အခန်း ( 7 )
ယနေ့သည် ကျွန်တော်တို့ တရုတ်စာသင်တန်း စတင်တက်ရမည့်နေ့ ဖြစ်သည်။ သင်တန်းမတက် ခင် အောင်မင်း နဲ့ လက်ဖက်ရည်ဆိုင်တွင် ဆုံကြရန် ချိန်းထားသေးသဖြင့် အိမ်မှ ကျွန်တော် ခပ် စော စော လေး ထွက်လာခဲ့ လိုက်သည်။ ကျွန်တော် လက်ဖက်ရည်ဆိုင် ရောက်တော့ အောင်မင်း မရောက်သေးသည်ကို တွေ့ရသည်။ သို့ဖြင့် ကျွန်တော် လက်ဖက်ရည်တစ်ခွက်မှာသောက်ရင်း အောင်းမင်း အလာကို စောင့်နေလိုက်သည်။ လက်ဖက်ရည်ခွက် တ၀က်ကျိုး ချိန်ရောက်တော့ ဘော်ဒါကြီး အောင်မင်း ရောက်ချလာပါသည်။ သူနဲ့အတူ အဖော်တစ်ယောက်လည်းပါလာခဲ့သည်။ ကျွန်တော် သေချာကြည့်လိုက်တော့ ကျွန်တော်တို့နဲ့ ကျောင်းနေဘက် သူငယ်ချင်း ခင်ဇော် ဖြစ်နေပါသည်။ ထူးဆန်းစွာနဲ့ ကျွန်တော် ကြည့်မိနေတုန်း အောင်မင်းက
ရောက်နေတာကြာပြီလား။
ဟု စကားစလိုက်ပါသည်။ ဒီတော့ ကျွန်တော်က
အင်း နဲနဲတော့ ကြာပြီ ။
ဟု အဖြေပြန်ပေးလိုက်ပါသည်။ ထိုအချိန်တွင် ဆိုင်မှ စားပွဲထိုးလေးရောက်လာပြီး အောင်မင်းနဲ့ ခင်ဇော် က လက်ဖက်ရည်နဲ့ အအေးကို မှာလိုက်ကြသည်။ ထို့နောက် ကျွန်တော်က
ခင်ဇော် နဲ့ ဘယ်မှာ တွေ့လာတုန်း ။
ဟု စကားပြန်စလိုက်သည်။ ထိုအခါ အောင်မင်းက
ဘယ်မှာမှ မတွေ့ပါဘူးကွာ ၊ ငါတို့ ချိန်းပြီးလာကြတာ၊ ဒီကောင် လည်း သင်တနုး လိုက်တက်မလို့လေ။ ဒီကောင့်
စောင့်နေတာနဲ့ပဲ နောက်ကျနေတာ
လို့ ပြန်ဖြေမှ ကျွန်တော် ဇာတ်ရည်လည်သွားတော့သည်။ တကယ်တော့ ခင်ဇော်နဲ့ ကျွန်တော်တို့က ကျောင်းတွင် သိပ်မတွဲဖြစ်ကြပေ။ ခင်ဇော် က တရုတ်ကြီး နဲ့ သာ အတွဲများပြီး ကျွန်တော် နဲ့ အောင်မင်း က အတွဲ မိကြသည်။ တခဏကြာတော့ သောက်စရာရှိတာတွေ စားသောက်ကြပြီးပြီးမို့ ကျွန်တော်က
ကဲ သွားကြရအောင် ။ အချိန်နီးပြီ မဟုတ်လား။ စာအုပ်တွေလည်း ၀ယ်ရအုံးမယ်လေ။
ဟု ဆိုပြီး စားပွဲထိုးလေးအား လှမ်းခေါ်လိုက်ကာ ငွေရှင်းပေးလိုက်ပါသည်။ ထို့နောက် ကျွန်တော်တို့ 3 ယောက်သား သင်တန်းရှိရာဆီသို့ ထွက်လာခဲ့လိုက်တော့ပါသည်။ သင်တန်းသို့ရောက်သောအခါ ကျွန်တော်တို့ သုံးယောက် ကိုယ်စီကိုယ်စီ စာအုပ်များ ၀ယ်လိုက်ကြပြီး စာသင်ခန်း၌ ဆရာအလာကို နောက်ဆုံးတန်းတွင်ထိုင်ကာ စောင့်နေလိုက်ကြပါသည်။. 15 မိနစ်ခန့် ကြာသော် စာသင်ခန်းထဲသို့ တစ်စုံတစ်ယောက်ဝင်လာသဖြင့် သင်တန်းသားများအားလုံး မတ်တပ်ထရပ်ကာ နှုတ်ဆက် လိုက်ကြ သည်။ ကျွန်တော်တို့ သုံးယောက်သည်လည်း အများနည်းတူ ထပြီး နှုတ်ဆက်လိုက်ကြပါသည်။ ကျွန်တော့် ရှေ့မှ လူများ ပြိုင်တူ ထိုင်လိုက်ကြအပြီးတွင် ကျွန်တော်သည်လည်း ထိုင်မည်အပြု ကျွန်တော် စိတ်နှင့်လူနဲ့ တဒင်္ဂမျှ ကင်းကွာ သလိုရှိသွားသည်။ အကြောင်းမှာ ကျွန်တော်တို့ ရှေ့၌ရောက်နေသော သင်တန်းဆရာမှာ ကျွန်တော် သိပ်တွေ့ချင်နေသော ပါးကွက်ကောင်မလေး ဖြစ်နေခြင်းကြောင့်ပင် ဖြစ်ပါသည်။ တစ်တန်းလုံးထိုင်ပြီးချိန် အထိ ကျွန်တော်မှာ မင်သက်စွာဖြင့် မတ်တပ်ဆက်ရပ်လျက်သားဖြစ်နေသဖြင့် ကျွန်တော့်ဘေးမှ အောင်မင်းက ကျွန်တော့်ကို လက်ဆွဲ ပြီး ထိုင်ချလိုက်မှ ကျွန်တော် သတိပြန်ဝင်လာပါသည်။ ကျွန်တော် ခုံ၌ထိုင်ပြီးသည်နှင့် ကိုယ့်မျက်လုံး ကိုပင် ကိုယ်မယုံနိုင်သေးဘူးဖြစ်နေပါသေးသည်။. ငါ မြင်တွေ့နေရတာတွေက အမှန်မှ ဟုတ်ရဲ့လား ဟု ဝေခွဲမရပင် ဖြစ်နေပါသေးသည်။ အမှန်တော့ ဟုတ်ပါသည်။ ထို မိန်းခလေးမှ ထိုမိန်ခလေး အစစ်ပင်ဖြစ်ပါသည်။ ယခု အခါ တွေ့ရာမှာတော့ သူမရဲ့ ပါးပြင်ထက်မှာ သနပ်ခါးပါးကွက်လေး ရှိမနေခဲ့ပြန်ပါဘူး။
( ဆက်လက်ဖော်ပြပေးပါမည်။)
Rocker77
No comments:
Post a Comment