အခန်း ( ၁ )
" ဒေါ်လေး ... ဒေါ်လေး .... ဒေါ်လေးရေ .... "
" အကြပ်ကြီး ဖုန်း ဆက်တယ်။ "
" ကိုလှမင်း ကို ရဲဘက် ထုတ်လိုက်ပြီတဲ့ "
ကြားရတဲ့ စကားသံကြောင့် ဒေါ်အေးမေ တစ်ယောက် ကြက်သေသေ သွားလေသည်။ လှမင်း ဆိုသည်မှာ သူ့ရဲ့ တစ်ဦးတည်းသော သားဖြစ်ပြီး အရွယ်အားဖြင့် ( ၂၅ ) ၀န်းကျင်သာ ရှိသေးသည်။ ယောက်ျား ဆုံးပါးသွားက တည်းက ဒေါ်အေးမေသည် အမေတစ်ခု သားတစ်ခု ဘ၀ ဖြင့် ရုန်းကန် နေထိုင်လာခဲ့ပြီး သားဖြစ်သူအပေါ် အချစ် ပိုခဲ့ ရသူလည်း ဖြစ်လေသည်။ လှမင်း သည်လည်း ဆိုးသွမ်းသော လူငယ်တစ်ဦး မဟုတ်ခဲ့ပဲ မိခင်ကို နည်းမျိုးစုံဖြင့် လုပ်ကျွေးပြုကာ မိသားစု ၀မ်းစာရေးကို ဖြေရှင်း ပေးနေခဲ့သူ ဖြစ်လေသည်။ သို့သော် ဘ၀ရဲ့ ကြပ်တည်းမှုကို ရုန်း ကန်လှုပ်ရှားရင်း ဖြတ်လမ်းနည်းကို အလွယ်လိုက်မိသဖြင့် ဥပဒေပြင်ပသို့ရောက်ရှိကာ ယခု အကျဉ်းသားဘ၀ သို့ ရောက်ရှိခဲ့ရခြင်းလည်း ဖြစ်ပေသည်။
တရားရုံး အမိန့်ချ သည့် နေ့က ဒေါ်အေးမေ တရားရုံးသို့ ရောက်ခဲ့သေးသည်။ အမှုက ပြစ်ဒဏ် ရှောင် လွှဲ လို့ မရပေမယ့် အမှုလိုက်ရှေ့နေဧ။် လိမ္မာပါးနပ်မှုကြောင့် အချိန်ကာလ အများကြီးတော့ ပြစ်ဒဏ်မခံရချေ။ တရားရုံး၌ ဒေါ်အေးမေ တစ်ယောက် သားဖြစ်သူဧ။် မျက်နှာကို ရင်ထဲဆို့နစ်စွာဖြင့် တစ်ဝကြီးကြည့်ကာ အိမ်ပြန်လာခဲ့ရလေ သည်။ ထိုနေ့က ဒေါ်အေးမေ အိမ်ပြန်ချိန်၌ သိရှိခဲ့သော အသိတရားထဲတွင် သားဖြစ်သူဧ။် ယခု ပြစ်ဒဏ်သည် အင်းစိန် ထောင်တွင်သာ အပြစ်ကျခံရမည်ဟု သိရှိထားခဲ့ခြင်း ဖြစ်လေသည်။ ယခုတော့ ရဲဘက်စခန်းကို ပို့ဆောင် လိုက်ပြီ ဟု သိရသဖြင့် ဒေါ်အေးမေသည် သားဖြစ်သူအတွက် သောက ဗျာဒ များကာ အပူမီးများ ငယ်ထိပ် တတ်ဆောင့် လာခြင်း ဖြစ်လေသည်။
ဒေါ်အေးမေ သည် ရဲဘက် စခန်းများတွင် အကျဉ်းသားများ ပင်ပန်းဆင်းရဲ ပြီး ဒုက္ခဆင်းရဲ ပေါင်းစုံ ခံစားရကြောင်း အသိရှိ ထားခဲ့သူ ဖြစ်သည်။ ထို နေရာများသို့ အပြင်လောက မှ ရောက်လာကြသူ အများစုသည် အဆင်မပြေမှုပေါင်း များစွာ နှင့် ကြုံတွေ့ကြရသည် ဟု သူများပြောတာတွေ ကြားဖူးထားသဖြင့် သား ဖြစ်သူအတွက် အလွန် အမင်း စိုးရိမ်သွားလေသည်။ မိမိ ရဲ့ သားက ခုမှ အသက် အစိတ် ၊ အရွယ်ကောင်းလေး ။ အညွန့်တလူလူ နဲ့ တတ်ရ မယ့် အရွယ် ။ ဘ၀ကလည်း အမေတစ်ခု သား တစ်ခု ဘ၀ ။ ဒီ သားသည်သာ မရှိခဲ့လျှင် ဒေါ်အေးမေ ရဲ့ ဘ၀ သည် လည်း ရှိမနေနိုင် ။ အခု ကြားရတဲ့ သတင်းဆိုးကြောင့် မိခင်တစ်ယာက်ရဲ့ ရင်ထဲမှာ ဖြစ်တည် လာသော ဆို့နစ်ကြေကွဲ မှုတွေက မျက်ဝန်းမှ မျက်ရည် တို့ကို တားဆီးချိန်မရတော့ပဲ ပါးပြင်ပေါ်သို့ ခုန်ဆင်းလာကြတော့ လေသည်။
" ဒေါ်လေးရယ် ၊ သိပ်လည်း ၀မ်းနည်းမနေပါနဲ့။ "
" စိတ်ထိန်းပါနော်။ သွေးတွေ တိုးနေပါဦးမယ်။ "
" ဘယ် စခန်းကို ပို့လိုက်သလဲဆိုတာကို စုံစမ်းပြီး
လိုက်တွေ့လို့ ရတာပဲ လေ ။ "
" အေးပါကွယ် ၊ အေးပါ။ "
" သွားကြတာပေါ့ကွယ်။ ခုမှတော့ ဘာတတ်နိုင်ကြမှာလဲကွယ် ။ "
ဒေါ်အေးမေသည် ပြောပြောဆိုဆိုဖြင့် ချုံး ပွဲ ချ ငိုကြွေးလေတော့သည်။ ဒေါ်အေးမေ ဧ။် မိမိရဲ့ တစ်ဦး တည်းသော သား ဖြစ်သူရဲ့ ကံမကောင်းခြင်းများစွာကို မိခင်တစ်ယောက်ရဲ့ နေရာ ၊ မိခင်တစ်ယောက်ရဲ့ စိတ်ထဲ ခံစားရတဲ့ ခံစားချက် သောက တို့ကို မြင်ရသူတို့အဖို့ မည်သို့မျှ စိတ်မကောင်း မဖြစ်ပဲ နေနိုင်လိမ့်မည် မဟုတ်ချေ။
အခန်း ( ၂ )
" ............................ "
ဖုန်း မှ Ring Tone သံကြောင့် ကျွန်တော် ကားမောင်းနေရင်းမှ နားမှ ဘလူးတူး ( Bluetooth ) ကို နှိပ် လိုက်သည်။
" ဟဲလို .... ပြောကြည့်ပါ။ "
" အကို ... ရောက်ခါ နီးပြီလားမသိဘူး။ "
" အင်း .... ရောက်တော့မယ်။ ဘာလို့လဲ ။ "
" ဟုတ် ... ပြောမလို့ ။ အကို့ ကို ခေါ်ထားပြီးမှ ညီမ ဒီနေ့ အလုပ်မသွားဖြစ်ဘူး။ "
" ဒါမယ့် ... လာခဲ့လိုက်ပါ။ ဒီမှာ သူငယ်ချင်းတစ်ယောက် အပြင်သွားမလို့ ။ "
" သူ့ ကိုပဲ ပို့ပေးလိုက်ပါနော်။ ကားခလည်း သူ့ဆီက မယူပါနဲ့။ ညီမ နောက်မှ ပေးပါ့မယ်။ "
" အင်း ... အင်း ... ဟုတ်ပြီ ။ နောက် ငါး မိနစ်လောက် ဆို ရောက်ပြီနော် ။ "
" ရောက်မှ ဖုန်း ပြန်ခေါ်လိုက်မယ်။ "
" ဟုတ် ... ဟုတ် ... အကို ။ ဒါပဲ နော်။ ဖုန်း ချလိုက်တော့မယ်။ "
" အိုကေ ... အိုကေ .... "
ဖုန်းကို ပြန်ပိတ် ထားလိုက်ပြီး အော်ဒါ ကြိုရမည့် နေရာဆီသို့ ကျွန်တော် ဦးတည်ကာ မောင်း လာ လိုက်သည်။ ငါး မိနစ် စာ အချိန်မျှ ကား မောင်းလိုက်လေသော် အော်ဒါ ကြိုရမည့် နေရာသို့ ရောက်ရှိလေသည်။ ထို့နောက် ကား ငှား စီးမည့် သူများဆီသို့ ဖုန်း ပြန်ဆက်လိုက်လေသည်။
" ဟဲလို .... အကို ရောက်လာပြီလား ။ "
" အင်း ... ရောက်နေပြီ။ လာခဲ့လို့ရပြီ။ "
" ဟုတ် ဟုတ် ... လာပြီ ... လာပြီ ။ "
ဖုန်း ပြောပြီး တခဏ အကြာ ကားဆီသို့ မိန်းခလေး နှစ်ယောက် ရောက်လာလေသည်။ တစ်ယောက်က ကားကို အမြဲတမ်း ပုံမှန် စီးနေကျ ဖောက်သည်။ နောက်တစ်ယောက်ကတော့ ကျွန်တော် မသိပေ။
" အကို .... ဆောရီး ပါနော်။ "
" ညီမ ဒီနေ့ ကိစ္စတစ်ခု ပေါ်လာလို့ မသွားဖြစ်တာ ။ "
" ညီမ သူငယ်ချင်းကိုပဲ လိုက်ပို့ပေးလိုက်တော့နော်။ "
" အေးပါ။ စိတ်ချ ။ သေချာ ပို့ပေးလိုက်ပါ့မယ်။ "
" ကားခ မယူနဲ့ နော်။ ညီမ ပေးမှာ ။ "
" အေး ... အေး ..... ။ "
" ဒါဆို ညီမ သွားပြီနော်။ နောက် မှ တွေ့မယ်။ "
ပြောပြောဆိုဆို ဖြင့် ကား ငှား စီးနေကျ ဖောက်သည် မိန်းခလေး ကားအနားမှ ထွက်ခွာ သွားသည်။ ကျွန်တော် လိုက်ပို့ပေးရမည့် သူကို ပို့ဆောင်ပေးရမည့် နေရာ မေးမြန်းပြီးနောက် ကားကို ထို နေရာသို့ ဦးတည်ကာ မောင်း ထွက်လာလိုက်သည်။
ထိုသို့ မောင်းလာစဉ် ကျွန်တော်နေထိုင်ရာ ရပ်ကွက်ထိပ် ကားလမ်းပေါ် သို့ အရောက် မိန်းမ တစ်ယောက် ကို့ရို့ကားယား ပုံစံ ဖြင့် ကား လှမ်းတားသည်ကို တွေ့ရလေသည်။ ထို မိန်းမ ကိုကြည့် လိုက်တော့ ရပ်ကွက် ထဲမှ မတင်မြ ဖြစ်လေသည်။ ထို့ကြောင့် ကားကို လမ်းဘေးကို ဆွဲရပ်လိုက်ပြီး ထို မိန်းမ အလာ ကို စောင့် လိုက်လေသည်။
မတင်မြ ကား နားသို့ ရောက်လာတော့ .......
" အမလေးဟယ်။ ရှာလိုက်ရတာ ။ "
" ငါ လမ်းထိပ်က လက်ဖက်ရည် ဆိုင်မှာတောင် မှားထားသေးတယ်။ "
" နင့်ကို တွေ့ရင် ပြောပါဆိုပြီး ။ "
ကျွန်တော် နည်းနည်း မျက်ခုံးလှုပ်သွားသည်။ ထို့ကြောင့် .......
" ဘာ ကိစ္စ ရှိလို့လဲ ဗျ "
" နင့် ကားကို ငှားမလို့ပါ ဟဲ့ ။ "
" တွံတေး ဘက်ကို သွားရမှာ ။ "
" အဲ့ဒါ နင် ကားခ ဘယ်လောက်ယူလဲ ။ "
" လိပ်စာ အတိကျ သိလား ။ "
" လိပ်စာ ကတော့ အတိကျ မသိသေးဘူး ။ "
" စုံစမ်းနေတုန်း "
" လှမင်းကို ရဲဘက် ပို့လိုက်လို့ ထောင်ဝင်စာ သွားတွေ့ရမှာလေ။ "
" မောင်လေး ညနေဘက်လောက် တစ်ချက် ၀င်ခဲ့လေ။ "
" ဟုတ်ပြီဗျာ။ "
" ကဲ ... ခုတော့ သွားပြီဗျာ။ ခရီးသည် ပါနေလို့ ။ "
" အားနာစရာ ကောင်းတယ်။ "
" အေးပါ ၊ အေးပါ .... ညနေကိုသာ ဆက်ဆက် ၀င်လာခဲ့ပေးနော်။ "
ကျွန်တော် မတင်မြ ကို စကားစ ဖြတ်ပြီး ကားကို ဆက်မောင်းလာခဲ့လေသည်။ ရပ်ကွက်ထဲ က လူတွေက တစ်စုံတစ်ခုဆိုလျှင် ကျွန်တော်ကားကိုပဲ ငှားကြသည်က များသည်။ ကျွန်တော်က စိတ်ရှည်စွာ နဲ့ အေးအေးဆေးဆေး အဆင်ပြေအောင် လိုက်ပို့ပေးသောကြောင့်လား ၊ ကား ခ ကို အသင့်တင့်သာ ယူသောကြောင်း လား ၊ ပုဂ္ပိုလ်ရေး အရ ခင်မင်နေရ်ျ လား ဟူသည် ကိုတော့ ကျွန်တော် မပြောတတ်ပေ။ သေချာသည်ကတော့ ယခု လာပြောသော ကိစ္စကို ကျွန်တော် ရှောင်လွှဲရ်ျ ရမည် မဟုတ်ချေ။
အခန်း ( ၃ )
နေရဲ့ အလင်း နဲ့ အပူရှိန် တို့သည် ဦးခေါင်းပေါ်တည့်တည့်သို့ တဖြည်းဖြည်း ခြင်း ရောက်ရှိလို့ လာခဲ့လေသည်။ ကျွန်တော် ရဲ့ ကားသည်လည်း တွံတေးမြို့ ဘက်သို့ အရှိန်ကောင်း စွာဖြင့် ခရီးနှင်လျက် ရှိနေပေသည်။ ကားပေါ် ပါ ခရီးသည်တွေကတော့ အနည်းငယ်မျှ ခရီးပန်းခြင်း အလျင်း မပြု ကြချေ ။ သူတို့ရဲ့ ထဲက သောကမီး နဲ့ လောင်ကျွမ်းနေတဲ့ စိတ် ဇော ကို ဒီလိုအချိန်မှာ ဘယ်အရာကမှ တားဆီးနိုင်လိမ့်မည်လည်း မဟုတ်ချေ။
ကျွန်တော် ကားကို အချိန်အတော်လေး မောင်းခဲ့ပြီးနောက် ဗိုက်ဆာလာသလို ရှိသဖြင့် မနက်စာ တစ်ခုခု သုံးဆောင်ရန် ဆုံးဖြတ်ကာ ပတ်ဝန်းကျင်ကို အကဲခတ်ကာ ဆက်မောင်း လာခဲ့လေသည်။ သိပ်မကြာ မီ အချိန်တွင် လူစည်ကား ရွာတစ်ရွာ သို့ ရောက်ရှိ ကြလေသည်။ ထို ရွာ နေရာလေးတွင် လှေဆိပ်လည်း ရှိသည် ကို တွေ့ရပြီး လူသွားလူလာလည်း အတော်အတန် ရှိသဖြင့် လက်ဖက်ရည် ဆိုင်လို ဆိုင်မျိုးလေးတွေလည်း ရှိကြလေ သည်။ ထို့ကြောင့် ကျွန်တော် ခရီးတစ်ထောက် အနားပေးရန် ဆုံးဖြတ်ပြီး လက်ဖက်ရည် သောက် ဆင်းရန် ပြော လိုက်လေသည်။ ကားပေါ်ပါသူတို့သည်လည်း မနက်စောစော ကတည်းက ထွက်လာကြသည်မို့ ဗိုက်ဆာနေကြဟန် တူ သည်။ ကျွန်တော် ကားရပ်လိုက်သည်နှင့် အားလုံး ကားထဲမှ ဆင်းကာ လက်ဖက်ရည် ဆိုင်ကလေးသို့ ၀င်လိုက်ကြ လေ သည်။
ထိုသို့ လက်ဖက်ရည် ဆင်းသောက်ကြရင်း ကျွန်တော် က သွားရမည့် ခရီးစဉ်အတွက် ကာလံဒေသံ ကို စုံစမ်း ကြည့်လိုက်မိသည်။
" အမကြီး ... တောကြီးတန်း က လိုသေးလားမသိ ။ "
" အော် .... ရဲဘက်စခန်းကို သွားကြမှာနဲ့ တူတယ်။
တွံတေးမြို့ ရောက်ရင် မြို့ထဲကို မ၀င်ပဲနဲ့ တည့်တည့်
ဆက်မောင်းသွားလိုက်။ လမ်းရဲ့ ဘေးမှာ ရွာ ဆိုင်းဘုတ်
တွေ ရှိတယ်။ ဘုရားကြီး ရွာ ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရင်
အဲ့ဒီ လမ်းအတိုင်း မောင်း ၀င် သွားလိုက်။ ရွာကိုကျော်ရင်
ရဲ ဘက်စခန်းကို ရောက်ပြီ။ လမ်းထိပ်မှာ ဆိုင်ကယ် ကယ်ရီ ဂိတ်
လည်း ရှိတယ်။ အဲ့မှာ မေးကြည့်လည်း ရတယ်။ ဂေါ်ဖီခြံ လို့ မေးလိုက်။
သူတို့ ပြောပြလိမ့်မယ်။ သူတို့က ဂေါ်ဖီခြံလို့ ခေါ်တာ။ "
" ဟုတ်ကဲ့ပါ အမကြီး ။ ကျေးဇူးပါဗျာ။ "
ကျွန်တော် လက်ဖက်ရည် ဆိုင်မှ အမကြီး ကို ကျေးဇူးတင်စကားပြောဆိုပြီးနောက် ခရီးဆက်ရန် ကားပေါ်ပါသူတို့အား မျက်ရိပ် ပြ လိုက်လေသည်။ အားလုံး အဆင်သင့် ဖြစ်ပြီးနောက် ကျွန်တော် ကားကို စက်နှိုးကာ ခရီးစဉ်ကို ဆက်မောင်းလာခဲ့လိုက်လေသည်။
ကျွန်တော် ကားကို အချိန်အတိုင်းတာ တစ်ခုအထိ မောင်းလာခဲ့လိုက်လေရာ နောက်ဆုံးတွင် ကား သည် တွံတေးမြို့ ကို ကျော်လွန်ကာ တွံတေးမြို့ နှင့် ကော့မှူးးမြို့ ကြား နေရာသို့ ရောက်ရှိလာခဲ့လေသည်။ ထို နေရာသည် ဘုရားကြီး ရွာ ဟု ခေါ်တွင်သော နေရာလည်း ဖြစ်လေသည်။ ရွာ အ၀င်လမ်းထိပ်တွင်တော့ အနည်း ငယ် စည်ကားသရောင် ရှိနေပြီး ဆိုင်ကယ်ကယ်ရီ ဂိတ် တစ်ခုကိုလည်းတွေ့မြင် ရလေသည်။ ကျွန်တော် ထို ရွာ အ၀င် လမ်းရှိ ဆိုင်ကယ် ကယ်ရီ ဂိတ်တွင် ကားကို ခဏရပ်ကာ .......
" အကိုလေးရေ ... တစ်ဆိတ်လောက်ဗျာ။ "
" ဂေါ်ဖီခြံကို ဒီလမ်းက ၀င်ရတာလားမသိဘူး။ "
" ဟာ ... ဟုတ်တယ်ဗျာ။ ဒီလမ်းတည့်တည့်ပဲ။ "
" လမ်းအဆုံးထိသာ ၀င်သွားလိုက်ဗျာ။ လမ်းဆုံးရင် ရောက်ပြီ။ "
" ဟုတ်...ဟုတ်... ကျေးဇူး ဗျာ။ ကျေးဇူး ။ "
ကျွန်တော် ထို ဆိုင်ကယ်ကယ်ရီ သမား ဖြစ်ဟန်ရှိသူကို နှုတ်ဆက်ကာ ရွာ အ၀င်လမ်းဟု ဆို ထားသော လမ်းထဲသို့ ကားကို ဆက်မောင်းလာလိုက်လေသည်။ လမ်းသည် မြေသားလမ်းဖြစ်ပြီး ဖုန် တထောင်း ထောင်း ထလို့ နေပေသည်။ ပုံမှန်ဆို ဒီလမ်းသည် မိုးအခါတွင် ကားလမ်း အဖြစ် အသုံးပြုရ်ျ ရရှိ နိုင်မည် မထင်မိချေ။ လမ်းသည် တစ်ချို့ နေရာတွင် ပြေပြစ်ညီညာနေသော်လည်း တချို့ နေရာတို့တွင် ကမုကထစ် များ ၊ ကုန်း အတက်ဆင်းများ ရှိလေသည်။ ထို့အပြင် တချို့ နေရာတို့တွင် လမ်းသည် ကျဉ်းသွားတတ်ပြီး ကားတစ်စီး သွားစာမျှသာ ရှိလေသည်။
" အမကြီးတို့ ... ကားမှန်တွေ တင်လိုက်ကြပါဗျာ။ "
" ဖုန် တွေ ၀င်လာလိမ့်မယ်။ "
ထိုသို့ဖြင့် ကျွန်တော် ကားကို ဖုန်းထူထူ မြေသားလမ်းအတိုင်း အိပဲ့ပဲ့ ဖြင့် မောင်း ၀င်လာခဲ့ရာ ဆယ့်ငါးမိနစ် ၊ မိနစ်နှစ်ဆယ်စာမျှ မောင်းလာလေသော် ဘုရားကြီး ရွာ ဟု ဆိုသော နေရာကို ကျော် လွန်ပြီး တော တွင်းမြေသားလမ်းအတိုင်း ခရီးဆက်ခဲ့လေသည်။ ထိုနေရာ လမ်းပိုင်းသည် လမ်းသိပ်မဆိုးတော့ပဲ အနည်း ငယ်ညီ ညာပြန့်ဖြူး နေပေသည်။ လမ်းကို အသုံးပြုမှု နည်းပါးသည့် သဘောလည်း ဖြစ်လေသည်။ သို့သော် ဖုန် ထူ သည် ကတော့ လျော့ မသွားခဲ့ပေ။
ကျွန်တော် ကားကို နောက်ထပ် ဆယ်ငါးမိနစ်စာမျှ ဆက်မောင်းလိုက်လေသော် အရှေ့ မှာ လူ တစ်စု အလုပ်လုပ်နေသော မြင်ကွင်း တစ်ခုကို မြင်တွေ့ရလေသည်။ သေချာ ကြည့်မိတော့ အပြာရောင် အကျီင်္ ၊ လုံချည်၊ ဘောင်းဘီ ရှည် များကို ၀တ်ဆင်ထားကြပြီး သစ်ခုတ် နေကြခြင်း ဖြစ်လေသည်။ ထိုသူတို့သည် အကျဉ်းစခန်း မှ အကျဉ်းသားများလည်း ဖြစ်လေသည်။ သူတို့ဧ။် မလှမ်းမကမ်း တွင် တော့ ယူနီဖောင်း ကျ နစွဝတ်ဆင်ထား ပြီး သေနတ်များ ကိုင်ဆောင်ထားသော အကျဉ်းဦးစီးမှ ၀န်ထမ်းများကိုလည်း တွေ့မြင်ရလေသည်။ ထို မြင်ကွင်းမှ ထူး ခြားမှုတစ်ခုကို သတိပြုမိလိုက်တာကတော့ အကျဉ်းသား အားလုံးကို လက်ထိပ်များ ခတ်မထားသော်လည်း တစ်ချို့ တစ်ဝက် ကိုတော့ ခြေကျင်းများ ခတ်ထားလေသည်။
ကျွန်တော် ကားကို မောင်းလာရာ ထို သစ်ခုတ်နေသော လူအုပ်နား ရောက်လေသော် အကျဉ်း ဦးစီး မှ ၀န်ထမ်းတစ်ယောက်အား ....
" အကိုလေး .... စခန်းက ဒီလမ်းအတိုင်းပဲလားဗျ။ "
" အာ .. ဟုတ်ပါတယ်။ တည့်တည့်ပဲ ။ "
အကျဉ်းဦးစီး မှ ၀န်ထမ်းက ကျွန်တော့်ကို ကောင်းမွန်စွာ အဖြေပြန်ပေးပြီး ကျွန်တော်က လည်း အပြုံးနဲ့ နှုတ်ဆက်ခဲ့ကာ ကားကို ဆက်မောင်းလာခဲ့လေသည်။ ကျွန်တော် ကားကို နောက် ငါး မိနစ်စာမျှ ထပ်မောင်း လိုက်လေသော် အတော်လေး ကျယ် သော လမ်းဆုံတစ်ခု ကို ရောက်လာလေတော့သည်။ ကျွန်တော် လမ်း ကို သေချာ ကြည့်လိုက်တော့ နှစ်ဘက် စလုံးက မြေသားလမ်း အကျယ်များဖြစ်နေလေသည်။ အစောက အကျဉ်းဦးစီး က ၀န်ထမ်းက တည့်တည့်လို့ ဆိုလိုက် သော်လည်း အခု လမ်းဆုံ နေရာ ဖြစ်လို့နေလေသည်။ ထို့ကြောင့် ကျွန်တော် ကားကို ခဏ ရပ်လိုက်ကာ ပတ်ဝန်းကျင်ကို တစ်ချက် အကဲဆတ်လိုက်လေသည်။ ကားပေါ်မှ ခရီးသည်များကလည်း ပတ်ဝန်းကျင်ကို စူးစမ်း လျက် ရှိနေကြ သည်။ တောတွင်းလမ်း ဖြစ်နေသဖြင့် ပတ်ဝန်းကျင်တွင် မေးမြန်းစရာ လူ တစ် ဦး တစ်ယောက် လေမျှ လည်း မရှိပေ။ ထို အချိန် မတင်မြ က ......
" မောင်လေး .... နင် တစ်ယောက်ယောက်ကို မေးကြည့်ပါလား။ "
" အမ် .... အမကြီး မနောက်နဲ့လေ။ လူတစ်ယောက်မှ မရှိတာ။ "
" ကျွန်တော် ဘယ်သူကို မေးရမှာတုန်း ။ "
" အော် ... အေး အေး ဟုတ်သားပဲ ။
ငါ လောသွားလို့ "
ကျွန်တော် ပတ်ဝန်းကျင်ကို သေချာစွာ ထပ်ပြီး စူးစမ်းကြည့်လိုက်သည်။ ထို့နောက် လမ်း တစ်ခုကို ရွေးချယ်လိုက်ကာ ကားကို ဆက်မောင်းလိုက်လေသည်။ ထို အခါ မတင်မြ က .....
" မောင်လေး ... လမ်းမှားဦးမယ်နော်။ "
" အချိန်က နောက်ကျ နေပြီ။ "
မတင်မြ က စိုးရိမ်စိတ်နဲ့ ကျွန်တော့်ကို သတိပေးစကား လှမ်းပြေလေသည်။
" စိတ်ချ အမကြီး ၊ မမှားဘူး။ လုံးဝ ကို မမှားဘူး။ "
" ဒီလမ်းသေချာတယ်။ "
" ဟဲ့ ... နင်ကလည်း .. ဘယ်သူမှလည်း မမေးပဲနဲ့ ။ "
" ဘယ်လို သေချာ တာတုန်း။ "
ကျွန်တော် မတင်မြ ဆီမှ ထို စကားကြားတော့ တစ်ချက် ပြုံး မိလိုက်သည်။ ဘာကြောင့် လဲ ဆိုတော့ ကျွန်တော် ဘယ်လို ဆုံးဖြတ်လိုက်သလဲ ဆိုတာ ကျွန်တော် သာလျှင် အသိဆုံးဖြစ်သောကြောင့် ပင်။ သို့ပေမယ့် သူတို့ကို ရှင်းပြဖို့တော့ လိုလိမ့်မည် ထင်သည်။ ဒါမှ နားငြီးသက်သာ နိုင်မည်။ ထို့ကြောင့် ......
" အမကြီး ..... ကားလမ်းရဲ့ ညာဘက်ခြမ်းကို ကြည့်လိုက်ပါဦး။ "
" မီး ကြိုး တိုင်တွေ တွေ့တယ် မဟုတ်လား။ "
" အေး တွေ့တယ်။ အဲ့ဒါ ဘာဖြစ်တုန်းဟဲ့ ။ "
" အာ ... အမကြီး ကလည်း ။ ဒီ မီးကြိုးတိုင်တွေက "
" စခန်းကို သွယ်ထားတာ မဟုတ်ပဲ နေပါ့မလားဗျ။ "
" တော ထဲကို ဘယ်သူက မီးကြိုးတိုင်တွေ သွယ်ထားမှာတုန်းဗျ။ "
" အေး ... ဟုတ်သားပဲ ဟ ။ နင်က ဖြတ်ထိုး ဥာဏ်တော့ ကောင်းသားပဲ ။ "
ကျွန်တော် မတင်မြ ကို ဘာမှ ဆက်မပြောတော့ပဲ ပြုံးရုံသာပြုံး ပြလိုက်ပြီး ကားကို ဆက် မောင်းလာခဲ့လေသည်။ နောက်ထပ် ဆယ်မိနစ် ၊ ဆယ့်ငါးမိနစ် စာမျှ မောင်း လိုက်လေသော် အကျဉ်းစခန်း ရဲ့ အ၀င် မုဒ် တံခါး ၀ကို မြင်ရလေသည်။ ထို အချိန်ကျမှ ကျွန်တော် အပါအ၀င် ကားပေါ်ပါသူ အားလုံး သက်ပြင်း ချ နိုင် ကြလေသည်။
အခန်း ( ၄ )
ဂေါ်ဖီခြံ ဆိုသော နေရာသည် အကျဉ်းစခန်း တစ်ခုဖြစ်လေသည်။ အကျဉ်းစခန်း ဆိုသော ထို နေရာမျိုးမှာ မည်သူမျှ နေချင်လှမည် မဟုတ်ပေ။ ထို့ အတူ ထိုနေရာသို့ ရောက်ရှိနေကြသူများဆီကို အလည်ပတ် သွားသောသူများအားလုံးသည်လည်း သွားရောက်လည်ပတ်ချင်ကြမည် မဟုတ်ကြချေ။ သို့သော် ထိုနေရာမှာ နေပြီး ထိုနေရာသို့ သွားရောက်လည်ပတ် နေကြရသူများ ရှိကြလေသည်။ ထိုသူများအားလုံးသည် အကြောင်းရာ မျိုးစုံတို့ ဖြင့် ရောက် ရှိလာကြခြင်း ဖြစ်သည်။ ထို အကြောင်းရာမျိုးစုံတို့သည် လောဘ ၊ ဒေါသ ၊ မောဟ ဆိုသော အကြောင်း တရား များကို အခြေခံခဲ့ကြခြင်း ဖြစ်လေသည်။
အချိန်သည် နွေ ၊ မိုး ၊ ဆောင်း ဟူသော ရာသီဥတုတို့ကို ရစ်သိုင်းနှောင်ဖွဲ့လျ က် လူတွေရဲ့ အသက်တွေကို ငယ်ရာမှ ကြီးစေခဲ့လေ သည်။ တရွေ့ရွေ့ တဖြုတ်ဖြုတ် ကုန်လွန်သွားသော ထို အချိန် ယန္တရား ထဲတွင် သစ်ပင်တွေက ရွက်ဟောင်းတွေ ကြွေပြီး ရွက်သစ်ဝေကြလေသည်။ ကလေး ငယ်တွေ ကြီးပြင်းလာကြသည်။ ကောင်း ကင်ပေါ်မှ တိမ်တိုက်များက မိုး တွေကို ရွာသွန်း ခဲ့ကြသည်။ အချိန်တန်သူများ သေဆုံးသွားကြရသည်။ ထိုသို့ ဖြင့် လောကကြီးသည် ပြောင်းလဲမှုပေါင်းများစွာဖြင့် လှပစွာ လည်ပတ်လျက် ရှိနေပေသည်။ ထိုကဲ့သို့ ပြောင်းလဲခြင်း များစွာ ရှိနေခဲ့သလို မပြောင်းမလဲ ပကတိအတိုင်း တည်ရှိနေသော အကြောင်းရာများသည်လည်း ဒု နဲ့ ဒေး ရှိကြ ပြန် သေးသည်။ ထို အကြောင်းတရားများထဲတွင် ဒေါ်အေးမေ ဧ။် သားဖြစ်သူ အိမ်ပြန်လာချိန်ကို မျှော်လင့်နေသော မိခင်တစ်ယောက်ဧ။် စိတ်ထားသည်လည်း မပြောင်းမလဲပဲ ပကတိအတိုင်း တည်ရှိနေခဲ့သော အရာတစ်ခု ဖြစ်လေ သည်။
ဒေါ်အေးမေ တစ်ယောက် အိမ်ရှေ့ ၀ရန်တာ တွင် ထိုင်နေရင်း ကောင်းကင်ထက်မှ ရွာကျနေသော မိုးဖွဲ လေးများကို ငေးလို့ ကြည့်မိ နေလေသည်။ ကောင်းကင်ဆီမှ ကျလာသော မိုးစက်တို့ နဲ့ အတူ ဒေါ်အေးမေ ဧ။် အတွေး ပုံရိပ်တို့ သည်လည်း ဟိုးလွန်လေခဲ့သော အတိတ် ကာလ များဆီသို့ ရုတ်တရက် ခရီးနှင် ထွက်ခွာ ခဲ့လေသည်။
" သားလေး ... မင်း ဒီ အလုပ်ကို မလုပ်ပါနဲ့တော့လား "
" ဒီ အလုပ်က ပိုက်ဆံ ရပေမယ့် ဥပေဒေ နဲ့ လွတ်ကင်းတာ မဟုတ်ဘူး "
" မင်း ဒီထက် ကျော်ဇော လာရင် မင်း ပဲ ဒုက္ခ တွေ့မှာ "
" အာ ... အမေ ကလည်း ဗျာ "
" နိမိတ်မရှိလိုက်တာ ။ သားက ဒီအလုပ်ကို အမြဲ မလုပ်ပါဘူး အမေရ "
" လောလောဆယ် သား ငွေ စုနေတာ ။ လိုချင်တဲ့ ပမာဏ ရရင် သား ဒီအလုပ် မလုပ်တော့ပါဘူး အမေရ "
" ကဲ .. ခုတော့ သား ရပ်ကွက်ထဲ ပတ်လိုက် ဦးမယ်။ ထိုးသားတွေ မျှော်နေလောက်ပြီ "
" သားပြန်လာရင် အမေ့အတွက် အိုဗာတင်း ၀ယ်လာခဲ့မယ်။ "
" ဟဲ့ ... ထီး ယူသွားဦး ။ အပြင်မှာ မိုးဖွားတွေ ကျနေ တယ်။ "
" နေပါစေတော့ အမေ ။ ဦးထုပ်ပဲ ဆောင်းသွားလိုက်တော့မယ်။
သား ထမင်းစားချိန်လောက် ပြန်လာခဲ့ပါ့မယ်။ "
ပြောပြောဆိုဆို ဖြင့် အိမ်မှ ထွက်သွားသော သားဖြစ်သူ လှမင်း ရဲ့ ကျော ပြင် ကို ဒေါ်အေးမေ တစ်ယောက် ငေးကြည့်ကာ သက်ပြင်း တစ်ချက် ချ လိုက်မိလေသည်။
" ဒေါ်လေး သက်ပြင်းတွေ ချလို့ပါလား ။ ဘာတွေ စဉ်းစားနေတာလဲ "
အနောက်ဘက်မှ အသံ ထွက်ပေါ်လာသဖြင့် ဒေါ်အေးမေ တစ်ယောက် အတွေး တွေ ပြတ်တောက်သွားသည်။ နောက်ကို လှည့် ကြည့် လိုက်တော့ တူမ ဖြစ်သူကို တွေ့မြင်ရလေသည်။
" ဘာမှ မဟုတ်ပါဘူးအေ ။ ဟိုစဉ်းစား ဒီ စဉ်းစားပေါ့ "
" ဒါဆိုလည်း စဉ်းစားမနေနဲ့တော့ ။ ထမင်း စား ကြမယ်။
အိမ်ထဲ ၀င်တော့ ။ အပြင်မှာ လေအေးတွေ နဲ့ ကို ။ "
" အေးပါကွယ် ။ အေးပါ ။ လာပါပြီ ။ "
" အော် .. ဒါနဲ့ ... မနက်ဖြန်ဆို နင့် အကိုလေး ပြန်လာတော့မှာ
သူ့ အခန်း ရှင်းထား ပြီးပြီလား ။ "
" အားလုံး ပြီးစီးကြောင်းပါရှင် ။ ကဲ .. ခုတော့ ထမင်းစားပါတော့ ။ "
" အေးပါဆို ။ ထမင်းစားပြီးရင် ငါတို့ ကားသမား ကောင်လေးကို ဖုန်း ဆက်ပါဦး
မနက်ဖြန် နင့် အကိုလေးကို သွားကြို ကြ ဖို့ ။ "
" ဟုတ်ကဲ့ ပါ ဒေါ်လေး ။ "
ထိုသို့ဖြင့် ဒေါ်အေးမေ တို့ တူရီးနှစ်ယောက် စကားဖြတ်ကာ နေ့လည် ထမင်းစားရန် အိမ်ထဲသို့ ၀င်သွားကြလေသည်။ အိမ် အပြင်မှာ တော့ ကောင်းကင်မှ မိုးသားတို့က အုံ့ မှိုင်းနေပြီး မိုးရေစက်တို့က မြေပြင်ပေါ်သို့ တရွေ့ရွေ့ စီးဆင်းလို့နေလေသည်။ ထို မိုးရေ တို့နှင့် အတူ ပတ်ဝန်း ကျင်ရှိ သစ်ပင်မြက်ပင်တို့ သည်လည်း စိမ်းလန်း လို့ နေပေသည်။ ရာသီအလိုက် ပွင့်ဖူး ကုန်ကြသော ပန်းပွင့်တို့ သည်လည်း သူ့အလှနှင့်သူ အပြိုင်ဆိုင် ပွင့်လန်းလို့နေကြလေသည်။ သို့ပေမယ့် ထို အကြောင်းတရားများသည် သူတို့ရဲ့ သက်တမ်းတစ်ခု ကုန်ဆုံးချိန်တွင်တော့ အားလုံး အပြောင်းလဲ တစ်ခု အဖြစ် ပြန်လည် မြင်တွေ့ကြရဦးမည်သာ ဖြစ်လေသည်။ ထို့အတူ မကောင်မှု ဆိတ်ကွယ်ရာ မရှိဆိုသော စကားအတိုင်း ဥပဒေ ပ ဆောင်ရွက်မှုများအားလုံးသည် လည်း သက်တမ်းတစ်ခု ကုန်ဆုံးချိန် တွင် ဥပဒေဧ။် အပြစ်ပေးခြင်း ခံရမှု နဲ့အတူ အပြောင်းလဲ တစ်ခု ၊ အသစ် တစ်ခု အနေဖြင့် ပြန်လည် တွေ့မြင် ကြရဦးမည်သာ ဖြစ်လေသည်။
ရော့ခ်ကာ ( လင်းရောင်ခြည် )
10.5.2014
4:47 PM
No comments:
Post a Comment