Monday, February 25, 2013

ပါရောစီတမောကို ကာလရှည် စွဲသုံးခြင်းသည် သွေးကင်ဆာရောဂါများ ဖြစ်ပွားမှုနှင့် ဆက်စပ်နေ။



ပါရာစီတမောကို ကာလရှည် ပုံမှန်သုံးစွဲခြင်းသည် သွေးကင်ဆာရောဂါများ ဖြစ်ပွားမှုနှင့် ဆက်စပ်နေပြီး ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။ ယခု တွေ့ရှိမှုသည် ပါရာစီတမောကို အလွယ်တကူ သုံးစွဲနေကြသော
ကမ္ဘာတစ်ဝန်း မှ လူများအတွက် သတိပြုဖွယ် ဖြစ်ခဲ့ ရသည်။

ယခု တွေ့ရှိမှုသည် ကင်ဆာနှင့် အကိုက်အခဲပျောက်ဆေးများ အကြား ဆက်စပ်မှုရှိခြင်း အတွက် သက်သေ တစ်ရပ် ဖြစ်ခဲ့ရပြီး ပါရာစီတမောတွင်ပါသော acetaminophen ဓာတုပစ္စည်းသည် ကျန် ဓာတု ပစ္စည်း များ နှင့်မတူ ကင်ဆြာ ဖစ်နိုင်ခြေ အပေါ် သက်ရောက်မှု ရှိကြောင်း အယူအဆသစ် တစ်ရပ် ကို ဖြစ်ပေါ် လာ စေခဲ့ သည်။ အက်စ်ပရင်ဆေးသည် သွေးနှင့်ဆိုင်သော ကင်ဆာရောဂါ များ ဖြစ်ပွားနိုင်ခြေ ကို လျော့ ကျစေ သည် ဆိုသော အချက်မှာလည်း သက်သေ အထောက်အထား အနည်းငယ်သာ ရှိကြောင်း လေ့ လာမှု က ဖော်ပြသည်။

ယခု လေ့လာမှုကို အသက်အရွယ် ကြီးရင့်သည့် ကင်ဆာရောဂါ မဖြစ်သေးသူ ၆၅၀၀၀ကို ခြောက်နှစ် ကျော် ကြာ စောင့်ကြည့် ပြုစုခဲ့သည့် မှတ်တမ်း ဖြစ်သည်။ သို့ရာတွင် acetaminophen က ကင်ဆာဖြစ်စေ သည်ဟု မပြောနိုင်သေးဘဲ နောက် ထပ် လေ့လာမှုများ ထပ်လုပ်ရန် လိုနေသေးကြောင်း အမေရိကန်နိုင်ငံ ဆီရက်တဲလ် ရှိ ဖရက်ဟက်ချီဆန် ကင်ဆာ သုတေသန စင်တာမှ အမ်မီဝိုက်က ပြောကြားခဲ့သည်။ ယခု လေ့လာခဲ့သူများသည် ပါရာစီတမော သုံးခြင်း အပြင် အခြား ကင်ဆာ ဖြစ်စေသော အပြုအမူ အနေ အထိုင် အစားအသောက်များ မည်သို့ ပြုလုပ်ခဲ့သေးသည်ကို အတိအကျ မပြောနိုင်သေးသောကြောင့် ယတိပြတ် ကောက်ချက်ချရန်မူ စောလွန်းနေသေးသည်ဟု ဆိုသည်။

ခြောက်နှစ်ကြာ ကာလအတွင်း ၀ါရှင်တန်ပြည်နယ်မှ ယင်းပုဂ္ဂိုလ် ၆၅၀၀၀ ကျော်ကို လေ့လာခဲ့ရာတွင် ယင်းတို့အနက် ပါရာစီတမော ပုံမှန် သုံးသူများ၏ ကင်ဆာ ဖြစ်ပွားနိုင်ခြေမှာ ပိုမြင့်နေကြောင်း တွေ့ခဲ့ရပြီး အသက်အရွယ်၊ ကင်ဆာမျိုးရိုးလိုက်မှု စသည် တို့ကို နှိုင်းယှဉ် လေ့လာရာတွင်လည်း ပါရာစီတမော ကာလရှည် သုံးစွဲသူများကသာ အဖြစ်များခြင်း ဖြစ်ကြောင်း တွေ့ခဲ့ရသည်။


ပါရာစီတမောသည် ကမ္ဘာတစ်ဝန်း အသုံးအများဆုံး အကိုက်အခဲပျောက်ဆေးတစ်ရပ် ဖြစ်သည်။ ခေါင်း ကိုက်၊  အအေးမိ၊ နာကျင်ကိုက်ခဲခြင်းများနှင့် အခြား အသေးစား ဝေဒနာများ အတွက် အလွယ်သုံး သည့် ဆေးဝါး ဖြစ်သည်။ဘေးထွက် အန္တရာယ်များနှင့် ပတ်သက်ပြီး စိတ်မချရသေးသောကြောင့် ၁၉၇၀ ပြည့်နှစ်များ အထိ ကျယ်ကျယ်ပြန့်ပြန့် မသုံးစွဲခဲ့ကြပေ။ ၁၉၈၀ ပြည့်နှစ်များတွင်မူ အက်စ်ပရင်ထက် အသုံးတွင်ကျယ်လာခဲ့သည်။ ၁၉၈၀ ပြည့်နှစ်များတွင် အမေရိကန်မှ မူပိုင်ခွင့်သက်တမ်း ကုန်သွား ခဲ့ ခြင်းကြောင့် ပုံစံအမျိုးမျိုးဖြင့် ကမ္ဘာတစ်လွှားတွင် ထုတ်လုပ်လာနိုင်ခဲ့သည်။ အမေရိကန်တွင် Tyenol ဟု ထင်ရှားသော ပါရာစီတမော သုံးစွဲမှုနှုန်းမှာ ကမ္ဘာတစ်ဝန်း နှစ်စဉ် အလုံးရေ ထရီလျံချီ ရှိနိုင်သည်။ ဖိလစ်ပိုင် မှ ထုတ်ဝေသည့် အရောင်းရဆုံး ပါရာစီတမော အမှတ်တံဆိပ် တစ်ခု ဖြစ်သော ဘိုင်အိုဂျက်ဆစ် ဆိုလျှင် နှစ်စဉ် အလုံးရေ တစ်ဘီလျံချီ ရောင်းချနေရသည်။

news-eleven.com မှ ပြန်လည်ဖော်ပြပေးပါသည်။

ရောခ့်ကာ

No comments:

Post a Comment