Tuesday, January 8, 2013

ကျွန်တော်ချစ်သောကောင်မလေး။ ( ဇာတ်သိမ်းပိုင်း )



အခန်း ( 9 )


ဒီလိုနဲ့ ကျွန်တော်တို့ သင်တန်းတက်လာတာကော ၊ တီးဝိုင်းသွားတာကော အချိန် (3) လလောက် ကြာမြင်ခဲ့လေသည်။ သူမ နဲ့ ပါတ်သက်ပြီးတော့လည်း ကျွန်တော် ထဲထဲ ၀င်ဝင် ဘာတစ်ခုမှ သေချာမသိသေးပါဘူး။ သူမ ကတော့ နဂိုကထက်ပင် ကျွန်တော် အတွက် ပိုပြီး ဆွဲဆောင်မှုရှိ လာပါသည်။ ကျွန်တော် အချိန်တိုင်းတိုင်းလိုလိုပင် သူမ အကြောင်းကို တွေးတော နေမိသည်။ သူမ နဲ့ ပါတ်သက် ပြီးတော့လည်း သိချင်စိတ်တွေ များပြားနေခဲ့သည်။ သင်တန်းသို့ လည်း ခပ်စောစော လေးသွားပြီး သူမ ကို လာရာလမ်းမှ စောင့်မျှော်နေတက်ပြီ ဖြစ်သည်။ ဒီလိုနဲ့ပင် သူမက ကျွန်တော့် နှလုံးသားထဲကို တစတစနဲ့ နေရာဝင်ယူသွားခဲ့တာ နှလုံးသားတစ်ခုလုံးက သူမ အတွက်ပင် ဖြစ်နေ ပါ တော့သည်။ ကျွန်တော် သူမ ကို ချစ်မိသွားခဲ့သည်။ ဘယ်က ဘယ်လို ဘာကြောင့် သူမကို ချစ်မိ သွားသလဲဆိုတာကိုတော့ ကျွန်တော် သေချာ မစဉ်းစားခဲ့မိပါဘူး။ သို့နှင့်ပင် အချိန်တွေ ကုန်လွန် လာခဲ့ပြီး တစ်ရက် ကျွန်တော်တို့နဲ့အတူ ခင်ဇော် တီးဝိုင်းသို့ လိုက်ပါလာခဲ့ပါသည်။ ထုံးစံအတိုင်း ကျွန်တော်နဲ့ အောင်မင်းက သီချင်းတိုက်ရာဆီမှာ အလုပ်များနေခဲ့ပြီး တရုတ်ကြီးနဲ့ ခင်ဇော်က အပြင်ဘက် ခုံတန်းတွေဆီမှာ ထိုင်ရ်ျ စကားပြောနေကြသည်။ကျွန်တော် အမှတ်မထင် ဂစ်တာတီး နေရင်း အပြင်သို့ တစ်ချက်လှမ်းကြည့် လိုက်မိတော့ ခင်ဇော်နဲ့ ကောင်မလေးတစ်ယောက် စကား ပြောနေသည်ကို သတိထားမိလိုက်ပါသည်။ ထို ကောင်မလေးက ပါးကွက်နဲ့ ကောင်မလေးနဲ့ တွဲနေ တဲ့ သူငယ်ချင်း နှစ်ယောက်တည်းက တစ်ယောက်ပင်ဖြစ်ပါသည်။ ထို့နောက် ကျွန်တော် အကြံတစ်ခု ရသွားပါသည်။

တီးဝိုင်းမှ အပြန် လေးယောက်သား လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ကြသည်။ မှာ စရာရှိတာတွေကို မှာ လိုက်ကြပြီး ကျွန်တော်က ခင်ဇော်ကို

          မင်း ညနေက စကားပြောနေတဲ့ ကောင်မလေးက ဘယ်သူလဲ

ခင်ဇော်က

          တီးဝိုင်းမှာလား။

          အင်းဟုတ်တယ်။

ကျွန်တော် ပြန်ဖြေတော့ ခင်ဇော်က

          အော် ဒါ ငါ့သူငယ်ချင်းတစ်ယောက်ပါ။ သိတာကြာပြီလေ။ ငါ ကွန်ပျူတာသင်တန်း တက်တုန်းက ခင်ကြတာလေ။ ဘာလဲ မင်းက စိတ်ဝင်စားလို့လား။

စကားဆုံးတော့ ကျွန်တော်က

        မဟုတ်ပါဘူးဟ။ ဒီ တိုင်းမေးကြည့်တာပါ။

အောင်မင်းက ကြားဖြတ်ရ်ျ

        ဒီကောင် စိတ်ဝင်စားတာက တစ်ယောက်ကွ။ မင်းတို့ မသိကြဘူးလား။ ဝေ့လည်ကြောင်ပတ်လုပ်ပြီးမေးနေတာ။

တရုတ်ကြီးက ပါ

        ဟုတ်တယ်ဟေ့ ။ ဒီကောင်က ဆရာမလေးကို စိတ်ဝင်စားနေတာ။

ခင်ဇော်က

        ဟုတ်လား။

ဆိုပြီး ကျွန်တော်ကို ပြန်မေးလိုက်သည်။ ကျွန်တော်က မတက်သာသည့် အဆုံး ၀န်ခံ လိုက်ရပါတော့သည်။ ခင်ဇော်က

        ငါ ဘာကူညီပေးရမလဲ။ ဟဲ ဟဲ ပြောသာပြောနော်။ ငါက ဒါမျိုး ဆို ၀ါသနာပါတယ်။

ဒီတော့ ကျွန်တော်က

       ငါ သူ့ ကို ချစ်တာ ချစ်နေတာ။ သူနဲ့ ပါတ်သက်ပြီးတော့ ငါ ဘာမှမသိသေးဘူးကွ။

ခင်ဇော်က ဖြတ်ရ်ျ

       ငါ့ကို စုံစမ်းပေးပါလို့ ပြောမလို့လား။

ကျွန်တော်က

       အေး ဖြစ်နိုင်ရင်တော့ လုပ်ပေးပါအုံးကွာ။

လို့ တောင်းဆိုလိုက်ပါသည်။ ဒီတော့ ခင်ဇော်က

       အေးလေ။ လုပ်ပေးရတာပေါ့။ ဒါပေမယ့် ငါ့ကို အချိန်တော့ ပေးအုံး။ ငါက ဟိုတစ်ယောက်ကို လှည့်ပတ်ပြီး မေးရအုံးမယ်။ ဒဲ့ သွားမေးလို့ မကောင်းဘူးလေ။

ခင်ဇော့် စကားဆုံးတော့ ကျွန်တော်က

         အေးပါကွာ။ မင်းဟာမင်း ကြည့်ကောင်းအောင်သာလုပ်ပါ။ ပြီးရင်သာ ငါ့ကို အကြောင်းစုံ ပြန်ပြောပေါ့။

ထိုနေ့ လက်ဖက်ရည်ဆိုင်တွင် ကျွန်တော် သားကောင်ဖြစ်ခဲ့ရသည်။ အောင်မင်း၊ တရုတ်ကြီး ၊ ခင်ဇော်တို့ ရဲ့ နောက်ပြောင်မှုထဲမှာ ကျွန်တော် အလူးလဲ ခံခဲ့ရသည်။ နောက်ပြီး လက်ဖက်ရည်ဖိုးပါ အဆစ် ရှင်းပေးခဲ့ရသေးသည်။ ဘာပဲဖြစ်ဖြစ် လမ်းစပျောက်နေတဲ့ ကျွန်တော့်အတွက်တော့ မျှော်လင့်ချက်နည်းနည်း ရှိလာခဲ့ပြီ မဟုတ်ပါလား။

    ဇာတ်သိမ်းခန်း။

ဒီနေ့ ခင်ဇော်က ကျွန်တော်တို့ သုံးယောက်ကို လက်ဖက်ရည်ဆိုင်တွင် ချိန်းထားသည်။ အကြောင်းက တော့ သူမနဲ့ ပါတ်သက်သမျှ သူစုံစမ်းထားတာတွေကို ကျွန်တော်တို့ကို ပြောပြမည်ဖြစ်သည်။ ကျွန်တော်သည် ချိန်းဆိုထားရာ လက်ဖက်ရည်ဆိုင်သို့ စောစီးစွာပင်ရောက်ရှိနေခဲ့ပါသည်။  ထို့နောက်တွင်မှ အောင်မင်း နဲ့ တရုတ်ကြီး တို့ ရောက်လာကြပါသည်။ ခင်ဇော်ကတော့ နောက်ကျနေခဲ့ပါသည်။ ထို အခါ ကျွန်တော် နာရီး တကြည့်ကြည့်နှင့် ဖြစ်နေခဲ့ပါပြီ။ ခင်ဇော် က ချိန်းထားတဲ့ အချိန်ထက် တစ်နာရီလောက် နောက်ကျနေခဲ့လေပြီလေ။ အောင်မင်းက တရုတ်ကြီးကို စိတ်မရှည်သောလေသံဖြင့်

       ခင်ဇော်က လာပါ့မလားမသိဘူး။  ချိန်းထားပြီး တော့ကွာ။

တရုတ်ကြီးက

        လာမှာပါကွာ။ ဒီကောင်က ချိန်းထားပြီးရင် ရောက်အောင်တော့ လာတက်ပါတယ်။ဘာလို့ နောက်ကျနေလဲတော့ ငါလဲ မပြောတက်ဘူး။ ခဏတော့ စောင့်ကြသေးတာပေါ့ကွာ။

ဟု ပြန်ဖြေပါသည်။ ထိုသို့ ပြောဆိုနေကြတုန်း ခင်ဇော် ရောက်ချ လာပါသည်။ ခင်ဇော်ကို ကျွန်တော် လှမ်းကြည့်လိုက်တော့ မျက်နှာ သိပ်မကောင်းတာကို ကျွန်တော် သတိထားမိလိုက်သည်။ ကျွန်တော် ရင်ထဲတွင်လည်း နဲနဲ ထိတ်လန့်သွားပါသည်။ ကျွန်တော့် အကြောင်းရာနဲ့များ သက်ဆိုင်နေမလားလို့ လည်း စိုးရိမ်နေခဲ့မိပါသည်။ အောင်မင်းက ခင်ဇော်အား

        မင်း ဘာလို့နောက်ကျနေတာတုန်း။

လို့ လှမ်းမေးလိုက်ပါသည်။ ခင်ဇော် က

       ဆောရီးပါကွာ။ အိမ်မှာ ကွန်ပျူတာ ပျက်သွားလို့ ။ ထိုင်ကလိနေတာနဲ့ နောက်ကျနေတာပါ။

ဟု ပြန်ဖြေလိုက်တော့ ကျွန်တော့်စိတ်ထဲမှာ နဲနဲတော့ ထိတ်လန့်မှုကင်းမဲ့သွားသည်။ ထို့နောက် အောင်မင်းက

       ကဲ ပြောပါအုံး။ မင်းပြောမယ့် အကြောင်းလေး။ ဟိုမှာ လည်ပင်းရှည်နေပြီ။ ( ကျွန်တော့်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်ပါသည်။)

ခင်ဇော်က

        အေးပါ။ ပြောမှာပါကွ။ ဒါပေမယ့် ဘယ်က စရမှန်းမသိလို့ စဉ်းစားနေတာ။

စကားဆုံးတော့ ကျွန်တော်က သည်းမခံနိုင်တော့ပဲ

        ပြောမှာသာ ပြောစမ်းပါကွာ။ မင်းကိုစောင့်နေရတာ အချိန်တွေ တတော်ကြာနေပြီ။

ခင်ဇော် ကကျွန်တော့်မျက်နှာကို သေချာ ကြည့်ပြီး

        မင်းနောက်ဆုတ်လိုက်ပါလား။

စကားဆုံးတော့ ကျွန်တော်က

        မင်း ဘာပြောလိုက်တာလဲ။ ငါ့ နှလုံးသား တစ်ခုလုံးကို ယူသွားပြီလေကွာ။ ငါ နောက်ဆုတ်ပေးရမှာလား။

အောင်မင်းကပါ ကြားဝင်ပြီး

        အေးလေ။ မင်းက လည်း စကားကို ရှင်းအောင်ပြောစမ်းပါအုံး။ မင်းက ဘာလို့နောက်ဆုတ်ခိုင်းနေရတာလဲ။

ခင်ဇော်က

        အေးပါ ။ ငါ ရှင်းပြပါ့မယ်။ ငါ စကားလောသွားလို့ပါ။ စိတ်မဆိုးပါနဲ့။ ဒီလိုကွ။ ငါ စုံစမ်းကြည့်တော့ ဒီကောင်မလေးမှာ စေ့စပ်ထားတဲ့ လူ ရှိတယ်ကွ။ မကြာခင်မှာ သူတို့က လက်ထပ်ကြတော့မယ်တဲ့။ သူ့အိမ် ကလူကြီးတွေကတောင် မင်္ဂလာဆောင်အတွက် စီစဉ်နေကြပြီတဲ့ ။ လက်ထပ်ပြီးရင် သူ့ကောင်လေးနဲ့အတူ ထိုင်ဝမ် ကို လိုက်သွားတော့မှာတဲ့။

ခင်ဇော်က ဒီတစ်ခါတော့ စကားကို ခပ်မြန်မြန်နဲ့ ဒဲ့ဒိုးပင်ပြောချလိုက်ပါသည်။ ကျွန်တော်တို့ တစ်ဝိုင်းလုံး တိတ်ဆိတ်သွားကြသည်။ အထူးသဖြင့် ကျွန်တော် ခင်ဇော့်ကို ဘာပြန်ပြောရမလဲ မသိတော့ပါဘူး။ ကျွန်တော့် ၇င်ထဲမှာ စို့နင့်နေခဲ့ပြီ မဟုတ်ပါလား။ ကျွန်တော် လည်ချောင်းတွေ တဒင်္ဂ လေးအတွင်းမှာ ခြောက်ကပ်အက်ကွဲ သလို ခံစားလိုက်ရသည်။ ခင်ဇော် ပြောသောစကားများက ကျွန်တော့် ငယ်ထိပ်ကို မိုးကြိုး ခုနှစ်ချက်ဆင့်ကာ ပစ်ချ တာထက်ပင် ဆိုးနေပါသည် မဟုတ်ပါလော။ အောင်မင်း၊ ခင်ဇော် နဲ့ တရုတ်ကြီးတို့ကတော့ ကျွန်တော်ကို ဂရုဏာ သက်သော မျက်လုံးတွေနဲ့ဝိုင်းကြည့်နေကြသည်။ ခု ကျွန်တော် ဘာလုပ်ရမည်နည်း။ ဘာဆက်ပြောရမည်နည်း။ ဘယ်လို ဆုံးဖြတ်ချက်ချရမည်နည်း။ ကျွန်တော့် နှလုံးသားကို ဘယ်လိုနားလည်ရမည်နည်း။  ကျွန်တော့် အသိစိတ်တွေကို ဘယ်လို ထိန်းချုပ်ရမည်နည်း။ မေးခွန်းပေါင်း များစွာနဲ့ ကျွန်တော် တွေဝေနေမိပါသည်။ ကျွန်တော် ဘာကြောင့် သူမ ကိုချစ်ခဲ့မိတာလဲ။ ဒီ အချိန်မှာ ကျွန်တော် အရူးမီးဝိုင်းတဲ့ လူတစ်ယောက်ဖြစ်နေရပြီ မဟုတ်ပါလား။ ကျွန်တော် သူမ နဲ့ ပါတ်သက်တဲ့ နှလုံးသားကို အပြီးပိုင် သိမ်းဆည်း ပစ်ရတော့မည်လား။ ဒါဟာ သူမ နဲ့ ကျွန်တော့် အတွက် ဇာတ်သိမ်း ခန်းတစ်ခုလား။ ဒါမှမဟုတ် ကျွန်တော် သူမကို ချစ်နေကြောင်းကို သူမ သိအောင် ဖွင့်ပြောရမည်လား။ ထိုသို့ ဖွင့်ပြောလျှင် ဘာတွေ ဖြစ်လာမည်နည်း။ ကျွန်တော့် ဦးနှောက်ထဲတွင်တော့ မေးခွန်းတွေသာ အထပ်ထပ် ဖြစ်နေခဲ့သည်။ သေချာတာကတော့ ကျွန်တော့် ရဲ့ ချစ်သောကောင်မလေးအတွက် ကျွန်တော့် နှလုံးသားနဲ့ ကျွန်တော့် ရဲ့ ဇာတ်လမ်းက တစ်ခန်း ၇ပ်နေခဲ့ရပြီ မဟုတ်ပါလား......


   ပြီးပါပြီ။

                                                                            Rocker77

No comments:

Post a Comment