Wednesday, February 13, 2013

အဲလ်ဘတ် အိုင်းစတိုင်း



အဲလ်ဘတ် အိုင်းစတိုင်းကို ဂျာမဏီ နိုင်ငံ အမ်းမြို့မှာ ( 1879 ) ခုနှစ် မတ်လ ( 14 ) ရက်နေ့တွင် ဖွားမြင် ခဲ့ပါတယ်။ သူဧ။် မိဘများသည် ရဟူဒီ ( ဂျူးလူမျိုး ) နွယ်ဖွားများ ဖြစ်ကြပြီး လျှပ်စစ်ပစ္စည်း အရောင်းဝယ်လုပ်ငန်း လုပ်ကိုင်ခဲ့ကြလေသည်။ အိုင်းစတိုင်းဧ။် ဖခင်
ဟာမန်း အိုင်းစတိုင်း သည် အောင်မြင်သော စီးပွားရေးသမား မဟုတ်ခဲ့သော်လည်း ဂျာမန် ရှေးဟောင်းစာပေများ ၊ ဒသ၁န ကျမ်းများနှင့် ကဗျာ စာပေများကို မြတ်နိုးနှစ်သက် တက်သူ တစ်ဦး ဖြစ်လေသည်။ ထို့ကြောင့် သူဧ။် အိမ်တွင် စာကြည့်ခန်းတစ်ခုကို ထားရှိပြီး အိမ်ကိုအလည်လာသော ဧည့်သည်များနှင့်လည်း စာပေအကြောင်းရာများ ကို ဆွေးနွေးတက်သူ လည်း ဖြစ်သည်။ အိုင်းစတိုင်းဧ။် မိခင် Pauline Koch သည် ဂီတ အနုပညာ ကို နှစ်သက်တက်သူ ဖြစ်ပြီး စန္ဒယားတီးကောင်းသူတစ်ဦးလည်း ဖြစ်သည်။ အိုင်းစတိုင်းတွင် မွေးချင်းညီမ တစ်ဦးရှိပြီး မာဂျာ ဟု ခေါ်လေသည်။

အိုင်းစတိုင်းသည် ငယ်စဉ် ကလေးဘ၀တွင် အလွန်ထုံထိုင်းလေးလံရုံသာမက စကားလည်း နည်းလှ လေသည်။ အခြားကလေးများလို ဆော့ကစားခြင်း မရှိပဲ တစ်ယောက် တည်း တွေးနေ ငေးနေ တက်သည်။ မူလတန်း စတက်သည့် အခါတွင်လည်း ဥာဏ်ထိုင်းသည်ဟု ဆရာများဧ။် မှတ်ချက်ပေး ခြင်းကို ခံရလေသည်။ သို့သော် သူသည် အသက် ( 6 ) နှစ်သား အရွယ်တွင် တယော ထိုးခြင်းကို စတင် သင်ကြားနေပြီ ဖြစ်ပြီး ဂီတကိုလည်း မြတ်နိုးတန်ဖိုး ထားတက်နေပြီ ဖြစ်သည်။ 

သူသည် သင်္ချာဘာသာရပ်တွင် အလွန်ညံ့ဖျင်းပြီး ခေါမ နှင့် လက်တင် ဘာသာ သင်ကြားရာမှာ လည်း စိတ်ဝင်စားမှုမရှိခဲ့ချေ။ သူ့ကို ဦးလေးဖြစ်သူ Jakob က အက္ခရာသင်္ချာ နှင့် ဂျီသြမေထြီ သဘောတရားများကို နားလည်အောင် ရှင်းပြပေးခဲ့သည့်အတွက် အိုင်းစတိုင်းသည် သင်္ချာဘာသာ ကို ဆရာများ အံ့သြလောက်သည်အထိ ထူးချွန်လာခဲ့ပြီး ပညာဆက်လက် သင်ကြား နိုင်ခဲ့လေ သည်။

ပထမ ကမ္ဘာစစ် စတင်ရန် နီးကပ်လာသည့် အချိန်တွင် ဂျာမန်လူမျိုးကြီး ၀ါဒ ကြီးထွားလာနေပြီး ပညာရေးစနစ်သည်လည်း လွန်စွာ ပြင်းထန်တင်းကျပ်လျက် ရှိနေပေသည်။ အိုင်းစတိုင်းဧ။် မိဘ များသည် စီးပွားရေး အဆင်မပြေသည့် အတွက် ဂျာမဏီမှာ ဆက်လက်နေထိုင်ရန် ခက်ခဲ လာသော ကြောင့် မြူးနစ်မြို့ရှိ မိတ်ဆွေတစ်ဦးထံတွင် အိုင်းစတိုင်းကို အပ်ထားခဲ့ပြီး အီတလီနိုင်ငံ မီလန် မြို့ သို့ ပြောင်းရွှေ့သွားကြလေသည်။ သို့သော် အိုင်းစတိုင်းသည် အထက် တန်းပညာ မပြီးဆုံးခင် အသက် ( 15 ) နှစ် အရွယ်တွင် ကျောင်းထုတ်ခံခဲ့ရပြီး မိဘများရှိရာ မီလန်သို့ လိုက် သွားခဲ့လေသည်။

အိုင်းစတိုင်းဧ။် မိဘများသည် စီးပွားရေး မကောင်းလှသော်လည်း သားဖြစ်သူကို ပညာတက်ကြီး ဖြစ်စေချင်သည့်အတွက် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ရှိ ကျောင်းတွင် ပညာဆက်လက်သင် ကြား နိုင် အောင် ပို့ပေး ခဲ့လေသည်။ 

အိုင်းစတိုင်းသည် ဇူးရစ်ကျောင်းကို ၀င်ခွင့်ရရန် စာမေးပွဲ ဖြေဆိုရာတွင်သင်္ချာဘာသာတွင် အမှတ် ကောင်းသော်လည်း အခြားဘာသာရပ်များတွင် ကျရှုံးခဲ့လေသည်။ သို့သော် ကျောင်း အာဏာပိုင် များက သင်္ချာဘာသာရပ်တွင် ထူးထူးခြားခြား တော်နေသည့် အိုင်းစတိုင်းကို အထက် တန်းကျောင်း တစ်ခုတွင် ပြန်လည်သင်ယူဖို့ အကြံပြုခဲ့ကြလေသည်။ ထို့ကြောင့် အိုင်းစတိုင်း သည် Aarau ဆိုသည့် မြို့ငယ်လေးက အထက်တန်းကျောင်းတွင် တစ်နှစ်ကြာ တက်ရောက် ဆည်းပူးခဲ့ရလေသည်။ သူသည် ( 1896 ) အောက်တိုဘာလမှ ( 1900 ) ပြည့်နှစ် သြဂုတ်လအထိ ဇူးရစ် ကျောင်းတွင် ပညာ သင်ကြားခဲ့ပြီး သြစတီးယား-ဟန်ဂေရီ နိုင်ငံသူ ဆားဘီးယား လူမျိုး မိန်းခလေး တစ်ဦးနှင့် ချစ်ကြိုး သွယ်ခဲ့လေသည်။

သူသည် ကျောင်းပြီးသွားချိန်တွင် သူငယ်ချင်းဖြစ်သူ Grossmann ဧ။် အကူအညီဖြင့် ဘန်းမြို့ရှိ စက်မှု လက်မှု လုပ်ငန်းဆိုင်ရာ မူပိုင်ခွင့် ကန့်သတ်လက်မှတ် ထုတ်ပေးသည့်  ရုံးတစ်ခုတွင် ( 1902 ) ခုနှစ် ဇူလိုင်လမှ စတင်ကာ အလုပ်ဝင်ခဲ့လေသည်။ ( 1903 ) ခုနှစ် ဇန်န၀ါရီ ရက်နေ့တွင် အိုင်းစ တိုင်း နှင့် မီလီဗာတို့ လက်ထပ် ခဲ့ကြလေသည်။ 

အိုင်းစတိုင်းသည် တက်ထားသည့် ပညာနှင့် လားလားမှ မသက်ဆိုင်သော အလုပ်ကို လုပ်နေ ရ သော်လည်း စိတ်ပျက်ခြင်းမရှိပဲ အားလပ်ချိန်များတွင် တစ်ယောက်တည်း စဉ်းစားတွေးတောရင်း စာရွက်တစ်ရွက်ပေါ်တွင် ခဲတံတို တစ်ချောင်းဖြင့် အမြဲတမ်း တွက်ချက်နေတက်လေသည်။ သူသည် ဓါတ်ခွဲခန်း မရှိပဲ ရှေ့ခေတ်အဆက်ဆက်က ပညာရှင်ကြီးများဧ။် စာအုပ်များကို ဖတ်ရှု့စဉ်းစားပြီး တွက်ချက် အကြံ ထုတ်လိုက် ၊ ညောင်းညာလာသည့်အခါ တယောထိုးလိုက် ဖြင့် နေလာခဲ့လေ သည်။ ( 1905 ) ခုနှစ်တွင် သူဧ။်  (Relativity Theory) ကို ကမ္ဘာသိအောင် တင်ပြနိုင်ခဲ့လေသည်။ ထို့နောက်မှာတော့ ဇူးရစ်ကျောင်းက သူ့ကို အထူးပါမောက္ခ ရာထူးပေးပြီး အလုပ်ခန့်ခဲ့လေသည်။ အိုင်းစတိုင်းသည် ဂျာမဏီနွယ်ဖွား ဂျူးလူမျိုး တစ်ဦးဖြစ်သည့် အပေါ် မခန့်ချင် ခန့်ချင် ဖြင့် ခန့်အပ် ခဲ့ခြင်းလည်း ဖြစ်လေသည်။

သူသည် သူဧ။် ကျော်ကြားလှသော သီအိုရီကို ကမ္ဘာသိ မထုတ်ပြန်ခင် တစ်နှစ်အလို ( 1904 ) နှစ်က မီလီဗာက သူတို့နှစ်ဦးဧ။် သားဦး Hans Albert ကို မွေးဖွားပေးခဲ့လေသည်။ အိုင်းစတိုင်းသည် သူဧ။် သီအိုရီကို ကမ္ဘာသိအောင် ထုတ်ပြန်ပြီးသည့် နောက်ပိုင်းတွင် သဘောတရားပိုင်းကနေ သင်္ချာ ရူပဗေဒ ဖြစ်လာအောင် ကိန်းဂဏန်းတွေ ညီမျှခြင်းတွေနဲ့ ပြည့်စုံလာသည် အထိ ခြောက်နှစ်ကြာ ကြိုးစားခဲ့ရလေသည်။ ( 1911 ) ခုနှစ် ရောက်သောအခါ သူဧ။် သီအိုရီသည် သင်္ချာပညာရပ်ဆိုင်ရာ ညီမျှခြင်းများနှင့် ပြည့်စုံသွားလေသည်။ 

( 1910 ) ခုနှစ် ဇွန်လ တွင် မီလီဗာက ဒုတိယသား Edward  ကို မွေးဖွားခဲ့လေသည်။ ထိုအချိန်တွင် သူတို့ မိသားစုမှာ ကြပ်ကြပ်တည်းတည်း နှင့် ရုန်းကန်နေခဲ့ကြရလေသည်။ ( 1910 ) နှစ်ကုန် ခါနီး တွင် သြစတီးယား - ဟန်ဂေရီ ဘုရင်က အိုင်းစတိုင်းကို ပရပ် တက္ကသိုလ်  တွင် ပါမောက္ခတာဝန် ထမ်းဆောင်ရန် ဖိတ်ခေါ်ခဲ့လေသည်။ ထို နေရာသည် ဇူးရစ်ထက် အစစအရာရာ သာသည့် အခြေ နေ ရှိသောကြောင့် အိုင်းစတိုင်းက သွားချင်သော်လည်း လူမျိုးကြီး စစ်ဝါဒကို မုန်းတီးသော မီလီဗာ က အပြင်းထန် ကန့်ကွက်ခဲ့လေသည်။ သို့သော် အိုင်းစတိုင်းသည် ပရပ်တက္ကသိုလ်တွင် သုံးနှစ်ကြာ တာဝန် ထမ်းဆောင်ဖြစ်ခဲ့လေသည်။ ထိုနေရာတွင် ဖိနှိပ်ခံ ဘ၀ ကို မုန်းတီးနေသော ချက်လူမျိုး များနှင့် ရဟူဒီ လူမျိုး အများအပြား ရှိခဲ့လေသည်။ ပရပ်တက္ကသိုလ်တွင် အိုင်းစတိုင်း ရှိနေစဉ်က စာရေးဆရာ ကပ်ဖ်ကာ (Franz Kafka) နှင့် ရဟူဒီ ခေတ်ပညာတက်များ ပူးပေါင်းပြီး ဇီယွန် လှုပ်ရှား မှုများကို ဆောင်ရွက်နေချိန် ဖြစ်လေသည်။ 

 ထို့နောက် အိုင်းစတိုင်းသည် လူမျိုးရေး ကျဉ်းမြောင်းမှုများကို စိတ်ပျက်သည့် အတွက် ( 1913 ) ခုနှစ် တွင် ဆွစ်ဇလန်သို့ ပြန်လာခဲ့လေသည် ။ ထိုအခါ သူ့အား ဇူးရစ်ကျောင်းက ရူပဗေဒ ဌာန အကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်ခဲ့သလို ဂျာမန် ဘုရင်ကလည်း ဘာလင် တက္ကသိုလ် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ရန် ကမ်းလှမ်းခဲ့လေသည်။ အိုင်းစတိုင်းသည် ဂျာမန် ဘုရင်ဧ။် ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ( 1913 ) ခုနှစ် မှာပင် ဂျာမဏီကို ပြန်သွားခဲ့လေသည်။ ထိုအချိန်မှ စပြီး သူနှင့် မီလီဗာ သည်လည်း လမ်းခွဲ့ ခဲ့လေသည်။

ဂျာမဏီတွင် အိုင်းစတိုင်း တစ်ယောက်တည်း ဖြစ်နေချိန်တွင် ညီမ ၀မ်းကွဲ တော်စပ်သူ Elsa က လာရောက် စောင့်ရှောက်ပေးခဲ့လေသည်။ အယ်လ်ဆာသည် သမီးနှစ်ယောက် အမေ မုဆိုးမ တစ်ဦး ဖြစ်သော်လည်း ဆွဲဆောင်မှု အပြည့်ရှိသော မိန်းမတစ်ယောက် ဖြစ်လေသည်။ သူမသည် အိုင်းစတိုင်းကို လိုလေသေးမရှိအောင် ပြုစုပေးခဲ့လေသည်။ ( 1914 ) ခုနှစ် တွင် ပထမ ကမ္ဘာစစ်ကြီး စဖြစ်နေသော်လည်း အိုင်းစတိုင်းသည် သူဧ။်သီအိုရီကိုဆက်လက်ဆန့်ထုတ်နေခဲ့လေသည်။( 1916 ) စစ် ဖြစ်နေဆဲ အချိန်တွင်ပင် အိုင်းစတိုင်းသည် သူဧ။် ယေဘူယျ ရီလေတီဗတီ သီအိုရီကို ပုံနှိပ် ထုတ် ဝေလိုက်လေသည်။ 

( 1919 ) ခုနှစ်တွင် အိုင်းစတိုင်းသည် မီလီဗာ နှင့် တရားဝင် ကွာရှင်းခဲ့ပြီး အယ်လ်ဆာ နှင့် လက်ထပ် လိုက်လေသည်။ ထို့နောက် ( 1923 ) ခုနှစ်တွင် ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုကို  ချီးမြှင့်ခြင်း ခံရလေသည်။ ထိုဆုသည် သူဧ။် ကျော်ကြားလှသော ရီလေတစ်ဗတီ သီအိုရီအတွက် မဟုတ်ပဲ အလင်းလျှပ်စစ် အကျိုး ( ဖိုတွန် သဘောတရား အတွက် ) ရရှိ ခြင်း ဖြစ်လေသည်။ ( 1933 ) ခုနှစ် နောက်ပိုင်း ဟစ်တလာ အာဏာရလာသည့်အခါ လူမျိုးကြီး ၀ါဒများ ပြန်လည် ခေါင်းထောင် လာ သည့် အတွက် အိုင်းစတိုင်းသည် အမေရိကန်ကို အပြီးအပိုင် ထွက်ခွာသွားခဲ့လေသည်။ 

သူသည် အမေရိကန် ပရင့်စတန် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေရင်း ဒုတိယ ကမ္ဘာစစ်ကြီး အစပျိုးနေချိန် ( 1939 ) ခုနှစ် သြဂုတ် ( 2 ) ရက်တွင် အမေရိကန်သမ္မတ ဖရင့်ကလေဒီ ရုစဗဲ့ ဆီသို့ အဏုမြူဗုံးနှင့် ပတ်သက်ရ်ျ သတိပေးစား ရေးသားခဲ့လေသည်။ သူဧ။် စာကြောင့် သမ္မတ ရုစဗဲ့သည် မန်ဟန်တန် စီမံကိန်းကို ရေးဆွဲပြီး အဏုမြူဗုံး ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ၄င်း အဏုမြူဗုံး (သို့ ) အက်တမ် ဗုံးကို ထုတ်လုပ်နည်းသည် အိုင်းစတိုင်းဧ။် ကမ္ဘာကျော် ညီမျှခြင်း ဖြစ်သည့်  E=mc2  ဆိုသည့် ဒြပ်ထု စွမ်းအင် တူညီခြင်း နိယာမ တရားပင် ဖြစ်လေသည်။

သူသည် စစ်ကြီးပြီးသည့် နောက်တွင် အဏုမြူစွမ်းအင်ကို ကောင်းသည့် ဘက်တွင် အသုံးပြုရန် တိုက်တွန်း ခဲ့လေသည်။ ထို့နောက် သူဧ။် ပေါင်းစပ် စက်ကွင်းသီအိုရီကို တင်ပြခဲ့လေသည်။ ထို သီအိုရီ သည် ရှင်းလင်းလွယ်ကူမှု မရှိသည့်အတွက် လူအများ နားမလည် ခဲ့ချေ။ ထို သီအိုရီကို ပိုရ်ျ ရှင်းလင်းလွယ်ကူအောင် ထပ်မံ ရှင်းမပြနိုင်ခင် ( 1955 ) ဧပြီ ( 18 ) ရက်နေ့ ၊ မနက် ( 1 ) နာရီ ( 25 ) မိနစ်တွင် အိုင်းစတိုင်းသည် ပရင်စတန် ဆေးရုံကြီးပေါ်မှာ ကွယ်လွန်ခဲ့လေသည်။

စာကိုး - ၀ီကီဒီပီးယား အခမဲ့ လွတ်လပ်စွယ်စုံကျမ်းမှ ပြန်လည် ဖော်ပြပေးပါသည်။


ရောခ့်ကာ
 

No comments:

Post a Comment