Saturday, January 12, 2013

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး။ အပိုင်း ( 10 )



အခန်း ( 10 )

ဟန်သော်ဝေနိုင်ငံ
နန်းတွင်းညီလာခံ


အရှင်မင်းမြတ်ကြွချီလာပါပြီ။

                                နန်းတွင်း အမှုထမ်းတစ်ဦး၏ အသံရဲ့ အဆုံးမှာ ဟန်သော်ဝေနိုင်ငံရဲ့ ဘုရင်ဖြစ်သူ မှာ ညီလာခံ အလယ်သို့ ဟန်ပါပါဖြင့် လျှောက်လှမ်းလာပြီး မိမိရဲ့ ရာဇ ပုလ္လင် ရှေ့၌ မှူးမတ်ဗိုလ်ပါ တို့ရဲ့ အရိုသေပြုမှုကို ခံယူလိုက်လေသည်။ ထို့နောက်တွင်တော့ ညီလာခံသဘင်ကို စတင်ကျင်းပ ကြ လေသည်။ ယခု ကျင်းပသော ညီလာခံမှာ ပုံမှန်ပြုလုပ်လေ့ ရှိသော ညီလာခံတစ်ခုမဟုတ်ပဲ အရေးပေါ် ခေါ်ယူ စည်းဝေးသော နန်းတွင်းညီလာခံ တစ်ခုဖြစ်လေသည်။ ထို့နောက်တွင်တော့ ဘုရင် ဖြစ်သူက .........

အမတ်ကြီးတို့
ဘယ်လိုဖြစ်ကုန်ကြတာလဲ
နားကြားလို့မှ မကောင်းဘူး
ခံတပ်ထဲကို ရန်သူတွေ ၀င်နေတာတောင်
မသိကြပါလား။ အခု စစ်သူကြီးကိုပါ
ဖမ်းခေါ်သွားတာ ခံရတယ်။
ရာဇ၀င် တလျှောက်လုံး
ရန်သူတွေ ခံတပ်ထဲ ၀င်ဖို့ နေနေသာသာ
အနားတောင် ကပ်ဖို့ မလွယ်တာ
အခုတော့ ရာဇ၀င်ရိုင်းရလေပြီ။
ရှက်ဖွယ်ကောင်းလှပါ၏
ကဲ - ပြောကြစမ်းပါအုံး
အခု ဘယ်လိုဖြေရှင်း ကြမှာတုန်း

                                    ရှင်ဘုရင် လုပ်သူသည် စကားကို ခေတ္တမျှရပ်လိုက်ကာ မှူးမတ်ဗိုလ်ပါများကို တစ်ချက် အကဲခတ်လိုက်လေသည်။ တစ်ဦးတစ်ယောက်မျှ တုပ်တုပ်ပင် မလှုပ်ကြချေ။ ထို့နောက် ရှင်ဘုရင် ဖြစ်သူကပင် ....

အမတ်ကြီးတို့
ဖြေရှင်းဖို့ နည်းလမ်း မတွေ့ကြတော့ဘူးလား
နည်းလမ်းမတွေ့ကြရင် ကျုပ်တို့ တိုင်းပြည်က
ရန်သူတွေကို အရှုံးပေးဖို့ပဲ ကျန်တော့တယ်။
ဒီ ခံတပ်ဖြူသာကျလို့ကတော့
ကျုပ်ရဲ့ ပြည်သူတွေ အသက်အိုးအိမ်တွေကို
စွန့်လွှတ်ကြရလိမ့်မယ်။
ရန်သူရဲ့ သုံ့ပန်းအဖြစ်ကို ရောက်ကြရလိမ့်မယ်။
ကျုပ်ရဲ့ ဘိုးဘေးတွေ တည်ထောင်ခဲ့တဲ့
ဒီနိုင်ငံဟာလည်း ကျုပ် အချိန်ရောက်မှ
ပျက်သုန်းရလိမ့်မယ်။
ပြည်သူတွေက ကျုပ်ကို တသက်လုံး
အပြစ်တင်လို့ ဆုံးမှာ မဟုတ်ဘူး။
ကျုပ်ရဲ့ သမိုင်းကြောင်းဟာလည်း
ဘယ်လိုမှ လှလှပပ ကျန်နေမှာ မဟုတ်ဘူး။
ဒါကြောင့် ကျုပ်ကိုယ်တိုင်
စစ်မြေပြင် ကို သွားပြီး
ရတဲ့လူ ၊ ရှိတဲ့ အင်အားနဲ့
အတက်နိုင်ဆုံး ကျုပ် ပြည်သူတွေကို
ကာကွယ်ပေးရ လိမ့်မယ်။

                                      ရှင်ဘုရင် ဖြစ်သူက ထိုသို့ ပြောဆိုလိုက်လေရာ မှူးမတ်တို့သည် လှုပ်လှုပ်ရွရွ ဖြစ်ကုန် ကြလေသည်။ နောက်ဆုံးမှာတော့ နန်းတွင်း အမတ်များထဲမှ အသက်အကြီးဆုံး အမတ် တစ်ဦး က ရှေ့သို့ ထွက်လာကာ ...

အရှင်မင်းကြီးကို လျှောက်တင်အပ်ပါသည်။
တိုင်းပြည်အခြေနေဟာ ပေါ့ဆမိရင်
အဆိုးဆုံး အခြေနေကို ရောက်ရှိလာနိုင်ပါတယ်။
ဒါပေမယ့် ဖြေရှင်းလို့ ရနိုင်တဲ့ နည်းလမ်းကို
စဉ်းစားထားမိပါတယ်။ အဲ့ဒီ နည်းလမ်းဟာ
ရန်သူတွေကို တားဆီးနိုင်မယ်လို့ ထင်ပါတယ်။


ဆိုပါအုံး။ အမတ်ကြီး........

ကျွန်တော်မျိုးဟာ
အရှင်မင်းကြီးရဲ့ ဖမည်းတော် အချိန်လက်ထက်ထဲက
အမှုတော်ကို သစ္စာရှိစွာနဲ့ ထမ်းဆောင်လာပါတယ်။
ဒီ အတွေ့ကြုံကို အရင်းတည်ကာ
အရဲစွန့်ရ်ျ လျှောက်တင်အပ်ပါတယ်။
နိုင်ငံတွင်းမှာ စစ်သည်ရဲမက်အင်အား
လေးသိန်းကျော် ကျန်ရှိနေပါသေးတယ်။
စားနပ်ရိက္ခာတွေကလည်း ပုံမှန် သုံးနှစ်စာနဲ့
အရန် ရိက္ခာ ငါးနှစ်စာ ရှိနေပါသေးတယ်။
သို့ပေမယ့် တိုက်ပွဲ အကြုံနဲ့ တိုက်ရည်ခိုက်ရည်
ပြည့်ဝတဲ့ စစ်သူကြီးတွေ ရှားပါးနေပါတယ်။
သို့ပါရ်ျ စစ်သူကြီးကောင်းတွေ ရရှိပါက
ရန်သူတွေကို အောင်ပွဲဆင်နိုင်မှာ ဖြစ်ပါတယ်။


ကောင်းပြီ ၊ အမတ်ကြီး
အမတ်ကြီး ပြောစကားအရ
ကျုပ်တို့ ဟာ စစ်သူကြီးကောင်းတွေကို
ချီးမြှင့် ရမှာ ဖြစ်တယ်။
ဒါပေမယ့် အမတ်ကြီး
ဒီအချိန်မှာ အရည်သွေး ပြည့်ဝတဲ့
စစ်သူကြီးတွေကို ဘယ်လို ရှာမှာတုန်း
အခုချိန်မှာ တပ်သားအသစ် စုစောင်းတာတောင်
အားရစရာမရှိဘူး။ သူရဲကောင်းဆိုတာ
ဝေးလှပါ ၏ ။ ဒါနဲ့တင် ရန်သူတွေကို
ဘယ်လို ရင်ဆိုင်ကြမှာတုန်း။


မှန်လှပါ မင်းကြီး
အရှင်မင်းကြီးရဲ့ ဖခမည်းတော် လက်ထက်ချိန်က
ရာထူးချထားခြင်း ခံရတဲ့ စစ်သူကြီး တစ်ဦး
ကျန်ရှိနေပါသေးတယ်။ သူက စွမ်းရည် သတ္တိနဲ့
ပြည့်စုံရုံတင်မက ပဲ ၊ တိုက်ပွဲ အတွေ့ကြုံလည်း
များပြားလှပါတယ်။

ဘယ်လို........
ရာထူး ချခံရတဲ့ စစ်သူကြီး
ဟုတ်လား အမတ်ကြီး
ဘယ်သူများတုန်း

စစ်သူကြီး ဆာဂျန်း ပါ မင်းကြီး

ဆာဂျန်း

ကျုပ် မှတ်တမ်းတွေထဲမှာ
ဒီနာမည်ကို မဖတ်ဖူးပါလား

မှန်လှပါ မင်းကြီး
သူ့အကြောင်းရာက
ကွယ်ပျောက်နေတာ
ဆယ်နှစ်ကျော် ရှိနေပါပြီ။

ကောင်းပြီ ၊ အမတ်ကြီး
အမတ်ကြီးဟာ ခမည်းတော်
လက်ထက်အချိန်တည်းက
သစ္စာရှိစွာနဲ့ အမှုတော်ထမ်းလာတာကို
ကျုပ် သံသယ ဖြစ်စရာ မရှိပါဘူး။
ဒါကြောင့် အခု အမတ်ကြီး တင်ပြချက်ကို
သဘောကျမိပါတယ်။
ဆာဂျန်းသာ အမှုတော် ပြန်ထမ်းရင်
ကျုပ် ကြိုဆိုမှာပါ။ ဒါနဲ့.......
သူက ဘာလို့ ရာထူး ချထားခြင်း
ခံရပြီး မှတ်တမ်း မှာ မပါဝင်ရတာတုန်း

မှန်လှပါ မင်းကြီး
စစ်သူကြီး ဆာဂျန်းဟာ
တိုက်ပွဲ တစ်ခုမှာ
ရန်သူ့ စစ်သူကြီးကို
ဖမ်းဆီးနိုင်ခဲ့ပေမယ့်
ပြန်လည် လွှတ်ပေးခဲ့မိလို့
အပြစ်ဒဏ် သင့်ခြင်း ခံရတာပါ။
သူ့ရဲ့ ပြစ်ဒဏ်မှာ မှတ်တမ်းများမှလည်း
ပယ်ဖျက်ခြင်းကို ခံခဲ့ရပါတယ်။

ကောင်းပြီ ၊ အမတ်ကြီး
ဒီ ကိစ္စကို အမတ်ကြီးကိုပဲ
တာဝန်ပေးလိုက်မယ်။
အမြန်ဆုံး လုပ်ဆောင်ပါ။
အမတ်ကြီး အတွက်
ဘာတွေ ပံ့ ပိုးမှု လိုအပ်အုံးမလဲ

မှန်လှပါ။ ကျွန်တော်မျိုးအတွက်
လှည်းတစ်စီးစာ နန်းတွင်း
အရက်ကောင်းများနဲ့
အချိန် ဆယ်ရက်သာ
လိုအပ်ပါတယ်။

ကောင်းပြီ ၊ အမတ်ကြီး
လိုအပ်တဲ့ ပစ္စည်းတွေကို
စားဖိုဆောင်မှာ ထုတ်ယူပြီး
တာဝန်ကို အမြန်လုပ်ဆောင်ပါ။
ဆယ်ရက်ပြည့် လို့မှ အဆင်မပြေခဲ့ရင်
ကျုပ် ကိုယ်တိုင် စစ်မြေပြင်ကို ထွက်တိုက်မယ်။

အမိန့်တော် အတိုင်းပါ အရှင်မင်းကြီး

                                ထိုသို့ဖြင့် ၄င်းနေ့၌ ဟန်သော်ဝေ နိုင်ငံရဲ့ နိုင်ငံရဲ့ ဘုရင်မင်းမြတ်က ညီလာခံကို ဆုံးဖြတ်ချက် ပေးပြီး ပြီးစီးစေခဲ့လေတော့သည်။

**********************************

အမိုဝေခံတပ်


                                 ညသည် တိတ်ဆိတ်လွန်းလှနေသည်။ လပြည့်ညမဟုတ်သော်လည်း ဆန်းစ လ ၏ ကွေးညွတ် နေပုံမှာ အလွမ်း ဓါတ်ခံ ရှိသူတို့အဖို့ ကဗျာဆန်သော ညတစ်ည ဖြစ်နေပေလိမ့်မယ်။ သို့သော် တံတိုင်းလေးခု ဖြင့် လေး ထောင့် ကျကျတည်ဆောက်ထားသော အမိုဝေ ခံတပ် မှာတော့ အ၀င်ထွက်တံခါးများကို အသေချာပိတ်ထားကာ အုတ်ရိုး တံတိုင်းပေါ်မှာလည်း အစောင့်ကြပ် စစ် သည် များကို ထူထပ်စွာ ချထားလေသည်။ အကြောင်းမှာ ရန်သူ့ စစ်သူကြီးကို ရန်သူ့ ပိုင်နက် တွင်း သို့ ၀င်ရောက်ကာ လက်ရ ဖမ်းဆီးလာခဲ့သော တပ်မှူးကြီး လော်ဒီယာ ၏ အစီမံများ ဖြစ်လေသည်။
                                တစ်ဖက်မှ ရန်သူများက ပြောက်ကျားစနစ်သုံးကာ သူတို့ရဲ့ စစ်သူကြီးကို ပြန် လည် ရ်ျ ကယ် ထုတ် နိုင်ခြင်း မရှိအောင် ကြိုတင်ကာကွယ် ထားခြင်းလည်း ဖြစ်လေသည်။ ဒီနေ့ ညအဖို့ တပ်မှူးကြီး လော်ဒီယာ က သူရဲ့ တပ်သားများအားလုံးကို တပ်လှန့်ထားခြင်းလည်း ဖြစ် လေ ရာ အားလုံးသော သူများသည် သတိမပေါ့ဆပဲ နေနေကြရလေ သည်။ ထို့ကြောင့် အမိုဝေ ခံတပ် တွင်းရှိ လူများအဖို့မှာတော့ လှပတဲ့ ဒီညဟာ မည်သို့မျှ ကဗျာ ဆန်နိုင်ကြလိမ့်မည် မ ဟုတ်ချေ။
                                သို့ဖြင့် ညသည် ညဉ့်ဦးယံ ၊ ညဉ့်လယ်ယံ ၊ မိုးသောက်ယံ တို့ကို ကျော်လွန်ကာ အာရုဏ်ဦး အချိန်သို့ ရောက်ရှိလာခဲ့လေသည်။ တပ်မှူးကြီး လော်ဒီယာ သည် မိမိရဲ့ နားနေဆောင် အတွင်းရှိ စားပွဲနား၌ ထိုင်လျက် မျက်နှာကို စားပွဲနှင့်အပ်ကာ အိပ်ပျော်ရ်ျ နေလေသည်။ သူ့ရဲ့ ဘေး မှာ တော့ အဆောင်ဓါးကို အသင့်ပြင်ဆင်ထား ရှိလေ သည်။ ထိုအချိန်တွင် ယုဒီပနိုင်ငံ ဘက်ဆီမှ နေ ရ်ျ စစ်သည် သုံးသိန်း အင်းအားရှိသော စစ်တပ်ကြီး တစ်ခုသည် တစ်ခု သည် အမိုဝေ ခံတပ် ဘက် ဆီ သို့ တရွေ့ရွေ့နှင့် ဦးတည်လာလျက် ရှိနေပေသည်။
                                 ထို ချီတက်လာသော စစ်တပ်ကြီးတွင် ဒိုင်းနှင့် ဓါးများကို ကိုင်ဆောင်ထားသော စစ်သည်များ လှံရှည်များကို ကိုင်ဆောင်ထားသော စစ်သည်များ ၊ လေးမြှား ကိုင် စစ်သည်များ ၊ မြင်းစီး စစ်သည်တော်များ ဖြင့် အတန်းလိုက် ချီတက်လာကြလေသည်။ ထို တပ်စု လေးခု ရဲ့ နောက် မှာ တော့ လောက်လွဲ ပစ်ခတ်နိုင်သော ငြမ်းစင်များကို ဘီးတပ်ထားသော ယန္တယား တပ်သားများ သည်လည်း ပါဝင်ကြလေသည်။ စင်စစ် ဆိုလျှင် ချီတက်လာသော စစ်တပ်ကြီး မှာ တပ်မကြီး တစ်ခု ဖြစ်လေသည်။ ထို တပ်မကြီးအား ဦးဆောင် ချီတက်လာသူကတော့ ယုဒီပ နိုင်ငံရဲ့ ကျော်ကြားလှ သော စစ်သေနာပတီဖြစ်သူ ၀က္ကနော် ပင်ဖြစ်လေသည်။
                                  စစ်သေနာပတိ ၀က္ကနော် သည် အမိုဝေ ခံတပ် ဂိတ်တံခါးသို့ ရောက်လျှင် ခံ တပ် အုတ်ရိုး ပေါ်သို့ တစ်ချက် လှမ်းကြည့် လိုက်လေသည်။ ခံတပ်အုတ်ရိုးပေါ်၌ အသင့် စောင့်ဆိုင်း နေ သော ဂိတ်တံခါးမှူးအား တွေ့မြင် ရလေသည်။ ထို့နောက် စစ်သေနာပတိ ၀က္ကနော် က အချက် ပြ လိုက်လေရာ အလံကိုင် တပ်သားများသည် ရှေ့သို့ စီတန်း ထွက်လာပြီး အလံများကို ဝှေ့ရမ်းကာ ဂိတ်တံခါးပေါ်သို့ အချက်ပြမှုကို ပြုလုပ် လိုက်ကြလေသည်။
                                  အလံကိုင် တပ်သားများ၏ အချက်ပြမှု ပြီးဆုံးသည့်နောက် ဂိတ်တံခါး မှူးရဲ့ နောက်ကွယ်မှ နေရ်ျ ထွက်ပေါ်လာသော တပ်မှူးကြီး လော်ဒီယာကို တွေ့မြင်ရလေသည်။ တပ်မှူး ကြီး လော်ဒီယာသည် ဂိတ်တံခါးမှူးအား အချက်ပြလိုက်လေရာ အမိုဝေ ခံတပ် ဂိတ်တံခါးကြီး မှာ ပွင့်ရ်ျ လာခဲ့လေသည်။ ထို့နောက်တွင်တော့ စစ်သေနာပတိ ၀က္ကနော် ရဲ့ တပ်မကြီးသည် အမိုဝေ ခံတပ်အတွင်းသို့ ၀င်ရောက်သွားကြလေသည်။ တပ်များအားလုံး ၀င်ရောက်ပြီးကြလျှင် အမိုဝေ ခံတပ်ရဲ့ ဂိတ်တံခါးကြီးမှာလည်း ပြန်လည်ရ်ျ ပိတ်သွားခဲ့တော့သည်။

(ဆက်လက်ဖော်ပြပါမည်။ )

Rocker77
 
 

No comments:

Post a Comment