Saturday, August 10, 2013

ဘေဘီလုံ အင်ပါယာ




                      အမ်မိုရိုက် မျိုးနွယ်တို့ဧ။် အကြီးကဲ ဖြစ်သူ ဟမ်မူရာဘီ ဘုရင် သည် အယ်လ်မိုက် တို့နှင့် နှစ်ပေါင်းသုံးဆယ်မျှ စစ်ပြုပြီး နောက်တွင် ယူဖရေးတီး - တိုက်ဂရစ် မြစ်နှစ်သွယ်ဒေသ ကို ဗဟို ပြုရ်ျ ဘေဘီလုံ အင်ပါယာ ခေတ်ကို ထူထောင်ခဲ့လေသည်။ မြို့တော်မှာ ယူဖရေးတီး မြစ်ကမ်း ပေါ်တွင်ရှိသော ဘေဘီလုံ မြို့ဖြစ်လေသည်။ ၄င်းကို အစွဲပြုရ်ျ
ထို မြစ်ဝှမ်းလွင်ပြင်ကို ရှိုင်းနား လွင်ပြင် ဟု ခေါ်တွင်ရာမှ ဘေဘီလုံနီးယား လွင်ပြင်ဟု အမည်တွင်ခဲ့လေသည်။

                     စစ်ပွဲကာလ လွန်မြောက်ပြီးနောက် ဟမ်မူရာဘီ ဘုရင်သည် ( 12 ) ကျော်မျှ ထီးနန်း စိုးစံကာ အုပ်ချုပ်ရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုများကို ဆောင်ရွက်ခြင်းအားဖြင့် သူသည် လက်ရုံး ရည်သာမက ၊ နှလုံးရည် ပါ ပြည့်စုံသူ ဖြစ်ကြောင်းကို သက်သေ ပြနိုင်ခဲ့လေသည်။ တစ်ဖက် တွင်လည်း မြို့တော် ဘေဘီလုံ အား ယဉ်ကျေးမှု ဆိုင်ရာ အမြင့် ဆုံး မြို့တော် အဖြစ် ရောက်ရှိအောင် စွမ်းနိုင်နိုင်ခဲ့လေသည်။ ထို ယဉ်ကျေးမှုအား ဘေဘီလုံ ယဉ်ကျေးမှု ဟု ခေါ်ဆို ကြလေသည်။ 

                    ဟမ်မူရာဘီဘုရင် လက်ထက်တွင် ကမ္ဘာ့ ပထမ ဆုံးသော တရားစီရင်ရေး ဥပဒေ အဖြစ် ကိုဓ ဥပဒေကို ပြုစုခဲ့လေသည်။ စာကြောင်းရေ ( 3600 ) ကျော် ပါဝင်သည့် ထို ဥပဒေကို ဘေဘီလုံရှိ မာဒပ် နတ်မင်းအား ရည်စူး တည်ဆောက်ထားသည့် ၀တ်ကျောင်းတော်အတွင်းတွင် အမြင့် ရှစ်ပေရှိ ကျောက်စာ တိုင်တွင် ရေးထွင်းစိုက်ထူထားခဲ့သည်ကို ယနေ့ထိတိုင် မပျက်စီးသေး ပဲ တွေ့မြင်နိုင်လေသည်။ ထို ဥပဒေတွင် မုဆိုးမ ၊ မိဘမဲ့ ကလေးသူငယ် နှင့် ဆင်းရဲသားတို့ အတွက် အထူးကာကွယ်ပေးရန် ပြဌာန်း ထားပြီး လာဘ် ပေး လာဘ် ယူမှုများကိုလည်း ပြင်းထန်စွာ စီရင် စေခဲ့လေသည်။ ကာကွယ်ရေး အနေဖြင့် အမြဲတမ်း စစ်တပ်ကို ဖွဲ့စည်းထားပြီး နယ်ခြား ဒေသများ ကို ကာကွယ်ပေးထားနိုင်သဖြင့် တိုင်းပြည်သည် တည်ငြိမ် အေးချမ်း သာယာ ခဲ့လေသည်။ 

                   စီးပွားရေးတွင် အဓိက ထုတ်ကုန် မှာ စိုက်ပျိုးရေးမှ ဖြစ်ထွန်းသည့် ကောက်ပဲ သီးနှံ များ ဖြစ်လေသည်။ စွန်ပလွန်သီး မှာ အဓိက ရောင်းကုန် ဖြစ်ပြီး အခြား ထုတ်ကုန်များမှာ သိုးမွှေး နှင့် သိုးသားရေ များ ဖြစ်လေသည်။ သိုးမွှေး ရက်လုပ်ခြင်းမှာလည်း အောင်မြင်တဲ့ စီးပွားရေး တစ်ခု ဖြစ်ခဲ့လေသည်။ 

                  ဘာသာရေးတွင် ဆူမာရီးယန်း နတ်ဘုရားများကို ဆက်လက် ကိုးကွယ် ခဲ့ကြသော် လည်း အမ်မိုရိုက်များ အုပ်ချုပ်သည့် ခေတ် ဖြစ်သည့် အားလျော်စွာ ၄င်းတို့ ကိုးကွယ်သည့် မာဒပ် နတ်မင်းကြီးအား အကြီးကဲ နတ်မင်း အဖြစ် ထားရှိ ပူဇော် ကြလေသည်။ နတ်သမီး များအနက် အစ်ရှတာ အမည်ရှိ အချစ်နတ်သမီးအား အကြီးကဲ အဖြစ် သတ်မှတ် ခဲ့လေသည်။ ဆူမား-အတ်ကက် ခေတ် က ကဲ့သို့ပင် နတ်ဆရာများဧ။် ယဇ် ပူဇော် ခြင်းများမှ လည်းကောင်း ၊ နက္ခ တာရာ များ ကြည့်ရှု့ရ်ျ သော်လည်းကောင်း ရှေ့ဖြစ် အဟော များကို ယုံကြည် ခဲ့ကြလေသည်။

                  ခေတ်ကာလအရ စာပေ အရေး ၊ အဖတ် တက်မြောက်သူ ရှားပါးသောကြောင့် စာရေး စာချီ အလုပ်သည် အထက်တန်းစား အလုပ်ဖြစ် ခဲ့လေသည်။ အကျိုးဆက်အားဖြင့် စာအရေးသား ကျွမ်းကျင်လျှင် အထက်တန်းစား ကျသည်ဟု သတ်မှတ်ရ်ျ ကလေးအရွယ်မှ စကာ စာသင်ကြား ရေး ကို ပြုလုပ်ခဲ့လေသည်။

                 ဟမ်မူရာဘီ ဘုရင် ကွယ်လွန်ပြီး နောက်တွင် ဘေဘီလုံနီးယား လွင်ပြင် အရှေ့ ဘက် နှင့် မြောက်ဘက် ဒေသများရှိ ကုန်းမြင့်များပေါ်တွင် နေထိုင်သော ကတ်ဆိုက် လူမျိုးများသည် ဘေဘီ လုံနီးယား လွင်ပြင်သို့ ဆင်းသက် အခြေချ နေထိုင်လာခဲ့ကြလေသည်။ ထိုသို့ အခြေချ နေထိုင် လာ သည်ကို ဟမ်မူရာဘီနောက် ဆက်ခံသည့် မင်း များက မည်သို့မျှ တားမြစ်နိုင်ခြင်း မရှိခဲ့ကြချေ။ ဟမ်မူရာဘီ ကွယ်လွန်ပြီး နှစ်ပေါင်း ( 200 ) မျှ အကြာတွင် လွင်ပြင်ကြီးဧ။် အနောက်မြောက်ဘက်မှ ဟစ်တိုက် လူမျိုးများက ဘေဘီလုံနီးယား လွင်ပြင်ကြီးသို့ ကျူးကျော်ကာ မြို့တော် ဘေဘီလုံ ကို သိမ်းပိုက် ကာ စည်းစိမ်တို့ကို လုယက် ယူငင်ပြီး ပြန်လည်ထွက်ခွာ ကြလေသည်။ ထိုသို့ ဖြင့် ဘေဘီ လုံတွင်  ဟမ်မူရာဘီဧ။် မင်းဆက် ပြတ် ကာ နိုင်ငံအား ဦးဆောင် ထိန်းသိမ်းနိုင်သည့်် ခေါင်းဆောင် ကောင်းလည်း မပေါ်ထွက်ခဲ့သဖြင့် ဘေဘီလုံ အင်ပါယာသည် ဖရိုဖရဲ အနေဖြင့် ဘီစီ ( 1746 ) အထိ တည်ရှိနေစဉ် ကတ်ဆိုက် လူမျိုးများက ဘေဘီလုံတွင် အခက်ခဲမရှိ အုပ်ချုပ် သူများ ဖြစ်လာခဲ့ကြ လေသည်။

                  ထိုသို့ဖြင့် အချိန်တိုအတွင်း အထက်တန်းကျပြီး မြင့်မားသော ဘေဘီလုံယဉ်ကျေးမှု အင်ပါယာကြီးသည် ထို အချိန်မှ စတင်ကာ နောင် နှစ်ပေါင်း တစ်ထောင်ကျော်ကြာ ပျောက်ကွယ် ခဲ့လေသည်။

ရောခ့်ကာ

စာကိုး  -  ၀ီကီဒီပီးယား လွတ်လပ်စွယ်စုံကျမ်း





   

No comments:

Post a Comment