Tuesday, January 8, 2013

အိန္ဒိယဧ။် ခေတ်ဦးရာဇ၀င်။



           ရှေးခေတ်အိန္ဒိယနိုင်ငံရဲ့ အကျယ်ဝန်းမှာ ရုရှားကိုချန်လှပ်ရ်ျ ဥရောပတိုက်စာမျှရှိလေသည်။ တရုတ်နိုင်ငံ့လောက်မကျယ်သော်လည်း တရုတ်နိုင်ငံရဲ့ နယ်ကြီး တစ်ဆယ့်ရှစ်နယ်ထက် ကျယ်ဝန်း သည်။ တောင်များ ၊ ချိုင့်ဝှမ်းများကြောင့် အိန္ဒိယ နိုင်ငံ့ အတွင်း၌ပင်  နိုင်ငံငယ်အမြောက်များ သီး ခြား ပေါ်ထွန်းလျက် လူမျိုး၊ ဘာသာစကား၊ သာသနာ အယူဝါဒ မှစရ်ျ ယဉ်ကျေးမှုများ၌ လည်း အ မျိုးမျိုး ရှိလေသည်။ အိန္ဒိယ ရဲ့ ရာဇ၀င်ကို ပြန်လည် ရေးသားရန်နန်းတွင်းမှတ်တမ်းများ မရှိ သော် လည်း အလွန်ကြွယ်ဝသော စာပေနှင့် အစဉ်လာပုံပြင်များကို ဆက်စပ်ရ်ျ အချက်အလက်များ ရရှိ နိုင်ပေသည်။ သို့သော် နှစ်၊ လ၊ ရက် များကို ဖော်ပြရန်မှာများစွာခက်ခဲပေသည်။
          အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံး မှန်ကန်သည်ဟု ဆုံးဖြတ်ရသောနှစ်မှာ ( 326 ) ဘီစီ နွေဦး ပေါက် ကာလ ၌ မဟာအလက်ဇန်းနား ဘုရင် ၀င်ရောက်တိုက်ခိုက်လာသော ရက်စွဲပင်ဖြစ်ပေသည်။ ရာဇ၀င်ဆရာတို့သည် ၄င်းကို မှီငြင်း ပြုစုလျက် အနောက်တိုင်းရာဇ၀င်များနှင့် ယှဉ်ကာ စာ ဟောင်း ပေဟောင်း များမှ အချက်လက်များကို စုစည်းပြီး ခေတ်ဦး ရာဇ၀င် နှစ်များကို ( 7 ) ရာစု ဘီစီ ရောက်အောင် ညှိနှိုင်း ပြင်ဆင်ကြသည်။ တောင်ပိုင်း အိန္ဒိယအတွက်ကား အေဒီ ( 6 ) ရာစု ရောက်မှ အားထားလောက်သော နှစ်အပိုင်းခြားကို ၇လေသည်။
           ကျောက်မှတ်တမ်းများအရ ကျောက်ခေတ်ဦးက စရ်ျ အိန္ဒိယတွင် လူနေ ရှိခဲ့ရ်ျ တောင်ပိုင်း၌ ပိုရ်ျ စောစွာ လူနေခဲ့ဟန်ရသည်။ ထို ယဉ်ကျေးမှုမှတစတစ တိုးတက်ကာ ( 1000 ) ဘီစီ လောက် တွင် မြောက်ပိုင်း၌ သံခေတ်ကို ရောက်ပြီဟု ခန့်မှန်းရသည်။ သို့သော် ကြေးခေတ်မှ အကြွင်း ကျန် များကို မတွေ့ရသဖြင့် အိန္ဒိယတွင် ကြေးခေတ်ပေါ်ဖူးမည်မဟုတ်ဟု ထင်မှတ်စရာရှိလေသည်။ သို့သော် ကျောက်ခေတ်နှောင်း အိန္ဒိယ သားတို့သည် အိုးထိန်းစက်ဖြင့် အိုးလုပ်ခြင်းအတက်၊ စိုက် ပျိုးခြင်း၊ တိရစ္ဆာန်များကို ယဉ်ပါးအောင်မွေးမြူခြင်း၊ ရွှေတွင်းတူးခြင်း စသော အတက် ပညာများ ကို ကောင်းစွာတက်မြောက်ကြောင်း အထောက်ထားများကို တွေ့ရလေသည်။ ထို့ပြင် ပြည်ရွှာ တည်ထောင် လျက် သာသနာရေး ပွဲသဘင်များကို ရံဖန်ရံခါ ပြုလုပ်ကြရ်ျ သေသူများကို မြေမြှုပ် သော အဆင့်အထိ ယဉ်ကျေးလျက်ရှိကြသည်။
            လွန်ခဲ့သော နှစ်ပေါင်း 5000 ကျော်အချိန်က အိန္ဒိယ နိုင်ငံ မြောက်ပိုင်းရှိ ဗလူးချစ်စတန် အရပ်မှ အိန္ဒိယနိုင်ငံ အတွင်းသို့ ကုန်းလမ်းမှ ဆင်းလာကြသော  ဒရာဗီဒီးယန်း လူမျိုးများ ရှိလေ သည်။ သူတို့သည် အာရှတိုက် အလည်ပိုင်းမှ ဗလူးချစ်စတန်ကို ဖြတ်လျက် အိန္ဒိယနိုင်ငံအတွင်းသို့ ၀င်ရောက်လာခြင်းဖြစ်သည်။ ဒရာဗီးဒီးယန်း တို့ဧ။် နေရင်းဒေသမှာ မတ်ရန် ကုန်းမြင့်ဒေသ ဖြစ် သည်။ ထိုသူတို့သည် ရေကြည်ရာ မြက်နုရာကို ရှာဖွေရင်း တောအထပ်ထပ် တောင်အထပ်ထပ် ကိုကျော်ဖြတ်ကာ အိန္ဒိယနိုင်ငံရှိ အိန္ဒု မြစ်ဝှမ်းမြေပြန့်သို့ ဆင်းလာကြခြင်းဖြစ်သည်။ တချို့မှာကား ထိုနေရာမှတဆင့် အိန္ဒုမြစ်ဝှမ်းကို ကျော်ဖြတ်ကာ အိန္ဒိယတောင်ပိုင်း ဒက္ခိဏကုန်းမြေဒေသဆီသို့ သွားရောက်နေထိုင်ခဲ့ကြသည်။
            4000-ဘီစီသို့ရောက်သောအခါ ဒရာဗီဒီးယန်းတို့ ပြောင်းရွေ့အခြေချခဲ့သည့် အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှု သည် အဆင့် အတန်း အတန်ပင် မြင့်မားခဲ့ပေပြီ။ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တော် နှင့် ဗြမ္မဏပဒ်မြို့တော်များသည်လည်းကောင်း၊ ကရာချီမြို့တော်ရဲ့ မြောက်ဘက် မိုင်နှစ်ရာအကွာ တွင် တည်ရှိသော မိုဟင်ဂျိုဒါရို မြို့တော်သည်လည်းကောင်း ထိုခေတ်က ယဉ်ကျေးမှုကို ဦးဆောင် သည့် မြို့တော်များ ဖြစ်ကြသည်။ ထိုခေတ်က လူများသည် ချည်ထည်ရက်လုပ်ဝတ်ဆင်ခြင်း၊ မက်ဆို ပို တေးမီးယား နှင့် အခြားနိုင်ငံများသို့လည်း ယက်လုပ်ပြီး အထည်များကို တင်ပို့ပေရာ အိန္ဒုမြစ်ကို အစွဲပြုရ်ျ ထိုအထည်များအား ဆင်းဒူး ဟု ခေါ်ပြီး ဂရိတို့က ဆင်းဒန် ဟု ခေါ်လေသည်။ ထိုခေတ်က အိန္ဒိယ အမျိုးသမီးများသည် ရွှေ၊ ငွေ၊ ဆင်စွယ်နှင့် ကြေးနီများကို လက်ကောက်၊ ခြေကျင်း ၊ လည် ဆွဲ လုပ်ရ်ျ ၀တ်ဆင်ကြပေသည်။ နီလာ ၊ ပယင်း စသည့် တွင်းထွက် ကျောက်အမျိုး မျိုး ကိုလည်း အဆင်တန်ဆာအဖြစ် ၀တ်ဆင်ကြပေသည်။
            2000 - ဘီစီ ခန့်သို့ ရောက်သောအခါ ဥရောပ ဒင်နု မြစ်ဝှမ်းဇာတိသားများဖြစ်သည့် အာရိ ယန် တို့သည် ကျွဲ ၊ နွား ၊ တိရစ္တာန် အုပ်များဖြင့် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွေ့ နေထိုင် ကြ ရင်း အိန္ဒုမြစ်ဝှမ်းသို့ အိန္ဒိယ နိုင်ငံ အနောက်မြောက်ဘက်ရှိ တောင်ကြားလမ်းများ အတိုင်း တစ် သုတ် ပြီး တစ်သုတ် ၀င်ရောက်လာကြပြီး မြောက်ပိုင်း ပန်ဂျပ် ၊ ကသ္မီယ ၊ ရာဇပုတ္တရ နယ်များသို့ ရောက်လာခဲ့ကြရာမှ ဦးစွာရောက်နှင့်နေပြီးဖြစ်သော မြို့ပြယဉ်ကျေးမှုတို့ဖြင့် အဆင့် အတန်း တိုး တက်မြင့်မားနေသော အသားမည်း ဒရာဗီးဒီးယန်းတို့နှင့် စစ်ပွဲကြီးများ ခင်းကာ နေရာ လုကြ ရ လေသည်။ ဒရာဗီးဒီးယန်းတို့မှာ မိမိတို့ ရှိသမျှ အင်အားဖြင့် အာရိယန်တို့အား ခုခံတွန်းလှန် ပါ သော်လည်း တောတောင် ရေမြေအနှံ့ ခြေဆန့်ကာ နေရာရွေ့ပြောင်းနေထိုင်လာခဲ့ကြသော လျင် မြန်ဖြတ်လတ် ကြံ့ခိုင်လှသော အကြမ်းတမ်းခံ အာရိယန်တို့ကို အံတုရန် မစွမ်းနိုင်သဖြင့် အိန္ဒု မြစ် ၀ှမ်းကို စွန့်ကာ ဂင်္ဂါ မြစ်ဝှမ်းဆီသို့ ပြောင်းရွှေ့သွားခဲ့ကြလေသည်။






(ဆက်လက်ဖော်ပြပါမည်။ )
                                                                                                                                               
Rocker77

No comments:

Post a Comment