Monday, May 19, 2014

လေလွင့် ငှက်




ဟေ့ ... ဟိုမှာ ကြည့်စမ်း
လေလွင့်ငှက် တစ်ကောင်
အစာတောင်းနေတယ်
သူရဲ့ ၀မ်းစာအတွက် ။



ဟေ့ ... ဟိုမှာ ကြည့်စမ်း
လေလွင့်ငှက် တစ်ကောင်
အစာတောင်းနေတယ်
သူ့ရဲ့ အသိုက်အမြုံ အတွက်။


ဟေ့ ... ဟိုမှာ ကြည့်စမ်း
လေလွင့်ငှက်တစ်ကောင်
အစာတောင်းနေတယ်
သူရဲ့ စားကျက်မြေအတွက် ။


ဟေ့ ... ဟိုမှာ ကြည့်စမ်း
လေလွင့်ငှက်တစ်ကောင်
အစာတောင်းနေတယ်
သူ့ရဲ့ စာရိတ္တ အတွက် ။


ဟေ့ ... ဟိုမှာ ကြည့်စမ်း
လေလွင့်ငှက်တစ်ကောင်
အစာတောင်းနေတယ်
သူရဲ့ အနုပညာအတွက် ။


ဟေ့ ... ဟိုမှာ ကြည့်စမ်း
လေလွင့်ငှက်တစ်ကောင်
အစာတောင်းနေတယ်
သူ့ရဲ့ အမှန်တရား အတွက် ။


ဟေ့ ... ဟိုမှာ ကြည့်စမ်း
လေလွင့်ငှက်တစ်ကောင်
အစာတောင်းနေတယ်
သူရဲ့ ရင်သွေးငယ်အတွက် ။


ဟေ့ ... ဟိုမှာ ကြည့်စမ်း
လေလွင့်ငှက်တစ်ကောင်
အစာတောင်းနေတယ်
သူ့ရဲ့ ဘာသာတရားအတွက် ။


ဟေ့ ... ဟိုမှာ ကြည့်စမ်း
လေလွင့်ငှက်တစ်ကောင်
အစာတောင်းနေတယ်
သူ့ရဲ့ စီးပွားရေး အတွက် ။


ဟေ့ ... ဟိုမှာ ကြည့်စမ်း
လေလွင့်ငှက်တစ်ကောင်
အစာတောင်းနေတယ်
သူ့ရဲ့ ပညာရေး အတွက် ။


ဟေ့ ... ဟိုမှာ ကြည့်စမ်း
လေလွင့်ငှက်တစ်ကောင်
အစာတောင်းနေတယ်
သူ့ရဲ့ ငြိမ်းချမ်းခြင်း အတွက် ။


ဟေ့ ... ဟိုမှာ ကြည့်စမ်း
လေလွင့်ငှက်တစ်ကောင်
အစာတောင်းနေတယ်
သူ့ရဲ့ ကျန်းမာရေးအတွက် ။


ဟေ့ ... ဟိုမှာ ကြည့်စမ်း
လေလွင့်ငှက်တစ်ကောင်
အစာတောင်းနေတယ်
သူ့ရဲ့ ဘိုးဘွားတွေအတွက် ။


ဟေ့ ... ဟိုမှာ ကြည့်စမ်း
လေလွင့်ငှက်တစ်ကောင်
အစာတောင်းနေတယ်
သူ့ရဲ့ တိုင်းပြည်အတွက် ။


ဒီမှာ ကိုယ့်လူ
ခင်ဗျား သိရဲ့လား
လောက မှာ အစာတောင်းနေတဲ့
လေလွင့်ငှက်တွေ
ဘယ်လောက်များနေလဲ ဆိုတာ ။         ။



ရော့ခ်ကာ ( လင်းရောင်ခြည် )
10 . 4 . 2014
4:38 PM

No comments:

Post a Comment