Monday, February 3, 2014

အလင်းနတ်သမီး


ည ရဲ့ အမှောင်ထဲ အလင်းတစ်ခုကို ငါတွေ့သလို
မျက်လုံးကို ဖွင့်ကြည့်တော့
ကြယ်တံခွန် တစ်ခုက ခေါင်းပေါ်မှာ


လက်လှမ်းလို့ မမှီနိုင်ပေမယ့်
တီးတိုးသံသဲ့သဲ့ တစ်ခုကို
ငါ ကြားနေမိတယ်

အသံ ရဲ့ ခေါ်ဆောင်ရာကို
စီးမြော က ခုန် ကြည့်တော့
လူ နဲ့ ၀ိညာဉ် ကင်းဝေးသွားတယ်

အမှောင်သိုက်ရဲ့ အလင်းသံဆီ
ငါ ပြေးလိုက်လေတော့
တစ်စုံတစ်ဦး ရပ်စောင့်နေတယ်

ငါ နတ်သမီး တစ်ပါးနဲ့ စကားပြောခဲ့တယ်
ပျောက်ဆုံးနေတဲ့ လမ်းမတွေကို ပြန်တွေ့လာတယ်
မျိုသိပ်ထားတဲ့ အရာတွေ အရှေ့ ကို ရောက်လာကြတယ်
ငါ့ သွေးတွေ ပွက်ပွက်ဆူဝေကုန်တယ်

ရော့ခ်တေးသံတွေ ငါ ကြားနေရတယ် ... ။

ရော့ခ်ကာ ( လင်းရောင်ခြည် )
2:56 PM
( 3.2.2014 )

No comments:

Post a Comment