Monday, July 8, 2013

မှားယွင်းတဲ့ နေ့စွဲများ။


ပြီးဆုံးသွားပြီ။
တကယ့်ကို ပြီးဆုံးသွားပြီ။
မျှော်လင့်ခဲ့တဲ့ နေ့တွေ
တွေးထားခဲ့တဲ့ အိပ်မက်တွေ
ခုတော့ မုန်တိုင်းတစ်ခုရဲ့ ရိုက်ခတ်မှုနဲ့အတူ
အားလုံး ပျယ်လွင့် ပျောက်ကွယ်ခဲ့ပြီ။


တကယ်ဆို သေချာတွေးထားခဲ့တာ။
သေချာ ရည်ရွယ်ခဲ့တာ
အသေချာ ကြိုးစားခဲ့တာ။
ဒါပေမယ့်
ကံကြမ္မာ ပဲ မျက်နှာသာ မပေးတာလား
လူတွေက ပဲ လိမ်နေခဲ့တာလား။

ငါ ဝေဖန်ကြည့်တယ်။
ပိုင်းခြား ကြည့်တယ်။
စေ့စပ်ကြည့်တယ်။
ဘယ်လိုတွေးတွေး ဘာတွေ လုပ်လုပ်
ဘယ်လိုမှ နားမလည် နိုင်ခဲ့။

တကယ်ဆို ငါ မမှားပဲနဲ့ တောင်းပန်ခဲ့တာ။
ငါ ရဲ့ သိက္ခာ ၊ ငါ ရဲ့ မာနတွေကို ချိုးနှိပ်ခဲ့တာ။
ဒါပေမယ့် ....
ပြန်ရခဲ့ပါတယ်။
လေးစားလောက်စရာ
ဟာသဆန်တဲ့ လှည့်ကွက်တွေ ။

ခုတော့ ......
ငါ ဘာမှ မပြောတော့ဘူး။
မပြောလိုတော့ဘူး။
ပြောစရာလည်း မရှိတော့ဘူး။

နာတယ်။
အချိန်တွေ နာတယ်။
အရင်းမြစ်တွေ နာတယ်။
ပေးဆပ်မှုတွေ နာတယ်။
ရင်နာတယ်။
စိတ်နာတယ်။


တကယ်တော့ 
ဒါတွေဟာ 
 မှားယွင်းခဲ့တဲ့ နေ့စွဲတွေပါ။


ရောခ့်ကာ

No comments:

Post a Comment