Monday, February 11, 2013

မှား နေတဲ့ နေ့စွဲ များ ။


ရိုးသားမှုတွေ ပေးအပ်ခဲ့တယ်
နှလုံးသား အစစ် တစ်ခု လည်းပါတယ်
ကြည်နူးခြင်း တချို့
ကြုံတွေ့ခဲ့တယ်
သို့သော် ........
နောက်ကွယ်က ကွယ်ဝှက်ခြင်း အနက်ကို
ငါ မဖော်ထုတ် နိုင်ခဲ့ဘူး ။        ။

ငါ မေးကြည့်မိတယ်
သူမ ငြင်းဆန်ခဲ့တယ်
အကြိမ်ကြိမ် ပါပဲ ။           ။


ယုံကြည်မှုတွေ ပေးခဲ့မိတယ်
သစ္စာတရား တစ်ခုနဲ့ပေါ့
ဒါပေမယ့် ........
ငါ့ နှလုံးသားကို ဖဲ လိမ်ရိုက်သွားတယ် ။            ။

သူမ ပြောခဲ့တယ်
သူမ ပေးခဲ့တယ်
လက်မခံနိုင်ရင် နောက်ဆုတ်ပါတဲ့ ။         ။

ငါ ဟန်ပြင် လိုက်တယ်
မာနတရား အတွက်
သိက္ခာ တရား အတွက်
ငါ ပြန်တိုက် သင့်တယ်
ငါ ရဲ့ သူရဲကောင်း စိတ်ဓါတ် အတွက်  ။          ။

နောက်ဆုံး ......
ငါ ရရှိခဲ့လိုက်တယ်
ဟိုး အနက်ရှိုင်းဆုံး နေရာအထိ 
နှလုံးသားရဲ့ အစွန်းဆုံ နေရာအထိ
စူးနစ်ဝင်ရောက် နစ်မြှုပ်သွားတဲ့
ဒဏ်ရာ ဒဏ်ချက် တစ်ခု ။           ။

ငါ ရင်ဆိုင် နေရတယ်
အရှုံးတွေ ပတ်လည် ၀ိုင်းနေတဲ့ ကျွန်းတစ်ခုပေါ်မှာ
သူမ ရဲ့ လှည့်ဖျားထိန်ချန်ခြင်း စစ်သင်္ဘောရဲ့ တိုက်ခိုက်မှုမှာ။            ။

ငါ့ သွေးတွေ ဆူနေတယ်
ငါ့ လည်ပင်းတွေ အက်ကွဲ ဆို့နစ်နေတယ်
ငါ့ မျက်လုံးမှာ အံ့သြခြင်းတွေ နဲ့
တုန့်ပြန်မှုတွေ ရပ်တန့် နေတယ် ။         ။

ငါ ပြန်စဉ်းစားတယ်
ပြန် သုံးသပ် ကြည့်တယ်
ငါ မှား နေခဲ့တာလား 
ဟုတ်တယ် ........
မှားနေခဲ့တာ 
မှားခဲ့တာ
ချစ် ခဲ့တာကိုက ငါ့ အမှား ဖြစ်ခဲ့တာ ။          ။

နှမြော မိတယ်
အရမ်းကို နှမြောမိနေတယ်
ရိုးသားမှု တွေ 
ယုံကြည်မှုတွေ 
သစ္စာ တရား တွေ
မာန နဲ့ သိက္ခာ တွေ
ကုန်လွန် ခဲ့တဲ့ နေ့စွဲ တွေရယ် ။           ။

ရောခ့်ကာ
( 12. 2 . 2013 )
01:42 PM





No comments:

Post a Comment