Thursday, October 10, 2013

ကမ္ဘာမြေ လူသားတစ်ယောက်ရဲ့ ဆွေးမြေ့စွာ လွမ်းဆွေးခြင်း





ငါ နေချင်လိုက်တာ
မင်းရဲ့ အနားမှာ
ငါ မြင်ချင်လိုက်တာ
မင်း ရဲ့ အပြုံးနုလေးတွေ
ငါ ကြားချင်နေတယ်
မင်း ရဲ့ ရယ်မောသံလွင်လွင် လေးတွေ

တကယ်ဆို ......
ယုံကြည်မှု ဆိုတဲ့ မှိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့်
နားလည်မှုဆိုတဲ့ သိုးငယ်ကောင် သေဆုံးသွားတာ
ငါ တို့ မဝေးသင့်ပဲ ဝေး ခဲ့ကြရတာ
ချိတ်ဆက်ထားတဲ့ နှလုံးသားရဲ့ ကြိုးလည်း ပြတ်သွားခဲ့တာ

ခုဆို .....
ရင်ထဲက အလွမ်းတွေက
ငါ့ကို အချိန်တိုင်း နှိပ်စက်နေတယ်
အလွမ်း နဲ့ အတူ အနမ်းတွေ လည်းပျောက်ဆုံးနေပြီ
ရည်ရွယ်ထားတဲ့ အသိုက်မြုံလည်း မမျှော်လင့်နိုင်တော့ဘူး

ငါ ငိုကြွေးမိနေတယ်
တကယ်ဆို ငါ အမှား မလုပ်ခဲ့ပါဘူး
မှား မှာကိုလည်း ငါ ကြောက်နေခဲ့သူပါ
သို့သော် မှားယွင်းသွားသလိုပါ
တည်ဆောက်ထားတဲ့ ဘ၀ တစ်ခုလုံးကို မှားယွင်းသွားသလိုပါ

အံ့သြမိနေတယ်
ငါ လုံးဝ ကို အံ့သြမိနေတယ်
ဘ၀ နဲ့ ငွေကြေး တွေ ရဲ့ကြားမှာ
ကံကြမ္မာ ရဲ့ လှည့်စား ဒဏ်ကို ခံရတဲ့
ပျက်သုန်းသွားတဲ့ နှလုံးသားတစ်ခုကို ပိုင်ဆိုင်းထားရင်းနဲ့ပေါ့

ငါ သိစေချင်လိုက်တာ
နင့် အပေါ်မှာ အမြဲတမ်း ရိုးသားခဲ့တာတွေ
စေတနာ အပြည့်အ၀ ထားရှိခဲ့တာတွေ
စိုးရိမ် ပူပန် တက်ခဲ့တာတွေ
ငါ အရမ်း ချစ်တက်ခဲ့တာတွေ

ငါလေ .....
အခုတော့ တစ်ယောက်တည်း
အထီးကျန် ၀မ်းနည်း ပူဆွေးနေရင်းနဲ့
အလွမ်းတွေအပြည့် သိပ်ထည့်ထားတဲ့
နှလုံးသားတစ်ခုကို ရင်ဘတ်ထဲ ထည့်ကာ
နင် ပြန်လာမယ့်နေ့တွေကို မျှော်လင့်နေတက်ပြီ

ဒါဟာ ......
ကမ္ဘာမြေ လူသားတစ်ယောက်ရဲ့
ဆွေးမြေ့စွာ လွမ်းဆွေးနေခြင်းပါ။            ။

ရော့ခ်ကာ
12 : 45 PM
11.10.2013

Photo : www wallpaper download com

 

No comments:

Post a Comment