Friday, February 1, 2013

မွန်ဂို အင်ပါယာ





မွန်ဂို အင်ပါယာ သည် အေဒီ ( 13 ) ရာစု မှ ( 14 ) ရာစု အတွင်း တည်ရှိခဲ့သော ကြီးမားကျယ်ပြန့် သော အင်ပါယာကြီး တစ်ခု ဖြစ်သည်။ မွန်ဂို အင်ပါယာသည်
အာရှ အလယ်ပိုင်း ဒေသမှ အစပြုကာ ကိုးရီးယားကျွန်းဆွယ် မှ အရှေ့ ဥေ၇ာပ အထိ ကျယ်ပြန့်ကာ မြောက်ဘက်တွင် ဆိုက်ဗေးရီးယား ၊ တောင် ဘက်တွင် အရှေ့တောင် အာရှ ၊ တောင်အာရှ နှင့် အရှေ့အလယ်ပိုင်း ဒေသ များပါဝင်သည်။ အလျား မိုင် ( 6000 ) ခန့် ရှိပြီး ဧရိယာအားဖြင့် စတုရန်းမိုင်ပေါင်း ( 12.741 ) သန်းခန့် ရှိပြီး လူဦးရေ အားဖြင့် သန်း ( 100 ) ကျော် ခန့် ရှိခဲ့သည်။ ထို ဧရိယာသည် ကမ္ဘာ့မြေ စုစုပေါင်း ဧရိယာဧ။် ( 22 ) ရာခိုင်နှုန်းခန့် ရှိသည် ဖြစ်ရာ ကမ္ဘာ့ သမိုင်းတွင် အကြီးမားဆုံး အင်ပါယာကြီး ဖြစ်ခဲ့သည်။


                                    ဂျန်ဂစ်ခန် အား အရှေ့တိုင်း လက်ရာဖြင့် ရေးဆွဲထားသော ပုံတူ

မွန်ဂို အင်ပါယာသည် မွန်ဂိုခေါင်းဆောင် ဂျန်ဂစ်ခန် ဧ။် ဦးဆောင်မှု အောက်တွင် မွန်ဂိုလူမျိုးစုများ နှင့် တာခစ် လူမျိုးစု များသည် ယနေ့ မွန်ဂိုလီးယား ဒေသတွင် စုပေါင်းစည်းလုံးလာပြီး ( 1206 ) ခုနှစ် တွင် မွန်ဂို အင်ပါယာ အဖြစ် စတင်ထူထောင် ခဲ့ကြသည်။ 




                                                မွန်ဂို အင်ပါယာ ကြီးမားကျယ်ပြန့် တည်ရှိခဲ့ပုံ


ဂျန်ဂစ်ခန် နှင့် ၄င်းနောက် မျိုးဆက်များသည် မွန်ဂိုတပ်သားများကို အရပ်မျက်နှာ အဘက်ဘက် သို့ စေလွှတ်တိုက်ခိုက်ခဲ့ကြကာ နယ်မြေများကို သိမ်းပိုက်ခဲ့သောကြောင့် မွန်ဂိုအင်ပါယာသည် အရှိန် အဟုန်ဖြင့် ကြီးထွားလာ ခဲ့လေသည်။ မွန်ဂိုအင်ပါယာ လက်ထက်တွင် အရှေ့ နှင့် အနောက် (သို့ ) ဥရောပ နှင့် အာရှ ပေါင်းစည်း မိပြီး ကုန်စည် ကူးသန်းရောင်းဝယ်ရေး ၊ နည်းပညာရပ် အသစ် များ ၊ တွေးခေါ်မှုဆိုင်ရာ သဘောတရား အသစ်များကို ဖြန့်ဖြူးဖလှယ် နိုင်ခဲ့ကြပြီး အောင်မြင် ပေါင်းများစွာကို ပိုင်ဆိုင် နိုင်ခဲ့ကြလေသည်။

( 1260 ) ခုနှစ်တွင် ကူဗလိုင်ခန် နှင့် အရိဘိုကဲ ညီအစ်ကို နှစ်ဦး ထီးနန်းဆက်ခံ နိုင်ရေး အားပြိုင် ကြရာ သွေးကွဲမှုများ ရှိလာခဲ့သည်။ ကူဗလိုင်ခန် က အောင်မြင်စွာ နန်းတက်နိုင်ခဲ့ပြီး ယွမ်မင်းဆက် ကို စတင် ထူထောင်ခဲ့လေသည်။ သို့သော် သွေးကွဲမှုများကို အဆုံးမသတ်နိုင်ခဲ့သောကြောင့် ကူဗလိုင်ခန် ကွယ်လွန်ပြီးနောက် မွန်ဂိုအင်ပါယာကြီးသည် နယ်မြေ ( 4 ) ခု ကွဲထွက် သွားလေသည်။ ( 1368 ) ခုနှစ်တွင် ဟန် တရုတ်လူမျိုး ကျူးယွမ်ကျန်း က ယွမ်မင်းဆက်ကို တွန်းလှန်ကာ မင် မင်းဆက် ကို ထူထောင်လိုက်ချိန်တွင်မှ မွန်ဂိုအင်ပါယာသည် ပြိုကွဲ အဆုံးသတ်ခဲ့ ရလေသည်။ 
 ဂျန်ဂစ်ခန်
နှစ်ကာလသည် အလွန်တရာ ရှေးကျပြီး ရေးသားမှတ်တမ်းတင်ခဲ့သော မှတ်တမ်းမှတ်ရာများ ရှားပါး မှုကြောင့် ဂျန်ဂစ်ခန်ဧ။် ငယ်ဘ၀အကြောင်းရာများကို တိကျစွာ ဖော်ပြရန်မှာ များစွာ ခက်ခဲလှပေသည်။ 
ဂျန်ဂစ်ခန် သည် ( 11 ) ရာစု မှ ( 12 ) ရာစု အကြား မွန်ဂိုမြက်ခင်းပြင်ဒေသ၌ ရွေ့လျားသွားလာ နေကြသော မွန်ဂိုမျိုးနွယ်စုဝင် လူမျိုးများကို စုစည်း စည်းရုံးရ်ျ အာရှ နှင့် ဥရောပ တစ်ခွင်လုံးကို ကြီးမားသော ကျူးကျော်စစ်များကို ဆင်နွှဲအောင်နိုင်ခဲ့သည့် စစ်ဘုရင် တစ်ဦး ဖြစ်သည်။
 ဂျန်ဂစ်ခန် ကို ( 1162 ) (သို့ ) ( 1155 ) ခုနှစ် တွင်  ဘာခန် ခါဒန် တောင် ရှိ အိုနွန် နှင့် ခါလန် မြစ်အနီး ယနေ့ မွန်ဂိုလီးယားနိုင်ငံဧ။် မြို့တော် အူလန်ဘာထာ နှင့် အနည်းငယ်မျှ ကွာဝေးသော ဒယ်လီဂန် ဗူလဒွတ် အရပ်တွင် မွေးဖွားခဲ့သည်။ ဂျန်ဂစ်ခန် ဧ။် ငယ်နာမည်မှာ သံလုပ်သားဟု အနက်ရသော တီမူဂျင် ဖြစ်လေသည်။ ထိုအမည်မှာ သူမွေးဖွားခါနီး သူ့ ဖခင် တိုက်ခိုက်အနိုင်ရခဲ့သော တာတာ လူမျိုးစု ခေါင်းဆောင်ဧ။် အမည်ကို ယူခြင်း ဖြစ်သည်။ 
ရွေ့လျားနေထိုင်ကြသော မွန်ဂိုလီးယားမှ တခြားမျိုးနွယ်စုများ နည်းတူ တီမူဂျင် ဧ။် ငယ်ဘ၀သည် လည်း ခက်ခဲ ကြမ်းတမ်း ခဲ့လေသည်။ တီမူဂျင် ကိုးနှစ်သားအရွယ်တွင် မွန်ဂို တို့ဧ။် ရိုးရာဓလေ့ ထုံးစံ အတိုင်း ကြိုတင်စေ့စပ်ထားမှု အရ နောင်အခါတွင် လက်ထပ်ရမည့် သူဖြစ်သော ဘုတ်အူဂျင် ဧ။် အွန်ဂီရက် မျိုးနွယ်စုဆီသို့ သူ့ဖခင် အမိန့်ဖြင့် ပို့ဆောင်ခြင်း ခံရလေသည်။ ထိုအချိန်မှ စရ်ျ သူသည် လက်ထပ်နိုင်သည့် အရွယ်ဖြစ်သော အသက် ( 12 ) နှစ်အရွယ်အထိ ထို မျိုးနွယ်စု မှ ဒိုင်စီချန် ထံတွင် နောက်လိုက်တစ်ဦး အဖြစ် လိုက်ပါခဲ့ရလေသည်။ 
တီမူဂျင် အိမ်ပြန်ခွင့် ရသည့်အချိန်တွင် သူဧ။် ဖခင်မှာ နယ်မြေချင်း ဆက်စပ်ရ်ျ မကြာခဏ စစ်မက် ဖြစ်ပွားလျက်ရှိသော တာတာ တို့ဧ။် ထမင်းစားပွဲတွင် အဆိပ်ခတ်ခံရကာ သေဆုံးသွားလေသည်။ ထို့ကြောင့် တီမူဂျင် သည် လူမျိုးစုခေါင်းဆောင် ခန် တစ်ဦးအဖြစ် ကြေငြာရန် ဖြစ်လာခဲ့လေသည်။ သို့သော် သူဧ။် လူမျိုးစုများက အသက်ရွယ်ငယ်လွန်းသော တီမူဂျင် ဧ။် အုပ်ချုပ်မှုကို လက်မခံပဲ သူဧ။် မိသားစုကိုပါ အကာကွယ် မပေးတော့ပဲ စွန့်ပစ် ထားကြလေတော့သည်။ 
နောက်ထပ် နှစ်အတော်ကြာသည်အထိ တီမူဂျင် နှင့် သူဧ။် မိသားစုမှာ အလေ့ကျပေါက်သော သစ်သီးများကို ဆွတ်ခူး စားသောက်ခြင်း ၊ တီမူဂျင် တို့ ညီအစ်ကို မောင်နှမ တစ်စုဧ။် အမဲလိုက် ခြင်းမှ ရရှိသော အသားတို့ကိုသာ ဝေငှ စားသောက်ပြီး ဆင်းရဲစွာ ရုန်းကန် နေထိုင်ခဲ့ကြ ရလေ သည်။ ထိုသို့ နေထိုင်လာရင်း တစ်နေ့တွင် တီမူဂျင်သည် အမဲလိုက်ပွဲ တစ်ခုတွင် သူဧ။် အဖေတူ အမေကွဲ ညီအစ်ကို ဖြစ်သူ ဘတ်ခ်ထာ ကို အမဲဝေမျှရင်း စကားများကာ သတ်လိုက်မိလေသည်။ ထို ဖြစ်ရပ်ကြောင့်ပင် တီမူဂျင် သည် သူဧ။် မိသားစုတွင် မိသားစုခေါင်းဆောင် ဖြစ်လာခဲ့လေသည်။ 

( 1182 ) တွင် သူ့ ဖခင် ရှိစဉ်က မဟာမိတ်များ ဖြစ်ခဲ့သော ထရီချိုင်ရစ် လူမျိုးစုများမှ တိုက်ခိုက်ခြင်း ခံရကာ ဖမ်းဆီးခံခဲ့ရလေသည်။ သို့သော် တီမူဂျင် ကို သနားစိတ်ဝင်ခဲ့သော ( နောင်အခါတွင် ဂျန်ဂစ်ခန် ဧ။် စစ်ဗိုလ်ချုပ် တစ်ဦးဖြစ်လာခဲ့သူ ) ချေးလ်လောင် ဧ။် ဖခင်က တီမူဂျင်အား လွတ် မြောက်အောင် ကူညီခဲ့လေသည်။ ထိုအချိန်တွင် နောင်အခါ ဂျန်ဂစ်ခန် ဧ။် စစ်ဗိုလ်ချုပ်များ ဖြစ်လာ ကြမည့် ဂျာလ်မီ နှင့် ဘော်ရ်ချူ တို့လည်း လာရောက်ပူးပေါင်း လိုက်ပါကြလေသည်။ ထို ထရီချိုင် ရစ်  လူမျိုးစု လက်ထဲမှ လွတ်မြောက်ချိန်မှ စတင်ကာ တီမူဂျင်သည် သူဧ။် အစောဆုံး ကျူးကျော် စစ်များအတွက် လိုအပ်သည့် လူအင်အားကို သူဧ။် ညီအစ်ကို များကို ဗဟိုပြုရ်ျ စုစောင်း ခဲ့လေ သည်။

ထိုအချိန်တွင် မွန်လီးယား မြက်ခင်ပြင် ဒေသသည် ကြိုတင်စေ့စပ် လက်ထပ် ပွဲများကြောင့် တစ်ခဏတာ မဟာမိတ် ဖြစ်ကြသည်မှ လွဲရ်ျ လူမျိုးစုများအကြားတွင် စစ်ပွဲများ ၊ ခိုးဝှက် ဓါးပြ တိုက် လုယက်မှုများ ၊ မသမာ မှုများ နှင့် အပြန်အလှန် လက်စားချေ မှုများသာ စိုးမိုး နေခဲ့လေ သည်။ ၄င်း အပြင် တောင်းပိုင်းရှိ တရုတ် မင်းဆက်များဧ။် သြဇာလွှမ်းမိုးရ်ျ ၀င်ရောက်စွက်ဖက် မှုများလည်း ရှိနေပြန်သည်။ 
တီမူဂျင် သည် သူဧ။် ဖခင် စေ့စပ် ပေးခဲ့သော အွန်ဂူရက် မျိုးနွယ်စုမှ ဘုတ်အူဂျင် ကို အသက် ( 16 ) နှစ် အရွယ်တွင် လူမျိုးစုခြင်း မဟာမိတ်ပြုလုပ်ရန်အတွက် လက်ထပ် ခဲ့လေသည်။ လက်ထပ်ပြီး မကြာမီတွင် ဘုတ်အူဂျင် အား မားကစ် လူမျိုးစုမှ ဖမ်းဆီးခေါ်ဆောင်သွားရာ တီမူဂျန်က သူဧ။် မိတ်ဆွေ ဖြစ်သော ဂျမူကာ ( နောင်အခါ ၄င်းဧ။် ပြိုင်ဘက် ) နှင့် သူဧ။် သက်တော်စောင့် ဖြစ်သူ ကာရစ်မျိုးနွယ်စုမှ အွန်ခန် တို့နှင့် ပူးပေါင်းကာ သွားရောက် ကယ်ဆယ် ခဲ့လေသည်။ 
( ဆက်လက်ဖော်ပြပါမည်။ ) 
အထက်ဖော်ပြပါ သမိုင်းအကြောင်းရာများနှင့် ဓါတ်ပုံများအား ၀ီကီဒီပီးယား အခမဲ့ လွတ်လပ် စွယ်စုံကျမ်း မှ  ကူးယူကောက်နုတ် ဖော်ပြ ပါသည်။ တစ်စုံတစ်ရာ လွဲမှားမှုများ ရှိပါက ကျွန်ုပ် ဧ။် ညံ့ဖျင်းမှုသာ ဖြစ်ပြီး မူရင်း ရေးသားသူများ နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပါကြောင်း ..........


ရောခ့်ကာ



No comments:

Post a Comment