Saturday, January 12, 2013

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး။ အပိုင်း ( 9 )



အခန်း ( 9 )

              မနေ့ညက ဒီမိုရာ တစ်ယောက် တောင်အောက်ရွာထဲသို့ ဆင်းလည် ထားသဖြင့် မောမော ပန်းပန်း နှင့် အိပ်စက်ခဲ့ ပေရာ နေအတော်မြင့်မှ အိပ်ရာမှ နိုးလေသည်။ ဒီမိုရာ သည် အိပ်ရာမှထရ်ျ ကိုယ်လက်သန့်စင်ပြီး ထမင်း စားပွဲဆီသို့ လှမ်း လာခဲ့ရာ အဘိုးဖြစ်သူက အသင့်ဆီးကြိုရ်ျ နေလေ သည်။ အဘိုးအိုက....


ကောင်လေး ၊ နိုးလာပြီလားကွယ့်

ဟုတ်ကဲ့  အဘ
အဘ ၊ စာပြီးပြီလားဗျ

အေးပြီးပြီကွယ့်
မင်းအတွက် ပြင်ထားတာတွေ
စားလိုက်ပါအုံး

ဟုတ်ကဲ့ ပါ အဘ

            ဒီမိုရာ သည် ငယ်စဉ်ကလေးဘ၀တည်းကပင် အမိအဖများ မရှိပဲ အဘိုးအိုရဲ့ လက်ပေါ်တွင် သာ ကြီးပြင်းလာခဲ့ ရသဖြင့် အဘိုးအိုမှာ သူ၏ အဖော်သော်လည်းကောင်း၊ အမေ သော်လည်း ကောင်း ၊ ဆွေးမျိုးသားချင်း ဆိုပါက မမှား သဖြင့် တွယ်တာချစ်ခင်မှုများအားလုံးသည် သူ့ အတွက် တော့ အဘိုးအို ထံတွင်သာ ဖြစ်လေသည်။ အဘိုးအိုမှာလည်း ထိုနည်းအတိုင်းပင် ငယ်စဉ်ကလေး ဘ၀ တည်းက ထိန်းကျောင်းလာခဲ့ရသဖြင့် သားတစ်ယောက်လို ၊ မြေးတစ်ယောက် လို ချစ်ခင် တွယ် တာမှုကို ပိုခဲ့လေသည်။ ထို့ကြောင့်ပင်လည်း သူတို့ နှစ်ဦးသည် တစ်ဦးကိုတစ်ဦး တန်ဖိုးထား ကာ ချစ် ခင် စွာ ဖြင့် နေထိုင် လာခဲ့ကြရာ ယခု အထိပင် ဖြစ်လေသည်။ ဒီမိုရာသည် အဘိုးအို ပြင်ဆင် ပေးထား သော မနက်စာကို သုံး ဆောင် ပြီးသည်နောက်

အဘ ..........
မနေ့က ကျွန်တော် တောင်အောက်ဆင်းတော့
အကြောင်းတစ်ခု ကြုံခဲ့ရတယ်ဗျ

ဟေ..............
မင်း ဘာလုပ်လာပြန်ပြီလဲကွာ
မင်းကတော့ ငယ်တော့တာလည်း
မဟုတ်ပဲနဲ့ ပြသာနာပဲ ထိုင်ရှာနေတော့တာပဲကွာ

အာ.........
အဘကလည်းဗျာ
ကျုပ်ကို အကောင်းကို မပြောဘူး။
ကျုပ် ဘာပြသာနာ မှ ရှာမလာပါဘူးဗျာ။

ဟေ........
သိဘူးလေကွာ။ မင်းက ခါတိုင်းဆို
ရွာထဲကိုသွားတာနဲ့ ပြသာနာ က
ပါပါလာတာပဲမဟုတ်လားကွ

အဘကလည်း
ဒီတစ်ခါ ကျုပ် ဘာမှ မလုပ်ခဲ့ပါဘူးဗျာ။

ကဲ - ဒါဆို ပြောစမ်းပါအုံးကွ။

ဒီလို အဘရ
မနေ့က ကျုပ် ရွာထဲကို ရောက်တော့
ရဲမက်နှစ်ယောက် ရောက်လာတယ်။
ပြီးတော့ သူကြီးအိမ်မှာ စာလာကပ်သွားတာ။
ကျုပ်လည်း သိချင်လို့ သွားဖတ်ကြည့်တော့
ရဲမက် အသစ်တွေ ခေါ်ယူတဲ့ စာဗျ
ကျန်းမာသန်စွမ်းတဲ့ ယောက်ျားတိုင်း
နိုင်ငံကို ကာကွယ်ဖို့ စစ်မှုထမ်းလို့ ရပါတယ်လို့
ရေးထားတာ ဗျ။

အင်း ....... ဟုတ်ပါပြီ။


နောက်တစ်ခုက ကျုပ် အဘအတွက်
လက်ဆောင်ဝယ်လာ တယ်ဗျ။

ဟေ....... ဟုတ်လားကွ
မင်းက ဘာဝယ်လာတာတုန်းကွ။

အဘ အတွက် ကျုပ်
အင်္ကျီ တစ်ထည် ၀ယ်လာတယ်ဗျ။
ဒီနေ့ အဘရဲ့ မွေးနေ့လေဗျာ။

ဟော..... ဟုတ်လား။
ငါက သတိတောင် မထားမိဘူး။
ဒါနဲ့ နေစမ်းပါအုံးကွ
မင်းက ဘယ်က ငွေနဲ့ ၀ယ်လာတာတုန်းကွ။

အာ...... အဘကလည်း
တလွဲတွေးနေပြန်ပြီ။
ကျုပ် အဘပေးတဲ့ အသုံးစရိတ်ထဲကနေ
သီးသန့် စုထားတာပါဗျ။

               ဒီမိုရာ ရဲ့ စကားဆုံးတော့ အဘိုးအိုမှာ နှုတ်ဆိတ်သွားလေသည်။ အဝေးတစ်နေရာကို ကြည့် ကာ မျက်ဝန်းအိမ် ထဲမှာလည်း မျက်ရည်တို့ ၀ဲရ်ျ နေလေသည်။ ထို့နောက်တွင်တော့ သက်ပြင်း ရှည် ကြီး တစ်ချက် ချမိလိုက်လေသည်။ ဒီမိုရာက ............

အဘ.......
ခဏလေးဗျာ။
ကျုပ် အဘအတွက် လက်ဆောင်
သွားယူ လိုက်အုံးမယ်။

              ပြောပြောဆိုဆိုဖြင့် ဒီမိုရာသည် သူ မနေ့က ၀ယ်ယူခဲ့သော လက်ဆောင်ပစ္စည်းအား သွား ယူ ကာ အဘိုးအိုအား ပေးလိုက်လေသည်။ ဆက်ပြီး......

အဘ.....
ဝတ်ကြည့်ပါအုံးဗျ။
ကျုပ် မှန်းပြီး ၀ယ်လာခဲ့တာဗျ။
အဘ ကြိုက်ရဲ့လားဗျ။

             ထို့နောက် အင်္ကျီကို ဖြန့်ကာ အဘိုးအိုအား ကိုယ်တိုင် ၀တ်ပေးလေသည်။

အိုး.............
အင်္ကျီက ကွက်တိပဲဗျာ။
အဘ နဲ့လည်း လိုက်ဖက်တယ်။
အဘက အခုမှ တကယ်ခန့်သွားတာဗျ
အဲ့ဒါ ကျုပ်နဲ့ တူလို့ ဖြစ်မယ်ဗျ။


ဘာကွ..............
မင်း ဘာပြောတာလဲ။

            ဒီမိုရာ သည် အဘိုးအိုအား ကျည်စယ်ကာ ခြံထဲသို့ ပြေးဆင်းသွားလေသည်။ အနားမှာနေပါ ကလည်း အဘိုးအို ရဲ့ အရိုက်ကို ခံရမှာ စိုးရ်ျ ဖြစ်လေသည်။ အိမ်ထဲမှာတော့ အဘိုးအိုမှာ ပြုံးနေပြီး ဒီမိုရာ ရဲ့ နောက်ကျောကို ကြည့်ကာ ကျန်ရစ် နေခဲ့လေတော့သည်။ မျက်လုံးအိမ်မှ မျက်ရည်များက တော့ ပါးပြင်ပေါ်သို့ စီးဆင်းခဲ့လေသည်။


****************************************


           မယ်ခ မျက်လုံးကို အားယူပြီး ဖွင့်ကြည့်လိုက်လေသည်။ မျက်ခွံတွေက လေးလံနေပြီး ခေါင်း ထဲ ၌ မူးဝေလျက်ပင် ရှိနေသေးသည်။ မျက်ဝန်းမှ မြင်ရသော မြင်ကွင်းတို့က မပီပြင်ပဲ ဝေေ၀၀ါးဝါး ဖြစ် နေ လေသည်။ မယ်ခ ကြိုးစားပြီး မျက်ခွံ တွေကို လှုပ်ခတ်ကြည့်လိုက်သည်။ သုံးလေးကြိမ် လောက် လှုပ်ခတ်ကြည့်အပြီး မြင်ကွင်းမှာ ပုံမှန်အတိုင်း ကြည်လင်လာ လေသည်။ မယ်ခ မိမိ ရောက် နေတဲ့ နေရာကို အကဲခတ်ကြည့်လိုက်မိသည်။ တည်းခိုဆောင် သို့ ပြန်လည် ရောက်ရှိ နေ ကြောင်း သိ ရ လေသည်။

အမ ၊ သတိရလာပြီလား။

          ဘေး၌ ဘယ်အချိန်တည်းက ကြည့်နေမှန်းမသိသော မယ်မြ ကိုတွေ့ရလေသည်။ မယ်ခ စိတ် ထဲ ၌ ၀မ်းသာမိသွား သည်။ မယ်ခ အိပ်နေရာမှ ထမည့် ဟန်ပြင်လိုက်ရာ တစ်ကိုယ်လုံး လေးလံနေ ပြီး အားမရှိချေ။

မထနဲ့အုံးလေ အမ။
အားမှ မရှိသေးတာ။
ဒီအတိုင်းပဲ လှဲ နေပါအုံး။

          မယ်မြ တစ်ယောက်က ဘေးမှ နေရ်ျ ပြောပေးရှာနေသည်။ မယ်မြ ရဲ့ ပုံစံကို ကြည့်ရသည်မှာ တစ်ခုခုကို စိုးရိမ် နေ ဟန်လည်း ရှိနေသည်။ ထို့ကြောင့် မယ်ခ တစ်ယောက် မယ်မြ ကို မေးလိုက် မိလေသည်။

မယ်မြ...........
ငါ ဒီကို ဘယ်လို ပြန်ရောက်နေတာလဲ။

အမ မေးမယ်ဆိုတာကို သိသားပဲ။
မယ်မြ ပြောပြမယ်။ သေချာနားထောင်နော်။
မယ်မြ နဲ့ အဘ ကုန်တွေသွားရောင်းနေပြီး
ပြန်လာတော့ အမကို မတွေ့ရလို့
တည်းခိုဆောင် ပိုင်ရှင်ကို မေးကြည့်တော့
အမက မယ်မြ တို့ချန်ခဲ့တဲ့ စာကို ဖတ်ပြီး
အပြင်ထွက်သွားတယ်လို့ ပြောတယ်။
မယ်မြ တို့ကလည်း အမ မြို့ထဲကို
လျှောက်သွားနေတယ်လို့ ထင်ပြီး
အမ ပြန်အလာကို ထိုင်စောင့် နေကြတာ။
ညနေ ရောက်တဲ့အထိ ပြန်ရောက်မလာတော့
မယ်မြ တို့လည်း စိတ်ပူပြီး လိုက်ရှာကြတာပေါ့။
မယ်မြ နဲ့ အဘ အပြင်မှာ အမ ကိုသွားရှာနေတုန်း
အမ က ဒီကို ပြန်ရောက်နေတာပဲ။
တည်ခိုဆောင် ပိုင်ရှင်က ပြောတာတော့
လူရွယ်တစ်ယောက် လာပို့သွားတာတဲ့
ပြီးတော့ အမက အဲ့ဒီ အချိန်မှာ
သတိမေ့နေတယ်။ လာပို့တဲ့သူက
စာတစ်စောင်ကို ပေးသွားလို့
စာကို ဖတ်ကြည့်တော့
အမမှာ အဆိပ်တစ်မျိုး မိထားတယ်လို့
ရေးထားတယ်။ သူက ဖြေဆေးတစ်မျိုး
တိုက်ထားပေမယ့် အဆိပ်အားလုံးကို
မဖယ်နိုင်ဘူးတဲ့။ ကျွမ်းကျင်တဲ့ သမား
တော်နဲ့ ပြပြီး ကုသ ပါလို့ ရေးထားတယ်။
အခု အမ သတိမေ့နေတာ နှစ်ရက်တောင်
ရှိနေပြီ။ အခုမှ သတိလည် လာတာ။
အမ ဘယ်ကိုသွားလို့ ဘာတွေ ဖြစ်ခဲ့တယ်
ဆိုတာလည်း ပြောပြပါအုံး။

              မယ်မြ ရဲ့ စကားဆုံးတော့ မယ်ခ တစ်ယောက် အနည်းငယ်တွေဝေသွားလေသည်။ သူမ သတိမေ့နေတာ နှစ် ရက် တောင်ဆိုပဲ။ ပြီးတော့ သူမကို လူရွယ်တစ်ယောက်က လာပို့သွားတယ်။ အဆိပ်လည်း မိထားသေးတယ်။ ကိုယ်တစ်ခု လုံးကလည်း လေးလံနေသေးတယ်။ အားလည်း မရှိ တာ လည်း သေချာနေတယ်။ အဆိပ် တကယ်မိ မမိ တော့ သူမ မဝေခွဲ တက်သေး။

               မယ်ခ နောက်ကြောင်းကို ပြန်စဉ်းစားကြည့်မိ လိုက်လေသည်။ ခေါင်းထဲကနေ ကိုက်ခဲလာ သလို ဖြစ်နေ လေသည်။ သို့ပေမယ့် ဖြစ်ပျက်ခဲ့သည်များကိုတော့ ပြန်မှတ်မိလာသည်။

ဟိုရက်က ပျင်းပျင်း ရှိတာနဲ့
မြို့ထဲကို လမ်းလျှောက်ထွက်လိုက်တာ။
သွားရင်းနဲ့ ဈေးတန်းလေးကိုေ၇ာက်တော့
လမ်းကျဉ်းလေးတစ်ခုကို တွေ့လို့
အဲ့ဒီ လမ်းလေးအတိုင်း လျှောက်သွားကြည့်တာ
မြို့ပြင် ကိုရောက်သွားတာ။
မြို့ပြင်က တောအုပ်လေးထဲမှာ
အိမ်ပျက်တစ်လုံးကို တွေ့လို့
ထူးဆန်းလို့ အနားကို သွားကြည့်တာ
လက်နက်ပုန်းနဲ့ ချောင်းပြီး အပစ်ခံလိုက်ရတာ။
ခဏနေတော့ သတိမေ့ သွားတာပဲ။
နောက် ဒီကို ပြန်ရောက်နေတာ။
ကျန်တာ ဘာမှ မမှတ် တော့ဘူး။

                မယ်ခ ရဲ့ စကားဆုံးတော့ မယ်မြ နဲ့ အဘိုးအို တို့ တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့် မိလိုက်ကြ သည်။ ထို့နောက် အဘိုးအိုက အခန်းထဲမှ အပြင်သို့ ထွက်သွားလေသည်။ မယ်ခ သည် မိမိအား တည်းခိုဆောင်သို့ ပြန်ပို့ သွားသူကို စိတ်ထဲမှ နေရ်ျ ကျေးဇူးတင်နေမိသည်။ မည်သူ မည်ဝါ ဆိုသည်ကိုလည်း သိချင်နေမိလေသည်။ မယ်ခ တစ်ယောက် တွေးနေရင်းနဲ့ မျက်ခွံများ လေး လံ လာလေသည်။ မျက်ဝန်းအိမ်ထဲမှာလည်း ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရ တော့ ပဲ နောက်ဆုံး တွင် အမှောင် အတိ ဖြစ်သွားကာ အိပ်ပျော်သွားလေတော့သည်။

( ဆက်ပါအုံးမည်.........)

Rocker77
 
 

No comments:

Post a Comment