Friday, September 27, 2013

............. ငါ ...........




ငါ သည် ကောင်းမွန်စွာ မွေးဖွား လာဧ။်
ငါ သည် ကောင်းမွန်စွာ အသက်ရှုလာဧ။်
ငါ သည် ကောင်းမွန်စွာ ကျင့်ကြံလာ ဧ။်  
ငါ သည် ကောင်းမွန်စွာ သင်ယူလာ ဧ။်
ငါ သည် ကောင်းမွန်စွာ ကြိုးစားလာ ဧ။်

သို့သော် ...
ငါ့ ကို ကောင်းမွန်စွာ တိုက်ခိုက်လာ ဧ။်
ငါ့ ကို ကောင်းမွန်စွာ ရှုံ့ချ လာ ဧ။်
ငါ့ ကို ကောင်းမွန်စွာ ပြစ်တင်လာ ဧ။်
ငါ့ ကို ကောင်းမွန်စွာ လုပ်ကြံလာ ဧ။်
ငါ့ ကို ကောင်းမွန်စွာ ကောက်ကျစ်လာ ဧ။်

ဒီအချိန် .......
ငါ့ ကို ဖေးမ မယ့်သူလည်း ရှိတယ်
ငါ့ ကို အားပေးမယ့် သူလည်း ရှိတယ်
ငါ့ ကို ကူညီမယ့် သူလည်း ရှိတယ်
ငါ့ ကို ချောက်တွန်းမယ့် သူလည်း ရှိတယ်
ငါ့ ကို ဝေဖန်မယ့် သူလည်း ရှိတယ်

ငါ ပြန်တွေးကြည့်တယ်
အဆိုးနဲ့အကောင်းရဲ့ အစွန်းနှစ်ဘက်ကြား
အနိမ့် နဲ့ အမြင့် ရဲ့ ဂရပ်(ဖ)မျဉ်း ကြား
ကွာဟမှုရှိတဲ့ လောကဓံ ရဲ့ကြား
လူတွေထဲက လူတွေ ရဲ့ကြား

အနိမ့်အမြင့် ရှိတဲ့ လောကအလည်မှာ ငါ ရှိနေတယ်
မုန်တိုင်းရှိတဲ့ ၀င်္ကဘာ ထဲမှာ ငါ လှည့်လည်နေတယ်
သေစေချင်တဲ့ ရန်သူ ကြားမှာ ကခုန်နေတယ်
ဒွိဟ စိတ်တွေ ကြားမှာ အသက်ရှုနေ တယ်
လူတွေထဲက တရား ကို စောင့်မျှော်နေတယ် ။         ။


Rocker
27.9.2013
8:40 PM

No comments:

Post a Comment