Sunday, July 28, 2013

မဟာ အလက်ဇန္ဒား



Alexander the Great သည် ခမည်းတော် မက်ဆီဒိုးနီးယား ဘုရင် ဖီလစ် နှင့်  မယ်တော် အိုလံပီယာ မှ ဖွားမြင် သည်။ ငယ်စဉ်ကပင် ထက်မြက်သည့် အလျောက် အသက် ( 13 ) နှစ်တွင် ဆရာဖြစ်သူ အရစ္စတိုတယ် ဧ။် သွန်သင် ပြသမှုများကို ခံယူပြီး
အသက် ( 20 ) တွင် ဖခင် ဖိလစ် လုပ်ကြံခံရသဖြင့် ဂရိတို့ ဧ။် ဘုရင် ဖြစ်လာခဲ့သည်။ နန်းတက်စတွင် လက်အောက်ခံများက မက်ဆီဒိုးနီးယား ဧ။် အုပ်ချုပ် မှု အောက်မှ လွတ်မြောက်ရန် ပုန်ကန်ကြလေသည်။ သို့သော် ငယ်ရွယ်သည့် အလက်ဇန္ဒား သည် အဆိုပါတွန်းလှန် မှုများကို ရက်စက်စွာ နှိမ်နင်းခြင်းဖြင့် ငြိမ်ဝပ်စေခဲ့လေသည်။

ဘီစီ ( 334 ) မှ စကာ အလက်ဇန္ဒားသည် နယ်ပယ်ချဲ့ထွင်မှုကို စတင်ခဲ့လေသည်။ ရှေးဦးစွာ တပ်အနည်းငယ်ကိုသာ ဂ၇ိတွင် အစောင့် အနေဖြင့် ချထားခဲ့ပြီး စစ်သည် သုံးသောင်းငါးထောင် ဖြင့် ပါရှန်း အင်ပါယာကို ထိုးစစ်ဆင်လေသည်။ ထိုစဉ်က အာရှ မှ နှစ် ( 200 ) သက်တမ်းရှိ ပါရှန်း အင်ပါယာမှာ ဂ၇ိနယ်မြေနှင့် နှိုင်းယှဉ်လျှင် အလွန့် အလွန်မှ ကြီးကျယ် လှသဖြင့် ငယ်ရွယ်သည့် အလက်ဇန္ဒား ဧ။် အင်အားမှာ ပြက်ရယ် ပြုဖွယ် ဖြစ်နေခဲ့လေသည်။

သို့သော် အမှန်တကယ် တိုက်ခိုက်သည့် အခါ ပါရှန်းတို့ သိလာသည်မှာ ဖိလစ်ဘုရင်က သားဖြစ်သူ အား အမွေပေးခဲ့သော ဂရိ-မက်စီဒုံး တပ်ပေါင်းစုဧ။် စစ်ရေးစွမ်းရည်မှာ အနယ်နယ်အရပ်ရပ်မှ စုစည်းထားသည့် ပါရှန်း အင်ပါယာဧ။် တပ်များထက် သာလွန်နေလေသည်။ သို့ဖြင့် ပါရှန်း အင်ပါယာဧ။် အနောက်ဘက် စာမျက်နှာ ဖြစ်သော ယနေ့အခေါ် ဆီးရီးယား ၊ လက်ဘနွန် ၊ အစ္စရေး ၊ ပါလက်စတိုင်း ၊ ဂါဇာ ၊ အီဂျစ် တို့မှာ အချိန်တိုအတွင်း အလက်ဇန္ဒား ဧ။် လက်အတွင်းသို့ ကျ ရောက် ပြီးနောက် အီဂျစ်မှ ရဟန်းများက သူ့အား ဖာရို ဘွဲ့ဖြင့် ပူဇော်ကာ နတ်ဘုရား တပါးအဖြစ် သတ်မှတ် ကြေငြာပေးလေသည်။ ထိုစစ်ပွဲ အတွင်း ခက်ခဲသည့် တိုက်ပွဲဟူရ်ျ ဖီနီစီယမ် ကျွန်းမှ တိုင်ရာ မြို့ ခံတပ်ကို ( 7 ) လ ကြာ တိုက်ရသည်သာ ရှိခဲ့လေသည်။ 

ထိုစဉ်က ပါရှန်းဧကရာဇ် ဒရိုင်းယပ်စ် - 3 က ပါရှန်းနယ် တစ်ဝက်ပေးကာ စစ်ပြေငြိမ်းရန် ကမ်းလှမ်း သော်လည်း လက်မခံခဲ့ပေ။ ထိုအကြောင်းရာနဲ့ ပတ်သက်ပြီး စစ်သူကြီး ပါမီနီယို က ငါသာ အလက်ဇန္ဒား ဖြစ်ရင် ဒီ ကမ်းလှမ်းချက်ကို လက်ခံမိမယ် ဟု ဆိုစကားကို အလက်ဇန္ဒား ကလည်း ငါသာ ပါမီနီယို ဆိုရင်လည်း  ဒီ ကမ်းလှမ်းချက်ကို လက်ခံတာပေါ့ ဟု ပြန်လည် ချေပခဲ့သည်။ ထို စကားရပ်သည် သမိုင်းတွင် တွင်ကျန်ရစ်ခဲ့သည် စကားရပ်လည်း ဖြစ်လာခဲ့လေသည်။

ဘီစီ ( 331 ) တွင် အီဂျစ်မှ အာရှ ဘက်သို့ ပြန်လှည့်ပြီး ဂေါဂါမီလာ တိုက်ပွဲတွင် မိမိထက် အင်အားများ စွာသာလွန်သည့် ပါရှန်း တပ်မကြီးကို အပြတ် အသတ် အနိုင်ရသဖြင့် ဘေဘီလုံ သို့ ဆက်လက် ချီတက်ခဲ့လေသည်။ ထို့နောက် ပါရှန်း မြို့တော်များဖြစ်သည့် စုစု နှင့် ပါဆီပိုလစ် မြို့တို့ ဆီ ဆက်လက်ချီတက်ခဲ့လေသည်။ ထိုအချိန်တွင် ပါရှန်း ဧကရာဇ် ဒရိုင်ယပ်စ် - 3 က လက်နက်ချ ရန် ကြံရာ သူဧ။် နောက်လိုက်များက သတ်ဖြတ်လိုက်သည့်အတွက် ပါရှန်းတို့ အင်အားမှာ ပြိုကွဲ ခြင်းသို့ ရောက်လေသည်။ ထို့နောက် ဘီစီ ( 330 ) မှ သုံးနှစ်အတွင်း ပါရှန် လက်ကျန်တပ်များကို ဆက်လက် နှိမ်နင်းပြီး ပါရှန်း အရှေ့ဘက်အခြမ်းကို သိမ်းယူခဲ့လေသည်။

အလက်ဇန္ဒားသည် ပါရှားတွင် တစ်နှစ်နီးပါးမျှ အခြေချကာ တည်ငြိမ်ရေးကို ဆောင်ရွက်ခဲ့ပြီး အိန္ဒိယ မြောက်ပိုင်းသို့ ချီတက် သိမ်းသွင်းပြန်သည်။ သို့သော် ဆိုးရွားလှသည့် အိန္ဒိယ တောတောင် နှင့် ရာသီဥတု ဒဏ်ကြောင့် လည်းကောင်း ၊ မိမိတပ်သားများဧ။် အိမ်ပြန်ရန် ဆန္ဒ ပြင်းပြ သည်က တစ်ကြောင်း တို့ ကြောင့်ဂရိသို့ လှည့်ပြန်ခဲ့လေသည်။ 

ထို့နောက် ဘီစီ ( 323 ) ရောက်မှ နောက်တစ်ကြိမ် အိန္ဒယသို့ စစ်ချီရန် ပြင်ဆင်နေစဉ် ဘေဘီလုံ မြို့ တော်တွင် ရုတ်တရက် အပြင်းဖျားနာကာ ( 10 ) ရက်အကြာ အသက် ( 33 ) နှစ်အရွယ်တွင် စစ်ဘုရင် အလက်ဇန္ဒားသည် ကွယ်လွန်ခဲ့လေသည်။ ၄င်း ကွယ်လွန်သည်နှင့် တပြိုင်နက် ၄င်းဧ။် အင်ပါယာ မှာလည်း ပြိုကွဲသွားလေသည်။ အကြောင်းမှာ သူ့နောက်တွင် မည်သူက နန်းဆက်ခံရန် အမိန့် မှာတမ်း မထားရှိခဲ့သည့် အတွက် ၄င်းဧ။် ပိုင်နက်များကို စစ်သူကြီးများက အပိုင်းပိုင်းခွဲကာ အာဏာ လု ကြသောကြောင့် ဖြစ်လေသည်။ ထို နယ်မြေ အာဏာ လုပွဲတွင် အလက်ဇန္ဒားဧ။် မိခင် ၊ မိဖုရား များ နှင့် သားသမီးများမှာ ဓါးစာခံ အသတ် ခံခဲ့ကြရလေသည်။

မဟာအလက်ဇန္ဒားသည် အသက် ( 20 ) တွင် နန်းတက်ခဲ့ပြီး အသက် ( 33 ) နှစ် အရွယ် ကွယ်လွန် ချိန် ရောက်သည့် တိုင်အောင် တိုက်ခဲ့သမျှ စစ်ပွဲ များအားလုံးတွင် တစ်ခါမျှ မရှုံးခဲ့ ဖူးချေ။ သူဧ။် စစ် တပ်မှာ လွန်စွာမှ စွမ်းရည် ပြည့်ဝပြီး တိုက်ရည်ခိုက်ရည် ကောင်းမွန်ခဲ့သည်။ စစ်တိုက်သည့်အခါ ခြေလျင် တပ်များက လှံ ရှည်များကို အားပြုကာ စနစ်တကျ တိုက်ခိုက်တက်ပြီး နောက်မှ မြင်းတပ် ကလည်း သေနင်္ဂဗျူဟာကို ကောင်းစွာ ပုံဖော်နိုင်လေသည်။ ထို့အပြင် အလက်ဇန္ဒား သည် အလွန် ရဲရင့်သည့် ပင်ကိုယ်စိတ်ရှိပြီး အနိုင်တိုက်ရန် စိတ်ဆုံးဖြတ်ပြီးသည် နှင့် တပြိုင်နက် မိမိကိုယ်တိုင် မြင်း တပ်ကို ဦးဆောင်ကာ ရှေ့ဆုံးမှ တိုက်ပွဲ ၀င်လေ့ရှိသည်။ ထို့ကြောင့် သေဘေးနှင့် မကြာခဏ ရင်ဆိုင်ရလေ့ ရှိသော်လည်း တိုက်ပွဲတိုင်းကို ဦးဆောင်မြဲ ဖြစ်လေသည်။

ထို့အပြင် အလက်ဇန္ဒားသည် တိုက်ပွဲကာလ မဟုတ်လျှင် ရန်သူပင် ဖြစ်လင့်ကစား တစ်ပါးသူ အပေါ် ကြင်နာစွာ ၊ လေးစားစွာ ဆက်ဆံလေသည်။ ထို့ကြောင့် ရန်သူများကပင် အလွန် ဆက်ဆံရေး ပြေပြစ်သူအဖြစ် ချီးမွမ်းခြင်း ခံရလေသည်။ ၄င်းအပြင် အလက်ဇန္ဒားသည် မိမိထက် အင်အား အဆမတန် များပြားသော ပါရှန်းတို့ကို အောင်နိုင်ခြင်းက သူဧ။် စစ်ရေးဗျူဟာ ကျွမ်းကျင် ထက်မြက် ပုံကိုလည်း ထင်ရှားစေခဲ့လေသည်။ 

ထိုအချိန်က သူဧ။် ကျေးဇူးဖြင့် ဂ၇ိတို့ မမြင်ဖူးခဲ့သော အရှေ့တိုင်း ယဉ်ကျေးမှုကို သိရှိနားလည် ခဲ့ကြ ပြီး ယဉ်ကျေးမှုခြင်း ဖလှယ် နိုင်ခဲ့ကြသဖြင့် များစွာ အကျိုး ဖြစ်ထွန်းမှုကို ရရှိခဲ့လေသည်။ ထို ဆက်ဆံရေးကြောင့် ၄င်းကွယ်လွန်ပြီး နောင် နှစ်ပေါင်း ရာချီ အတွင်း ဟယ်လင်းနစ် ယဉ်ကျေးမှု  ပေါ်ထွန်းလာကာ ဂ၇ိတို့ တိုးတက်ခဲ့လေသည်။ ထို ဟယ်လင်းနစ် ယဉ်ကျေးမှုမှာ ဂ၇ိမှ ရောမ သို့ ဆက်လက် စီးဆင်းလာပြီး နောင် ဥရောပ တစ်ဝန်း ပျံ့နှံ့ခဲ့သဖြင့် အလက်ဇန္ဒားသည် ဥရောပ ကို လည်း ကွယ်လွန်ပြီးသည့် အထိ လွှမ်းမိုး ခဲ့လေသည်။ 

အလက်ဇန္ဒားသည် နောက်အခါတွင် ပေါ်ပေါက်လာခဲ့သော စစ်ဘုရင် ၊ စစ်ခေါင်းဆောင်များဧ။် စိတ်ပိုင်းဆိုင်ရာများကိုလည်း သြဇာလွှမ်းမိုးနိုင်တွင် သမိုင်းတွင် အချိန်တိုအတွင်း အကျယ်ဆုံးနယ်ပယ်ကို သိမ်းယူနိုင်ခဲ့သည့် တစ်ဦးတည်းသော စစ်ဘုရင် အဖြစ် မှတ်တမ်းဝင်ခဲ့လေသည်။


ရောခ့်ကာ

စားကိုး ..... ၀ိကီပီဒီးယား 


No comments:

Post a Comment