Tuesday, September 24, 2013

ချစ်ခြင်း သိက္ခာ



မိုး ......
မိုးသည်း ည
ဒီ မိုးည တွေထဲ
ငါ့ အတွေးတို့ ပျံ့လွင့်ဆဲ


လျှပ်ပန်းခက်တွေက
အိပ်မက်လို ၀ိုးတ၀ါးနဲ့
ငါ့ ဘ၀ကို နာကျင်စေပြီး
နေမင်းကို တမ်းတနေဆဲ

ထစ်ချူန်းသံလို ပြင်းထန်တဲ့
သူမ ရဲ့ စကားလုံးတွေက
ဖြူစင်တဲ့ ငါ့ ရင်ကို
အခုထိ စူးနစ် နေတုန်း

တိမ် လို  အရောင်ပြောင်းတတ်သူကို ချစ်ခဲ့မိမှတော့
ငါ့ ချစ်ခြင်း သိက္ခာအတွက်
နှလုံးသားမှာ ဒီ ဆူး စူးလည်း
ငါ နုတ်ပစ်မနေတော့ဘူး

ဆူး ......
ဒီ ဆူး ...... 
ချွန်မြ တဲ့ ဆူး
နှလုံးသားမှာ စူးနစ်နေတဲ့ ဆူး

ဘယ်လိုပင် စူးစိုက်ပါစေ
ဘယ်လောက်ပဲ နာကျင်ပါစေ
ဒီ မိုးသည်း ည တွေထဲမှာ 
တိုးတိတ်စွာပဲ ငို ကြွေး ပါရစေ

ငိုနေတယ်
ငါ ငိုနေတယ်
ရွာသွန်းတဲ့ မိုး တွေနဲ့အတူ
နှလုံးသားက နာကျင်စွာ ငိုကြွေးနေတယ်

ဘုရားသိတယ်
ကောင်းကင်တမန်တွေ သိတယ်
နှလုံးသွေးတွေ စီးကျနေတာကို
ရွာနေတဲ့ မိုးလည်း သိတယ်

ဒီတော့ .........
စီးဆင်းပါစေ
ငါ့ နှလုံးသား ရဲ့ မျက်ရည်တွေ
ရွာနေတဲ့ မိုးနဲ့ ထပ်တူကာ
ချစ်ခြင်းရဲ့ သိက္ခာ အတွက်
ရင်ထဲက ဆူး အတွက်
ချစ်ခြင်း ဆူး အဖြစ်နဲ့  ။               ။

Rocker
21. 9 . 2013
2:33 AM

Photo : www. rain wallpaper download com
 

No comments:

Post a Comment