Saturday, August 3, 2013

ဆာမူရိုင်း




ဆာမူရိုင်း ဆိုသည်မှာ ဂျပန်နိုင်ငံတွင် စက်မှုထွန်းကားသော ခေတ်မတိုင်မီက စစ်တပ်အတွင်း မြင့်မားသော ဂုဏ်သရေရှိသည့်  ရာထူး အဆင့်တန်း တစ်ခုဖြစ်လေသည်။ ဘာသာပြန်ဆရာ ၀ီလီယံ စကော့ ၀ီလ်ဆင် ဧ။် အဆိုအရ
တရုတ် နှင့် ဂျပန် နိုင်ငံ နှစ်ခု လုံးတွင် အထက်တန်းစား တစ်ယောက်ကို အနီးကပ်စောင့်ကြပ် ကြည့်ရှု့သူ ဟု အနက်ရပြီး ဂျပန်ဘာသာ အသံထွက် အရ ဆာဘူရိုင်း ဟူရ်ျ ပြောင်းလဲလာခဲ့လေသည်။ ၀ီလ်ဆင်က ဆာဘူရိုင်းဟူရ်ျ ပထမဆုံးသော သုံးနှုံန်း ခြင်းကို ( 10 ) ရာစုဧ။် ပထမ ပိုင်းတွင်ေ၇းသားပြီးစီးခဲ့သော ပထမဆုံး နန်းသုံးကဗျာ စာတွဲ ကိုကင်းရှုး  ( Kokinshu ) တွင် တွေ့ရသည်ဟု ဆိုသည်။ ( 12 ) ရာစု အကုန်ပိုင်းတွင် ဆာဘူရိုင်း ဟူသော အသုံးနှုံန်းသည် ဘူရှိ ( bushi ) ဟူသော စကားလုံးနှင့် အနက်တူ သုံးစွဲကြပြီး ထို စကား လုံး သည် အလယ်လတ်တန်းစား နှင့် အထက်တန်းစား စစ်သူရဲတို့ ဧ။် ရာထူး အဆင့်တန်းများနှင့် ဆက်စပ် သုံးစွဲ လေ့ရှိလေသည်။

( 6 ) ရာစု နှစ်များအတွင်းက စစ်သူရဲ များနှင့် ခြေလျင် စစ်သည်တော်များသည် ပထမဆုံးသော ဆာမူရိုင်း အဆင့် ခွဲခြား သတ်မှတ်မှုကို စတင်ခဲ့သည်ဟု ယုံကြည်ရလေသည်။ တန် တရုတ် (Tang China) နှင့် ဆေးလား (Silla) တို့ နှင့် တိုက်ခိုက်သော စစ်ပွဲများတွင် အကြီးအကျယ် ရှုံးပြီးနောက် ဂျပန် တို့သည် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်လာကြလေသည်။ ထို အထဲမှ အရေးကြီးဆုံး တစ်ခု မှာ နာကာနို အိုအဲ (Naka no Ōe) သို့မဟုတ် တန်ဂျိ ဘုရင် (Emperor Tenji) မှ အေဒီ ( 646 ) တွင် ထုတ် ပြန်ခဲ့သော တိုင်းပြည် ပြုပြင်ရေးပင် ဖြစ်လေသည်။ ထို အမိန့်တော်သည် တရုတ် တို့ဧ။် ယဉ်ကျေးမှု ထုံးစံများ နှင့် အုပ်ချုပ်ရေး နည်းလမ်းများကို ဂျပန် အစိုးရ နှင့် ဗျူရိုကရေစီ အုပ်ချုပ်ရေး ယန္တယားများတွင် အစပျိုးပေးခဲ့လေသည်။ 

အေဒီ ( 702 ) တွင် ထုတ်ပြန်ခဲ့သော တိုင်းဟို ဥပဒေဧ။် တစ်စိတ်တပိုင်း နှင့် နောက်ပိုင်းထုတ်ပြန် ခဲ့သော ယိုးရို ဥပဒေတို့ ကြောင့် လူထုသည် လူဦးရေ စာရင်းကို အမြဲတမ်းသတင်းပို့ရပြီး ထို စာရင်းကို နိုင်ငံအတွက် စစ်မှုထမ်းရန် စာရင်း အဖြစ် အသုံးပြုလေသည်။ ဘုရင် မိုမု (Emperor Mommu) သည် လူဦးရေ ပြန့်နှံ့မှုကို နားလည် သဘောပေါက်လာသောအခါ အရွယ်ရောက်ပြီး ယောကျာ်းလေး 3 - 4 ယောက်တွင် တစ်ယောက်မျှ နိုင်ငံတပ်မတော်တွင် စစ်မှုထမ်းရန် ဥပဒေ ကို စတင်ထုတ် ပြန်လေသည်။ 

စစ်သားများကို မိမိ ကိုင်ဆောင်မည့် လက်နက်ကို မိမိဘာသာ ယူလာစေပြီး ထို အတွက် အခွန်ခ များမှ ကင်းလွတ်ခွင့် ရလေသည်။ ထို ကြိုးပမ်းမှုသည် တော်ဝင်အစိုးရမှ တရုတ်တို့ကို အတုယူပြီး စနစ်တကျ ဖွဲ့စည်းထားသော စစ်တပ်ပုံစံကို ဖွဲ့ စည်းရန် ပထမဆုံးအကြိမ် ကြိုးပမ်းမှု ဖြစ်လေသည်။ ထို ကြိုးပမ်းမှုကို ဂန်ဒန် ဆေး ( gundan-sei )  ဟု နောက်ပိုင်း ခေတ် သမိုင်းပညာရှင်တို့က ခေါ်ဝေါ် ကြ ပြီး ခေတ္တခဏမျှသာ ကြာမြင့်သည်ဟု ယုံကြည် ယူဆ ကြလေသည်။

တိုင်းဟို ဥပဒေတွင် မင်းမှုထမ်းများကို အဆင့် ( 12 ) ဆင့် ခွဲခြား သတ်မှတ်ထားပြီး အဆင့်တစ်ဆင့် စီတွင် နောက်ထပ် ( 2 ) ဆင့် ထပ်မံခွဲခြား ထားလေသည်။ ပထမဆုံးအဆင့်သည် အဆင့်မြင့်ဆုံး ဘုရင် ဧ။် အကြံပေးအရာရှိ အဆင့် ဖြစ်လေသည်။ အဆင့် ( 6 ) နှင့် အောက်ကို ဆာမူရိုင်း ဟု သတ် မှတ်ပြီး သူတို့သည် နိစ္စဓူဝ ကိစ္စများကို ထိတွေ့တာဝန်ယူကြရလေသည်။ ထို ဆာမူရိုင်းများမှာ အရပ်သား ဘုရင့် အမှုထမ်းများ ဖြစ်ကြသော်လည်း ထို မှ ဆင်းသက်လာသည်ဟု ယုံကြည်ရလေ သည်။ သို့သော် နောင်ရာစုနှစ်ပေါင်းများစွာ အထိ စစ်သားများကို ဆာမူရိုင်း ဟု ရည်ညွှန်းခေါ်ဆို ခြင်း မပြုခဲ့ကြပေ။

အဲအိအန် ခေတ် ဟု ခေါ်သော ( 8 ) ရာစု နှောင်းပိုင်း နှင့် ( 9 ) ရာစု အစောပိုင်းတွင် ကမ်မု ဘုရင် (Emperor Kammu) သည် သူဧ။် အာဏာစက်ကို ဟွန်ရှုး မြောက်ပိုင်းသို့ ဖြန့်ကျက် စည်းရုံးရန် ကြိုးစား ခဲ့လေသည်။ သို့သော် ပုန်ကန်သော အဲမိရှိ ပြည်သူတို့အား အနိုင်တိုက်ရန် သူစေလွှတ် ခဲ့သော စစ်တပ်မှာ စည်းကမ်း နှင့် စိတ်ဓါတ် ကင်းမဲ့သဖြင့် အောင်မြင် နိုင်ခြင်း မရှိခဲ့ချေ။ ကမ်းမူ ဘုရင် က ဆဲအိတိုင်း ရှိုးဂန်း (Seiitaishogun) သို့မဟုတ် ရှိုးဂန်း ဟူသော ဘွဲ့ကို စတင်ထုတ်ဖော် ခဲ့ပြီး အဲမိရှိ တို့ကို အောင်နိုင်ရန် အတွက် အလွန် တိုက်ခိုင်အားကောင်းသော ဒေသခံ ဂိုဏ်းတို့ အပေါ် တွင် စတင်မှီခို အားထား လာခဲ့လေသည်။ မြင်းစီး တိုက်ခိုက်ခြင်း နှင့် လေးမြှား အတက်တို့တွင် ကျွမ်းကျင်သော ထိုလူမျိုးစု စစ်သည်တို့သည် သူပုန်တို့ကို နှိမ်နင်းရန် အတွက် ဘုရင်ဧ။် စိတ်ကြိုက် လက်နက် ဖြစ်လာခဲ့လေသည်။ ထိုစစ်သူရဲ တို့သည် ထိုအချိန် ( 7 ရာစုမှ 9 ရာစု အထိ ) က ပညာ တက် မြောက်ကောင်း တက်မြောက်နိုင်သော်လည်း တော်ဝင်တရားရုံး အရာရှိတို့က သူတို့အား အရိုင်းစိုင်းများထက် အနည်းငယ်သာသည်ဟု မှတ်ယူခဲ့ကြလေသည်။ 

နောက်ဆုံးတွင် ကမ်းမူ ဘုရင်သည် သူဧ။် စစ်တပ်ကို ဖျက်သိမ်းခဲ့ပြီး ထိုအချိန်မှ ရ်ျ ဘုရင့် အာဏာ စက် သည် တဖြေးဖြေး လျော့ပါးလာခဲ့လေသည်။ ဘုရင်သည် အုပ်ချုပ်သူ ဖြစ်နေသေးသော်လည်း ကျိုတို ပတ်ဝန်းကျင်ရှိ အာဏာပြင်းသော ဂိုဏ်းတို့က ၀န်ကြီးအဆင့်ကို မိမိတို့ဘာသာ ရယူကြ လေသည်။ သူတို့ ဆွေမျိုးများကို နယ်ဝန်များအဖြစ် ခန့်အပ်ကြလေသည်။ သူတို့ဧ။် ကြွယ်ဝ ချမ်းသာ မှုကို တိုးပွားစေရန် နှင့် သူတို့ဧ။် အကြွေးများ ပြန်လည် ပေးဆပ်ရန်  အတွက် နယ်ဝန် တို့ သည် အခွန်အခ များကို အဆမတန် ကောက်ခံကြသဖြင့် လယ်သမားအများစု လယ်ယာ မဲ့ ကြ ကုန်လေသည်။ 


( ဆက်လက်ဖော်ပြပါမည်။ )
ရောခ့်ကာ


No comments:

Post a Comment