Sunday, January 6, 2013

မတူညီသောချစ်ခြင်းများ။ အပိုင်း ( ၂ ) ။


အခန်း( ၂ )

အချစ်ကို ကစားခဲ့သူ


ကျွန်တော် သူ့ကို စတွေ့တဲ့ လမ်းပေါ်က အဖြစ်ပျက်မှာ ကျွန်တော် သူ့ကို အားနာသွားသည် ကတော့ အမှန်ပင်ဖြစ်သည်။ အဲဒီအဖြစ်ပျက်မှာ သူ ကားထွက်ငှားတယ်ဆိုတာ သူ့မိဘ (သို့) အပေါင်းသင်းတွေများ ပါလာမလားဟု ထင်မိရ်ျ လိုက်ပို့ပေးမည်ဟု ပြောလိုက်မိတာပါ။ တကယ်တမ်းကျတော့ သူက တစ်ယောက် တည်း..... ကားပေါ်ရောက်တော့ ကျွန်တော်က ဘာပြောရမှန်းမသိလို့ တောင်းပန်စကားဆိုလိုက်ပြီး လိုတဲ့ အကူညီ ရှိရင် ပြောပါလို့ ပြောလိုက်မိတာကနေ ဖုန်းနံပါတ်ပေးမိလိုက်ပါတယ်.။ သို့သော် သူက ဖုန်းဆက် မလာပါဘူး။အအေးဆိုင်မှာတော့ ဘယ်လိုမှ ဖြေရှင်းမပြတက်ပဲ ဒီဆိုင်မှာပဲ အမြဲထိုင်နေကျပါလို့ ပြောလိုက် မိပြီး သူနဲ့ ကျွန်တော် ချစ်ကြိုက်သွားပြီလို့ ယူဆမိလိုက်တော့တာပါပဲ။

တကယ်တော့ ကျွန်တော် သူ့ကို မချစ်ခဲ့ပါဘူး။ သူ့ကို ကျွန်တော် သံယောဇဉ် တော့ ရှိခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ကျွန်တော့်ကို ချစ်နေတယ်ဆိုတာကို ကျွန်တော်သိသွားလို့ပါပဲ။ အကယ်ရ်ျသာ ကျွန်တော် သာ သူ့ကို ချစ်နေမိတယ်ဆိုရင် ကျွန်တော်လည်း သူ့ထက်တော့ ပိုပြီး ဂရုစိုက်မိမယ်ထင်ပါတယ်။  ကျွန် တော် အချစ်ကို ရှေ့တန်းမတင်တက်ပါ။ အချစ်ကို ကျွန်တော် တန်ဖိုးမထားတက်ပါဘူး။ အချစ်ဆို သောအရာ သည် ခဏတာအတွက်သာကောင်းသောအရာဖြစ်ပြီး တစ်ဘ၀စာအတွက် ဆိုးသွမ်းသောအရာဖြစ်သည်ဟု ကောက်ချက်ချထားသူ ဖြစ်ပါတယ်။. ဒါပေမယ့် သူ့ အချစ်ကို လေးစားတဲ့ အနေနဲ့ ကျွန်တော်သူ့ကို သနားချစ်နဲ့ ချစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ 

ထိုအခါ သူက မိန်ခလေးဆိုတော့ ချက်ချင်းတော့ဘယ်ပြော ပါ့မလဲ။ ဒါပေမယ့် သူ့ရင်ထဲမှာတော့ အရမ်းကို ကျွန်တော့်ကို ချစ်နေတယ်ဆိုတာ ကျွန်တော်သိနေပါတယ်။ မကြာပါဘူး။ နောက်တစ်ပတ်နေတော့
ကျွန်တော် သူ့ဆီက အဖြေကို ရရှိလိုက်ပါတယ်။ ကျွန်တော် ၀မ်းမသာခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် သူ့ကို မချစ်ခဲ့ဘူးလေ။ ဒါပေမယ့်..........


အခန်း(၃)

ဒီနေ့သည် ကျွန်တော် စိတ်ညစ်သောနေ့ဖြစ်သည်။ သူသည် ၀မ်းသာသောနေ့ဖြစ်လိမ့်မည်။ ကျွန်တော် မမျှော်လင့်ပဲတစ်ခုခုကို ပြုလုပ်မိသွားသည်။ ဆိုးသွားသည်က သူက ကျွန်တော့်ကို အရမ်းချစ်သွားပြီး
အ၇င်ကထက် အဆပေါင်းများစွာ ပိုချစ်သွားပြီဟု ကျွန်တော် ယူဆ မိလိုက်သည်။ သူ ကျွန်တော်ကို ပြောသော စကားတစ်ခွန်းက ကျွန်တော့် ၇င်ကို ပိုလောင်စေခဲ့ပါသည်။ သူက ကျွန်တော်ကို ပြောသည်။ အမြန်ဆုံး လက်ထပ်ကြရအောင်တဲ့။
ကျွန်တော်က သူ စိတ်ကျေနပ်အောင် ခေါင်းလေး ဖြည်းဖြည်းလေး ငြိမ့်ပြလိုက်မိသည်။ ကျွန်တော် ဘာ လုပ် ရမည်ဆိုတာကို ထိုအချိန်မှစရ်ျ စဉ်းစားနေမိပါတော့သည်။ကျွန်တော် စဉ်းစားသောအရာများက သူ့ကို ဘယ်လိုဖြတ်တောက်ရမည်နည်း ။ ကျွန်တော်ကို အချစ်ပဲနဲ့ မုန်းအောင် ဘယ်လိုလုပ်ရ ပါမည်နည်း ဆိုတာ ကို ကျွန်တော် အဓိကထား စဉ်းစားနေမိပါသည်။ ကျွန်တော် ဘယ်တုန်းကမှာ ၇င်မခုန်ခဲ့ပါ။ ၇င်ခုန်သည် ဆို တာ ဘာလဲ ကျွန်တော်မသိသေးပါ။ သို့သော် ကျွန်တော်အခု ရင်ခုန်တက်လာပါပြီ။ ရင်ခုန်ခြင်း သည် ချစ်သည့်အရာကို ရင်ခုန်ရခြင်းမျိုးမဟုတ်ပဲ၊ မုန်းသည့် အရာကို ရင်ခုန်၇မည့် အဖြစ်ပျက်မျိုး ဖြစ်သည်။
အဖြစ်ပျက်က ဆန်းကြယ်နေသည်။ ကျွန်တော်သူ့ကို စောင့်နေကျ နေရာလေးတွင်စောင့်နေပါသည်။
သူသည် တရွေ့ရွေ့နှင့်နဲ့ ကျွန်တော် ရှိရာဆီသို့ လှမ်းလာနေပါသည်။ ကျွန်တော်သူ့ကို စိုက်ရ်ျ ကြည့်နေမိ သည်။ သို့သော် သူရဲ့ မျက်နှာ မကောင်းပါ။ ကျွန်တော်ပိုရ်ျ ထိတ်လန့်သွားပါသည်။ ချက်ချင်းဆိုသလို
ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်း မိလိုက်ပါသည်။ ကျွန်တော့် ရဲ့ ဆုတောင်းဟာ မအောင်မြင်ခဲ့ပါ။ သူက ကျွန်တော်ကို လက်ထပ်ရန် ဖွင့်ပြောပါသည်။
ကျွန်တော်ဘာလုပ်ရမည်နည်း။ နည်းမျိုးစုံနဲ့ လိမ်လည်ရန် စဉ်းစားပါသည်။သို့သော် သူ့ရဲ့ မျက်နှာကို ကြည့်ရင်း သနားစိတ်နဲနဲတော့ ၀င်သွားသည်။ သို့သော် သူမ ကို ကျွန်တော် လက်ထပ်ရန်မဖြစ်ပါ။ ကျွန်တော်ကို သူ ဘယ်လောက်ထိ ချစ်တယ်ဆိုတာ ကျွန်တော်သိပါသည်။ ကျွန်တော် ယောက်ျားမဆန်
လှပါ။ ကိုယ်လိုချင်သောအရာ ကို ၇လျှင် ပြီးရောဆိုသော အကျင့်ဆိုးကျွန်တော်တွင် ရှိနေခဲ့ပါသည်။ သူက နည်းမျိုးစုံနှင့် ကျွန်တော်ကို မေးပါသည်။ ကျွန်တော် ဘယ်လိုမှ ပြန်မတုန့်ပြန်ပါ။တုံ့ပြန်လျှင် သူနှင့် ကျွန်တော် စကားများရန်ဖြစ်ရလိမ့်မည်သာ ရှိမည်။ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းကို စဉ်းစားဖြေရှင်းမည်ဟု ကျွန်တော် ဆုံးဖြတ်လိုက်ပါသည်။

( ဆက်လက်ဖော်ပြပါမည်။ )

Light of Knowledge


No comments:

Post a Comment