Monday, January 7, 2013

မာလိန်မှူး ။




ပင်လယ်ပြင်ည
ရွှက်လွှင့်တဲ့ သင်္ဘော
ရိက္ခာနဲ့ လူနည်း
ဒါ ငါ့ သင်္ဘော ။     ။

ပိန်းပိတ်တဲ့အမှောင်
စုံလင်တဲ့ နက္ခတ်
လင်းနေတဲ့ မှန်အိမ်
စီးမျောတဲ့ သင်္ဘော
ဒါ ငါ့ သင်္ဘော ။     ။

ဓါးကောက်ကို ခါးချိတ်
ရွက်တိုင်ကိုလှမ်းကြည့်
ပဲ့ထိန်းကို လှမ်းအော်
အိမ်မြှောင်ကို လှမ်းခေါ်
သွားနေတဲ့ သင်္ဘော
ဒါ ငါ့ သင်္ဘော ။     ။

မြေပုံကို ဖြန့်ခင်း
ကျွန်းတွေက အလှမ်းဝေး
တွဲလက်ကို လှမ်းဆွေး
ရဲတိုက် ကို မရောက်သေး
ရေစီးကြောင်းက ကယ်ပေး
မျော်နေတဲ့ သင်္ဘော
ဒါ ငါ့ သင်္ဘော ။     ။

ရောက်နေတာ ရေအရပ်
တွေးနေတာ ကုန်း အရပ်
ကြယ်ကြွေတာရင်ထဲ
ဆုတောင်းတာ အခါခါမနည်း
အာရုဏ်ကို မြင်ချင်လို့
လေနတ်သားကို လှမ်းအော်
လွမ်းနေတဲ့ သင်္ဘော
ဒါ ငါ့ သင်္ဘော ။      ။


Rocker77
( 2 . 6. 2011 ) 
4း00 AM



No comments:

Post a Comment