Thursday, September 12, 2013

အကွဲပြဲ ဇာတ်လမ်း



 လွန်ခဲ့တဲ့ အတိတ်
ကျန်ခဲ့တဲ့ နေ့
ဖြတ်သန်း ခဲ့ ပြီးမှ
ကြည်နူး ကြ မိ တာတွေ


အထင် မှား အမြင် မှား
မာန တန်းတင်
အတ္တ ကိုင်စွဲ
အတွေးမတူ အရေးယူ

ခုန်နေတဲ့ နှလုံးသား
ပြင်းရှ တဲ့ ဒဏ်ရာ
နောက်ကျော က သူ့ ဓါး 
သွေးပွက်ပွက်ဆူ

နာကျင်ခြင်း
နာကျည်းခြင်း
စိတ်နာခြင်း
အားလုံရဲ့ အဖြေ
လုပ်ကြံ ခံရ ခြင်း 

ဒဏ်ရာကို ယမ်းဖြူး
မီး ပုံမှာ လှမ်းကင်
အစိမ်းလိုက် ချုပ်တော့
နှလုံးသားတစ်ခု 
ဒုက္ခိတ 

ဦးနှောက် ကို ခ၀ါချ
ည ဘက်ကို အိပ်မရ
အလင်းတို့ တံခါး ၀ 
အို ငါရဲ့ ဒုက္ခ

မာယာရှင် လက်အောက်
ပြုစားခံ နှလုံးသား
အသုံးချခံ ဘ၀ မှ
သေဆုံးခြင်း ဘ၀ သို့

အကွဲပြဲ ဇာတ်လမ်း
ကြည့်မကောင်း ရှု့မကောင်း

ရောခ့်ကာ
5:05 PM














No comments:

Post a Comment