Tuesday, January 8, 2013
အိန္ဒိယဧ။် ခေတ်ဦးရာဇ၀င်။ ( ဇာတ်သိမ်းပိုင်း။ )
        အာရိယန်တို့ တန်ခိုးအင်အား ကြီးမာလာသောအခါ ဂင်္ဂါမြစ်ဝှမ်းတွင်ရှိသော ဒရာဗီးဒီးယန်း တို့အား လိုက်လံတိုက်ခိုက်ကြပြန်ရာ  ဟိမ၀န္တာတောင်ခြေရင်း နှင့် အိန္ဒိယတောင်ပိုင်းရှိ ကုန်းမြင့် ဒေသများဆီသို့ ပုန်းရှောင်ထွက်ပြေးကြရပြန်သည်။ တောင်ပိုင်း အိန္ဒိယ မှာကား အသွားအလာ ခဲ ယဉ်းသဖြင့် အရိယတို့ သွားရောက်နှောင့်ယှက်ခြင်း မပြုသောကြောင့် ဒရာဗီးဒီးယန်းတို့ ဆက်လက် နေထိုင်နိုင်ကြပြီး ကုန်ဖလှယ်ခြင်းအားဖြင့် ၄င်းတို့နှစ်ဦးသည် အသင့်အတင့် ဆက်ဆံ နိုင်ကြ လေ သည်။
       အာရိယန်တို့သည် စစ်ပွဲ၌ ဖမ်းဆီးရမိသော အသားမည်း ဒရာဗီးဒီးယန်း လူမျိုးများအား ကျွန် အဖြစ်စေခိုင်းကြရာမှ ဇာတ်နိမ့် ဇာတ်မြင့် ဖြစ်ပေါ်စေရန် အစပျိုးခဲ့လေသည်။ အိန္ဒိယ နိုင်ငံတွင် အလွန် ထင်ရှား ကျော်ဇော်သည့် ရာမာယဏဇာတ်တော်ကြီးမှာ အာရိယန်တို့က ဒရာဗီးဒီးယန်း တို့အား တိုက်ခိုက်နှင်ထုတ်သော အဖြစ်ပျက်ကို မှီရ်ျ ရေးသားထားသော ၀တ္ထုကြီး ဖြစ်ပေသည်။       ( 700 - ဘီစီ ) သို့ ရောက်သောအခါ မြေသြဇာကောင်းမွန်သည့် အိန္ဒုမြစ်ဝှမ်း၊ ဂင်္ဂါ မြစ်ဝှမ်း နှင့်  အိန္ဒိယ မြောက်ပိုင်းတစ်ခုလုံးကို အာရိယန်တို့ လက်တွင်းသို့ သက်ဆင်းသွားသည်မှစရ်ျ အိန္ဒိယ ခောတ်သစ် တစ်ခုကို စတင်တည်ထောင် ကြလေသည်။
        အာရိယန်တို့သည် အိန္ဒု မြစ်ဝှမ်းကို အခြေချနေထိုင်လာခဲ့ကြသည်မှစရ်ျ ယဉ်ကျေးမှု တစ်စ တစ်စ တိုးတက်ထွန်းကားလာရာ မက်ဆိုပိုတေးမီးရား ၊ ပါရှား နဲ့ အီဂျစ်ပြည်များပင် ခေတ်ပြိုင် ယဉ်ကျေးမှု ထွန်းကားခဲ့သည့် ဒေသများဖြစ်သည် ဟု ဆိုဖွယ်ရှိလေသည်။ ဟိန္ဒူဆိုသည်မှာ အာရိ ယန် တို့ စတင်အခြေချနေထိုင် လာခဲ့ကြသည့် အိန္ဒုမြစ်ကို အစွဲပြုရ်ျ ဖြစ်ပေါ်လာ သောအမည် ဖြစ် ပါသည်။ အိန္ဒုကို အိန္ဒိယသားတို့က ဆိန္ဒုဟု ခေါ်ကြသည်။ အာရိယန်တို့သည် ဒရာဗီးဒီးယန်း တို့ကဲ့ သို့ပင် လယ်ယာမြေကို အမှီပြုကာ သီးနှံစိုက်ပျိုးကြသူများဖြစ်ပြီး သီးနှံ အထွက်တိုးစေရန် နတ် ဒေ၀တာများ၊ နေ ၊ လ ၊ နက္ခတ်တာရာများနှင့် မီး တို့ကို ကိုးကွယ်ခဲ့ကြလေသည်။
          အိန္ဒိယရဲ့ ပေါင်းသင်းဆက်ဆံ ရေးသဘောတွင်အရေးပါဆုံးမှာ ဇာတ်ဖြစ်ရ်ျ ၄င်း အချင်းရာ သည် အိန္ဒိယတွင်သာ ထူးခြားစွာ ပေါ်ထွန်းသော ကိစ္စတစ်ရပ်ဖြစ်လေသည်။ ထို ဇာတ်အယူဆမှာ အိန္ဒိယကို အလက်ဇန်းဒါးဘုရင်ကြီး ၀င်ရောက်တိုက်ခိုက်လာသော ( 4 - ရာစု ) ဘီစီ မတိုင်မီ နှစ် ပေါင်း ( 600 ) သို့မဟုတ် (800 ) ခန့်ကပင် ဇာတ်များပေါ်ထွန်းနေပြီ ဟု ခန့်မှန်းရလေသည်။ ယေဘု ယျအားဖြင့် ဇာတ်လေးမျိုးရှိရာ ( 1 ) ဗြဟ္မဏ ဟူသော ဘုန်းကြီး သို့မဟုတ် ပညာရှိ လူတန်း စား ( 2 ) ခတ္တိယ ဟူသော ပြည်ပိုင်အုပ်ချုပ်မင်းလုပ်သူများနှင့် စစ်သားများ ( 3 ) ၀သ၁ ဟူသော ကုန်သွယ် လယ်ယာ လုပ်သူများ နှင့် ( 4 ) သုဒ္ဓ ဟူသော ကျေးကျွန်များ ဖြစ်ကြသည်။
         ( 517 ) မှ ( 509 ) ဘီစီ အတွင်း ပါရှန် ဘုရင် ပထမ ဒရိုင်ယပ်စ် သည် အိန္ဒုမြစ်ဝှမ်းတိုင်အောင် နယ်ချဲ့လာရ်ျ ပန်ဂျပ်ပြည် အနောက်ပိုင်းကို သိမ်းယူခဲ့သည်။ ဒရိုင်ယပ်စ် ရဲ့ အမိန့်ဖြင့် ဂရိ ရေ ကြောင်း ဗိုလ်ချုပ် စကီလက် သည် အိန္ဒုမြစ်ညာတွင် ရေတပ်တစ်ခု ဖွဲ့စည်းရ်ျ မြစ်ဝသို့တိုင်အောင် စုန်ဆင်း လျက် မြစ်ကြီးရဲ့ ပထ၀ီဝင်ကို လေ့လာခဲ့သည်။ ပါရှန် တို့သိမ်းထားသောပန်ဂျပ်နိုင်ငံမှာ ပါရှန် လက်နက် နိုင်ငံရဲ့ ပြည်နယ်ကြီး သို့မဟုတ် စထရပ်စ်ပီ နှစ်ဆယ်တွင် တစ်နယ်အဖြစ်ပါဝင်ကာ နှစ်ပေါင်း ( 150 ) မျှ အုပ်စိုးခဲ့ရ်ျ ပါရှန်သို့ နှစ်စဉ် အခွန်ဘဏ္ဍာများပို့ဆက်ရလျက် ( 480 ) ဘီစီတွင် ဧကရာဇ် ဇာဇက်က ဂရိသို့ သွားရောက်စစ်တိုက်သောအခါ ကူညီရန် စစ်တပ်များ ပို့ခဲ့ ရဖူး လေ သည်။ ထိုသို့ဖြင့် ပါရှန်တို့ လက်အောက်တွင် ရှိသဖြင့် အိန္ဒိယနှင့် မြေထဲပင်လယ် ကုန်စည်ကူးသန်း ရောင်းဝယ်ရေး ဖြစ်ထွန်းလာခဲ့ ရလေသည်။ ထို့ကြောင့်ပင် အိန္ဒိယ၌ အေဒီ ( 4 ) ရာစုအထိ သုံးစွဲခဲ့ သော ခါရော့စ်သီ အက္ခရာမှာ ပါသျှ အက္ခရာများနှင့် များစွာနီးစပ်ခဲ့လေသည်။
          ( 330 ) ဘီစီ တွင် မဟာအလက်ဇန်းဒါး ဧကရာဇ်သည် ပါရှန် ပြည်အားလုံးကို အောင်မြင်ပြီး နောက် အရှေ့ဘက်သို့ ဆက်လက်တိုးချဲ့ရာ ( 326 ) ဘီစီ ဖေဖ၀ါရီလတွင် ပန်ဂျပ်သို့ရောက် လေ သည်။ သို့သော် ရှစ်နှစ်မျှ အိုးအိမ်နှင့် ကင်းကွာခဲ့ရသော တပ်သားများက ငြင်းဆိုသဖြင့် ဂင်္ဂါ မြစ် ၀ှမ်း သို့ တိုင်အောင် ချီတက်ခြင်း မပြုပဲ တပ်ခေါက်ခဲ့လေသည်။ ထို့ကြောင့် ( 325 ) ဘီစီ အောက်တို ဘာလ တွင် ပန်ဂျပ်မှ ထွက်ခွာ ခဲ့သေည်။
          ( 323 ) ဘီစီတွင် ဘုရင် အလက်ဇန်ဒါး သေဆုံးသောအခါ ၄င်းထူထောင်ခဲ့သော လက်နက် နိုင်ငံတော်ကြီးလည်း ပြိုကွဲသွားလေသည်။ ထို့ကြောင့် ပန်ဂျပ်သည် လွတ်လပ်ေ၇း ရပြန်သည်။ ထိုသို့ အုပ်ချုပ်ေ၇းအားဖြင့် ဂရိတို့ရဲ့ လွှမ်းမိုးခြင်းမှာ သက်ဆိုးမရှည်သော်လည်း ယဉ်ကျေးမှု ပျံ့နှံ့ ရေးတွင် အထူးအကျိုးရှိခဲ့လေသည်။ ဂရိတို့ လာရောက်အုပ်ချုပ်သဖြင့် အုပ်ချုပ်ရေးနည်းပညာ အသစ်နှင့် စစ်ဆင်ရေး နည်းသစ်များကို ရရှိလိုက်ကြသည်။ အလက်ဇန်းဒါ ဘုရင် သေဆုံးသည်ဟု သတင်း ကြားလျှင် ဦးစီးဦးဆောင်ပြုရ်ျ သူပုန်ထသူမှာ ချန်ဒရာဂူပတာ မောရိယ ပင် ဖြစ်လေသည်။ ( 322 ) ဘီစီတွင် မဂဒ၌ ပုန်ကန်ပြီး နန္ဒာမင်းဆက်ကိုဖြုတ်ချကာ ချန်ပရာဂူပတာမောရိယ သည် နန်း တက် ခဲ့လေသည်။ ၄င်းဧ။် နိုင်ငံသည် ဂင်္ဂါ မြစ်ဝကျွန်းပေါ်ဒေသမှ ပန်ဂျပ် နယ်နိမိတ်တိုင် အောင် ကျယ်ပြန့် ခဲ့ လေသည်။
            ချန်ဒရာဂူပတာ မောရိယ ထူထောင်ခဲ့သော မင်းဆက်မှာ နှစ်ပေါင်း ( 137 ) နှစ်မျှ စိုးစံ ချိန် ၀ယ် အိန္ဒိယဧ။် ရာဇ၀င်မှာ ဂရိခရီးသည်များရဲ့ မှတ်တမ်းများကြောင်လည်းကောင်း ၊ ဧကရာဇ် အာသောက ထားခဲ့သော ကျောက်စာကြောင့် လည်းကောင်း အချက်အလက် အထောက်ထားများ စွာရရ်ျ ထင်ရှားသော ခေတ်ဖြစ်လာတော့သည်။ သို့သော မောရိယ မင်းဆက်ပြုတ်ပြီးသောအခါ ဆူပူသောင်းကျန်းမှုများကြောင့် အိန္ဒိယရဲ့ တိုးတက်မှုတွင် အတားဆီးဖြစ်ခဲ့ရလေသည်။ ပထမ မောရိယ မင်းဆက်၌  ယခု ပတ်ထနာ ခေါ် ပါတလိပုတ္တတွင် မြို့တော်တည်ရ်ျ နိုင်ငံတော်ကို အုပ်ချုပ် လေသည်။ အုပ်ချုပ်ေ၇းအဖွဲ့မှာ များစွာ အထက်တန်းကျလှရ်ျ သုံးသိန်းကျော်မျှသော ထာဝရ စစ် တပ် အင်အားလည်း ရှိခဲ့လေသည်။ မော၇ိယမင်းသည် အမျိုးသားလွတ်လပ်ရေး ခေါင်းဆောင် ပြုခဲ့ သော်လည်း ၄င်းအုပ်ချုပ်ပုံမှာ ပြင်းထန်၇က်စက်ရ်ျ ကြီးလေးသော အခွန်တုပ်များကို ကောက်ခံ ခဲ့ သည်။ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ စယ်လူကော့စ်နီကတာ က အရှေ့ပိုင်းနိုင်ငံတချို့ကို ပြန်လည် သိမ်းပိုက်မိသဖြင့် ပန်ဂျပ်ကိုလည်း သိမ်းယူရန်( 305 ) ဘီစီတွင် လာရောက်တိုက်ခိုက်လေသည်။    
          ချန်ဒရာဂူပတာ ကခုခံသဖြင့် မအောင်မြင်သည့် အပြင် အာဖဂန်နစ္စတန်ကိုပါ ချန်ဒရာ ဂူပ တာ အား ပေးအပ်ခဲ့ရသည်။ ထိုအခါမှ စရ်ျ လက်နက်နိုင်ငံနှစ်ခုကြား ကြည်သာစွာ ဆက်ဆံခြင်းပြု တော့ သည်။ ( 302 ) ဘီစီလောက်တွင် စယ်လူကော့စ် က စေလွှတ်လိုက်သော ဂရိသံအမတ် မီဂတ် စသီနီစ် သည် ပါတလိ ပုတ္တ မြို့တော်သို့ ရောက်ခဲ့သည်။ သူရဲ့ အရေးသားများစွာကြောင့် ရှေးခေတ် ဂရိ နှင့် ရောမ တို့သည် အိန္ဒိယ ပြည်အကြောင်းကို သိရှိကြလေသည်။
           ချန်ဒရာဂူပတာကို ဆက်ခံသူမှာ သားတော် ဗိန္ဒုသရမင်း ဖြစ်ရ်ျ ၄င်းဧ။် လက်နက် နိုင်ငံတော် မှာ ဘင်္ဂလားမှ အာဖဂန်နစ္စတန်တိုင်အောင် ကျယ်ပြန့်ရ်ျ အိန္ဒိယတွင် နာဘာဒါမြစ်ရဲ့ မြောက်ပိုင်း တစ်ခု လုံးပင် ဖြစ်သည်။ အိန္ဒိယ မှတ်တမ်းများ၌ ထိုမင်းအကြောင်းကို ချီးကျူးရေးသားခြင်း နည်း သော် လည်း ထိုမင်းလက်ထက်တွင် ဆီးရီးယားမင်း ၊ အီဂျစ် မင်း စသည်တို့နှင့် သံတမန် လဲလှယ် ခြင်း များ ပြုခဲ့သောကြောင့် နိုင်ငံခြားမှတ်တမ်းများတွင် ၄င်းအကြောင်းကို  များစွာ တွေ့ရလေ သည်။ ထိုမင်းသည် ဖခင်ဧ။် လုံ့လနှင့် အစွမ်းကိုပါ အမွေရလိုက်သူ ဖြစ်ရ်ျ နိုင်ငံတော်ကိုချဲ့ထွင်ရ်ျ တောင် ဘက် ခရစ်ရှနားတိုင်အောင် ဒက္ခိဏကုန်းမြင့်ကို တိုက်ခိုက်သိမ်းယူခဲ့လေသည်။ ၄င်းဧ။် သားတော် အာသောက ကိုမူ ပြည်တွင်းပြည်ပမှ လူသိများခဲ့လေသည်။
             များလှစွာသော ကျောက်ပြား၊ ကျောက်တိုင်နှင့် ကျောက်တောင် ကြီးများတွင် ဘုရင်ကြီး အမိန့်ဖြင့် ထွင်းထုထားခဲ့သော အမိန့်ပြန်တမ်းများစွာ ကျန်ခဲ့ရာ ၄င်းတို့ကို လေ့လာလျှင် ဘုရင်ကြီး ရဲ့ ၀ါဒ ၊ ရည်ရွယ်ချက်နှင့် အကျင့်စာရိတ္တ တို့ကို ကောင်းစွာသိနိုင်ပါသည်။ ထို မှတ်တမ်းများတွင် ပါ သော ရက်စွဲများမှာ ဘုရင်ကြီး နန်းရပြီးနောက် ( 9 ) နှစ်အကြာ  ( 269 ) ဘီစီတွင် ဘိသိတ်ခံယူသော အခါမှစရ်ျ ရေတွက်မှတ်သားထားသဖြင့် အဖြစ်ပျက်များစွာကို တိကျမှန်ကန်သောရက်စွဲကို ရနိုင် ပေသည်။ အာသောက မင်းကြီးမှာ ( 261 ) ဘီစီတွင် အိန္ဒိယ ကမ်းခြေဖြစ်သည့် မဟာနဒီ နှင့် ဂေါရ၀ ရီ  မြစ်နှစ်သွယ်ကြားဒေသရှိ ကလင်ဂ နိုင်ငံကို တိုက်ခိုက်သိမ်းယူခြင်းမှတပါး အခြား မည်သည့် နိုင်ငံကိုမျှ စစ်မပြုခဲ့သဖြင့် မင်းကြီးဧ။် သနားဂရုဏာကို ရှေးရှု့လျက် ငြိမ်းချမ်းရေး ၀ါဒမှာ ထူးခြား မှတ်သားဖွယ်ကောင်းလှပေသည်။
              အာသောက လွန်သောအခါ မောရိယ လက်နက်နိုင်ငံတော်မှာ လျင်မြန်စွာ ပျက်ရ်ျ လိုက်ခဲ့ လေသည်။ အာသောက ကိုဆက်ခံသူ မြေးတော်နှစ်ပါးကြောင့် နိုင်ငံတော် နှစ်စုကွဲရ်ျ တိုင်းစွန် ပြည် နားများ ကို အပရန်တို့ ၀င်ရောက်တိုက်ခိုက်ခြင်းခံရလေသည်။ ( 206 ) ဘီစီတွင် ဆီးရီးယား ပြည့်ရှင် တတိယ အန်တီအိုချော့စ် ကပန်ဂျပ်မြောက်ပိုင်းကို တိုက်လာသည်။ ( 185 ) ဘီစီတွင် ဘက်ထရီး ယား ပြည့်ရှင် ဒီမီထရိယော့စ် က ပန်ဂျပ်ပြည်ထက်ဝက်ကျော်မျှ သိမ်းယူနိုင် ခဲ့လေသည်။       
             ထိုနှစ်မှာပင် မောရိယမင်းဆက်ဧ။် နောက်ဆုံးမင်းကို စစ်သူကြီး ပွတ်ရှာမစ်တရ က လုပ်ကြံ ရ်ျ သုန်ဂမင်းဆက်သစ်ကို တည်ထောင်လေသည်။ ( 300 ) ဘီစီလောက်တွင် ဂူပတာဧ။် နန်းတော်၌ သံအမတ်အဖြစ်ဖြင့်ရောက်ခဲ့သော မီဂတ်စသီနီစ် ရဲ့ ဖော်ပြချက်အရ အိန္ဒိယ နန်းတော် အဆောက် အအုံများသည် ထို ခေတ် ဂရိနိုင်ငံများဖြစ်သော စူစ နှင့် အက်ဖက်တန ရှိ အဆောက်အအုံများထက် သာသည်ဟု ဖော်ပြပါရှိသော်လည်း ယခုအခါ စန်ချီ အရပ်ရှိ စတုပါ ကျောက်တိုင်မှလွဲရ်ျ မောရိယ ခေတ်ရဲ့ လက်ရာကို မတွေ့နိုင်တော့ပေ။ အသင့်တင့်မျှ ကြွင်းကျန်ရစ်သော ကျောက်ပန်းပု နှင့် ကျောက် လက်ရာအဆောက်အအုံတို့မှာကား ထိုခေတ်သားတို့ရဲ့ အထက်တန်းကျလှသော ယဉ် ကျေး မှုနှင့် တက်ကျွမ်းမှုများကို ကောင်းစွာ ဖော်ပြလျက်ရှိပေသည်။
                 စာပေတွင် အာသောကဧ။် ကျော်စာမှလွဲရ်ျ အထင်ရှားဆုံးသော ကျမ်းမှာ ချန်ဒရာ ဂူပတာ ဧ။် အမတ်ကြီး ကောတိလိယ ရေးသားပြုစုသော အာသသျှတ္တရ ကျမ်းပင်ဖြစ်ပါသည်။ ၄င်း ကျမ်း သည် နိုင်ငံအုပ်ချုပ်ရေးသဘောနှင့် ကျင့်ထုံးများပါ တွဲဖက်ရ်ျ ပြည့်စုံစွာရေးသားထားသည်။ မောရိယ ခေတ်ဧ။် အုပ်ချုပ်ရေးကျနပုံကိုလည်း ထို စာအုပ်၌ ကောင်းစွာ ဖော်ပြထားလေသည်။ အိန္ဒိယတွင် မောရိယ မင်းဆက်ကုန်ဆုံးခြင်းကား  အိန္ဒိယဧ။် ခေတ်ဦးရာဇ၀င် ပြီးသည်သို့ ရောက်ရှိ လေသည်။
စာကိုး--- ခေတ်ဟောင်းရာဇ၀င် ( ဒေါက်တာ သန်းထွန်း )
             (ခေတ်ဦးကာလ )  မြန်မာနိုင်ငံ နတ်ကိုးကွယ်မှုသမိုင်း  ( မင်းစည်သူ )
                                                                   ပြီးပါပြီ။
                                                                   Rocker77
No comments:
Post a Comment