Tuesday, January 8, 2013

ငါ့သွေး ငါ့မြေ ငါ့ အရည်သွေး ။ အပိုင်း ( 5 )



အခန်း ( 5 )

ဟန်သော်ဝေနိုင်ငံ ။
တောင်ပေါ်ရွာငယ်လေး တစ်ခု။



အဘ ကျုပ် တောင်အောက်ကို
လမ်းလျှောက်ဆင်းလိုက်အုံးဗျို့........


                 
                       အသက် ( 20 ) ကျော်လူရွယ်လေးတစ်ဦးမှ သူ့ရဲ့ အဘိုး ဖြစ်ဟန် ရှိသူကို ပြောကြား လိုက် သော စကား ဖြစ်လေသည်။ ထို လူငယ်သည် ကိုယ်ကာယ ကြံ့ခိုင်သန်စွမ်းပြီး သန့်ပြန့် တည် ကြည် သော ရုပ်ဆင်းအင်္ဂါကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။ ထို လူရွယ်၏ အဘိုး ဖြစ်သူက အိမ် ထဲမှနေရ်ျ.........

လူလေး
မင်းဒီနေ့ လေ့ကျင့်တာတွေ လုပ်ပြီးပြီလား။


ဟုတ်ကဲ့ အဘ ပြီးသွားပါပြီ။

ကြိတ်ရမယ့် ဆေးတွေကော
ကြိတ်ပြီး ပြီလားကွယ့်။

ဟုတ်ကဲ့ ၊ ပြီးပါပြီ အဘ။
မနက်ဖြန်ကို ဆေးလုံးလို့ရပါပြီ အဘ။

အေး ... ကောင်းပြီ။
ငါ့ကို လိမ်တဲ့ကောင်
ငါ့ အကြောင်း သိစေရမယ်။

              
                   အဘိုးအိုသည် ပြောပြောဆိုဆိုဖြင့် အိမ်ထဲမှ တစ်စုံတစ်ခုကို လူရွယ်ဆီသို့ ပစ်လွှတ်လိုက် လေသည်။

ဝှီးးးးးးးးးးးးးးးးးးးးး

                  လူ ရွယ်သည် လိမ္မာပါးနပ်စွာ ရှောင်တိမ်းလိုက်သော်လည်း အိမ်ထဲမှ အဘိုးအိုသည် လေ ထဲ၌ ကျွမ်းပစ်ကာ ထွက်လာပြီး လူရွယ်ရဲ့ ရှေ့သို့ ရောက်ရှိနေပေသည်။ သူ၏ လက်ထဲတွင်လည်း လှံ ရှည် တစ်ချောင်းစာမျှ အရှည်ရှိသော တုတ်တစ်ချောင်းကို ကိုင်ထားသေးသည်။ ထို အခြင်းရာကို မြင်သောလူရွယ် သည် အနည်းငယ် မျက်နှာ ပျက်သွားသော် လည်း ချက်ချင်း ပြန်ပြင်လိုက်ကာ......

ဟဲ ... ဟဲ ... အဘ၊
အဲ့လို မလုပ်နဲ့လေ။
ကျုပ် တောင်အောက် ဆင်းချင်လို့ပါ။

                    လူရွယ်သည် မျက်နှာကို စပ်ဖြဲဖြဲ လုပ်ကာ ပြောဆိုလိုက်ခြင်း ဖြစ်လေသည်။ ထို အခါ အဘိုးအိုက ....

အေး....
မင်းတောင်အောက်ကို သွားချင်တာ
ရန်ဖြစ်ဖို့ပဲ မဟုတ်လား။
ငါ မင်းကို ပညာတွေ သင်ပေးထားတာ
ရန်ဖြစ် ဖို့ မဟုတ်ဘူးကွ။
မင်း တောင်အောက်ကို သွားချင်ရင်
ငါ့ကို အရင်လာတိုက် ။ နိုင်ရင် မင်း...
ဆင်းနိုင်တယ်။ ဒါပေမယ့် နေ၀င်တာနဲ့
ပြန်တက်လာရမယ်။ ပြန်ရောက်ရင်
လက်ကျန်ဆေးမြစ်တွေကို ကြိတ်ရမယ်။


အာ......
အဘကလည်း ။
စည်းကမ်းတွေ များလိုက်တာဗျာ။
အဲ့လိုမလုပ်ပါနဲ့။
ကျုပ်က အဘကို ဘယ်အနိုင်တိုက်နိုင်ပါ့မလဲ။


ဒါတော့ ငါမသိဘူးလေ။
မင်းတောင်အောက်ကို ဆင်းချင်ရင်
ငါ့ကို နိုင်အောင်တိုက်ပြီးမှ သွားရမယ်။
ဒါပဲ...........


အဘ..
ဒါဆို ကျွန်တော် တကယ်တိုက်မှာနော်။
ညှာမှာ မဟုတ်ဘူးနော်။
ကျုပ် နိုင်ရင်တော့ တောင်အောက်ကိုပေးဆင်း ရမယ်။


ဟား ဟား ဟား
ငါက လူကြီးပါကွ။
လူကြီးဆိုတာ စကားတည်ရတယ်ကွ။
ပြီးတော့ ငါက မင်းလို ညာမပြောတက်ပါဘူးကွ။


ဒါဆို စပြီဗျို့..............


                      ပြောပြောဆိုဆိုနဲ့ လူရွယ်သည် အနီးရှိ တုတ်တို နှစ်ခုကို ယူကာ စတင်တိုက်ခိုက်လေ တော့သည်။ လူရွယ် သည် တောင်အောက်ကို ဘယ်လောက် ဆင်းချင်နေလဲမသိ ၊ ဒလကြမ်းကို ရက်ရက် စက်စက် တိုက်လေတော့သည်။ အဘိုးအို မှာ လူရွယ်ရဲ့ ဒလကြမ်း တိုက်ခိုက်နေမှုကြောင့်  လည်းကောင်း၊ အသက်အရွယ် ကြီးနေသည်က တစ်ကြောင်း အချိန်ကြာလာလေ သက်လုံကျလာ လေ ဖြစ်လာသည်။

                       လူရွယ်နဲ့ အဘိုးအို တို့သည် တိုက်ခိုက်မှု အချိန်ကြာသည် နှင့်အမျှ တိုက်ကွက်များ သည် လည်း ပြင်းထန် လာပြီး ပိုပြီးမြန်ဆန်လာကာ တိုက်ကွက်များလည်း မြင့်လာလေသည်။  တိုက်ခိုက် နေရင်းက လူရွယ်ရဲ့ တုတ်တို နှစ်ချောင်းသည် အဘိုးအိုရဲ့ တုတ်နဲ့ ထိရိုက်မိပြီး လွင့်ထွက် သွား လေ သည်။ တဖန် အဘိုးအိုက ဟန်ချက်ပျက်သွားသော လူရွယ်အား တုတ်ဖြင့် သိမ်းရိုက် လိုက်ရာ လူရွယ် သည် ရုတ်တရက် ခါးကို ညွတ်ကွေးပြီး ရှောင်တိမ်းလိုက်ကာ အဘိုးအိုရဲ့ ရင်ဝသို့ လက်ဝါးတစ် ချက် ရိုက်သွင်း လိုက်ပြီး အဘိုးအိုရဲ့ လက်ထဲမှ တုတ်ရှည်ကို လုယူ ထားလိုက်လေ သည်။ အဘိုးအို သည် ဟန်ချက်ပျက်သွားပြီး လက်ဝါးရိုက်ချက်ကြောင့် နောက်သို့ ခြေ လေးငါး လှမ်း မျှ ယိုင်နဲနဲ ဆုတ်သွား ရသည်။

                       ပွဲသည် အဖြေ ထွက်ပေါ်ခဲ့ပြီ။ နောက်ဆုံးတွင် လူရွယ်ရဲ့ လက်ထဲတွင် လက်နက် ကျန်ရှိ နေခြင်းကြောင့် ဒီပွဲတွင် လူရွယ်သည် အနိုင်ရရှိခဲ့လေသည်။ တိုက်ကွက်တွင် လူရွယ်က အဘိုးအို အား လှည့်စား နိုင်ခဲ့ခြင်းလည်း ဖြစ်လေ သည်။ ထို့နောက် လူရွယ်က တိုက်ပွဲကို ရပ်လိုက်ကာ........


အဟဲ ....
အဘ ၊ ကျုပ်နိုင်တယ်နော်။
တောင်အောက် ဆင်းတော့မယ်။

အေး .... ကောင်းပြီ။
နေ၀င်ရင် ပြန်လာခဲ့ရမှာနော်။
မမေ့စေနဲ့ ။မေ့ရင် ဒဏ်ပေးမှာ။

ဟုတ်ကဲ့ပါ အဘ။
ကျုပ် ပြန်လာမှာပါ။
အခုလို အဘ ကျုပ်ကို
အလျှော့လို့ ပြန်လာရင်
အဘ အတွက် လက်ဆောင်ဝယ်လာခဲ့မယ်။
ခုတော့ သွားလိုက်အုံးမယ် အဘရေ.............

                         ပြောပြောဆိုဆိုနှင့် လူရွယ်သည် တောင်အောက်သို့ ပြေးဆင်းသွားလေသည်။

အင်း........
ဘာလိုလိုနဲ့ ဒီ ကလေးတောင်
ပညာစုံနေပြီပဲ၊ သူ့အဖေမြင်ရင်
သိပ်ကို ၀မ်းသာမှာပဲ။

                         အဘိုးအို သည် တစ်ကိုယ်တည်း ရေရွတ်ကာ အနီးရှိ ကွပ်ပြစ် ပေါ်၌ထိုင်ကာ ရေနွေး ကြမ်း တစ်ခွက်ကို ငှဲ့ ကာ အဝေးတစ်နေရာသို့ ငေးကြည့်နေလေသည်။

*****************************

                          သူတို့ မြေအဘိုးသည် ဟန်သော်ဝေနိုင်ငံရဲ့ နယ်အစွန်းဖျားတစ်နေရာရှိ ကျေးလက် တောရွာလေး တစ်ခုရဲ့ တောင်ပေါ်တွင် နေထိုင်ကြခြင်း ဖြစ်လေသည်။ ထိုသို့ နေထိုင်လာခဲ့ ကြ သည်မှာ သူ လူမမယ် အရွယ်တည်းက ဖြစ် လေသည်။ ထို အနီးနား ကျေးရွာမှ လူများသည် သူတို့ မြေးအဘိုး ဘယ်အရပ်ဒေသမှ လာရ်ျ နေထိုင်ကြောင်းကို တစ်ဦး တစ်ယောက်မှ သိရှိခြင်း မရှိချေ။ သူတို့ မြေးအဘိုးသည် ရွာသူရွာသားများ မကျန်းမာသည့်အခါ ဆေးကုပေးလေ့ ရှိသော ကြောင့် သူတို့ အား တောင်ပေါ်က ဆေးဆရာ မြေးအဘိုးဟုသာ လူသိများကြလေသည်။ ထိုသို့ဖြင့် နေထိုင် လာခဲ့ကြသည် မှာ ယခုဆိုလျှင် ဆေးဆရာရဲ့ မြေးလေးတစ်ယောက် အရွယ်ေ၇ာက်သူ တစ်ယောက် ဖြစ်လို့ပင် နေတော့ လေသည်။

ထို လူရွယ်လေးရဲ့ နာမည်က ........... ဒီမိုရာ ။

                          ဒီမိုရာသည် ရွာထဲရှိ ဈေးလမ်းမ၌ ဟိုဟိုဒီဒီ သွားလာနေသည်။ ရွာသူရွာသားတို့က ဒီမိုရာကို နှုတ်ဆက်ကြသည်။ ဒီမိုရာသည် ထိုသို့ သွားရင်းလာရင်း အမြင်တာတွေတွေ့မြင်ခဲ့ပါက ကူညီရိုင်းပင်း တက်သူဖြစ်လေ သည်။ ထို့ကြောင့် ရွာသူရွာသားတို့ကလည်း ဒီမိုရာကို ခင်မင် လျက် ရှိကြသည်။ မကျေနပ်သည်များရှိရင်လည်း စိတ်ထဲမှာ မြိုသိပ်မထားတက်ပဲ ဘွင်းဘွင်းရှင်းရှင်း ပြော လေ့ရှိတက်သဖြင့် တခါတရံ စကားများ ရန်ဖြစ် ခြင်းများလည်းရှိတက် သည်။ သို့ပေမယ့် လည်း နောက်ဆုံးတွင် ပြေလည် သွားသည်ချည်းသာ ဖြစ်လေသည်။ ထို အခိုက်......

ခွပ်........ခွပ်...........ခွပ်.............

                         ရွာထဲသို့ စစ်သည် နှစ်ယောက် မြင်းကို ဒုန်းစိုင်းပြီး အပြင်းဝင်လာလေသည်။ ထို့နောက် ရွာသူကြီး ရဲ့ အိမ်ဝ၌ ရပ်ကာ ရွာသူကြီးကို လှမ်းခေါ်လိုက်ကာ စကားပြောဆိုကြပြီး ရွာသူကြီး အိမ်ရှေ့ရှိ ကြော်ငြာသင်ပုန်း ၌ စာရွက် တစ်ရွက်ကို ကပ်သွားလေသည်။
             
                         ထို အချင်းရာကို မြင်လိုက်သော ဒီမိုရာ သည် လူငယ်ပီပီ စူးစမ်းလိုစိတ် ဖြစ်ပေါ် လာကာ ထို သင်ပုန်း ဆီသို့ သွားရောက်ကြည့် ရှု့လေသည်။ ကြော်ငြာ သင်ပုန်းအား ရွာသူရွာ သား များကြားထဲသို့ တိုးဝှေ့ ဖတ်ကြည့်ရာ အောက် ပါအတိုင်း တွေ့ရလေသည်။

ဘုရင်မင်းမြတ်ရဲ့ ဘုန်းတန်ခိုးတော်ကို
ဦးထိပ်ထားလျက် က်ျကြော်ငြာစာကို
ထုတ်ပြန်လိုက်ပေသည်။ ကျူးကျော်လာသူ
ယုဒီပ နိုင်ငံ စစ်သည် ရဲမက်တွေကို ပြန်လည်
တိုက်ထုတ်နှိမ်နင်းရန်အတွက် ကျန်းမာသန်စွမ်းပြီး
ရဲစွမ်းသတ္တနှင့် ပြည့်စုံသော စစ်သည်ရဲမက် များစွာကို
အမှုတော် တမ်းရွက်ဆောင်ရန်အတွက် အလိုရှိပေရာ
အမှုတော် ထမ်းရွက်လိုသူများသည် ရွာသူကြီးထံမှ
ဆက်သွယ်ဝင်ရောက် အမှုတော် ထမ်းဆောင်နိုင်ပါသည်။

                          ဓိမိုရာသည် ထိုစာတို့အား သေချာစွာ ဖတ်ရှု့ပြီးလျှင် သူ့အဘိုးအား ပြောပြ မည်ဟု စိတ်ကူးကာ ထိုနေရာမှ ထွက်ခွာ လာခဲ့လေသည်။ ထို့နောက် ဈေးတန်းလေးသို့ ပြန်သွားကာ သူ့ အဘိုးဖြစ်သူကို ပေးရန် ပစ္စည်း တချို့ ကို ၀ယ်ယူကာ နေ၀င်တော့မည် ဖြစ်သဖြင့် တောင်ပေါ်သို့ ပြန်တက်လာခဲ့လေသည်။ အိမ်ပြန်လာသော လမ်းတလျှောက် တွင် သူ၏ ထုံးစံအတိုင်း အမြင် မ တော် သည်များကို ကူညီခဲ့ပြန်လေသည်။ ထို့နောက် တောင်စောင်းလမ်းကလေး အတိုင်း တက်ကာ လမ်းဘေးရှိ အလေ့ကျပေါက်လေ့ရှိသော အပင်လေးများထဲမှ ဆေးဘက်ဝင် အပင်ငယ်လေးများကို ခူးယူကာ သူနှင့် အဘိုးနေထိုင် အိမ် ဆီသို့ ပြန်လာခဲ့လေသည်။


( ဆက်လက်ဖော်ပြပါမည်။ )

Rocker77

No comments:

Post a Comment