Friday, July 24, 2015

အနက်ရောင် အခန်းဆက်များ

( ၁ )


               " ဟလို
                 ဟုတ်ပါတယ်ဗျာ။


                 ဗျာ
                 ဘယ်လိုဖြစ်တာလဲမသိဘူး။

                 ဟုတ်ကဲ့ ။ ကျွန်တော့်ဆီ ရောက်တဲ့ နံပါတ်ကတော့ အဲ့ဒီ အတိုင်းပဲဗျ ။

                 မမှားဘူးဗျ ၊ ဒါမယ့် ကျွန်တော် ပြန်စစ်ပေးပါ့မယ်။

                 စစ်ပြီးတာနဲ့ ချက်ချင်း အကြောင်းပြန်ပေးပါ့မယ်။ "




                 တစ်ဘက်မှ ဖုန်းချသွားပေမယ့် ဇော်အောင်တစ်ယောက် ငယ်ထိပ်ပေါ်မှာ မိုးကြိုးမုန်တိုင်းတစ်ခု တိုက်ခတ်သွားခဲ့သည်။ လုပ်လာတဲ့ သက်တမ်း တစ်လျှောက် ဒီလို တစ်ခါမှ အမှားမတွေ့ဘူးခဲ့ပေ။ ဒီတစ်ခါ အလွန်အရေးကြီးတဲ့ ကိစ္စကျမှ အမှားက ပေါ်လာသည်။

ဂုဏ်ထူးရှင် ဈေးကွက်

( ၁ )


“ မေမေရေ အောင်တယ်

သမီး စာမေးပွဲ အောင်တယ် မေမေ  ”


              အိမ်ထဲသို့ အော်ဟစ်ကာ ပြေးဝင်လာသော သမီး ဖြစ်သူကြောင့် ဒေါ်သစ်မေ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ နောက်မှ သတိပြန်ဝင်လာကာ သမီးဖြစ်သူကို ပွေ့ ဖက်လိုက်ပြီး .....


“ ၀မ်းသာလိုက်သာ သမီးရယ် ၀မ်းသာလိုက်တာ ”


Sunday, November 30, 2014

ချစ်ခြင်းနဲ့ရေးတဲ့ ဆူးခင်းလမ်း


" တော်ပါတော့ကွာ

မင်း ဘာမှ ထပ်မပြောနဲ့တော့

ငါ့ ကွယ်ရာမှာ မင်းဘာတွေ လုပ်နေတယ်ဆိုတာ ငါ အားလုံးပြန်ကြားပြီးသား

ခုတော့ ငါ ကိုယ်တိုင် မျက်စိနဲ့ မြင်ရတာ

မင်းကွာ.....

ငါ မင်းအပေါ်မှာ အရိုးသားဆုံး ၊ အဖြူစင်ဆုံး စိတ်တစ်ခုကို ထားခဲ့တာ

မင်း မို့ လုပ်ရက်တယ်

မင်းက ငါ့ရဲ့ ဖြူစင်မှုတွေနဲ့ မထိုက်တန်ဘူး

ငါ့ ရဲ့ ဖြူစင်မှုတွေက လှည့်စားခံဖို့လည်း မဟုတ်ဘူး

နောက်ပြီး ငါ မင်းကို မသတီတော့ဘူးကွာ

ငါ ဒီနေ့ မင်းနဲ့ ပတ်သက်တာ နောက်ဆုံးပဲ "


အပယ်ခံလမ်းပေါ်က နွမ်းပါးမျက်ရည်


( ၁ )

ဖျောင်း .... ခွပ် ...... ခွပ် ..... အင့် .......

အသံ သည် ဆံပင်တိုတို ဗလ ခပ်တောင့်တောင့် လူတစ်ဦးက သူ့ထက်အနည်းငယ် အသက်ငယ်ပြီး ပိန်သယောင် ရှိသော လူတစ်ဦးကို တိုးကြိတ်နေရာဆီမှ ဖြစ်သည်။ အထိုးခံနေရသူမှာ ဗလ တောင့်တောင့် နှင့် လူကြီးကို လက်ကာနေရုံမှ တပါး ဘာမှ ပြန်မလုပ်ပေ။ အထိုးခံရသော သူမှာ မျက်နှာ ဖူးယောင်လာ ပြီး နှာခေါင်း မှ လည်း သွေးတွေ လျံ ကျ လာသည်။ သူတို့ နှစ်ယောက် ရဲ့ အနီးနာမှာတော့ တခြားသူလေး ငါးယောက်လည်း ရှိနေပြန်သည်။ ထိုသူတို့အားလုံးသည်လည်း ယောက်ျား ရင့်မာ ကြီးတွေ ဖြစ်ပေမယ့် ရန်ပွဲကို ဘေးမှသာ ရပ်ကြည့်နေကြသည်။

Wednesday, August 6, 2014

ငြိမ်းချမ်းရေးကို လိုလားတယ်

ကိုယ့်ဘက်က လက်ဖ၀ါး
သူ့ဘက်က လက်ဖမိုး
ကွာဟချက်ရဲ့ ကြားမှာ
မှန်တွေက ပြဒါး ပြည့်နေတယ်

အလွမ်းရင့်ရောင် အတိတ်များ


( ၁ )

ကျွန်တော် သူ့ကို စသိခဲ့တာ ရိုးရိုးလေးပါပဲ။ သူ့ကို တိုက်ရိုက် ပတ်သက် သိကျွမ်းခဲ့တာမျိုးတော့ မဟုတ်ခဲ့ဘူး။ သူ့ရဲ့ အပေါင်းသင်းတွေက တဆင့် သိကျွမ်းခဲ့တာဆိုရင်လည်း မှန်ပါတယ်။ သူ့ရဲ့ ဘုဆတ်ဆတ် နိုင်တဲ့ စကားပြောဟန်က တခြား မိန်းခလေးတွေနဲ့ မတူတာကတော့ ထူးခြားမှု တစ်ခုပါပဲ။ နောက် ထပ်ရှိပါသေးတယ်။ စိတ်ဓါတ်ပါ။ သူ့ ရဲ့ မာကျောကျစ်လစ်နေတဲ့ စိတ်ဓါတ်ကလည်း ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ဖြတ်သန်းမှု တံခါးဝ ပါပဲ။ သို့ပေမယ့် သူနဲ့ရင်းနှီး သွားတဲ့အခါမှာတော့ တံခါးဝအတွင်းက စိတ်က ပကတိရိုးသားဖြူ စင်ပြီး ပွင့်လင်းတာကို တွေ့မြင်လာရပါတယ်။

Wednesday, June 4, 2014

ဂရိနတ်များ







နတ်ကိုးကွယ်မှုသည် သိပ္ပံပညာ မထွန်းကားမီ ကမ္ဘာဦး ခေတ်မှ စ၍ ဖြစ်ပေါ်လာသည်။ ကျူးးပစ်၊ ဗီးနပ် စသည်တို့မှာ ကမ္ဘာ နှင့်အဝန်း လူသိများသည်။ ရောမ အမည်မှည့်ထားလင့်ကစား စင်စစ်မှာမူ ဂရိနတ်များ ဖြစ်သည်။ ထိုဂရိနတ်များကို ရောမတို့ လက်ခံကိုးကွယ်သည့် အကြောင်းကို သမိုင်းပုံပြင်တို့ဖြင့် စိတ်ဝင်စားဖွယ် ဖော်ပြထားသည်။

အိပ်မက် ရောင်စုံ




မြောက်ပိုင်းသား ရဲ့ တောင်ပြာတန်း
ဧရာဝတီ ရဲ့ မိ နဲ့ ဘ
ကျောက်စိမ်းကြားက သူ့အိပ်မက်
အပြာရောင် ။