Sunday, November 10, 2013

သွေးကြောထဲမှာ ရော့ခ်တေးသွားတွေ ကခုန် နေတယ်


နိဒါန်း


                လောက ၌ အပြစ်မရှိပဲ အပြစ်ဒဏ် ခံရသူသည် ဘ၀တွင် ဆိုးရွားသော ကံကြမ္မာကို ကြုံတွေ့ရခြင်း ဖြစ်ပေ လိမ့် မည်။ ထို အပြစ်တို့ကို အပြစ်မရှိကြောင်း ဖြေရှင်းနိုင်မှသာလျှင် ထို သူဧ။် အမည်းစက်တို့သည် ဘ၀ အတွက် ဖြူစင်ခြင်း အရာ ကို ပြန်လည် ရရှိ ပိုင်ဆိုင်နိုင်ပေ လိမ့်မည်။ သို့သော် ထို အပြစ်တို့ကို ဖြေရှင်းနိုင်စွမ်း နှင့် ဖြေရှင်းခွင့် တို့ မရှိခဲ့လျှင် ထို သူဧ။် အပြစ် တို့သည် သေရာ ပါသည် အထိ အညိုမည်း စွဲသွားနိုင်လေသည်။ 
အထက်ဖော်ပြပါ အကြောင်းရာ ကဲ့သို့ပင် ကျွန်တော် သူမ နှင့် ဆုံတွေ့ခဲ့ရသောအချိန် အတိုင်းတာတို့သည်လည်း ထို အတိုင်းပင် ဖြစ်ခဲ့ လေသည်။ ကျွန်တော့် အတွက် သူမ နှင့် ပတ်သက်သော အကြောင်းရာများဧ။် ပြစ်ဒဏ်ကို ဖြေရှင်းခွင့် မရခဲ့ခြင်း များ သည် ဘ၀ကို ရှင်လျက်နှင့် သေစေ ခဲ့လေသည်။ ထို သူမ နှင့် ပတ်သက်သော အကြောင်းရာများ တိုက်ဆိုင်မှု ရှိသည့် အခါများ တွင် လည်းကောင်း ၊ စဉ်းစားမိသည့် အခါများ တွင် လည်းကောင်း နှလုံးသား ၌ အမြဲတမ်း သတိတရ ရှိနေတတ် ပြီး ထိုအချိန် အခိုက် တန့်များသည် ကျွန်တော့် သွေးကြောထဲတွင် ရော့ခ် တေးသွားများ ကခုန်နေသကဲ့ သို့ ရှိနေပေသည်။


*****************************

( ၁ )


               ကျွန်တော် သူမကို မိတ်ဆွေတစ်ယောက်ဧ။် မိတ်ဆက်ပေးမှုဖြင့် စတင်သိကျွမ်း ခင်မင်ခဲ့လေသည်။ သူမ သည် စကားပြောဆိုရာတွင် သိမ်မွေ့တည်ငြိမ်သူ တစ်ဦးဖြစ်ပြီး အကြောင်းကိစ္စတို့ကို ပြတ်သားတိကျ စွာ ပြောဆို တတ် သူ တစ်ဦး လည်း ဖြစ်လေသည်။ သူမ ဧ။် အသားရေသည် မဖြူသော်လည်း သူမရဲ့ ဟန်ပန်တည်ငြိမ်မှု နှင့် ရုပ်ရည်ပြေပြစ် မှု တို့ ပေါင်း စုံလိုက် သည့်အခါ ဆွဲဆောင်မှု ရှိသည် ဆိုသော ဂုဏ်ဒြပ်ကို ပိုင်ဆိုင်ထားလေသည်။ ထို ပိုင်ဆိုင်မှု အစုစုတို့သည် ကျွန်တော့် ရဲ့ နှလုံးသား ကို တစ်စတစ်စဖြင့် မသိမသာ သိမ်းပိုက်သွားသည့်အခါ ကျွန်တော် ဧ။် နုနယ်ပျိုမျစ် လှသော နှလုံးသား နန်းတော်သည် နေ၀င်ချိန် တစ်ခုသို့ ဆိုက်ရောက်သွားခဲ့ လေတော့သည်။




                ထိုနေ၀င်ချိန်သည် ရုတ်တရက် ၀ုန်းဒိုင်းကြီး ကျရောက်လာခြင်းမျိုး မဟုတ်ပဲ တစ်ဖြေးဖြေး နဲ့ မသိမသာ ၀ါး မြို သွားခြင်း ဖြစ်လေရာ ကျွန်တော့် ရဲ့ အသိတရားတို့  ၀ိညာဉ် နဲ့ ပြန်လည် ပေါင်းစည်းမိသောအခါ ကျွန်တော့် ရဲ့ နှလုံးသားသည် လည်း စစ်မြေပြင်၌ စစ်ကျွံ သကဲ့သို့ တည်ရှိနေခဲ့လေပြီ ဖြစ်သည်။ ထို စစ်ကျွံသော တိုက်ပွဲ ၌ ကျွန်တော် သူမကို ပန်းစည်း တစ်ခု ပေးခဲ့ဖူးသည်။ ထို ပန်းစည်း နှင့် အတူ ချော့ကလက်ဟုခေါ်သော အရာတစ်ခု လည်း ပါဝင်ခဲ့လေသည် ။  ထိုနေ့က ဖေဖ၀ါရီ ( ၁၄ ) ရက်နေ့ ၊ ချစ်သူများနေ့လည်း ဖြစ်လေသည်။ ထို့ကြောင့် ကျွန်တော် သူမကို ချစ်ရေး ဆိုခဲ့ ပါသည်။ 



                ထိုအချိန် ထို နေရက်များက ကျွန်တော့် ရဲ့ စစ်ကျွံသော နှလုံးသားကြောင့်လား ၊ ကျွန်တော် ပေးခဲ့သော ပန်းစည်း နှင့် ချော့ကလက် ရဲ့ အရှိန်ကြောင့်လား ၊ ချစ်သူများနေ့ ဖြစ်နေခဲ့ရ်ျလား မသိ သူမ နှင့် ကျွန်တော် ချစ်သူ များဖြစ်ခဲ့ ကြလေသည်။ ထိုနေ့ ထိုရက်များက သူမ ကျွန်တော့်ကို ပြန်ပေးခဲ့သော အချစ်တို့သည် အတုလား ၊ အင် လား ဆိုသည်ကိုတော့ ယနေ့ထိတိုင် ကျွန်တော် ဝေခွဲနေတုန်းပင် ရှိနေသေးတယ်။ သေချာသည်ကတော့ သူမ ကျွန်တော့် ကို မချစ်ခဲ့ခြင်း ပင်  ဖြစ်လေ သည်။ အတိကျ ဆိုရပါမူ သူမ ကျွန်တော့်ကို လှည့်စားထားခဲ့သည်။ အသုံးချဖို့ သက်သက်သာ ကြံရွယ်ခဲ့သည်။ သူမ မာယာ သုံးခဲ့သည်။


***************************

( ၂ )


                အချိန်သည် တိုက်စားမှုကို အသုံးပြုကာ ပြက္ခဒိန် စာရွက်များကို တစ်ရွက်ပြီးတစ် ရွက် ဟောင်းနွမ်းစေ ခဲ့လေသည်။ ထို အဟောင်းနွမ်းတို့ထဲတွင် သူမ နှင့် ကျွန်တော့် ရဲ့ အမှတ်တရ များစွာတို့ ရှိနေခဲ့သေးသည်။ ရည်ရွယ် ချက်တွေ ကိုလည်း မှတ်တမ်း တင်ခဲ့ ကြသေးသည်။ သို့ပေမယ့် တကယ်တမ်း လျှောက်လှမ်းကြသည့်အခါတွင် ကံ ကြမ္မာ က မျက်နှာသာ မပေးခဲ့ရ်ျ လား ၊ သူမ က ကျွန်တော့် အပေါ် အယုံကြည် ကင်းမဲ့ ခဲ့ရ်ျလား မသိ ခရီးလမ်းတို့ မဖြောင့်ဖြူးခဲ့ပေ။ ရှိရှိသမျှ အကြောင်းရာတို့သည် အခက်ခဲ ၊ အကြပ်တည်းများနှင့်သာ ကျွန်တော့် အတွက် ပြည့် နှက်နေခဲ့လေသည်။ ကျွန်တော်ကတော့ ကျွန်တော့် ရဲ့ ထုံးစံအတိုင်း ဖြူစင် ခဲ့သည်။ သန့်ရှင်း ခဲ့သည်။ သိက္ခာ တရားကို တန်ဖိုး ထားခဲ့သည်။ အခက်ခဲများကို ကြံ့ကြံ့ခံကာ ကျော်ဖြတ်နေခဲ့သည်။ သူမကို ချစ်တဲ့ စိတ်တွေကို ခွန်အားအဖြစ် အသုံးချကာ ဘ၀ကို ကောင်းမွန်စွာ ရင်ဆိုင်နေခဲ့သည်။



             ကျွန်တော် သူမကို အချိန်ကြာလေ ပိုချစ်လေ ဖြစ်နေခဲ့သည်။ သို့ပေမယ့် သူမ ကိုတော့ ထုတ်မပြောဖြစ်ခဲ့ ချေ။ အမြဲတမ်း လိုလို သူမ အတွက် ဦးစားပေး စဥိးစားခဲ့သည်။ စေတနာ ထားခဲ့သည်။ ပျော်စေချင်ခဲ့သည်။ သူမ ကိုလည်း တန်ဖိုးထား ချစ်ခဲ့လေသည်။ ထို့ အပြင် ဘ၀ နှင့် ပတ် သက် သော ကြီးမားသည့် သိက္ခာတရား ကို လည်းပေး အပ်ခဲ့သည်။ ထို ထားရှိသော စိတ် ပိုင်းဆိုင်ရာတို့သည် လက်ရှိအတွက် ရော ၊ နောင် အနာဂတ် အတွက်ပါ အကျုံး ၀င်လေသည်။သို့ပေမယ့် သူမကတော့ တန်ဖိုး မထားတတ်ခဲ့ချေ။ ၄င်းအပြင် သူမက ကျွန်တော့် ရဲ့ အမှားကို အမြဲတမ်း စောင့်ကြည့်ကာ စစ်ပွဲ ရဲ့ စက်ခလုတ်ကို ဖိနှိပ်ဖို့ အသင့် အနေထားဖြင့် နေထိုင်လာခဲ့လေသည်။ ထိုသို့ သူမ က နောက်ကျောဘက်မှနေရ်ျ ဓါး တစ်ချောင်း ၀ှက်ထားသည်ကို ကျွန်တော် မသိရှိခဲ့ရပေ။


               ထိုသို့ဖြင့် အချိန်တို့သည် ချွန်စက်ထဲ ၀င်သွားသည့် ခဲတံ ကဲ့သို့ တဖြေးဖြေး နှင့် တရွေ့ရွေ့ ကုန်ဆုံး လာခဲ့ လေသည်။ သူမ နှင့် ကျွန်တော် ရဲ့ ဆက်ဆံရေးသည်လည်း သာမန်အားဖြင့် ကြည့်ပါလျှင် တိုးတက်နေသည် ဟု ထင် မြင် ယူဆ နိုင်ပြီး တကယ်တမ်း လက်တွေ့ အတွင်းစိတ်ထဲမှာတော့ အဖုထစ်များစွာနှင့် စနက်တံကို မီးရှို့ ပြီးနေသော ဒိုင်းနမိုက်များကို ရင်ဘတ်ထဲ ထည့်ထားနေကြခြင်းလည်း ဖြစ်ကြလေသည်။ သူမ က ကျွန်တော့် ကို အသုံးချဖို့ အမြဲ လိုလိုပင် ကြိုးစားနေပြီး ကျွန်တော်က ပါးနပ်စွာ ရှောင်တိမ်းနေချိန်လည်း ဖြစ်လေသည်။ သူမ နှင့် ကျွန်တော် ထိပ် တိုက်တွေ့ဆုံမှုများကလည်း ခပ်စိတ်စိတ် ဖြစ်လာ ခဲ့လေသည်။ သို့သော် ဟီရိုရှီးမား မြို့ပေါ်သို့ အဏုမြူ ဗုံး ကျဲ ချ လိုက်သလိုတော့ မပေါက်ကွဲသေးချေ။ ဒါပေမယ့် တိုက်တန်းနစ် သင်္ဘောလိုတော့ တစ်စ တစ်စ နှင့်  ဖြေးဖြေး ချင်း နှစ်မြှုပ်လျက်ရှိနေသည်ကိုတော့ ထို အချိန်က ကျွန်တော် မသိရှိခဲ့ပေ။



              ထို ကာလ သည် လက်နက်အသင့် ငြိမ်းချမ်းရေး ကာလလည်း ဖြစ်သည်။ ထို ယန္တရား ကို မောင်းနှင်နေချိန် သည် အာကာသ ထဲသို့ ခရီးထွက်နေချိန်နှင့် တူနေပေသည်။ ကလက်ဆီတွေ ထဲက ဂြိုလ်တွေကို လည်း တွေ့နေရ သည်။ ကြယ်တာရာ တွေနဲ့ လည်း စကားပြောခဲ့ရသည်။ ဥက္ကာပျံ အပိုင်းစတွေကိုလည်း ရှောင်တိမ်း ခဲ့ရသေးသည်။ သူမ ကိုလည်း အနမ်းတွေ ဝေမျှပေးနေ ခဲ့သေးသည်။ သူမလည်း ကျွန်တော့်ကို အနမ်းတွေ ပြန်လည် ဝေမျှနေခဲ့သည်။ ထို အနမ်းတို့သည် ကျွန်တော့် အတွက် ခုချိန်အထိ လတ်ဆတ်နေတုန်းပင် ရှိသေးသည်။ ဘ၀မှာ တန်ဖိုး အထားခဲ့ဆုံး အရာလည်း ဖြစ်ခဲ့သည်။ ကျွန်တော့် စိတ် နဲ့ ၀ိညာဉ် အတွက် အကောင်းဆုံးသော ခွန်အားလည်း ဖြစ်စေခဲ့သည်။ ထို ခွန်အားများဖြင့် ဘ၀ ရဲ့ အမောများအားလုံးကို ထိုအချိန်က ကျော်ဖြတ်နေမိခဲ့သည်။ ဒါပေမယ့် ကျွန်တော် ရရှိခဲ့သော ထို အနမ်းများ အားလုံးသည် အဆိပ်များ သုတ်လိမ်းထားခြင်း ခံခဲ့ရလသည်။



****************************


( ၃ )



              နေကို ဗဟိုပြုသော ဂြိုလ် ကိုးလုံး တို့သည် သူတို့ ပိုင်ဆိုင်သော လမ်းကြောင်းများအတိုင်း လှည့်ပတ် ကြ သည့် အခါ အချိန် နှင့် ရာသီဥတုတို့သည် ကျွန်တော်တို့ လူသားတွေ အတွက် မွေးဖွားလာ ကြလေသည်။ ထို အတိုင်း ပင် ရာသီစက်ဝန်းတို့ အရွယ်ရောက်လာသောအခါ သူမ ရဲ့ သွင်ပြင် လက္ခာတို့သည် တဖြေးဖြေး နှင့် မူရင်းရုပ်ပုံ အတိုင်း ဖြစ်တည်လာခဲ့လေသည်။ သူမ ကျွန်တော့် အပေါ် ဆက်ဆံရေးတွေ ပြောင်းလဲလာသည်။ ဖုံးဖိ ထားခဲ့သော အရာများ သက်သေ နှင့် တကွ ကျွန်တော့် ရှေ့ မှောက် ရာက်ရှိလာသည်။ ထိုအချိန်သည် သူမ နှင့် ကျွန်တော့် ကြားတွင် ဆက်ဆံရေးတွေ အတင်းမာဆုံး အချိန်အခါ ဖြစ်လာခဲ့လေသည်။ သို့ပေမယ့် ထို အချိန်က ကျွန်တော် သူမကို အရေး မယူခဲ့ပေ။ ကတိက၀တ် တွေသာ ထားရှိပြီး သူမ ကို ချင့်ချိန်ခဲ့လေသည်။ ကျွန်တော် သူမ ကို ကောင်းမွန်တည်ငြိမ်တဲ့ ဘက်သို့ ညွှန်ပြပေးခဲ့သည်။ အနာဂတ်မှာ ဖြစ်ပေါ် လာနိုင်သည်များကို ရှင်းပြ ခဲ့သည်။ ထိုသို့ဖြင့် သူမ နဲ့ ကျွန်တော် ထိုအချိန်က အပစ်ခတ်ရပ်စဲရေး စာချုပ်ရေး ချုပ်ဆိုထားလိုက်လေသည်။



             ထို စာချုပ်သည် အချိန်အတိုင်းတာ သိပ်အကြာကြီးတော့ မတည်မြဲခဲ့ပေ။ မတည်မြဲရခြင်း အကြောင်း ရင်းသည် ကျွန်တော့်ရဲ့ ကံကြမ္မာ အားငယ်မှု နဲ့ အတူ သူမ ရဲ့ စတင် ပစ်ခတ် တိုက်ခတ်မှုကြောင့် လည်း ဖြစ်လေ သည်။ ထို နေ့ ထို အချိန်က သူမ ရဲ့ လုပ်ဆောင်ချက်များသည် အတော်ပင် ရုပ်ဆိုးအကျည်းတန် ခဲ့လေသည်။ ကိုယ်ထင်ရာ ကိုယ်စိုင်းသည့် သဘောဖြစ်ပြီး အချိန်ကာလ အတော်ကြာကြာက ကွယ်ဝှက်ထားသော ထိုးဓါး လှလှလေးတစ်ချောင်းကို ကျွန်တော် မသိခင်အချိန်မှာ ကျွန်တော့် နောက်ကျောကို အားကုန် ထိုးစိုက်ခဲ့ခြင်း လည်း ဖြစ်လေသည်။ ထို ဓါးချက်က ကျွန်တော့် သိက္ခာနဲ့ အရှက်တရား ကို ထိပါးခဲ့သည်။ တည်ငြိမ်အောင် ထိန်းသိမ်း ထား သည့် ဘ၀ကို မုန်တိုင်းတစ်ခု ထန်စေခဲ့သည်။ ကွက်ကွက်ကွင်းကွင်း ပြောရရင် ဒုတိယကမ္ဘာစစ်တုန်းက ဂျပန် တွေ အမေရိကန် ပုလဲ ဆိပ်ကမ်းကို ဗုံးကျဲ တိုက်ခိုက် သလိုမျိုးပင် ဖြစ်လေသည်။ ထို့ကြောင့် ကျွန်တော် သူမ ကို တန်ပြန် စစ်ကြေငြာ ခဲ့ရလေသည်။ 



           ထိုသို့ ဖြင့် သူမ နှင့် ကျွန်တော်သည် တိုက်ပွဲများ ပြင်းထန်ခဲ့လေသည်။ အပြန်အလှန် ပစ်ခတ်တိုက်ခတ် ကြရင်း ဖြင့် အထွတ်ထိပ်သို့ ရောက်ရှိခဲ့ကြလေသည်။ သူမ အသုံးပြုခဲ့သော မာယာတို့သည် ကျွန်တော် ရှေ့မှောက်၌ ပွင့်အံ ကျလာခဲ့သည်။ အစောပိုင်းက စနက်တံကို မီးရှို့ရ်ျ ရင်ဘတ်ထဲ ထည့်ထားသော အကြောင်းရာတို့သည်လည်း ၀ုန်းဒိုင်း ထပေါက်ကွဲ ကုန်ကြလေသည်။ ထို တိုက်ပွဲများအားလုံးသည် စကားလုံး တိုက်ပွဲများ ဖြစ်ကြလေသည်။ စကားနောက် တရားပါ ဆိုသည့်အတိုင်း ထို စကားလုံးများဧ။် နောက်ကွယ်တွင် တရားကျစရာများ ပါဝင်လာ ခဲ့လေ သည်။ ထို တရားတို့သည် လောက၌ ငွေပေးရ်ျ ၀ယ်ယူရ်ျ မရသော ကိုယ်တွေ့ တရားများ ဖြစ်ခဲ့လေသည်။ သို့ပေမယ့် ဘ၀ နှင့် နှလုံးသား တစ်ခုကိုတော့ အရင်းနှီးပြုခဲ့ ရလေသည်။ ထို အရင်းနှီး မှ ရရှိလာသော အကျိုးအမြတ်သည် သူမ နှင့် ကျွန်တော် လမ်းခွဲပြတ်စဲ ကြခြင်းသာလျှင် ဖြစ်လေတော့သည်။




*****************************



နိဂုံး


           ထို လမ်းခွဲ မှုဧ။် နောက်ကွယ်တွင် အပြစ်မရှိပါပဲ အရေးယူခြင်း ခံရသော နှလုံးသား ပြစ်ဒဏ် တစ်ခုလည်း ပါဝင်ခဲ့လေသည်။ ထို ပြစ်ဒဏ်သည် ကျွန်တော် အပြစ်လုပ်ခဲ့ရ်ျ ရလာသော ပြစ်ဒဏ်မျိုး မဟုတ်ချေ။ ကောင်းကင်ဘုံ ဧ။် နတ်ဆိုး တို့ ပြုလုပ် ကျီစယ်သော ပြစ်ဒဏ် မျိုးဖြစ်ပေလိမ့်မည်။ ထို ပြစ်ဒဏ်သည် ဖြေရှင်းခွင့် မရှိသော ၊ အယူခံ ၀င်ခွင့် မရှိသော ပြစ် ဒဏ် မျိုးလည်း ဖြစ်လေသည်။ ထို့ကြောင့် ထို နှလုံးသားပြစ်ဒဏ် ဧ။် ဒဏ်ရာသည် ကျွန်တော့် ဘ၀အတွက် တစ်သက် လုံး ဖျောက်ဖျက်ရ်ျ မရနိုင်သော အညိုမည်း စွဲခဲ့ရသည့် ဒဏ်ရာတစ်ခုလည်း ဖြစ်ခဲ့ရလေသည်။ ထို ကျွန်တော့် နှလုံး သား ၌ ရရှိ စွဲထင်ခဲ့သော သူမ နှင့် ပတ်သက်သည့် ဒဏ်ရာသည် ဘယ်တော့မှ အကောင်းအတိုင်း ပြန်မဖြစ်နိုင်တော့ သည့် ဒဏ်ရာတစ်ခုလည်း ဖြစ်လို့ နေချေသည်။ ထို ဒဏ်ရာသည် ကျွန်တော့် ဧ။် ၀ိညာဉ် နှင့် အတူ ရာသက်ပန် တည် ရှိ နေမည်ဖြစ်ပြီး သူမ နှင့် ပတ်သက်သော အကြောင်းရာများ ကို  တိုက်ဆိုင်မှု ရှိသည့် အခါများ တွင် လည်းကောင်း ၊ စဉ်းစားမိသည့် အခါများ တွင် လည်းကောင်း အမြဲတမ်း သတိတရ ရှိနေတတ်ပြီး ထိုအချိန် အခိုက် တန့်များသည် ကျွန်တော့် သွေးကြောထဲတွင် ရော့ခ် တေးသွားများ ကခုန်နေသကဲ့ ရှိနေပေလိမ့်မည်။





ရော့ခ်ကာ ( လင်းရောင်ခြည် ) 
11. 11. 2013
5:30 AM


No comments:

Post a Comment