Saturday, August 3, 2013

ဆာမူရိုင်း ( 2 )



ဆင်းရဲမွဲတေမှု မြင့်မားလာပြီး ခိုးမှု ဓါးပြမှု များထူပြောလာသည့်အခါ ဂိုဏ်းများသည် ကန်တိုလွင်ပြင်များရှိ နယ်နှင်ခံထားရသူများကို စတင်ရ်ျ အလုပ်ခန့်လာကြလေသည်။ ပြင်းထန် ကြမ်းတမ်း သော ကိုယ်ခံပညာ သင်ကြားထားခဲ့မှုများကြောင့်
ထိုသူတို့သည် အသုံးဝင်သော အစောင့်ရှောက် များ ဖြစ်လာခဲ့ကြသည်။ အခွန်ကောက်ခံသူများကို တချို့က စောင့်ကြပ် လိုက်ပါကြပြီး သူတို့ ပါရှိ ယုံနှင့်ပင် သူခိုး ဓါးမြ များဧ။် တိုက်ခိုက်မှုမှ ဟန့်တားပြီး သား ဖြစ်ခဲ့လေသည်။ သူတို့မှာ ကြေးစား လက်နက်ကိုင် ဆာမူရိုင်း ဖြစ်ကြပြီး သူတို့ဧ။် သီးခြားလက်နက်ကိုင် တပ်ဖွဲ့မှာ အလျင်အမြန်ပင် ထင်ပေါ်ကျော်ကြား လာခဲ့လေသည်။ 

ကာကွယ်ရေး သဘောတူညီချက်များနှင့် နိုင်ငံရေးပေါင်းစည်း မှုများကြောင့် သူတို့ဧ။် နိုင်ငံရေး အာ ဏာသည် တစ်စ တစ်စ တိုးပွားလာခဲ့ပြီး နောက်ဆုံးတွင် ပုံမှန်အုပ်ချုပ်ရေးထက်ပင် သာလွန်လာခဲ့ လေသည်။ အချို့သော ဂိုဏ်းများသည် နန်းတော်မှ ခန့်အပ်ထားသော အရာရှိများကို သူတို့ဧ။် မြေများကို အုပ်ချုပ်ရန် နှင့် အခွန်ခ များကို ကောက်ယူရန် စေလွှတ်သောအခါများတွင် ကာကွယ် ရန် မိမိဘာသာ လက်နက်ကိုင်ထားကြသော အဖွဲ့စည်းများ ဖြစ်ကြသည်။ ထို ဂိုဏ်းများသည် ၄င်း တို့ထက် အင်အားကြီးမားသော ဂိုဏ်းများဧ။် ရန်မှ ကင်းဝေးစေရန် သူတို့အချင်းချင်း မဟာမိတ် ဖွဲ့ ထားကြလေသည်။

ဟဲအိအန် (Heian) ခေတ်ဧ။် အလယ်ပိုင်းသို့ ရောက်သောအခါ သူတို့သည် ဂျပန် သံချပ် ၀တ်စုံ နှင့် လက်နက်များကို စတင်အသုံးပြုလာကြပြီး ဘူရှီဒို ခေါ် သူတို့ဧ။် ကျင့်ဝတ် များကို စတင် အုတ်မြစ် ချလာ ခဲ့ကြလေသည်။ ဆာမူရိုင်း စစ်သူရဲ တို့သည် မိမိတို့ဘာသာ စစ်သူရဲ လမ်းစဉ် သို့မဟုတ် ဘူရှိဒို ကို လိုက်နာကျင့်သုံးသူများ အဖြစ် ခံယူကြလေသည်။ ဂျပန် အဘိဓာန် တွင် ဘူရှိဒို ဟူသော စကားလုံးကို ရှိုဂက်ကုကန် ကိုကုဂို ဒိုင်းဂျိတန် (Shogakukan Kokugo Daijiten) ဟု ဖွင့်ဆိုထားပြီး မူရိုမာချီ (Muromachi) သို့မဟုတ် ချူဆေးခေတ် (chusei) တွင် စစ်သူရဲများအကြား ပျံ့နှံ့နေသော သီးသန့် ယုံကြည် ယူဆချက် ဟု ဖွင့်ဆိုထားလေသည်။ 

ကနဦး အစတည်းကပင် ဆာမူရိုင်း တို့သည် သခင်တစ်ယောက်ကို အသက်ပေးရ်ျ သစ္စာရှိခြင်း ၊ တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ခြင်း  စသည့် စစ်သူရဲ တစ်ယောက်ဧ။် ဂုဏ်သိက္ခာရှိသော အပြု မူနှင့် လမ်းစဉ်ဟု ယုံကြည်ခဲ့ကြလေသည်။ ဥပမာ အားဖြင့် ကာတို ကီယိုမာဆာ ( 1562 - 1611 ) သည် ဆန်ဂေါ့ကုခေတ်မှ အာဏာအရှိဆုံး နှင့် အထင်ရှားဆုံး ပဒေသရာဇ် တစ်ယောက် ဖြစ်သည်။ သူသည် ဂျပန်ဧ။် အဓိက ဂိုဏ်းများကို ကိုရီးယားကို ကျူးကျော်စဉ် ( 1592 - 1598) တွင် အမိန့်ပေး စေခိုင်းခဲ့သည်။ သူက မည်သည့် အဆင့်ရှိသည့် ဆာမူရိုင်း မဆို စစ်သူရဲတို့ဧ။် ဘ၀ တွင် တစ်ခုတည်း သောတာဝန် မှာ ဓါးတိုဓါးရှည်များဆွဲရ်ျ သေဆုံးရန်ဟု သူဧ။် နောက်လိုက်များကို ပြောခဲ့သည်။ သူက နောက်လိုက်များကို စစ်ပညာများ သင်ကြားရာတွင် အထူးသဖြင့် သစ္စာစောင့်သိ မှု နှင့် သားကောင်းပီသမှု တို့နှင့် ပတ်သက်သော အရာများကို အစွမ်းကုန် ကြိုးစားအားထုတ်ရ်ျ သင်ကြား ရန် အမိန့် ပေးခဲ့လေသည်။ သူက ...


အကယ်ရ်ျ လူတစ်ယောက်သည် ဘူရှိဒို လမ်းစဉ်ကို နေ့စဉ်စူးစမ်းမှုမရှိပါက သူ့အနေနှင့် ရဲဝံ့ ရ်ျ ယောကျာ်းပီသသော သေဆုံးခြင်းမျိုးဖြင့် သေဆုံးရန် ခဲယဉ်းသည်။ ထို့အတွက်ကြောင့် စစ်သူရဲ  တစ်ယောက်ဧ။် အလုပ်ကို စိတ်အတွင်းမှ စွဲစွဲမြဲမြဲ နှလုံးသွင်းထားရန် မရှိမဖြစ်လိုအပ်သည် ။ 

ထိုဆို ရိုးစကားသည် ဆာမူရိုင်း ရာဇ၀င် တွင် လွန်စွာမှာ ထင်ရှား ကျော်ကြားခဲ့သည်။ 


ရောခ့်ကာ

ဝီကီဒီပီးယား မှ ပြန်လည် ဖော်ပြပါသည်။

Photo: www.sarmurai wallpaper download com




No comments:

Post a Comment