Sunday, October 6, 2013

တည်းခိုခန်း


ည ........

ညသည် မှောင်မိုက် တိတ်ဆိတ်နေလျက် ရှိနေသည်။ မှိတ်တုပ်မှိတ်တုပ် ကြယ်ကလေးများအား မိုးသားတိမ်တိုက် မည်းမည်း ကြီးများက ဖုံးအုပ်ကာ လွှမ်းခြုံထားလေသည်။ တဖျက်ဖျက် လင်း လက် နေသည့် လျှပ်ပန်းခက်တို့က တ၀ုန်းဝုန်း အော်မြည်နေသည့် ထစ်ချူန်း သံတို့နဲ့ အတူ မကြာ ခင် ၀ုန်းတိုင်းကျဲကာ ရွာဖို့ ဟန်ပြင်နေသည့် မိုးတိမ် တို့နဲ့အတူ ကခုန် နေလျက်ရှိနေပေသည်။
ထိုစဉ် မြို့ အ၀င်လမ်းအတိုင်း အရှိန်ပြင်းစွာ မောင်းနှင် လာသော ဆူပါရု ဗင် ကားလေး တစ်စီးသည် တိုက်ခတ်နေသော လေထုကို ဖြိုခွင်းလျက်  မြို့ငယ်လေး တစ်မြို့ဧ။် ရင်ခွင်ထဲသို့ ခိုနား ရန် အပြေးလွှား ခရီးနှင်လျက် ရှိနေပေသည်။ များမကြာမီ အချိန်တွင် ထို ကားလေးသည် မြို့ ငယ်လေးဧ။် အစွန်းဖျားသို့ စတင်ချဉ်းနင်း ၀င်ရောက်လာပြီး မြို့စွန်တစ်ရာတွင် တည်ဆောက် ထားသော တည်းခိုခန်း တစ်ခုဧ။် ခြံဝသို့ အရောက်တွင် ရပ်တန့်လိုက်ကာ ကားဟွန်းကို ကျယ်လောင် စွာ တီးချ လိုက်လေသည်။

" တီ ....... တီ .......... တီ.......... "

ကျယ်လောင်သော ကားဟွန်း တီးသံကြောင့် ကောင်းမွန်စွာ အိပ်မော ကျနေသော ငှက်ငယ်တို့ သည် အနီး ရှိ သစ်ပင်ထက်ဆီမှ ရုတ်တရက် လန့်ဖျန့် ကာ ထပြေးကုန်တော့လေသည်။ ထိုအချိန် အစောပိုင်းက ရွာရန် စိုင်းပြင်းနေသော မိုးတိမ်တို့သည်လည်း မီးကုန်ယမ်းကုန် ဟစ်ကြွေး ကြ လေတော့ သည်။

ကား ဟွန်း တီးသံကြောင့်  တည်းခိုဆောင် အတွင်း မှ မီးအလင်းရောင် တစ်ခုသည် တရွေ့ရွေ့ နှင့် ခြံတံခါး ၀ ဆီသို့ လှမ်းလာနေလေသည်။ ထို မီးရောင်သည် ကားမှ ထိုးဖွင့်ထားသော မီးအ လင်းရောင် အောက်သို့ ရောက်ရှိ ခိုက် မြင်ရသော မြင်ကွင်းသည် လူတစ်ဦး ဖြစ်နေပြီး ထို သူသည် မိုးရွာနေသဖြင့် မိုးကာ အရှည်တစ်ထည် ကို ၀တ်ဆင်ထားပြီး ခြံဝင်းတံခါး ကို လာဖွင့် ပေးလေ သည်။ သူသည် မိုးကာ ခေါင်းဆောင်းကို ဆောင်းထားသဖြင့် သူဧ။် ရုပ်သွင်ပြင်ကို ကားအတွင်းမှ လူတို့  သည်းကွဲစွာ မမြင်ရကြချေ။ ခြံဝင်း တံခါး ဖွင့်ပြီးသည်နှင့် တပြိုင်နက် ဗင် ကားလေးသည် ခြံအတွင်း လမ်းလေး အတိုင်း  တည်းခိုဆောင် ရှိရာ နှစ်ဆောင်မြိုင် အိမ်ကြီးဧ။်   ပေါ်တီဂို   အောက်သို့  မောင်းနှင် သွားလေသည်။  

ထို ဗင် ကားလေးသည် ပေါ်တီဂို အောက်သို့ ၀င်ရပ် လိုက်ပြီးနောက် ကားပေါ်မှ လူရွယ် လေးဦး ဆင်းလာ လေသည်။ ထို သူတို့သည် အသက် သုံးဆယ် ၀န်းကျင်ခန့်ဟု ထင်မှတ်ရပြီး ရုပ်ရည်များ လည်း သန့်ပြန့် ကြလေသည်။ သို့သော် သူတို့သည် ပင်ပန်းနွမ်းနယ်နေသော ပုံစံ ဖြစ်ပေါ်နေပြီး ခရီးဝေး နှင်လာသူများ ဖြစ်ကြောင်းမှာ သိသာလှလေသည်။ ထို့နောက် သူတို့ထဲမှ ဦးဆောင်သူ ဖြစ်ဟန်ရှိသူက ကားပေါ်မှ ဆင်းကာ နှစ်ဆောင်မြိုင် တည်းခိုခန်းကြီး ဧ။် အ၀င်ဝ တံခါး ကို တွန်းဖွင့်ကာ  တည်းခိုခန်း အတွင်းသို့ ၀င်ရောက်လိုက်လေသည်။ 

“ ကျွီ ............ ”


သူဧ။် တံခါး တွန်းဖွင့်သံ ခပ်အက်အက် မှာ ည အမှောင်ယံ နဲ့အတူ ခြောက်ခြား ဖွယ်ကောင်း နေပြီး တခြား ပါလာသော လူသုံးယောက်ကမူ သည်းမည်းစွာ ရွာနေသော မိုးဧ။် အသံကြောင့် ကြားလိုက် ဟန်မရှိချေ။ သူသည် တည်းခိုဆောင် အတွင်းသို့ ရောက်သည်နှင့် တပြိုင်နက် အခန်းယူရန်အတွက် တည်းခိုခန်း ကောင်တာကို မျက်လုံးဝေ့၀ိုက်ကာ ရှာလိုက်လေသည်။ ထို့နောက် ကောင်တာ ရှိရာသို့  သူဧ။် ခြေလှမ်းများကို လျှောက်လှမ်းသွားလိုက်လေသည်။ သို့သော် ထို ကောင်တာ တွင် လူတစ်ဦး တစ်ယောက်ကိုမျှ သူမတွေ့ရချေ။ ထို့ကြောင့် နောက်သို့ ပြန်လှည့်မည်အပြု ...........

“ ကောင်လေး .... အခန်းယူမလို့ လား ”

ထို အသံကြောင့် သူအနည်းငယ် ထိတ်လန့် သွားဟန် ဖြစ်သွားပြီး အိနြေ္ဒကို အချိန်မီ ပြန်ထိန်း လိုက် လေသည်။ သူသည် အသံလာရာ ဆီသို့ အလျင်မြန် နောက်ပြန်လှည့်လိုက်ပြီး ကြည့်လိုက်စဉ် ထို အသံရှင်သည် အသက်ကြီးကြီး ၀၀ဖိုင့်ဖိုင့် မိန်းမ ကြီးတစ်ယောက် ဖြစ်နေလေသည်။ 

“ ဟုတ် ..... ဟုတ်ပါတယ်။ နှစ်ယောက်ခန်း နှစ်ခန်းလောက် ရနိုင်မလား ။ ” 


ထိုသို့ သူ ပြောလိုက်သော အသံသည် အစောက ထိတ်လန့်ခြင်းကြောင့်လား ၊ ရာသီဥတု ဧ။် အအေး ဒဏ် ကြောင့်လားမသိ အနည်းငယ်တော့ တုန်ရီသလို တော့  ဖြစ်နေသည်။ သူဧ။် စကားကြောင့် မိန်းမ ကြီးသည် ကောင်တာ ထဲသို့ ၀င်သွားပြီး သူ့အား အခန်းသော့ နှစ်ခုကို ထုတ်ပေးလေသည်။ သူသည် ထို အခန်းသော့ နှစ်ခုက ကောင်တာပေါ်ကနေ လှမ်းယူမည့် ဆဲဆဲတွင် .......

“ အား ......... ”

ထို အသံသည် တည်းခိုခန်း အပြင်ဘက်မှ လာသော အသံဖြစ်လေသည်။ ထို့ကြောင့် အသံလာရာ ဆီသို့ သူပြေးထွက်လိုက်လေသည်။ အပြင်ဘက်သို့ ရောက်သောအခါ ကား အနီးတွင် ရပ်နေ ကြသော သူ့အဖော် သုံးဦး နှင့် အတူ အစောက ခြံဝင်းတံခါး လာဖွင့် ပေးသော မိုးကာဝတ် လူကြီး ကိုပါ တွေ့မြင်ရလေသည်။ ထို လူကြီးအား သူ သေချာကြည့်လိုက်တော့မျက်နှာတွင် ကျောက်ပေါက် ရာများ ရှုပ်ပွနေပြီး ကြည့်ရအလွန် ရုပ်ဆိုးသူတစ်ယောက် ဖြစ်လေသည်။ 

“ ဝေယံ ဘာဖြစ်ကြတာလဲ ။ ”

“ ဘာမှ မဖြစ်ပါဘူးကွာ။ မေဦး လန့်ပြီး အော်လိုက်တာပါ။ ”

“ အင်း ..... ကဲ .. လာကြ ၊ ငါ အခန်း ယူပြီးပြီ ။ ”

ဝေယံ ဆိုသူမှာ သူတို့ လေးယောက်ထဲမှ တစ်ဦး ဖြစ်ပြီး မေဦး ဆိုသူမှာ သူတို့ လေးယောက်ထဲတွင် ပါလာသော တစ်ဦးတည်းသော မိန်းခလေး ဖြစ်လေသည်။ သူ ရဲ့ စကားဆုံးသည်နှင့် တပြိုင်နက် သူတို့ လေးဦးသည် နှစ်ဆောင်မြိုင် တည်းခိုခန်း ကြီးအတွင်းသို့ လှမ်းဝင်လိုက်လေသည်။ သူတို့   လေးဦးဧ။် နောက်တွင်တော့ ခြံတံခါး လာဖွင့်ပေးသော ရုပ်ဆိုးဆိုး နဲ့ လူကြီးသည် အထုပ်ပိုးများကို သယ်ယူလျက် လိုက်ပါလာလေသည်။

တည်းခိုဆောင် အတွင်းသို့ ရောက်လျှင် သူက ဝေယံ ဆိုသူအား လက်ထဲမှ ကိုင်ထားသော အခန်း သော့   နှစ်ခု အနက် တစ်ခုကို ပေးလိုက်လေသည်။ ထို့နောက် သူတို့ လေးဦးသည် ကိုယ်စီ ကိုယ်စီ သူတို့ နှင့် သက်ဆိုင်သော အခန်း များဆီသို့ လျှောက်လှမ်းလိုက်ကြလေသည်။ သူ ဧ။် အခန်း သည် နှစ်ဆောင်မြိုင် တည်းခိုခန်း ဧ။် အောက်ထပ်တွင် ပင် ဖြစ်ပြီး ဝေယံ နှင့် နောက်တစ်ဦးဧ။် အခန်း မှာ အပေါ်ထပ်တွင် ဖြစ်လေသည်။

အခန်းရှေ့ သို့ ရောက်လျှင် သူသည် အခန်းတံခါး တွင် ကပ်ထားသော အခန်းနံပါတ်ကို သေချာစွာ ကြည့်လိုက် ပြီး သော့တံဖြင့် တံခါးကို ဖွင့်လိုက်လေသည်။ အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် အခန်း တွင်းမှ ညှိစို့စို့ အနံ့တစ်ခု က သူ့အား ဆီးကြို နှုတ်ဆက်လေသည်။ ထိုစဉ် ရုတ်တရက် သူ့ လက်မောင်း အား တစ်စုံတစ်ယောက်က လှမ်းကိုင်လိုက်လေသည်။ သူ သည် လက်ပိုင်ရှင်ကို လှည့် ကြည့်လိုက်ရာ သူ့ဇနီး မေဦး ဖြစ်နေပေသည်။ မေဦးက သူ့အား အားကိုးသော မျက်ဝန်းအစုံ ဖြင့် လှမ်းကြည့် နေသည်ကို တွေ့ရလေသည်။ မေဦး ဧ။် နောက် တွင် တော့  ရုပ်ဆိုးဆိုး လူကြီးက အထုပ်များသယ်ယူလျက် ရောက်ရှိ နေပေသည်။ ထို့ကြောင့်   မေဦး က ကြောက်လန့်ကာ သူ့ လက်မောင်းအား လှမ်းကိုင်လိုက်ဟန် ရှိလေသည်။ 

သူ အခန်း တံခါး ဖွင့်လိုက်ပြီးလျှင် အစောက ရုပ်ဆိုးကြီးက အထုပ်များကို အခန်းတွင်းသို့ သယ်ယူ သွားပြီး အခန်းတွင်း နံရံရှိ မီးခလုတ်အား ဖွင့်လိုက်ရာ အခန်းသည် အလင်းရောင်များ ဖြာကျ လာ လေသည်။ ရုပ်ဆိုးကြီးက အထုပ်ပိုးများကို နေရာ ချထားပြီးနောက် အခန်းတွင်းမှ ပြန်လည် ထွက်ခွာ သွားလေသည်။ ထိုသို့ ထွက်ခွာစဉ် မေဦး ဘေးက အဖြတ် မေဦးအား စူးစိုက်စွာ တစ်ချက် ကြည့်သွားလေသည်။

သူသည် အခန်းတွင်းကို သေချာစွာ မျက်စိ ကစားကြည့်လိုက်လေသည်။ အခန်းသည် နှစ်ယောက် အိပ် ကုတင် တစ်လုံး ရှိနေပြီး ကုတင်ဧ။် ခြေရင်းတွင်တော့ စားပွဲခုံ တစ်လုံးနှင့် ထိုင်ခုံ နှစ်လုံး ရှိ လေသည်။ ကုတင် ရဲ့ ညာဘက်တွင်တော့ မှန်တင်ခုံ တစ်ခု ရှိနေပြီး ဘယ်ဘက်တွင်တော့ ရေချိုး ခန်းနှင့် အိမ်သာ တွဲလျက် အခန်းကို တွေ့ရလေသည်။ ထို့နောက် သူ သည် အခန်းတံခါးကို သေချာ စွာ ပိတ်လိုက်ပြီး ကုတင်ပေါ်သို့ ခြေပစ်လက်ပစ် လှဲ ချ လိုက်လေသည်။ ထိုသို့ လှဲချ လိုက်စဉ် အခန်း တွင်းမှ အစောကတည်းက ရနေသော ညှီ စို့စို့ အနံ့သည် ပိုမို အသက်ဝင်လာသလို ခံစား လိုက် ရ လေသည်။

တစ်နေကုန် ခရီးဝေးလာသည်က တစ်ကြောင်း ၊ ညဉ့်နက်နေသည်က တစ်ကြောင်း ကြောင့် သူသည် လှဲ အိပ်လိုက်မိစဉ် ရရှိနေသော ညှီစို့စို့ အနံ့ကိုပင် သတိမထားနိုင်တော့ပဲ တခဏ အတွင်း မှေးခနဲ အိပ်ပျော်သွားလေသည်။ သူ အိပ်ပျော်သွား သည်မှာ မည်မျှ ကြာသွားသည်မသိ သူ့ဘေးနားသို့ သူ့ဇနီး မေဦး ရောက်လာမှ သတိပြန်ဝင် လာ လေ သည်။ သူ မျက်လုံးကို အသာ ယာ ဖွင့်လိုက်ကာ မေဦးကို တစ်ချက် ကြည့်လိုက်ရာ သူ့ကို ပြုံးပြနေသော  မေဦး က ည ၀တ် အင်္ကျီ ကို ၀တ်ဆင်ထားပြီး ရေချိုးထားဟန်လည်း ရှိလေသည်။ သူသည် မေဦး ဧ။် နဖူး ပြင်လေးအား ခပ်ဖွဖွ လေး အနမ်းတစ်ခု ပေးလိုက်ပြီးနောက် ၊ မေဦး က .....

“ အကို ... အ၀တ်လေး လဲ ပါဦးလား ။ ” 

“ အင်း ... ”


သူ အင်း ဟုသာ တစ်ခွန်းတည်း ပြောပြီး အိပ်နေရာမှ ထ ထိုင်လိုက်လေသည်။ မေဦး ကလည်း အလိုက် သိစွာ ဖြင့် သူ့အား ည၀တ် အင်္ကျီ တစ်ထည်ကို ယူပေးလေသည်။ မေဦး ယူပေးသော ည ၀တ် အင်္ကျီကို သေချာစွာ ၀တ်ဆင်ပြီးနောက် ကုတင်ပေါ်သို့ ပြန်လှဲ ချ မည်အပြု .....


“ ဒုန်း ..... ဒုန် ...... ဒုန်း ........ ”

ကျယ်လောင်သော ထုရိုက်သံတစ်ခု အခန်းတံခါး ၀ ဆီမှ ကြားရလေသည်။ ထို့ကြောင့် သူ တံခါးဝ ဆီ သို့ ထ သွားလိုက်ပြီး အခန်း တံခါးကို ဖွင့်လိုက်ရာ အစောက ပစ္စည်းတွေ သယ်ပေးသော ရုပ်ဆိုး ကြီးကို တွေ့ရလေသည်။ သူရဲ့ လက်ထဲတွင်တော့ စာအုပ်ရှည် တစ်အုပ် နှင့် ဘောပင် တစ်ချောင်း ကို တွေ့ရပြီး သူ့အား ထိုးပေလေသည်။ ထို့နောက် ရုပ်ဆိုးကြီးက စာရေးရန် လက်ဟန် ဖြင့် ပြလေ သည်။ သူ စာအုပ် နှင့် ဘောပင် ကို ရုပ်ဆိုးကြီး ထံမှ ယူလိုက်ပြီး အခန်းတွင်းရှိ စားပွဲတွင် ထိုင်လိုက် ကာ ရေးသွင်းစရာ ရှိသည်များကို ရေးသွင်းပေးလိုက်လေသည်။ ထိုသို့ သူရေးသွင်းနေစဉ် အခန်း အပြင်ဘက်တွင် ရှိနေသော ရုပ်ဆိုးကြီးက ကုတင်ပေါ်တွင် ထိုင်လျက်ရှိနေသော မေဦး အား မမှိတ် မသုန် ကြည့်နေပေသည်။ သူ ရေးပေးစရာရှိတာတွေကို ရေးပြီးနောက် စာအုပ် နှင့် ဘောပင်ကို အခန်းအပြင်တွင် ရပ်နေသော ရုပ်ဆိုးကြီးအား ပြန်ပေးလိုက်ပြီး ရုပ်ဆိုးကြီးက သူရေးသွင်းထား သည်များကို တချက်ကြည့်ကာ ပြန်ထွက်သွားလေသည်။ ရုပ်ဆိုးကြီး ထွက်သွားပြီးနောက် သူသည် အခန်းတံခါးကို သေချာစွာ ပြန်ပိတ်ကာ ကုတင်ရှိရာဆီ သို့ ပြန်လာခဲ့လေသည်။

သူ ကုတင် ဆီသို့ အလာ အပေါ်ထပ် အခန်းတွင် ရှိနေကြသော ဝေယံ တို့နှစ်ယောက်ကို တစ်ချက် သတိရ သွားသည်။ သူတို့ နှစ်ယောက် အဆင်ပြေကြရဲ့လားဟုလည်း အတွေးတစ်ချက် ၀င်လာလေ သည်။ သူ ကုတင်နားသို့ အရောက် မေဦးက .......

“ အကို ..... အဲ့ လူကြီး က ကြည့်ရ တစ်မျိုးပဲနော်။  သူ့ မျက်နှာ ကြီးကလည်း  ကြောက်ဖို့  
  ကောင်းလိုက် တာ။ ”

“ အော် ... မေဦး ရယ် ၊ သူ့ ဘ၀ နဲ့ သူ့ပေါ့ ကွယ်။ ”


သူ မေဦး ကို နှစ်သိမ့် စကားဆိုလိုက်ပြီး ကုတင်ပေါ်သို့ ပစ်လှဲ ချလိုက်သည်။ မေဦး သည် လည်း ဘာ စကား မျှ ဆက်မပြောတော့ပဲ သူ့ ဘေးတွင် လှဲ အိပ်လိုက်လေသည်။



ည သည် နက်သထက် နက်ရ်ျ လာလေသည်။ အမှောင်ထု ရဲ့ စိုးမိုးမှု အောက်တွင် တစ်ချက်တစ် ချက် စွဲစွဲငင်ငင် အူ လိုက်သော ခွေးအူသံတို့က ညကို ခြောက်ခြား စေလျက် ရှိနေပေသည်။ ထို အမှောင်ထု ရဲ့ အကာကွယ်အောက်တွင် ကောင်းမွန်စွာ အိပ်မောကျနေသော မြို့ငယ်လေး တစ်မြို့ ရဲ့ အစွန်တစ်နေရာမှာတော့ တည်းခိုခန်း တစ်ခု ရှိလေသည်။ ထို တည်းခိုခန်း ကို လွန်ခဲ့   သော နှစ်ဆယ့် ငါး နှစ်ခန့်က ထိုမြို့သို့ ပြောင်းလာသော သူဌေးလင်မယား နှစ်ယောက် မှ မြေနေ ရာ ၀ယ်ယူခဲ့ကာ နှစ်ဆောင်မြိုင် အိမ်ကြီး တစ်လုံးကို ဆောက်လုပ်ပြီး တည်းခိုခန်း တစ်ခု ကို ဖွင့် လှစ် ခဲ့ခြင်း ဖြစ်လေသည်။ ထို သူဌေး လင်မယား နှစ်ယောက်သည် လူမှုဆံဆက်ရေး ကောင်း မွန် လှ ပြီး ရပ်ကျိုးရွာကျိုး များတွင်လည်း အားတက်သရော ပါဝင်ကူညီလေ့ ရှိခြင်းကြောင့် ထို မြို့ခံ များ ဧ။် ချစ်ခင်မှု ကိုလည်း ရရှိကြလေသည်။ သို့သော် ထို သူဌေးလင်မယား နှစ်ယောက် ဧ။် နောက် ခံ ရာဇ၀င်ကိုတော့ ထိုမြို့သူ မြို့သား များက သိရှိ ခဲ့ခြင်း အလျင်းမရှိကြချေ။ 

ထို သူဌေးလင်မယား ဖွင့်လှစ် လုပ်ကိုင်ခဲ့သော တည်းခိုခန်းမှာ သူတို့ရဲ့ သဘောမနော ကောင်းမွန် မှု ကြောင့် သော် လည်းကောင်း ၊ ထို အချိန်က ထို မြို့လေးတွင် သူတို့ ဧ။် တည်းခိုခန်း တစ်ခုပဲ ရှိခြင်းကြောင့်သော် လည်းကောင်း သုံးနှစ်အတွင်း တွင် ဧည့်သည် အ၀င်ထွက် များပြားခဲ့ပြီး စည် ကား  ခဲ့သော နေရာတစ်ခု လည်း ဖြစ်ခဲ့လေသည်။ သို့သော် အချိန် သုံးနှစ်ကျော် ကာလ တွင်တော့ ထို သူဌေး လင်မယား သည် တစ်စုံတစ်ဦး ဧ။် ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ကွယ်လွန် ခဲ့ကြ လေသည်။ ထို အချိန်က သူဌေးလင်မယား အသတ် ခံရသည့် သတင်းသည် ထို မြို့လေးတွင် ဟိုးလေးတစ်ကျော်ကျော် ဖြစ်သွားခဲ့ပြီး အမှုမှန်လည်း မပေါ်ပေါက်ခဲ့သည့် အပြင် အနီးအနား မြို့ များ သို့ပင် သတင်းပျံ့နှံ့ ရောက်ရှိ ခဲ့လေသည်။ ထို ပျံ့နှံ့ခဲ့သော သတင်းသည် ပထမ ပိုင်းတွင် လူသတ်မှု သတင်းသက်သက်သာ ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ထို လူသတ်မှု သတင်းထက် တခြား သတင်းဆိုး တစ်ခုအဖြစ် ပြောင်းလဲ ပျံ့နှံ့ခဲ့ခြင်းလည်း  ဖြစ်နေပေသည်။ ထို သတင်း ဆိုးကြောင့် ပင် ထို တည်းခိုခန်း နေရာ အား နောက်ထပ် လုပ်ကိုင်မည့်သူလည်း မပေါ်ပေါက်ခဲ့ချေ။  ထို သတင်းဆိုးကြောင့်ပင် ထိုမြို့တွင် နေထိုင်ကြသူများ သည်လည်း ထိတ်လန့် ခဲ့ကြပြီး တည်းခို ခန်း အနီးသို့ ညဘက်တွင် မည်သူမျှ သွားလာခြင်းလည်းမရှိတော့ပဲ ထို နေရာအနီးသို့  နေ့  နေမ၀င်ခင် အချိန်ထိသာ သွားလာကြပြီး ညဘက်တွင် သွားလာရန် ကိစ္စ ကြီးငယ် ရှိခဲ့ကြပါ ကလည်း ထို မြို့မှ မြို့သူ မြို့သားများသည် ထိုနေရာကို ရှောင်ကွင်းကာ အခြားလမ်း များကိုသာ အသုံးပြုခဲ့ကြသည် မှာ ယနေ့ထိ တိုင်ပင် ဖြစ်ပါတော့သည်။ 

ထိုသို့ ပျံ့နှံ့ နေခဲ့သော သတင်းဆိုးကြီး သည်ကား ......................

  
သူရိန် ၊ မေဦး ၊ ဝေယံ နှင့် ဟိန်းစံ တို့ လေးဦးသည် ငယ်စဉ်ကပင် ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်ကြသည်။ တက္ကသိုလ် တက်ခဲ့ကြချိန်တွင် သူရိန် နှင့် မေဦး တို့ နှစ်ယောက်သည် ချစ်သူ ရည်း စား များ ဖြစ်ခဲ့ကြပြီး သူတို့ ကျောင်းပြီးသည့်အခါ လက်ထပ်ဖြစ်ခဲ့ကြလေသည်။ ထို့နောက်   လေးယောက် ပေါင်းကာ စီးပွားရေး လုပ်ငန်းတစ်ခုကို လုပ်ကိုင်မည်ဟု ဆုံးဖြတ်ခဲ့ကြပြီး ထို လုပ် ငန်း ကိစ္စကြောင့်ပင် သူတို့ လေးဦးသည် ယခု ခရီးစဉ်ကို ထွက်ခွာလာကြခြင်းလည်း ဖြစ်လေ သည်။ သူတို့ သွားရမည့် မြို့သည် နောက် နှစ် ရက် ခန့် ကြာ ဆက်လက်သွားရဦးမည် ဖြစ်ပြီး ယနေ့ သည် ည ဖြစ်သွားသည်က တစ်ကြောင်း ၊ တစ်နေ့ကုန် ခရီးနှင်လာ ရသည်က တစ်ကြောင်း ၊ ရာသီ ဥတု ဆိုးလာသည်က တစ်ကြောင်း တို့ကြောင့် လက်ရှိ ရောက်နေသော အရပ်တွင်သာ ခရီး တစ် ထောက် နား ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပေသည်။ သူတို့ လေးဦးသည် ယခု ရောက်နေသော မြို့ငယ်လေးကို ယခင် လာရောက်ခဲ့ဖူးခြင်း မရှိကြသလို သူတို့ သွားရမည့် မြို့ကိုလည်း ယခု မှ ပထမဦးဆုံးအကြိမ် သွားလာဖူးခြင်းလည်း ဖြစ်ပေသည်။ ခရီးစထွက် လာကတည်း ကလည်း ကတိုက် ကရိုက် ထွက်လာခဲ့ကြရရ်ျ ကာလံဒေသံ ကို သေချာစွာ စုံစမ်း ခဲ့ခြင်းမျိုးလည်း မပြုလုပ်နိုင် ခဲ့ကြချေ။ 

ယခု ခရီးစဉ်ကို အဓိက ဦးဆောင်လာခဲ့ သူကတော့ သူရိန် ပင် ဖြစ်လေသည်။ သူရိန်သည် ဆူပါရု ဗင် ကားကို တစ်နေကုန် မောင်းကာ ခရီးစဉ်ကို ဦးဆောင်လာခဲ့ခြင်းလည်း ဖြစ်ပေသည်။ သူသည် လုပ်ငန်း ကိစ္စများအတွက် သူတို့ သွားရောက်ရမည့် မြို့သို့ အချိန်မီ ရောက်ရှိစေရန် သာ စိတ် အာရုံ များ နေခဲ့ပြီး လမ်းညွှန် ဆိုင်းဘုတ်များကို သတိ သိပ်မမူမိခဲ့ချေ။ အကြောင်းမှာ ..... သူတို့ ခရီး စဉ်ရဲ့ အဆုံးသတ်  မြို့ သို့ သွားရမည့် ခရီးလမ်းကြောင်းမှာ ယခု သူတို့ ရောက်ရှိနေသော မြှိုငယ်လေးသို့ ၀င်ရောက်ရန် မလိုအပ်ချေ။ သူရိန် ဧ။် စိတ်လောနေမှုကြောင့်သာ  ည အမှောင်တွင် ခရီးလမ်းကြောင်း လွဲကာ ဒီ မြို့ငယ်လေးသို့ လမ်းမှားကာ ၀င်ရောက်လာကြခြင်းလည်း ဖြစ်ပေ သည်။ 


ထို လွဲမှားခြင်းသည် တော်တန်ရုံ လွဲမှားခြင်း မျိုးတော့ မဖြစ်တန်ရာပေ။ အကြောင်းအကျိုး ဆီလျော်  တိုက်ဆိုင်စွာဖြင့် လွဲမှားနေခြင်းမျိုး လည်း ဖြစ်တန်နေပေသည်။ ပထမဆုံး အလွဲမှာ ယခု ခရီးစဉ် သည် တစ်ခါမျှ သွားလာဖူးခြင်း အလျင်းမရှိသူများချည်း ထွက်ခွာလာခြင်းပင် ဖြစ်သည်။ ဒုတိယ အလွဲမှာ ခရီးစဉ် လမ်းကြောင်း လွဲမှား သွားပြီး မြို့ငယ်တစ်ခုကို ရောက်ရှိသွားခြင်း ဖြစ် သည်။ တတိယ အလွဲမှာ အကြီးမားဆုံး အလွဲဟုပင် ပြောဆိုနိုင်ပြီး လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ် ခန့် က လူသတ်မှု ၊ လူသေမှုများကြောင့် ပိတ်သိမ်းထားခဲ့သော ၊  ယိုယွင်း ပျက်အို ဟောင်းနွမ်း နေ   သော ၊ ဒေသခံများဧ။် စိတ်ကို အမြဲတစေ ထိတ်လန့်ခြောက်ခြားစေ ခဲ့သော စတဲ့ အင်္ဂါ ရပ်တွေနဲ့ ပြည့်စုံနေတဲ့ တည်းခိုခန်း တစ်ခုတွင် ညအိပ် တည်းခို မိကြခြင်းပင် ဖြစ်လေသည်။


ထိုသို့ လွဲမှားခြင်းများ နှင့် ပြည့်စုံနေသော ယခုညသည် သူရိန်တို့ လေးယောက်သားအတွက် တော့ လွဲမှားနေခြင်း သိရှိခြင်း အလျင်းမရှိကြချေ။ သူတို့ ကဲ့သို့ ပင် ထို မြို့ငယ်လေးတွင် နေထိုင်ကြ သူ ဒေသခံများသည်လည်း သူရိန် တို့ လေးဦး ထို နေရာသို့ ရောက်ရှိနေသည်ကို သိရှိကြခြင်း မရှိကြချေ။    

ည သည် အမှောင်ထုဧ။် စိုးမိုးမှု အောက်တွင် ကခုန်လျက် ရှိနေပေသည်။ ကောင်းကင်ယံ တွင် ကြယ် ကလေးများ ပုန်းခိုနေကြပြီး လမင်းကြီးသည်လည်း ပင်ပန်း အိပ်စက်လျက် ရှိနေပေသည်။ ထို့ အတူ မြို့ငယ်လေးတစ်မြို့ နှင့် ထို မြို့ငယ်လေး တွင် နေထိုင်ကြသူ ဒေသခံများ အားလုံးသည် လည်း ကောင်းမွန်စွာ အိပ်စက် အနားယူနေလျက် ရှိနေ သည်။ ထို မြို့ငယ်လေးသို့  လမ်းမှား ကာ ရောက်ရှိ လာကြသော ဧည့်သည် လေးယောက်သည်လည်း ကောင်းမွန်စွာ အိပ်စက် အနား ယူလျက် ရှိနေပေသည်။ သူတို့ သူတို့ အားလုံးသည် နောက်တစ်နေ့ မိုးသောက်ချိန်ကျော် နေထွက် သည်မှ စတင်ကာ သူတို့ ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာများအားလုံးကို စတင် လုပ်ဆောင်နိုင် ရန် အတွက် အရှိန် ယူ နေကြသူများလည်း ဖြစ်ကြသည်။ ထို သူများ အားလုံးသည် သက်ရှိ လူသား များလည်း ဖြစ်ကြသည်။ သက်ရှိဟု ဆိုသည့် အတိုင်း ၊ လူသားတို့ ဧ။် သဘာဝ အတိုင်း ထို မြိုငယ်
 လေး တစ်မြို့ တွင် ရှိနေကြသော သူတို့သည် နောက်တစ်နေ့အလင်းရောင် ပေါ်ထွက်လာသည့်အခါ သူတို့ဧ။် အသက်နှင့် ခန္ဒာ သည် မည်သို့ မည်ပုံ ခရီးဆက်ကြမည် ဆို သည်မှာ လွန်စွာမှ စိတ်ဝင်စား စရာ ကောင်းနေတော့ပေသည်။  


ရောခ့်ကာ
6.10.2013
8:37 PM



photo credit : www old house wallpaper download com



No comments:

Post a Comment