Monday, May 19, 2014

အိပ်မက်ဆိုးတွေ က တဲ့ ည




ည မအိပ်တဲ့ အိပ်မက်
အလင်းနှစ်မိုင်များဆီ
ခေါင်းမော့ကြည့်ရင်
အရောင်ဖျော့ ဝိညာဉ်တွေ
စိတ်အစဉ်ကို ဖမ်းစားကျွန်ပြု
နှိပ်စက်လေကြပြီ

ထိုနှုတ်ခမ်း
ထိုအနမ်းနှင့်
နူးညံ့ခြင်းတွေကွယ်ပျောက်ခဲ့ရင်
စစ်မှန်ခြင်းလမ်းထက်မှာ
အာရုံ က ဝိုးတဝါး
နားလည်မှုတွေ ကို့ယို့ကားယား

တကယ်ဆို ညဟာ
ကြယ်မရှိလည်း ဖြစ်တယ်
လ မသာလည်း အိပ်ပျော်နိုင်တယ်
သို့ပေမယ့် ...
စစ်မှန်တဲ့ အနမ်းတွေဝေးခဲ့ရင်
အိပ်မက်ဆိုးတွေ ကခုန်ကြတယ်

ရော့ခ်ကာ
8.5.2014
11:38 PM


No comments:

Post a Comment