Monday, May 19, 2014

စိတ်ရွေ့ရာ




                
                  ည သည် တိတ်ဆိတ်နေသည်။ ထို ည နှင့်အတူ မြို့တစ်မြို့ အိပ်မောကျနေ သည်။ ကောင်းကင် ၌ ကြယ်စင်တို့ ဟိုတစ်စု ဒီတစ်စု လင်းလက်နေကြပြီး မိုးသားတိမ် တိုက်တို့ သည် လည်း သူ့နေ ရာနှင့်သူ ။ မြစ်ပြင်ပေါ်မှ ဖြတ်သန်းလာသော လေတို့တွင် ရေ ရဲ့ အငွေ့သက်တွေ ပါဝင်ပတ် သက်နေသည်။ ၀ိုင်းစက်နေတဲ့ လ၀န်းကြီးက ညကို အမှောင် ထုအောက် က ဆွဲထုတ်ပေးလျက် ရှိနေ သည်။



              နှုတ်ခမ်း နှစ်လွှာကြားမှ မှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေက လေထုထဲမှာ ၀ဲပျံလျက် ရှိနေ ကြသည်။ ထို နှုတ်ခမ်းသည် တစ်ခါတရံ အနမ်းပွင့်တွေ ခြွေချတတ်သလို စကားလုံးတွေကို လည်း မွေးဖွားတတ်သေးသည်။ ထို စကားလုံးတွေကို အပ်ချည်ကြိုး မျှင်မျှင်လေးနဲ့ သီကုံး ကြည့် ရင် တေးသီချင်း သံစဉ်တွေကို နားစဉ်နိုင်သေးသည်။ ဂီတ သည် လူတွေရဲ့ စိတ်ကို ဖမ်းစားပြောင်း လဲမှုကို ပေးစွမ်းနိုင်သလို စိတ်ရဲ့ တံခါးအဖြစ်လည်း ရပ်တည်ပေးလေ့ရှိသည်။ တံခါးမှ ၀င်လျှင် အတွင်းသို့ ရောက်နိုင်ပေသည်။ အတွင်းသည် အပြင်နှင့် စည်းခြားထားပြီး လုံခြုံမှု နှင့် သီးသန့်ဖြစ် တည်မှု ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ထားသည်။


              သင်သည် အသိုက်မြုံ မရှိလျှင် ခရီးသွား ဖြစ်နိုင်ပေသည်။ အသိုက်မြုံ ရှိသူတို့သည်လည်း ခရီးသွားတတ်ကြသေးသည်။ သေချာသည်က လောကကြီး တစ်ခုလုံး ခရီး သွားနေကြသည်။ ညသည် မည်မျှ မှောင်မှောင် အလင်းရောင်ကို နေရာပေးရလေ့ရှိသည်။ အလင်းရောင်ကို မိုးတိမ်တိုက်တို့က အနည်းငယ်မျှ တားဆီးနိုင်စွမ်း ရှိကြသည်။ တိမ် တိုက်တွေသည် လေကိုစီးပြီး ခရီးသွားနေကြသည်။ သူတို့သည် ဟန်ဆောင်မှု မျက်နှာဖုံးတွေကို တပ်ထားကြသည်။ မုသားတွေကို ပြောဆိုကြသည်။ လှည့်ဖျားမှုကို လက်ကိုင် ပြု ကြသည်။ ပကာသနတွေကို မက်မောကြသည်။ သူတို့ သေဆုံးတဲ့ အခါ မျက်ရည် အဖြစ် ပြိုလဲကျကုန်တော့သည်။


              ဂုဏ်ပုဒ်သည် နေရာတိုင်းတွင်ရှိသည်။ သို့သော် ထိုက်တန်ချင်မှ ထိုက်တန်ပေသည်။ လူတွေ ရှင်သန်မှုအတွက် တိုက်ခိုက်နေကြသည်။ သတ်ဖြတ်နေကြသည်။ ရှင်သန် မှုက သက်တမ်းပါနေ သည်ကို သူတို့ မေ့လျော့ နေကြပြန်သည်။ သက်တမ်းကုန်သွားပါက သူတို့ ထပ်မတိုး နိုင်ကြချေ ။ ခံစားမှုသည် စိတ်၌သာ ဖြစ်ပေါ်သော အရာ ဖြစ်လေသည်။ သူသည် ကိုင်တွယ်ထိတွေ့လို့ မရတဲ့ အရာတွေကို တိုင်းတာတတ်သည်။ အသိတရားသည် ဦးနှောက်မှ မြစ်ဖျားခံ စီးဆင်းတဲ့အခါ ထို ဦးနှောက် ဖွံဖြိုးတိုး တတ်အောင် ပတ်ဝန်း ကျင်မှ လေ့လာသင် ယူကြရသည်။ လေ့ကျင့်မှုတွေ များစွာ ပြုလုပ်ကြရသည်။ ထို့ အတွက် စမ်းသပ်မှု နှင့် စမ်းသပ်ခံမှုတို့ ဖြစ်ပေါ်လာလေသည်။ ထို့နောက် လူတွေ ရူးသွပ်သွား ကြသည်။ လူတိုင်း ရူး နေကြသည်။


             ရူးသွပ်မှု အားလုံးကို တရားဓမ္မ နှင့် ခြံခတ်ကြရသည်။ ထိုအရာသည် ရူးသွပ်မှု ဧ။် အဆိပ်ဖြေဆေးလည်း ဖြစ်နေသည်။ မျက်လုံးမှိတ်ခါနီး အချိန်တွင် ၀င်သက်ထွက် သက် ကို မှန်မှန် ရူနိုင်အောင် ထိန်းသိမ်းကြရသည်။ ထိုအချိန်တွင် အတ္တတွင် မာနတွေ ထွက်ပြေးသွားကြသည်။ အရေပြားအောက်က ပိုးကောင်တွေ အစားစာကို ရှာဖွေ နေချိန်တွင် ၀ိညာဉ် နှင့် ခန္ဒာ ပူး ကပ်နေအောင် ကြိုးစားကြရသည်က ရူးသွပ်မှု အားလုံးဧ။် ပန်းတိုင်အဖြစ် ရပ်တည်နေသည်။ ထို ပန်းတိုင်သည် လူတိုင်းအတွက် ဖြစ်သလို အရာတိုင်းအတွက် လည်း ဖြစ်လို့ နေပေသည်။ 


            လောက၌ မေ့လို့ ရတဲ့ အရာတွေကို မေ့ပစ်နိုင်ကြသည်။ မေ့လို့ မရတဲ့ အရာတွေလည်း ဒု နဲ့ ဒေး ရှိနေကြပြန်သည်။ ထိုအရာများထဲမှ အသုံးတည့်မည့် အရာများ ကို ရွေးချယ်ကြရ ဦးမည်။ မနက်ဖြန်သည် တစ်ရက်သာ လျှင် ဖြစ်လေသည်။ ထို့အတွက် အချိန် သိပ်မရပေ။ နေ့စွဲတွေ ကို ရေ တွက်ပြီး ရောင်နီလာမည့် အချိန်ကို ကြိုဆိုရ ဦးမည်။ ဒဏ်ရာတွေကို ဆေးထည့်ပြီး စိတ်ဧ။် ရွေ့ရာကို ခရီးဆက်ကြရပေဦးမည်။ ထာဝရ ငြိမ်းချမ်းနိုင်ဖို့ ဖြစ်လေသည်။


            ထိုအချိန်မှာ အိပ်မောကျနေတဲ့ မြို့ တစ် မြို့ လန့်နိုးလာသည်။ ကြယ်စင်တွေ ထွက်ပြေးသွား ပြီး လ၀န်းကြီးလည်း ကွယ်ပျောက်သွားသည်။ မြစ်ပြင်ပေါ်က ရေ နှင့် လေ တို့သည် ပကတိအတိုင်း တည်ငြိမ်ကုန်သည်။ ပတ်ဝန်းကျင်ကို သတိပြု ကြည့်တော့ နှုတ်ခမ်းထက်က အနမ်းတွေ သာ နှလုံးသား မှာ ပုံနှိပ်ကျန်နေရစ်ကြသည်။ သူသည် စိတ်ဧ။် ရွေ့ရာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။


ရော့ခ်ကာ ( လင်းရောင်ခြည် )
12.5.2014
3:20 AM


No comments:

Post a Comment