Monday, October 28, 2013

ကျွန်တော် နှင့် အတွေးစများ

                             


                              ည သည် တိတ်ဆိတ် ငြိမ်သက်လျက် ရှိနေပေသည်။ အချိန်အားဖြင့် သန်းခေါင်း ယံကျော်ချိန်သို့ တိုင်နေခဲ့လေသည်။ ကောင်းကင်တွင် မှိတ်မှိတ်တုပ်တုပ် ကြယ် လေး များမှ အပ လမင်း နှင့် တိမ် တိုက်များ ကင်းစင် လျက်ရှိနေပေသည်။ သမရိုးကျ ပြောရလျှင် ဒီလို ညမျိုး သည် ကောင်း မွန်စွာ အိပ်စက် အနားယူသူတို့ အဖို့ ကောင်းသော ည တစ်ညတစ် ပင် ဖြစ်ချေလိမ့်မည်။ သို့သော် ကျွန်တော့် ရဲ့အတွေးတွေ ကတော့
ကောင်းမွန်စွာ အိပ်စက် နားခိုဖို့ ငြင်းဆန်လျက် ရှိနေပေသည်။ အတိကျဆိုရပါလျှင် ကျွန်တော့်ဧ။် အတွေးတို့ သည် ပြေးလွှားဆော့ ကစားလျက်ပင် ရှိနေသေး သည်။


                             ကျွန်တော် ပြေးလွှားဆော့ ကစားနေသော အတွေးတို့ကို တစ်စခြင်းစီ လိုက်ကောက် ကြည့်မိ သည်။ ထို အတွေးတို့သည် လွန်ခဲ့သော နှစ် အနည်းငယ်က အကြောင်းရာ များ လည်း ဖြစ်နေပေသည်။ ထို အချိန်က ကျွန်တော့် တွင် ယုံကြည်အားကိုး ခင်မင်ရသော ၊ အရင်းနှီးဆုံးသော မိန်းခလေး သုံးဦး ရှိနေခဲ့လေသည်။ သူမတို့ သုံးဦးသည် ကျွန်တော့် ဘ၀တွင် အရေးပါ အရာရောက်ခဲ့ကြသူများလည်း ဖြစ်ခဲ့ကြလေသည်။ အရာရာကို အားကိုး တိုင်ပင် ဖော် လည်း ဖြစ်ခဲ့ရသည်။ သူမ တို့ သုံးယောက် နှင့် ပတ်သက်လာလျှင် ကျွန်တော် သူတို့ကို အမြဲတမ်း ဦး စားပေး တက်သကဲ့ သို့ သူမ တို့သည်လည်း ထိုနည်းအတိုင်းပင် ဖြစ်လိမ့်မည်ဟု ထင်မြင်ခဲ့ပါသည်။ ထို အတွေးသည် ထို အချိန်က တွေးသော အတွေး ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ 


                             ကျွန်တော့် ရဲ့ အတွေးတွေကို ဆက်လက်စီးမျောကြည့်လေရာ ပထမ တစ်ယောက် သည် နိုင်ငံ ရပ်ခြားမှ ဖြစ်လေသည်။ သူမသည် စိတ်ကူးစိတ်သန်း ကောင်းမွန် သူ တစ်ဦးလည်း ဖြစ်သည်။ ဘ၀ ကို ခပ်ပျော်ပျော် ဖြတ်သန်းတက်ပြီး ဖြတ်ထိုး ဥာဏ်လည်း ထက်မြက် လှသည်။ သူမ နှင့် စကားပြောဆိုမိတိုင်း ထို ပျော်စရာ အကြောင်း ရာများသည် ကျွန်တော့် ဆီသို့ပါ ကူးစက်လာတတ်သည်။ သူမ နှင့် ကျွန်တော်သည် မွေးလ ခြင်းလည်း တူညီပြီး အသက် အရွယ် လည်း တူညီကြပေသည်။ ထို့ကြောင့် အတွေးခေါ် ၊ အယူအဆ ၊ ဆုံးဖြတ်ချက်တို့သည်လည်း ထပ်တူ နီးပါး ကျ တတ်လေသည်။ ထို့အပြင် အနုပညာကို ၀ါသနာ ပါပုံခြင်း လည်း တူညီကြပြန်သည်။ သူမနှင့် စတွေ့ကာစ တွင် သာမန်သာ သဘောထားခဲ့သော်လည်း  နောက်ပိုင်းတွင် တစ်ဦးနှင့် တစ်ဦး လေးနက်လာကြကာ ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့သည်အထိ ဖြစ်လာခဲ့လေသည်။ ကျွန်တော်သည် ဘ၀ နှင့် ပတ်သက်သော အခက်ခဲ များ ရင်ဆိုင် ဖြတ်သန်းသည့်အခါ တိုင်းလိုလိုပင် သူမ   နှင့် တိုင်ပင် ဖြစ်ခဲ့လေသည်။ သူမ သည်လည်း ကျွန်တော့် အတိုင်း ပင် ဖြစ်လေသည်။ သူမ အခက်ခဲ ကြုံလာရတိုင်း ၊ ရင်ဆိုင်ရတိုင်း မည်သို့ မည်ပုံ ဆုံးဖြတ် ရမည်ကို ကျွန်တော် နှင့် တိုင်ပင် တတ်လေ့ ရှိလေသည်။ သို့ပေမယ့် သူမသည် သူကိုယ်တိုင် အခက်ခဲတွေ နှင့် ရင်ဆိုင် လာရတိုင်း အားငယ် တတ်သူ လည်း ဖြစ်လေသည်။ အတိုချုပ်ပြီး ပြောရလျှင် သူမ နှင့် ကျွန်တော်သည် အပြန်အလှန် တိုင်ပင်ဖော် တိုင်ပင်ဖက် ၊ အားပေးဖော် အားပေးဖက် ၊ ကူညီဖော် ကူညီဘက် ဖြစ်လာခဲ့လေသည်။ 


                            ဒုတိယ တစ်ယောက်သည့် နိုင်ငံ ရပ်ခြားမှ မဟုတ်ပဲ မြန်မာပြည်တွင်း ကသာ ဖြစ်လေသည်။ သို့သော် ကျွန်တော် နေတဲ့ မြို့နှင့် သူမ နေတဲ့ မြို့တို့သည် မိုင် သုံးရာကျော်မျှ ကွာဝေးလေသည်။ သူမ သည် ပထမ တစ်ယောက် နှင့် ပုံစံ အနည်းငယ် ကွဲ လွဲလေသည်။ သူမ သည် ဘ၀ကို ရုန်းကန်ရသော မိန်းခလေး တစ်ဦး ဖြစ်လေ သည်။ သူမသည် အမြဲတမ်းလိုလို ကျွန်တော့် အား နောက် ကွယ်ကနေ တက်နိုင်သမျှ ဦးစားပေး ကူညီပေးနေတက်သူ ဖြစ်သည်။ ကျွန်တော် စိတ်ညစ်နေသောအချိန်အခါတို့ တွင် သူမ သည် ကျွန်တော်အား စကားလာပြောလေ့ ရှိသလို သူမ စိတ်ညစ်စရာ ကြုံသည့် အခါမျိုးတွင်လည်း ကျွန်တော့်ကို စကားလာပြောလေ့ ရှိလေသည်။ ထို့အပြင် သူမသည် ခံစားလွယ် တက်သော နှလုံးသားကို လည်း ပိုင်ဆိုင်ထားသူ တစ်ဦးလည်း ဖြစ်လေသည်။ သူမ ရဲ့ နှလုံးသားတွင် လည်း ဘ၀ရဲ့ ရိုက်ခတ်မှုတို့ကြောင့် ဖြစ်ပေါ် လာသော ခံစားချက်တို့လည်း အမြဲလိုလို ကိန်းအောင်း   နေတက်လေ သည်။ သူမ သည် ကျွန်တော့် အပေါ် ဂရုဏာတရား ၊ စေတနာတရားတို့ဖြင့် စကားပြောဆိုတက်ပြီး ကျွန်တော်မေ့ လျော့   နေသော ကိစ္စ ရပ် များကိုလည်း ထောက်ပြ ပြောဆိုတက်လေသည်။ အထူးသဖြင့် ဘာသာတရား တို့ နှင့် သက်ဆိုင်သော ကိစ္စရပ်များ တွင် သူမ သည် ကျွန်တော့်အား အစဉ်အမြဲ သတိပေးနေတတ် သူ တစ်ယောက် လည်း ဖြစ်လေသည်။ သူမ နှင့် ကျွန်တော် သည် တစ်ဦးရဲ့ စိတ်ခံစားချက်ကို တစ်ဦး က နားလည်တတ်ပြီး အားငယ် စိတ် ပျက်နေသော အချိန်မျိုးတွင် ဖေးမ မှုများ ပြုလုပ် တတ် ကြပြီး ကျန်အချိန် များတွင် စကားသိပ်မပြောဖြစ်ခဲ့ကြချေ။ သို့သော် အချိန်ကာလ ကြာလာ သည်နှင့် အမျှ သူမသည်လည်း ကျွန်တော့် ဧ။် ယုံကြည်ကိုးစားရ သူ တစ်ယောက် ဖြစ်လာခဲ့ပြီး ကျွန်တော်သည်လည်း သူမအတွက် ယုံကြည်ရသူ တစ်ဦး ဖြစ်လာခဲ့လေသည်။


                           တတိယ တစ်ယောက်သည်ကား ထို နှစ်ယောက် နှင့် လွန်စွာမှ ခြားနားလေသည်။ သူမ သည် ကျွန်တော့် ရဲ့  ချစ်ရသူ ချစ်သူ ဖြစ်လေသည်။ သူမ နှင့် ကျွန်တော် သည် တစ်မြို့တည်း မှ ဖြစ်ပြီး အမှတ်မထင် ဆုံတွေ့ ခဲ့ပြီး သိပ်မကြာခင် အချိန်မှာ ချစ်သူဘ၀ သို့ ရောက်ရှိခဲ့ ကြလေ သည်။ သူမ ရဲ့ စိတ်နေ စိတ်ထား တို့သည် တစ်ခါတရံ လွန်စွာမှ မှန်းဆ ရခက်လေ သည်။ ခေါင်းမာ တတ် သည့် နေရာတွင်လည်း သူမတူချေ။ မှားနေမှန်း သိနေရက် နဲ့ ပင် ရှေ့ ဆက် တိုး လုပ်ကိုင် တတ်သာ အကျင့်စရိုက် မျိုးလည်း ပိုင်ဆိုင်ထားလေသည်။ သူမသည် အမြဲတမ်း လိုလိုပင် ကျွန်တော့် နောက်မှ လိုက်တတ်သူ တစ်ဦး လည်း ဖြစ်ပေသည်။ သို့သော် ကောင်းမွန်စွာ လိုက်တတ် သူတော့ မ ဟုတ်ခဲ့ ချေ။ ကျွန်တော် လုပ်ဆောင်သော ကိစ္စရပ်များဧ။် အပြစ်အနာဆာများ ကို ဝေ ဖန်ထောက်ပြကာ ပြစ်တင် တတ်သူ တစ်ဦးလည်း ဖြစ်ပေသည်။ ထို့အပြင် တိုင်ပင်ဖော်လည်း မရချေ။ အကြံပြုဖော်လည်း မရချေ။ ကျွန်တော် ကသာ သူမအတွက် အမြဲလိုလို ဂရုစိုက်ကာ စီစဉ် ပေးတတ်ခဲ့လေသည်။ သို့ပေမယ့် သူမကို ကျွန်တော် စိတ်ခံစား ချက်ကြောင့် တစ်ဘ၀စာ လက်တွဲဖော်အဖြစ် ရည်မှန်းထားခဲ့လေသည်။ သို့ပေမယ့် သူမ နှင့် ကျွန်တော့်ရဲ့ ဆက် ဆံရေး သည် အချိန်ကာလ ကြာမြင့်လာလေလေ သံသယတို့ များလာခဲ့ပြီး တဖြေးဖြေး ယုံကြည်မှု လည်း လျော့ ကျ လာ ခဲ့ လေ သည်။  နောက်ဆုံး သူမသည် ချစ်သူသက် တမ်း နှစ်နှစ် ခွဲ သုံးနှစ်နီးပါး အကြာတွင် မထင်မှတ်သော ကိစ္စရပ်များ ၀င်ရောက်လာခဲ့ပြီးနောက် ကျွန်တော့် အား နောက်ကျော ဓါးဖြင့်ထိုး ကာ စွန့်ခွာ သွား ခဲ့လေသည်။ 


                          ထိုအချိန်သည် ကျွန်တော့် ဘ၀ ရဲ့ အခက်ခဲဆုံး ၊ အကြမ်းတမ်းဆုံး နေ့ရက်များကို ဖြတ်သန်း ရသော အချိန်ခါ ဖြစ်လာခဲ့လေသည်။ ခံစားရသော ခံစားချက်တို့သည် နှလုံးသားနှင့် မဆန့်ခဲ့ချေ။ ထို အခြေနေ မျိုး တွင် ကျွန်တော့် ဘ၀ ရဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက် ဖြစ်ခဲ့သူ ပထမ မိန်းခလေးက သူ့ဘ၀ နှင့်  နှိုင်းယှဉ်ကာ အားပေး ဖေးမကာ ခံစားနေရသော ခံစားချက် ဆိုးဆိုးများ ကို သက်သာလျော့ပါး သွားအောင် အတက်နိုင်ဆုံး ကူညီ ပေးလေသည်။ သို့သော် အကြံဥာဏ်တော့ သိပ်မပေးခဲ့ချေ။ လိုအပ်သလောက်သာ သူမက ညွှန်ပြပေး ခဲ့ လေ သည်။ ဘာကြောင့် ဆိုသည် ကိုတော့ ကျွန်တော် နားမလည် ခဲ့ပါ။ သူမ လည်း ထုတ်ဖော် မပြောခဲ့ပါ။ ဒုတိယ မိန်းခလေး ကမူ ကျွန်တော့် ခံစားချက် အကြောင်းရာများကို သိပ်မပြောပေ။ ကျွန်တော်က  ပြောပြခဲ့ရင်လည်း အပြုသဘောဆောင်သော ဘက်သို့သာ ညွှန်ပြပေးကာ ကျွန်တော် နှင့် ကျွန်တော့် ချစ်ရသူတို့ နှစ် ဦး လက်တွဲနိုင်မည့် နည်းလမ်းများကို သာ ပြောပြ ပေးတတ်လေသည်။ ပြသာနာကို အကောင်း ဆုံး ဖြေရှင်းရန် နှင့် အကောင်းဘက် က တွေးရန် အမြဲတမ်း အကြံပြု တတ်လေသည်။ သူမ သည် လည်း ဘာကြောင့် ထိုသို့ ပြုမူသည် ဆိုသည်ကို လည်း ကျွန်တော် နားမလည် ခဲ့ပါ။ ကျွန်တော်လည်း မမေးဖြစ်ခဲ့ပါ။  သေချာသည်ကတော့ သူမတို့ နှစ်ယောက်သည် ကျွန်တော့် ကို စွန့်ခွာ မသွားပဲ ဖြူစင်စွာ နဲ့ ၊ရပ်တည်မှုပုံစံ ကွဲလွဲစွာနဲ့ ဖေးမ ပေးကြသူများ၊ စိတ်ဒဏ်ရာကို ကူညီသူ များ အဖြစ် ဆက်လက် တည်ခဲ့ကြလေသည်။ 


                           ည သည် တိတ်ဆိတ် ငြိမ်သက်လျက် ရှိနေပေသည်။ ကြယ်တွေသည်လည်း အိပ် ငိုက်နေ ကြလေ သည်။ ကျွန်တော့် ရဲ့ အတွေးတွေကတော့ လောင် မြိုက်လျက်ပင် ရှိနေသေးသည်။ ရင်ထဲက ဒဏ်ရာ တွေသည်လည်း အခုထိ အစိမ်းတိုင်းသာ ရှိနေသေးတယ်။ ဖြတ်သန်းရသော ဘ၀ ကိုလည်း အံ့သြ မင်သက်မိနေသည်။ လောက၌ ဖြစ် ချင်တာ မဖြစ်ရ ၊ မဖြစ်ချင်တာ ဖြစ်ရဆိုသော ဘ၀တွေရဲ့ ရှုပ်ထွေးဆန်းပြားမှုကိုလည်း စဉ်းစားတွေးတော မိနေသည်။ ကျွန်တော့် ဘ၀တွင် ကြုံခဲ့ ရသော တစိမ်း မိန်းခလေး သုံးယောက်ဧ။် မတူကွဲပြားခြားနားမှုကိုလည်း ဆန်း စစ် နေမိလေသည်။ တစ်ဘ၀စာ ရည်ရွယ်ထားပြီး အချစ်ကြီးချစ်ခဲ့ရသော သူက ကိုယ့်နောက်ကျောကို ဓါးထိုးကာ ကိုယ့် ကို စွန့်ခွာ ထွက်သွားခဲ့ပြီး သာမန်သိကျွမ်း ခင်မင်ခဲ့ရသော သူများက ကိုယ့်အတွက် အဖြူစင်ဆုံး ရပ်တည်ကာ ဘ၀ ရဲ့ အရေးကြီးသော အချိန်အစိတ်ပိုင်းများ ၌ မိတ်ဆွေစစ်များ အဖြစ် ရပ်တည် သွားကြသည်။ ထို အကြောင်း ရာများသည် အသေချာ တွေးကြည့်လျှင် ဟာသဆန်သော မျက်လှည့် ပြကွက် တစ်ခု လိုပင် ဖြစ်လေသည်။



                          အချိန်သည် သန်းခေါင်းယံအချိန်မှ မိုးသောက်ချိန်သို့ တိုင်ခဲ့လေသည်။ ကျွန်တော် သည် အတွေးတို့ ကို ဆက်လက်တွေးနေဆဲ ဖြစ်လေသည်။ နောက်ထပ် နောက်ထပ် မည်ရွေ့မည်မျှ ဆက်လက်တွေးနေမလဲ ဆိုသည်ကို ကျွန်တော် မသိချေ။ သေချာသည်ကတော့ လူသားတို့ဧ။် ဘ၀ ဘ၀ တို့သည် တွေးစရာများဖြင့် ပြည်နှက်နေကြသည် သာလျှင် ဖြစ်ပေသည်။ ထို အတွေးများသည် လူ့ဘ၀တွေရဲ့ အတိတ်လည်းဖြစ်နိုင်သလို ၊ ရှေ့ဆက်မည့် ခရီးလည်း ဖြစ် နိုင်လေသည်။ ထို ခရီးများ အားလုံးသည် ချောမွေ့မှုချည်း သက်သက်သာ ဖြစ်လိမ့်ချေမည်မဟုတ်ပေ။ ထို့ကြောင့် ကျွန်တော် တို့ အားလုံးသည် ဆက်လက်ပြီး တွေးစရာများ၊ အတွေးစများနှင့် ပြည့်စုံနေဦး မည်သာ ဖြစ်လေတော့ သည်။



ရော့ခ်ကာ ( လင်းရောင်ခြည် )
28.10.2013
11:45 PM


No comments:

Post a Comment