Wednesday, June 4, 2014

ဂရိနတ်များ







နတ်ကိုးကွယ်မှုသည် သိပ္ပံပညာ မထွန်းကားမီ ကမ္ဘာဦး ခေတ်မှ စ၍ ဖြစ်ပေါ်လာသည်။ ကျူးးပစ်၊ ဗီးနပ် စသည်တို့မှာ ကမ္ဘာ နှင့်အဝန်း လူသိများသည်။ ရောမ အမည်မှည့်ထားလင့်ကစား စင်စစ်မှာမူ ဂရိနတ်များ ဖြစ်သည်။ ထိုဂရိနတ်များကို ရောမတို့ လက်ခံကိုးကွယ်သည့် အကြောင်းကို သမိုင်းပုံပြင်တို့ဖြင့် စိတ်ဝင်စားဖွယ် ဖော်ပြထားသည်။

မွေးနေ့





( ၁ )



               ဒီနေ့ ကျွန်တော် ကိစ္စတွေ တတော်များနေခဲ့တယ်။ အလုပ်ကိစ္စတွေက တစ်ဖက် ၊ အမေ့ကို ဆေးခန်း လိုက်ပို့ပေးရမှာက တစ်ဖက်နဲ့ ဗျာ များ နေခဲ့ တာ။ မနက်စာ ထမင်းလည်း အချိန်လွန်လို့ နေခဲ့တယ် ။ ရုံးမှာ အလုပ်ကိစ္စတွေကို အပြီးဖြတ်ခဲ့ပြီး နေ့တ၀က် ခွင့်ယူကာ အမေကို ဆေးခန်း ပြပေးဖို့ ကားကို ခပ်သွက်သွက်လေး မောင်းလာခဲ့လိုက်တယ်။ ဖြစ်ချင်တော့ လမ်းမှာ မိုးက သည်းသည်းမည်းမည်း ရွာချ လိုက်ပါလေရော ။