Thursday, August 22, 2013

မြစ်ကျိုးအင်း


ခြောက်ခမ်းသွားတဲ့ အိပ်မက် မြစ်တွေ
အသစ်ပြန်မဖြစ်တော့တဲ့ နေ့ရက်တွေနဲ့
ဘယ်တော့မှ မြစ်တစ်ခု ပြန်မဖြစ်တော့တဲ့ 
ငါ့ ဘ၀ ရဲ့ မြစ်ကျိုးအင်း တစ်ခု ...........

နှလုံးသား ကို  စီးပွားတွက် 
မာန ကို လက်နက် လို ကိုင်တွယ်
လောက နိတိ တွေကို ဥပက္ခာ ပြုလိုက်တော့
ဇာတ်လမ်းတစ်ပုဒ် ဟာ ပြီးဆုံး ခဲ့တယ် ............

 မင်းပြောခဲ့တဲ့ အရာတွေ
မင်းလုပ်ခဲ့တဲ့ အရာတွေ 
မင်း တင်ခဲ့တဲ့ အပြစ်တွေ
ဒါတွေ အားလုံးဟာ 
ပြောင်းလဲ ခြင်း ရဲ့ အခြေခံတွေပါ .........

မြစ်တို့ ရဲ့ သဘောအတိုင်း
ကောက်ကွေ့ခြင်း နိယာမကို
မင်း အသုံးချတက်သလို
သာတက်ဘက် စီးဆင်းတက်တဲ့
သဘာဝ က လူနှစ်ယောက်ကို 
ဝေး စေခဲ့လေတယ်.............

 ဘာပဲ ဖြစ်ဖြစ်ပါ
မြစ်ကျိုးအင်းဆိုတာဟာ
ရေတွေ မစီးတော့ ပေမယ့်
လူတွေအတွက် ကောင်းကျိုးတွေကိုတော့
ပေးစွမ်း နေအုံးမှာပါ ............

တကယ်တော့  ငါ ဟာ
မြစ်တစ်ခု မစီးဆင်းတော့တဲ့
မြစ်ကျိုးအင်း တစ်ခုလိုပဲ
နှလုံးသား ဒဏ်ရာတွေကို
အမာရွတ် တစ်ခုအနေနဲ့
သိမ်းဆည်းထားပြီး 
ဘ၀ ကို လှပစွာ ဖြတ်သန်း နေရအုံးမှာပါ။          ။

ရောခ့်ကာ
6:10 PM
( 22 . 8 . 2013 ) 

No comments:

Post a Comment