Saturday, January 12, 2013

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး ။ အပိုင်း ( 6 )



အခန်း ( 6 )


               ဒီနေ့ရဲ့ ရာသီဥတုက ကြည်လင်ဝင်းပလျက်ရှိနေ ပေသည်။ မနေ့က ရွာခဲ့သော မိုးတို့သည် ဒီနေ့တော့ မောပန်း စွာနဲ့ ပျေက်ကွယ်လို့ နေလေပြီလေ။ ရာသီဥတု သာယာ နေသဖြင့် မယ်ခ တို့ လူစု သည် စောစောစီးစီးပင် ခရီးကို စတင်လိုက် ကြလေသည်။ နေ့တစ်ဝက်နီးပါးလောက် အပြင်း ခရီး နှင်လိုက်ကြရာ အရောင်းအ၀ယ် အတော်အသင့် ကောင်းမွန်ပုံ ရသော မြို့တစ်မြို့သို့ ရောက်ရှိ ကြလေသည်။

              ထို မြို့ ၌ နေထိုင်သူ လူတန်းစားတို့သည် အေးဆေးတည်ငြိမ်မှုရှိကြ ပုံ တွေ့မြင်ရလေသည်။ စီးပွားရေး တိုးတက် သည့် မြို့တစ်မြို့ ဖြစ်သည့် အလျောက် ထို မြို့၌ ရုပ်သေးကဇာတ်ရုံများ ၊ ပုံပြင် ဟောပြောကြသူများ ၊ မျက်လှည့် ပြစားသူများ ၊ စသဖြင့် အပန်းဖြေစရာ ဖျော်ဖြေမှု မျိုးစုံကို လည်း တွေ့မြင်ရလေသည်။ ၄င်းအပြင် ထို မြို့၌ တည်ဆောက်ထားသော အိမ် များမှာလည်း မြေ အုတ် ၊ ကျောက် အုတ်များဖြင့် သပ်ရပ်စွာ တည်ဆောက်ထားပြီး အိမ် အများစုမှာ နှစ်ထပ် တည်ဆောက် ထားကြသည် က များလေသည်။

              မယ်ခ တို့ သုံးယောက်သည် မြို့ကို ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှု့ကြပြီး ထမင်းဆိုင် တစ်ဆိုင်သို့ ၀င်ကာ သူတို့ရဲ့ မနက်စာကို ဖြေရှင်းကြလေသည်။ မယ်ခ တို့သည် နေ့ဝက်မျှ ခရီးနှင်လာတဲ့ ခရီး ဒဏ် ကြောင့် ဗိုက်ဆာဆာ နှင့် လွေးကြ သည်မှာ တစ်ယောက်နဲ့ တစ်ယောက် စကားပြောရန်ပင် မေ့ နေကြလေသည်။ ထို့ နောက် မယ်ခ တို့ သုံးယောက်သည် ထမင်း စားပြီးကြသည်မို့ တခဏမျှ အနား ယူ နေရင်း ရေနွေးကြမ်း ထိုင်သောက်နေကြကာ အနားယူလျက်ရှိနေပေသည်။

               ထို အချိန် တွင် ဆိုင်ထဲသို့ လူရွယ်တစ်ဦး ၀င်ရောက်လာကာ ဆိုင်အတွင်းသို့ တစ်ချက် ဝှေ့ ၀ိုက်ကာ လှည့်ပတ် ကြည့်ရှု့လိုက်ပြီး စားပွဲလွတ် တစ်ခုတွင် ၀င်ထိုင်လိုက်လေသည်။ ထို့နောက် စား စရာ တချို့ကို မှာယူကာ စားသောက်နေပေ သည်။ ချောင်ကျကျ စားပွဲတွင် နေရာယူထားသော မယ်ခ တို့ လူစုသည် ထို လူရွယ်အား အတိုင်းသား မြင်နေရပေသည်။ လူရွယ်ကတော့ မယ်ခ တို့ကို သတိပြုမိဟန် မတူချေ။

               မယ်ခ သည် မိမိ နှင့် မျက်နှာချင်းဆိုင် အနေထားတွင် ရှိနေသော ထို လူရွယ်အား သေချာ အကဲခတ် ကြည့် နေမိသည်။ ၀င်မွတ်စိုပြေသော အသားရည် ၊ ဖြောင့်စင်းသောနှာတံ ၊ ထူထဲသော မျက်ခုံး နှင့် သမင်မျက်လုံး ကဲ့သို့ မျက်လုံး ကို ပိုင်ဆိုင်ထားသော ထို လူရွယ်သည် အတော်တန်ပင် ကြည့်ကောင်းသည်ဟု ယူဆ မိလေသည်။ မယ်ခ သည် ထို လူရွယ်အား ကြည့်နေရင်းမှ အတွေးတစ်ခု ခေါင်းထဲ သို့ ၀င်လာလေသည်။ သူမ ရဲ့ အတွေးကတော့ ထို လူရွယ်ကို မြင်ဖူး သလို ရှိနေခြင်း ပင် ဖြစ်လေသည်။

                ထို အခိုက်... အဘိုးအို မှ


သမီးတို့ ရေ ၊
ခရီးဆက်လိုက်ကြစို့

                 ဟု ဆိုလိုက်ရာ မယ်ခ က

ခဏလေး အဘ ၊
ဟို စားပွဲက လူကို
သိလား အဘ ။

                  မယ်ခ စကားဆုံးတော့ အဘိုးအိုကော ၊ မယ်မြ ပါ သူမ ပြောသော လူရွယ်ဆီသို့ လှမ်းကြည့် မိကြ လေသည်။ ထို့နောက် နှစ်ဦးစလုံး ပြိုင်တူ မယ်ခ ကို ခေါင်းခါ ပြကြလေသည်။ ထို့နောက် မယ်ခ က.........

ဒီမှာ ခဏလောက်ဆက်ထိုင် ကြရအောင် ။

                   စကားဆုံးတော့ အဘိုးအို က

ဘာလို့လဲကွယ့် ။

မယ်ခ .............. ဟိုလူကို မြင်ဖူးသလို ရှိနေလို့။
ဒါပေမယ့် ဘယ်မှာ မြင်ဖူးလဲ ဆိုတာကို
စဉ်းစားမရ ဖြစ်နေလို့ ။

                   မယ်ခ စကားဆုံးတော့ စားသောက်နေသော လူရွယ်သည် ငွေ ရှင်းကာ ဆိုင်အတွင်းမှ ထွက်ခွာ သွားလေ သည်။ ထို့နောက် မယ်ခ သည် သူမရဲ့ အဆောင်ဓါးကို ယူကာ

အဘ.......
ဒီည ဒီမြို့မှာပဲ
ညအိပ် ကြမယ်။

                   စကားဆုံးသည် နှင့် မယ်ခ သည် လူရွယ်နောက်သို့ ထ လိုက်သွားလေသည်။ မယ်ခ လိုက် သွား တော့ မယ်မြ သည်လည်း သူမ နောက်မှ ထရ်ျ လိုက်ပါသွားလေသည်။ အဘိုးအို ကတော့ ထို ထမင်းဆိုင် ၌ ပင် အခန်းစီစဉ်ကာ ကျန်ရစ် နေခဲ့လေသည်။

                   မယ်ခ နှင့် မယ်မြ သည် လူရွယ်ရဲ့ ခပ်လှမ်းလှမ်း နေရာမှ နေရ်ျ မသိမသာ နောက် ယောင် ခံ လိုက်သွားကြ လေသည်။ ထို လူရွယ်သည် မယ်ခ တို့ လိုက်ပါလာသည်ကို သိရှိပုံမရပဲ ပုံမှန် အတိုင်း သာ သွားလာလျက်ရှိနေပေသည်။ လူရွယ် သည် လူစည်ကားသော ဈေးတန်း တစ်ခု ဘက်ဆီသို့ ဦးတည်ကာ သွားနေပေသည်။ ထို့နောက် လူရှု့ပ်သော ဈေးတန်း လေး အေ၇ာက်တွင် ရုတ်တရက် မယ်ခ တို့ရဲ့ မြင်ကွင်းထဲမှာ ပျောက်ကွယ်သွားလေသည်။

                   မယ်ခ နှင့် မယ်မြ သည် ဈေးတန်းလေး၌ ထို လူရွယ် အား လှည့်ပတ် ရှာကြည့် သော် လည်း အရိပ်ယောင် မျှပင် မတွေ့ရတော့ချေ။ ထို့နောက် မယ်ခ တို့ ညီအစ်မ နှစ်ယောက်သည် တည်း ခိုရန် စီစဉ်ထားသော ထမင်းဆီသို့ ပြန်လှည့် လာခဲ့ကြလေသည်။


*********************************
                   
                     တည်းခိုဆောင်သို့ ရောက်သောအခါ အဘိုးအိုက အခန်းသုံးခန်း စီစဉ်ထား သဖြင့် မယ်ခ တို့ လူစု သည် တစ်ယောက်တစ်ခန်းဖြင့် အေးဆေး အနားယူလိုက်ကြလေသည်။ တည်းခို ဆောင် သို့ မယ်ခ တို့ ပြန်ရောက်လာ ချိန်လာ သည် ညနေခင်း အချိန်သာ ရှိနေသေးသဖြင့် မယ်ခ သည် အခန်းတွင်း ၌ အနားယူနေစဉ် ခရီးနှင်လာမှုကြောင့် ပင်ပန်းကာ မှေးခနဲ အိပ်ပျော်သွား လေသည်။

                     မယ်ခ ပြန်လည် နိုးလာချိန်သည် ညဉ့်ဦးယံသို့ပင် ရောက်ရှိရ်ျ နေလေသည်။ မယ်ခ သည် အိပ်နေရာမှ ထကာ ကိုယ်လက် သန့်စင် လိုက်ကာ အခန်းတွင်းရှိ စားပွဲ တွင် ထိုင်လိုက်ရာ အနည်းငယ် တုန်လှုပ်သွားလေသည်။ အကြောင်းမှာ ထို စားပွဲပေါ်၌ မည်သည့် အချိန်က လာထား သွား မှန်း မသိသည့် ပေါက်ဓါးတစ်ချောင်းဖြင့်  ပစ်ပေါက်ထား သော စာ တစ်စောင်ကို တွေ့ရသော ကြောင့် ဖြစ်လေသည်။ မယ်ခ သည် ဓါးမှ စာကို ယူရ်ျ ဖတ်ကြည့်ရာ အောက်ပါအတိုင်း တွေ့ရ လေ သည်။

ကျုပ် နောက်ကို လိုက်တာ ဘာကြောင့် လဲ။

                     စာသည် ထိုမျှသာ ဖြစ်လေသည်။ မယ်ခ သည် ထိုစာကို ခါး၌ လိပ်ကာ ကျစ်ထား လိုက် လေသည်။ ထို့နောက် မိမိ အဆောင်ဓါးကို ယူကာ တည်းခိုဆောင် အောက်ထပ် ရှိ ထမင်း ဆိုင်သို့ ဆင်း လာခဲ့လေသည်။ အောက်ထပ်ေ၇ာက်တော့ အဘိုးအို နှင့် မယ်မြ တို့သည် စားပွဲတစ်ခု၌ ထိုင် ကာ ရေနွေးကြမ်း သောက်လျက်ရှိသည်ကို တွေ့ကြရလေ သည်။ မယ်ခ စားပွဲ အနီးသို့ ရောက် လေ သော် အဘိုးက

နိုးပြီလားကွယ့်

                    ဟု လောကွတ်ပြုကာ ကြိုဆိုလိုက်လေသည်။ ထို့နောက် မယ်ခ သည် စားပွဲ၌ ၀င်ထိုင် လိုက်ပြီး ဆိုင်ရှိ စားပွဲ ထိုးအား ခေါ်ယူကာ မိမိရဲ့ ညစာကို ပြင်ဆင်ခိုင်းလိုက်လေသည်။ မယ်ခ သည် ညစာကို ကောင်းမွန်စွာ သုံးဆောင်ပြီး နောက် အဘိုးအို နှင့် မယ်မြ အား ခါးမှ စာလိပ် လေးအား ထုတ်ရ်ျ ပြလိုက်လေသည်။ ထို့နောက် သုံးဦးသား တစ်ယောက် မျက်နှာ တစ်ယောက် ကိုယ်စီ ကြည့် လိုက်မိကြသည်။ သူတို့ရဲ့ ကိုယ်စီ အတွေးထဲမှာတော့ မနက်က တွေ့ခဲ့သော လူရွယ်သည် ကိုယ်ခံ ပညာ အဆင့်တန်းမြင့်မားကြောင်းကို တော့ ရိပ်စားမိလိုက်ကြသည်။ ထို့နောက် မယ်ခ တို့ လူစု သည် ရောက်တက် ရာရာများကို စကားဖောင်ဖွဲ့ ကြကာ ညဉ့်လယ်ယံသို့ ရောက်ရှိ ချိန်မှာတော့ ကိုယ်စီ အခန်းများသို့ ပြန်ကာ အိပ်စက် အနား ယူ ကာ နောက်တစ်နေ့ အတွက် ပြင်ဆင်ထားလိုက် ကြလေသည်။


( ဆက်ပါအုံးမည်။ )

Rocker77

No comments:

Post a Comment