Tuesday, January 8, 2013

တက်ထားသင့်သော ပညာရပ် တစ်ခု။



             ယနေ့ပြည်တွင်း စီးပွားရေးလောက ကို မြင်ကြည့်လိုက်ရင် စီမံခန့်ခွဲ့မှုအပိုင်းဟာ လူပြော များ တဲ့ အကြောင်းရာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ပညာရပ်နဲ့ ပါတ်သက်ပြီးတော့ ထဲထဲဝင်ဝင် သိရှိပြီး ကျွမ်းကျင်တဲ့သူတွေ ရှိနေပေမယ့် အင်မတန်မှ နည်းလွန်းနေပါသေးတယ်။ တချို့သော လုပ် ငန်း နယ်ပယ်တွေမှာ MBA လက်မှတ်တွေ ကိုင်ထားတဲ့ လုပ်ငန်းရှင်တွေ၊ မန်နေဂျာ တွေတောင်မှ ကျွမ်းကျင်မှု အားနည်းနေပါသေးတယ်။
             ဒါတွေဟာ ဘာကြောင့် ဖြစ်ပေါ်ရသလဲဆိုတာကို ပြန်ဆန်းစစ်ကြည့်ရင် ပထမအချက် အနေ နဲ့ ကျွန်တော်တို့ နိုင်ငံကို ဒီ ပညာရပ် ရောက်ရှိလာတာဟာ ( 1990 ) အလွန်နှစ်များမှာ ဖြစ်ပါတယ်။ ထို အချိန်က ဒီ ပညာရပ်အကြောင်းကို သိရှိတဲ့လူ အလွန်ကို နည်းပါး ပါတယ်။ဒါကြောင့်လည်း စိတ် ၀င် စားတဲ့လူ နည်းပါး ပြီး တက္ကသိုလ်တွေမှာ သင်ကြားတဲ့သူတွေဟာလည်း မများလှပါဘူး။ ကျွန် တော့် အထင် ( 94 )သို့မဟုတ် ( 96 ) မှာ ဒီပညာရပ်ကို တက္ကသိုလ်တွေမှာ မေဂျာအဖြစ် စတင် ပြ ဌာန်းပေး တာပါ။ ( မှားချင်လည်းမှားနိုင်ပါတယ်။ ခုနှစ်ကို မမှတ်မိတော့ ပါဘူး။ )
            ဒုတိယ အချက်အနေနဲ့ကတော့ စီးပွားရေးဆိုင်ရာ ပြင်ပသင်တန်းတွေမှာလည်း သက်ဆိုင် ရာ ရာထူးအလိုက် ခေါင်းစဉ်တွေခွဲပြီး ၀င်ငွေရှာနေကြခြင်းဟာလည်း ဒီ ပညာရပ်ကို တိုးတက်စေဖို့ ဟန့်တားနေသလိုပါပဲ။ သာမန်အားဖြင့် ကြည့်ရင်တော့ ဒီ သင်တန်းတွေ ဖွင့်လှစ်ပေးနေခြင်းဟာ ပညာရပ်အသစ်တွေကို သင်ယူနိုင်စေဖို့ အခွင့်လမ်းသစ် ဖြစ်ပေါ်တယ်လို့ ထင်ရပေမယ့် တကယ် တမ်း တွေးကြည့်ရင်သင်တန်းတွေရဲ့ ငွေရှာလိုက်ပုံက အင်ဂျင်တစ်လုံးကို တစ်စစီ ဖြုတ်ပစ် လိုက်သ လိုပါပဲ။ နဂိုကမှ ဘာမှမသိတာကို တစ်စစီဖြုတ်ပြီး တစ်ပိုင်းစီ ပေးလိုက်တော့ ကျွမ်းကျင်မှုပိုင်းမှာ နေရာလွတ်တွေ ပေါ်လာပါတော့တယ်။ လုပ်ငန်းခွင်တွေထဲလည်းရောက်ကော ပြသာနာတွေ ကြုံလာ ကြရပါလေတော့တာပါပဲ။
            တကယ်တော့ စီမံခန့်ခွဲမှုပညာရပ်ဆိုတာဟာ နေရာတိုင်း၊ နယ်ပယ်တိုင်းမှာ အသုံးဝင်တဲ့ ပညာရပ်မျိုးပါ။ ဒီ ပညာရပ်ရဲ့ အဓိက ကျတဲ့အပိုင်းက မိမိရဲ့ ဦးနှောင့် နဲ့ တွေးခေါ်မှုတွေကို ဘယ်လို အသုံးချရမလဲဆိုတဲ့ အပိုင်းပါပဲ။ ယနေ့ခေတ် ဂျပန်နိုင်ငံ စီးပွားရေး ဖွံဖြိုးတိုးတက်လာခဲ့တာ ၊ စင်ကာပူ နိုင်ငံ တိုးတက်ပြောင်းလဲလာခဲ့တာ ၊ တရုတ် နဲ့ အီရန် နိုင်ငံတွေ အင်အား ကြီးမားလာ ကြတာတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးရဲ့ စီမံခန့်ခွဲမှု ကောင်းမွန်မှုကြောင့် ပဲ ဖြစ်ပါတယ်။
              ယခုဆိုရင် ( 21 ) ရာစုထဲကို ရောက်ရှိနေပါပြီ။ ယနေ့ခေတ် မြင်တွေ့နေရတဲ့ တိုးတက် ပြောင်းလဲ မှုတွေဟာ အရင်ကစီမံခန့်ခွဲမှုကောင်း ခဲ့ကြလို့ပါ။ အမေရိကန်သမ္မတ အိုဘားမား ပြော တဲ့ ( Change ) ရဲ့နောက်ကွယ်မှာတောင် ဒီ စီမံခန့်ခွဲမှု အပိုင်းတွေ ဟာ အခရာကျစွာတည်ရှိ နေတာ ပါ။
            ဒါကြောင့် စီမံခန့်ခွဲမှုပညာရပ်ဟာ ကျွန်တော်တို့အတွက် လိုအပ်နေတဲ့ ပညာရပ်တစ်ခုအဖြစ် တည်ရှိနေပါပြီ။ နောက်ထပ် မကြာတော့မယ့် ကာလတွေမှာလည်း မြန်မာပြည်အတွက် လွန်စွာမှ တန်ဖိုးရှိလာမယ့် ပညာရပ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ သို့ပါရ်ျ ဒီပညာကို လူတိုင်းလူတိုင်း ယခုတည်း က လေ့လာထားသင့်နေပါပြီ။ လေ့လာတဲ့ နေရာမှာလည်း အခြေခံ ကောင်းကောင်းနဲ့ လေ့လာ လိုက်စား မိဖို့ လိုအပ်ပါတယ်။ ဒါမှ အဆင့်မြင့်လေ တိုးတက်မှု ခိုင်မာ ဆိုတာမျိုးကို ရရှိလာမှာ ဖြစ် ပါတယ်။ 
            အနိမ့်ဆုံးတော့ လူတိုင်းလူတိုင်းမှာ Self-Management လို့ခေါ်တဲ့ မိမိ ကိုယ်ကို စီမံခန့်ခွဲနိုင်မှု လောက်တော့ တက်ကျွမ်းနေသင့်ပါတယ်။ ဒါမှလည်း မိမိ၊ မိမိရဲ့ မိသားစု၊ အသိုင်းအ၀ိုင်း၊ အဖွဲ့စည်း၊ ပတ်ဝန်းကျင် စတာတွေမှာ အကောင်းဆုံး ဆောင်ရွက်နိုင်ပြီး အောင်မြင်မှုတွေ ရရှိလာမှာ ဖြစ်ပါ တယ်။လူ့ ဘ၀မှာ အောင်မြင်မှုတွေကို ယခုထက်မက ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုရင်း........


Rocker77

No comments:

Post a Comment