ်ျ ရန်ကုန်မြို့ မှာ ယာဉ်မောင်းမယ်ဆိုရင် ယာဉ်မောင်းသင်တန်း
ထက်စာရင် မီးပွိုင့် သင်တန်း ကို အရင် တက်ရောက်ရမလို ဖြစ်နေပါပြီ။
သူငယ်ချင်းများအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေဗျာ။
Rocker77
Rocker77
No comments:
Post a Comment