Thursday, February 7, 2013

မွန်ဂို အင်ပါယာ ( ဇာတ်သိမ်း )



ကူဗလိုင်ခန်

ကူဗလိုင်ခန် ( 1216 - 1294 ) သည်  တူလီ ဧ။် ဒုတိယ သားဖြစ်ပြီး ကမ္ဘာ့အရှေ့ဘက် တစ်လွှားတွင် တန်ခိုး ကြီးမား ခဲ့သော မွန်ဂို ဘုရင် ဂျန်ဂစ်ခန်ဧ။် မြေးဖြစ်သည်။ ငယ်စဉ်ကပင်
အစ်ကိုဖြစ်သူ မန်ဂူ ဧ။် လက်အောက်တွင် စစ်မှုထမ်းခဲ့ကာ တရုတ်နိုင်ငံ အနောက်ပိုင်း ဒေသများကို တိုက်ခိုက် သိမ်းယူ
ခဲ့လေသည်။ မန်ဂူ ဘုရင် ကွယ်လွန်သောအခါ ( 1260 ) ပြည့်နှစ်တွင် မွန်ဂို မင်းဆွေမင်းမျိုး တို့ ဧ။် အစည်းဝေးကြီးက သူ့အား ခန် မင်းကြီး အဖြစ် တင်မြှောက် ကြလေသည်။

ခန်မင်းကြီးမှာ လက်ရုံးရည် နှလုံးရည် နှင့် ပြည့်စုံဖြစ်ရ်ျ အဖိုးဖြစ်သူ ဂျန်ဂစ်ခန် ဧ။် ရည်ရွယ်ချက် အတိုင်း တရုတ်နိုင်ငံ တစ်ခုလုံးကို သိမ်းသွင်းလိုသော ဆန္ဒ ပြင်းပြခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ဆွန် ဘုရင် တို့ဧ။် ပိုင်နက်ဖြစ်သော တရုတ်နိုင်ငံ တောင်ပိုင်းကို တစ်စ တစ် စ တိုက်ခိုက်သိမ်းသွင်း ခဲ့ရာ
နောက်ဆုံးတွင် ကူဗလိုင်ခန် မှာ တရုတ်နိုင်ငံ တစ်ခုလုံးဧ။် ဘုရင် ဖြစ်လာခဲ့လေသည်။

ခန် မင်းကြီးသည် မြို့တော်ကို ကယ်ရမ်ကိုးရမ်း မှ တရုတ်နိုင်ငံ တံတိုင်းကြီး အတွင်းရှိ ယခု ပီကင်း မြို့ ရှိရာ နေရာသို့ ပြောင်းရွှေ့ခဲ့လေသည်။ မြို့တော် အသစ်မှာ လေးထောင့် မြေကွက်ပေါ်တွင် တည်ရှိပြီး အကျယ်အ၀န်း ( 18 ) မိုင် ခန့် ရှိလေသည်။ မြို့တော်မှာ အလွန်ခမ်းနား ကြီးကျယ် လှ သဖြင့် နိုင်ငံခြားသားများကပင် အထူးချီးမွှမ်း ရေးသား ခဲ့ကြလေသည်။ ထို မြို့တော်ကို တိုင်တူး ဟု သမုတ်ရ်ျ ရုံးတော်ကြီး ဟု အနက် ရလေသည်။ အနောက်တိုင်းသား တို့ကမူ ခန်ဗာလီ (သို့ ) ခန်မင်း ကြီးဧ။် မြို့တော်ဟု ခေါ်ဝေါ်ကြလေသည်။ ထို မြို့တော် ဧ။် ကြီးကျယ်ခမ်းနားပုံကို ခန် မင်းကြီး ထံတွင် ( 17 ) တိုင်တိုင် အမှုထမ်းခဲ့ဖူးသော ဗင်းနစ် မြို့သား မာကိုပိုလိုက မှတ်တမ်းတင်ထား ခဲ့လေ သည်။ ( 18 ) ရာစုတွင် အင်္ဂလိပ် ကဗျာဆရာကြီး ကိုးလားရစ် က ( 54 ) ကြောင်းသော ကဗျာ ဖြင့် ချီးမွှမ်းခန်း ပြုခဲ့သေးသည်။

ခန်မင်းကြီးသည် မဟာယန ၀ါဒီ တစ်ယောက်ဖြစ်သော်လည်း တရုတ်ယဉ်ကျေးမှု နှင့် ထုံးတမ်း စဉ် လာများကို လေးစားခဲ့လေသည်။ အုပ်ချုပ်ရေး ကဏ္ဍများတွင်လည်း တရုတ် လူမျိုးအများအပြားကို ခန့်ထား ခဲ့ပြန်သေးသည်။ ( 1263 ) ခုနှစ်တွင် တရုတ်လူမျိုးများ အလေးမြတ်ထားသော ဘိုးဘွား ဗိမာန် ခေါ် ကျောင်းဆောင်ကြီးကို ယန်ချင် မြို့တွင် တည်ဆောက်ခဲ့လေသည်။ ( 1279 ) ခုနှစ်တွင် မြို့တော် ဧ။် အရှေ့တောင် ဘက်တွင် နက္ခတ်တာရာများကြည့်ရှု့ နိုင်ရန် မျှော်စင်ကြီး တစ်ခုကို တည်ဆောက်ပေးခဲ့ပြန်သည်။ ထို့အပြင် ခန် မင်းကြီးသည် တရုတ်လူမျိုးများ အထွက်မြတ် ထား သော ကွန်ဖြူးရှပ် ကျောင်းတော်ကြီးကို မြို့တော် အသစ်ကြီးအတွင်းတွင် ဆောက်လုပ်ပေးခဲ့သည့် အပြင် ကွန်ဖြူးရှပ် ဆွေတော် မျိုးတော် များအတွက် နယ် ( 2 ) နယ် ကိုလည်း လက်ဆောင်အဖြစ် ပေးအပ်ခဲ့သေးသည်။ ၄င်းအပြင် ယန်ချင်မြို့ နှင့် ပင်ယန် မြို့များရှိ တက္ကသိုလ် ကျောင်းကြီး နှစ် ကျောင်းကိုလည်း ခိုင်မြဲအောင် တည်ဆောက် ပြုပြင်ပေးခဲ့ သေးသည်။

နိုင်ငံတော် အတွင်း ကူသန်းရောင်းဝယ်မှု လွယ်ကူစေရန် မြင်း ပေါင်း ( 2 ) သိန်း ပါသော စာပို့ စနစ် ကို လည်းကောင်း ၊ တည်းခိုရန် အခန်းပေါင်း တစ်သောင်းကိုလည်း တီထွင် ပြုလုပ်ပေးခဲ့ပြန်သည်။ 
မြို့တော် နှင့် ရေလမ်းခရီး ဆက်သွယ်မှု လွယ်ကူစေရန်အတွက် တူမြောင်းမဟာ ကြီးကိုလည်း အသစ် ထပ်မံ ဖောက်လုပ်ခဲ့လေသည်။ ဖောက်ကားရောင်းဝယ်မှု အခက်ခဲ မရှိစေရန်အတွက် ငွေ စက္ကူများကို ထုတ်ဝေ ခဲ့ သေးသည်။ ကူးသန်းရောင်းဝယ်မှုကို အထူးအားပေးခဲ့သဖြင့် ပိုးထည် လုပ်ငန်း နှင့် ရွှေတောင့် လုပ်ငန်းတို့မှာ များစွာ တိုးတက် ကောင်းမွန် လာခဲ့လေသည်။ မင်းကြီး သည် စာပေပညာ ရပ်များကိုလည်း အားပေးခဲ့ပြီး တိဗက်လူမျိုး လာမား ဘုန်းကြီး မတီဒ၀တ်ရှား ဆိုသူအား စာပေအက္ခရာ အသစ် တီထွင် စေခဲ့လေသည်။

ပါရှားလူမျိုး ဂျမား အာလာဒင် ဆိုသူအား ခေတ်မှီ ပြက္ခဒိန် ပြုလုပ်ရန် တာဝန် ပေးခဲ့ ပြန်သည်။ အခြား ပညာရှင် များအားလည်း မွန်ဂိုတို့ဧ။် သမိုင်းကို ရေးသားပြုစု မှတ်တမ်း တင်စေခဲ့ လေသည်။ ( 1269 ) ခုနှစ်တွင် ၀ီးဝူးဝါး စာလုံးများဖြင့် စာရေးနည်းကို ပယ်ဖျက်ရ်ျ စာရေးနည်း စနစ်သစ်ကို ပေးအပ်ခဲ့လေသည်။  ထို့အပြင် မဟာယန ဘာသာကို နိုင်ငံတော် ဘာသာအဖြစ် အသိမှတ် ပြုခဲ့ လေသည်။

ကူဗလိုင်ခန် လက်ထက်တွင် အနောက်နိုင်ငံများမှ သာသနပြု နှစ်ဦး ရောက်ရှိလာပြီး တစ်ဦးမှာ မွန်တီကော်ဗီ အရပ်မှ ဂျွန် ဆိုသူဖြစ်ပြီး ကျန်တစ်ဦးမှာ ပေါ်ဒနိုနီ အရပ်မှ အိုဒိုးရစ် ဆိုသူ ဖြစ်လေ သည်။ မင်းကြီးသည် ထို နှစ်ဦးအား လေးလေးစားစားထားရ်ျ ခရစ်ယန် သာသနာ ပြုခွင့် ပေးခဲ့ သည့်အပြင် ဂျွန် အား ပီကင်းမြို့တော်ဧ။် ပထမဆုံး ဂိုဏ်းချုပ် အဖြစ် ချီးမြှင့် ခဲ့လေသည်။ တိဗက် နယ်တွင်မူ ဘုန်းကြီး အုပ်ချုပ်သော စနစ်ကို တီထွင်ပေးခဲ့ရာ ယခုတိုင် ဒလိုင်းလားမား ခေါ် တိဗက် သာသနာ ပိုင်များမှာ တန်းခိုးကြီးထွား လျက် ရှိကြသေးသည်။

ခန်မင်းကြီးမှာ ရှေး ဘိုးတော် ဘေးတော်များနည်း တူ စစ်တိုက်ခိုက်မှု ၊ နိုင်ငံ သိမ်းသွင်းမှုများကို လိုလားခဲ့သည်။ ထို့ကြောင့် တိဗက်နိုင်ငံ ၊ တာဂျစ်စတန် နိုင်ငံ ၊ မြန်မာ နိုင်ငံ ၊ ကိုချင်ချိုင်းနား နိုင်ငံ၊
ဂျာဗားကျွန်းများသို့ စစ်ချီတက်တိုက်ခိုက်ရာ အောင်မြင်ခဲ့က များပြားခဲ့သည်။ ဂျပန်ကျွန်းကိုမူ ရေတပ် ဖြင့် အကြိမ်ကြိမ် တိုက်ခိုက် ခဲ့သော်လည်း မအောင်မြင် ခဲ့ပေ။ ကူဗလိုင်ခန် ဧ။် နိုင်ငံတော် မှာ ဘုရင်တစ်ဦးတည်းပိုင် နိုင်ငံများအနက် အကျယ်အ၀န်းဆုံး နိုင်ငံတော် ဖြစ်ခဲ့ပြီး အရှေ့ဘက်တွင် ဖစိဖိတ် သမုဒ္ဒရာမှ အနောက်ဘက်တွင် ပင်လယ်နက် ဒေသကျော် အထိ ကျယ်ပြန့်သည့် အင်ပါယာ ကြီး တစ်ခု ဖြစ်ခဲ့လေသည်။ 

ကူဗလိုင်ခန် ဘုရင် သည် အရှေ့ဘက်တွင်သာမက အနောက်ဥရောပ နိုင်ငံများအထိ သြဇာပျံ့နှံ့ ခဲ့ သော မွန်ဂိုဘုရင် တစ်ဦး ဖြစ်ခဲ့လေသည်။ တရုတ်နိုင်ငံတွင် ယွမ် မင်းဆက်ကို စတင်တည်ထောင်ခဲ့ သော မင်းတပါးလည်း ဖြစ်ခဲ့ပြီး ( 1294 ) ခုနှစ်တွင် ကံတော် ကုန်ခဲ့လေသည်။ ကူဗလိုင်ခန် ကွယ် လွန် ပြီးနောက် မွန်ဂိုအင်ပါယာကြီးမှာ နယ်မြေ ( 4 ) ခု ကွဲထွက်သွားလေသည်။ ( 1368 ) ခုနှစ်တွင် ဟန် တရုတ် လူမျိုး ကျူးယွမ်ကျန်း က ယွမ် မင်းဆက်ကို တွန်းလှန်ကာ မင် မင်းဆက်ကို ထူထောင် လိုက်ချိန်တွင် မွန်ဂို အင်ပါယာကြီးသည် ပြိုကွဲခြင်းသို့ ဆိုက်ရောက် ခဲ့လေတော့သည်။


ကောက်နုတ်ချက်။        ။ ၀ီကီဒီပီးယား စွယ်စုံ ကျမ်းမှ ကောက်နုတ် ဖော်ပြပါသည်။


ရောခ့်ကာ





No comments:

Post a Comment