Monday, January 7, 2013

ကျွန်တော်ချစ်သောကောင်မလေး။ အပိုင်း ( 3 )



အခန်း ( 5 )

ဒီနေ့ ကျွန်တော်တို့ သုံးယောက် လက်ဖက်ရည်တွင် ဆုံကြရန် ချိန်းထားသည်မို့ ကျွန်တော် အိမ်မှ ထွက်ခဲ့သည်။ ဆိုင်ရောက်တော့ အောင်မင်းနဲ့ တရုတ်ကြီးက ရောက်နှင့်နေကြပြီ ဖြစ်သည်။ ဆိုင်ထဲရောက်တာနဲ့ စားပွဲတွင် အလိုက်သင့် ၀င်ထိုင်လိုက်ပြီး..........

မင်းတို့ရောက်နေတာ ကြာပြီလား

ဟု နှုတ်ခွန်းဆက်လိုက်သည်။ အောင်မင်းက

သိပ်မကြာသေးပါဘူး။ ခဏပဲရှိပါသေးတယ်။

ဟု ပြန်ဖြေ လိုက်သည်။ထို့နောက်တွင်တော့ ကျွန်တော်က စားပွဲထိုးလေးအား လက်ဖက်ရည် တစ်ခွက် မှာလိုက်ပါသည်။ ထို့နောက် တရုတ်ကြီးက ကျွန်တော့်ကိုကြည့်ကာ

ဘယ်လိုလဲ ၊ ဟိုနေ့က ကောင်မလေးက ချောရဲ့လား

ဟု ပြုံးစိစိ လုပ်ကာ ကျွန်တော့်ကို လှမ်းမေးလိုက်သည်။ ကျွန်တော်က

အမ် - ဘယ်ကောင်မလေးတုန်းဟ

တရုတ်ကြီး က

မင်းကလည်းကွာ ၊ ဟိုနေ့က တီးဝိုင်းမှာ တွေ့တဲ့ ကောင်မလေးကိုပြောတာလေ။ မင်း တံခါးထ ဖွင့်ပေးတဲ့ ကောင်မလေး လေကွာ

ကျွန်တော်က

မလှပါဘူး။ သာမန်ပါပဲ။ ဘာဖြစ်လို့လဲ။

တရုတ်ကြီးက

ဘာမှမဟုတ်ပါဘူး မေးကြည့်တာပါ။

ဆက်ပြီး ကျွန်တော်က

ကောင်မလေးက လှတော့မလှပါဘူး။ ဒါပေမယ့် ချစ်စရာတော့ ကောင်းပါတယ်။

ကျွန်တော် အဲလိုပြောလိုက်တော့  ဟင်   ဆိုသော တရုတ်ကြီး ရဲ့ အာမေဋိ သံနဲ့အတူ အဟွတ်ဟွတ် ဆိုတဲ့ အောင်မင်းရဲ့ ရေနွေးကြမ်း သီးသံပါ ပြိုင်တူ ထွက်ပေါ်လာပါသည်။ ကျွန်တော်က

ဘာဖြစ်လို့တုန်းဟ ၊ တအံ့ တသြနဲ့ ၊ သရဲနဲ့တွေ့လို့လား

လို့မေးလိုက်တော့ တရုတ်ြ့ကီးက

အေး - သရဲနဲ့တွေ့တာထက်ဆိုးတယ်။ မင်း စကားက မင်းဆီက တစ်ခါမှ မကြားဖူးတဲ့ ထူးဆန်းတဲ့ စကားဖြစ်နေတာကိုး

အောင်မင်းကပါ

အေးလေ။ ဟုတ်သားပဲ။ ငါတောင် လျှာ လောင်သွားပြီ

ဟု တရုတ်ကြီး စကားကို ထောက်ခံပေးလိုက်ပါသည်။ ကျွန်တော်က

ဟင် - မင်းတို့ကလည်း ငါ့ စကားက ဘာများ ထူးထူးဆန်းဆန်း ပါနေလို့လဲ။ ရိုးရိုးလေးပဲပြောတာကို

စကားဆုံးတော့ စားပွဲထိုးလာချပေးသော လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်ပါသည်။ တရုတ်ကြီး ကဆက်ပြီးတော့

မင်းကတော့ ရိုးရိုးလေးပဲ ပြောတာဆိုနေတယ်။ ဟိုနေ့က တံခါးသွားဖွင့်တုန်းက မင်း အမူရာရယ် ၊ခု မင်းပြောတဲ့ စကားတွေရယ် ပေါင်းလိုက်ရင်တော့ တတော်ထူးဆန်းနေတယ်လေ။

တရုတ်ကြီးပြောတာ ဟုတ်တော့ ဟုတ်နိုင်ပါသည်။ ဟိုနေ့က အဖြစ်ကို တရုတ်က မြင်ထားလိုက်သည် မဟုတ်ပါလား။ နောက်ပြီး ကျွန်တော်ရောက်မလာခင် အောင်မင်းကို ဖောက်သည် ချထားပြီးသား ဖြစ်နေနိုင်သည်။ မိန်းခလေးတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော် တစ်ခါမှ ဒီလောက်ထိ စိတ်ဝင်တစား မပြောဖူးသည်က လည်း ပါမည် မဟုတ်ပါလား။ ဒါကြောင့် ဒီနေ့ သူတို့နှစ်ယောက် ကျွန်တော့်ကို ထူးဆန်းနေတာလည်း ဖြစ်နိုင်ပါသည်။တကယ်တော့ သူတို့တွေချည်းပင် ထူးဆန်းနေတာမဟုတ်ပါ။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ထူးဆန်းနေမိပါသည်။ ဘာလို့များ ကျွန်တော် ဒီအကြောင်းကို စိတ်ဝင်တစား ပြောဆိုနေမိလဲဆို တာ ကျွန်တော် မသိပါ။ပြန်စဉ်းစားမိတော့ ဟိုနေ့က အဖြစ်ပျက်လေးကို ကျွန်တော့်ခေါင်းထဲ ပြန်လည်ပုံပေါ်လာပြီး စိတ်ထဲမှာလည်း တစ်ခုခုကို ကျွန်တော် ခံစားလိုက်မိသည်။ ထို ခံစားမှုက ဘာလဲဆိုတာတော့ ကျွန်တော် ရှင်းမပြတက်သေးတာအမှန်ပါပဲ။ တရုတ်ကြီးက ဆက်ပြီး

ဘယ်လိုလဲ၊ မင်း အဲ ကောင်မလေးကို စိတ်ဝင်စားနေတယ်မဟုတ်လား။

စကားဆုံးတော့ ကျွန်တော်က

ငါက ဘာလို့စိတ်ဝင်စားရမှာလဲ။ မ၀င်စားပါဘူး။

ဒီ တစ်ခါအောင်မင်းက ပါ

မင်းကလည်း စိတ်မ၀င်စားဘူးသာဆိုတယ်။ မင်းမျက်လုံးတွေက အေ၇ာင်တွေ လဲ့ လို့ပါလား။

ဟု ကျွန်တော့်ကိုဖောက်ပါလေရော။ ကျွန်တော်က

ကဲ - ထားပါတော့ ။ ငါ စိတ်ဝင်စားစား မစားစား။ ငါတို့ လာရင်း အကြောင်းလေးပြောပါအုံး။

ကျွန်တော် စကားလွှဲလိုက်၇သည်။ နို့မို့ဆို ကျွန်တော် သူတို့နှစ်ယောက်ကြားမှာ ချောင်ပိတ်မိတော့မှာ မဟုတ်ပါလား။ အောင်မင်းက

အေး- ပြောမယ်။

ဟု အစချီကာ။

ငါတို့ခု စာမေးပွဲလည်း ပြီးသွားပြီ။ တက္ကသိုလ်လည်း မတက်ကြရသေးဘူး။ ဒီတော့ ဒီကြားထဲမှာ အကျိုးရှိအောင် သင်တန်းတစ်ခုခု တက်ကြမလားလို့ စဉ်းစားနေတာ

အောင်မင်း စကားဆုံးတော့ ကျွန်တော်က

အင်း - မင်းအကြံမဆိုးပါဘူး။ ငါတို့ ဘာသာစကားသင်တန်း တစ်ခုခု တက်ကြမလား။

ထိုသိုပြောလိုက်တော့။ တရုတ်ကြီးက

ဘာသာစကားသင်တန်းဆိုရင် တရုတ်စာသင်မလား။ ပညာဒါန အစီအစဉ်လေ။ ငါ ဘုံကျောင်းမှာ လိုက်အပ်ပေးမယ်။ မင်းတို့ လမ်းစရိတ်နဲ့ စာအုပ်ဖိုးပဲ ကုန်မှာ သင်တန်းကြေးပေးနေစရာမလိုဘူးလေ။ ဘယ်လိုလဲ

တရုတ်ကြီးစကားဆုံးတော့ အောင်မင်းက

မင်း ကတော့လုပ်ပြီ။ တရုတ်ကြီးဆိုတဲ့ နာမည်နဲ့လိုက်ပါပေတယ်။ ငါတို့ကို တရုတ်စာ သင်ဖို့ လာစည်းရုံးနေတယ်။ ငါ စိတ်မ၀င်စားဘူး။

ဟု ငေါ့တော့တော့ ပြန်ပြောချလိုက်သည်။ကျွန်တော်က

မင်းကတော့လေ။ သူများက အကောင်းပြောနေတာကို သူပြောတဲ့ အစီစဉ် မဆိုးပါဘူး။ ငွေကုန်သက်သာပြီး ပညာရပ်တစ်ခုကို ငါတို့ ရမယ့်ဥစ္စာ ၊ လုပ်သင့်ပါတယ်။ ငါ တို့မှာ အလုပ်လည်း ရှိသေးတာမဟုတ်ပဲနဲ့။

ဟု တရုတ်ကြီး ဘက်ကထောက်ခံပေးလိုက်တော့ နှစ်မဲ တစ်မဲဖြင့် ကျွန်တော်တို့ တရုတ်စာသင်တန်း တက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက်တွင်တော့ သင်တန်းအချိန်အား တရုတ်ကြီးကိုပဲ စုံစမ်းစေပြီး စနေ၊ တနင်္ဂနွေ အတန်းကို ကျွန်တော်တို့ သွားတက်ဖြစ်ကြသည်။
ထို သင်တန်းသို့ တရုတ်ကြီးက လိုက်မတက်ဖြစ်ပါ။ အကြောင်းကတော့ သူ့အိမ်က အလုပ်တွေနဲ့ မအားသည်ကတစ်ကြောင်း ၊ တရုတ်စာနဲ့ ၇င်းနှီး ပြီးသား ဖြစ်နေသည်က တစ်ကြောင်းဖြင့် ကျန်နေခဲ့ပါတော့သည်။


(ဆက်လက်ဖော်ပြပါမည်။)


Rocker77

No comments:

Post a Comment