Sunday, July 14, 2013

.......... ပန်းစည်း ...........



 
ပန်းစည်း......
ချစ်ခြင်းတွေကို အစပြုခဲ့ကြတယ်။
ကြည်နူးခြင်းတွေ ပေးခဲ့ကြတယ်။
ယုံကြည်မှု တွေ တည်ဆောက်ခဲ့ကြတယ်။
အိပ်မက်တွေကို အကောင်ထည် ဖော်ခဲ့ကြတယ်။

ပန်းစည်း.......
သာယာတဲ့ နေ့တွေကို ဖြစ်ပေါ်စေခဲ့တယ်။
ဘ၀ တိုက်ပွဲ တွေကို ရင်ဆိုင်ခဲ့ကြတယ်။
ကတိစကားတွေကို ထားရှိခဲ့ကြတယ်။
အခက်ခဲတွေကို ကျော်လွှား ခဲ့ကြတယ်။

ပန်းစည်း .........
ရနံ့တွေ မွှေးပြန့် ခဲ့ပေမယ့်
လန်းဆန်းမှုတွေ ရရှိခဲ့ပေမယ့်
ပူပြင်းတဲ့ နေရောင်ခြည်တွေ ကျလာတော့
အလှပတွေ မှေးမှိန် လာတယ်။

ပန်းစည်း .........
အချိန်တစ်ခု ရောက်လာခဲ့တော့
သဘာဝ ကို မလွန်ဆန်နိုင်ပဲ
ရင့်ရော် ညှိုးနွမ်း သွားတယ်။
ဖဲ ကြိုးပြား လည်း စွန်းထင်း ညစ်ပေ ခဲ့တယ်။

ပန်းစည်း ........
ဘယ်လိုပဲ ချစ်ခြင်းတွေကို အစပြုပြု
ဘယ်လိုပဲ ယုံကြည်မှုတွေ ထားရှိရှိ
ဘယ်လိုပဲ ကြည်နူးခဲ့ကြ စေအုံးတော့
နောက်ဆုံးတော့ ...........

ပန်းစည်း ..........
ပန်းတို့ရဲ့ မာယာ အတိုင်း
ပန်းတို့ ရဲ့ ဓလေ့ ရိုးရာအတိုင်း
ပန်းတို့ရဲ့ အချိန်အခါ အတိုင်း
နောက်ဆုံးတော့ စွန့်ခွာ ခဲ့တယ်။

ပန်းစည်း .........
ပန်းစည်း နဲ့ အစပြုခဲ့တဲ့ အချစ်
ပန်းစည်း နဲ့ အဆုံးသတ်ခဲ့ တဲ့ အချိန်
ဇာတ်လမ်း တစ်ပုဒ် အဆုံးသတ်ခဲ့ပေမယ့်
ပန်းစည်း ကို နှစ်သက် တန်ဖိုး ထားခဲ့သူတစ်ယောက်ရဲ့ ရင်မှာတော့ ...........

နှလုံးသား တစ်ခု ဟာ
ချစ်ခြင်းတွေနဲ့ အတူ
ပန်းစည်း တစ်ခုလိုပဲ
ကြွေလွင့်ခြင်း ဆီသို့သာ .............

ရောခ့်ကာ
15.7.2013



No comments:

Post a Comment