Sunday, November 3, 2013

ရုပ်သေးရုပ် ပွဲတော်



ပွဲတော်

နှလုံးသားရပ်ကွက်က ကျင်းပတဲ့ ပွဲတော်

မိန်းမော ယစ်မူး နှစ်သက် မြတ်နိုး တဲ့ ပွဲတော်

ဘ၀ကို အရင်းပြုတဲ့ ပွဲတော်

စတေးမှုတွေ စုံတဲ့ ပွဲတော်





ပွဲတော်

သူ ပါတယ်

ကျွန်တော် ပါတယ်

ပတ်ဝန်းကျင် ပါတယ်

တစိမ်းတွေ ပါတယ်



ပွဲတော်

ဇာတ်ဆောင် ပါတယ်

သရုပ်ဆောင် ပါတယ်

မာယာ ပါတယ်

အတုယောင် ပါတယ်

လူ လိမ်တွေ ပါတယ်



ပွဲတော်

သိခဲ့ရတယ်

သင်္ခါရ နဲ့ စတေးမှု ကို

ဇာတ်နာမှု အကြောင်းတရားတွေကို

ပြီးနောက် နာကျည်း ငိုကြွေးမှုတွေကို

ရင်ဘတ် ထဲက ပြက္ခဒိန် နဲ့




ပွဲတော်

နောက်ထပ် ရှိဦးမယ် နှစ်တိုင်း ရှိဦးမယ်

ဒီ ပွဲတော်မှာ

သူတို့လည်း ပါနေမယ်

ပတ်ဝန်းကျင်လည်း ပါနေမယ်

အကြောင်းရာလည်း စုံနေမယ်




ဒီ ပွဲတော်

နောက်ထပ် သရုပ်မဆောင်ချင်

နောက်ထပ် ဇာတ်မနာချင်

နောက်ထပ် မဆင်နွှဲချင်

အကြောင်းမူကား

ငါမှာ .........

စတေးစရာ နှလုံးသားမရှိ

ဆွဲ စရာ ကြိုးလည်း မရှိ

ငါ့ ရုပ်သေးရုပ်က အသက်မရှိ ။ ။



ရော့ခ်ကာ ( လင်းရောင်ခြည် )
( 2. 11. 2013 )
6:10

No comments:

Post a Comment