Sunday, January 6, 2013

မတူညီသောချစ်ခြင်းများ။ (ဇာတ်သိမ်း)



ဇာတ်သိမ်းပိုင်း။

 


ကောင်လေးရဲ့ နာမည်က = ဒီမို့စ်
 
ကောင်မလေးရဲ့ နာမည်က = ရှယ်ရီ


 

ရှယ်ရီ .. မင်းမငိုပါနဲ့တော့ကွာ။ မင်းဖြစ်ချင်တဲ့အတိုင်း ကိုယ်အားလုံး တာဝန်ယူ ဖြေရှင်းပေးပါ့မယ်


လို့  ကျွန်တော် လွယ်လွယ်လေး သူ့ကို ပြောလိုက်မိသည်။

 

မဟုတ်ဘူး ဒီမို့စ် ၊ ရှယ်ရီ ဒီမို့စ်ကို ဘယ်လောက်ချစ်သလဲ ဆိုတာ ဒီမို့စ် သိပါတယ်နော်။ ခု ရှယ်ရီ မှာ ကိုယ်ဝန်ရနေပြီထင်တယ်။ ရှယ်ရီ ဘယ်လိုလုပ်ရမလဲ ဟင် .. အိမ်ကိုလည်း မပြောရဲဘူး။ ဒီမို့စ် ရှယ်ရီ ကို ခိုးပြေးတော့နော်။ ဒီမို့စ် ရှယ်ရီ ကို ချစ်တယ်ဆိုရင် ရှယ်ရီ ပြောတဲ့အတိုင်း လက်ခံပေးပါနော်။
 

ကျွန်မသည် ပြောရင်းနဲ့ပင် သူ့ရဲ့ ရင်ခွင်ထဲသို့ တိုးဝင်မိသွားပါသည်။
အအေးဆိုင်သည်လည်း ပိတ်တော့မည် ဖြစ်သဖြင့် သူနဲ့ကျွန်မ ထိုဆိုင်လေးမှ ထွက်လာခဲ့ပါသည်။
ကျွန်မ သူ့ကို မေးလိုက်မိသည်။


ဒီမို့စ် မနက်ဖြန်ကျရင် မနက် 10း00 လောက်စောင့်နေနော်။ ရှယ်ရီ လာခဲ့မယ်။ နောက်ပြီး ရှယ်ရီ မိဘတွေဆီမှာလာပြီး တောင်းရမ်းလိုက်တော့ နော်


လို့ ကျွန်မ ပြောလိုက်မိပါသည်။
ထို အချိန်တွင် ဒီမို့စ် ဧ။် မျက်နှာသည် အနည်းငယ်ထိတ်လန့် မှုဆီသို့ ရောက်ရှိသွားလေသည်။ ကျွန်မ ဘာမှ ဆက်မပြောတော့ ပဲ သူ့မျက်နှာကိုသာ ကြည့်နေမိပါတော့သည်။ သူ့ ရဲ့ မျက်နှာမှာ ချွေးသီးချွေးပေါက်တို့မှာ နေရာအနှံ့ ထွက်လာပါတော့သည်။


ဒီမို့စ် ပြောလေ၊ ဘာငိုင်နေတာလဲ၊ ရှယ်ရီ ပြောတာ ကြားရဲ့လား?
ဘာလဲ ဒီမို့စ် ၊ မယူနိုင်ဘူးလို့ ပြောမလို့လား။

အာ...မဟုတ်ပါဘူး။ ရှယ်ရီ ပြောတာ အားလုံးကြားပါတယ်။ ကိုယ် အားလုံး လုပ်ပေးမယ်လို့ ပြောပြီးသားပဲကို။
စိတ်ချပါ။ ကိုယ် မနက် 10း00 နာရီ လာခဲ့ပါမယ်နော်။

 


လို့ ပြောပြီး ကျွန်တော်သည် သူရဲ့ ပါးလေးကို နမ်းပြီး ကျွန်တော်တို့ နှစ်ယောက် ထို နေ့က လမ်းခွဲလိုက် ကြသည်။ တကယ်တော့ ထိုနေ့က လမ်းခွဲလိုက်ခြင်းသည် ကျွန်တော်နှင့် သူနဲ့ ဘယ်တော့မှ ပြန်မဆုံ နိုင် တော့တဲ့ လမ်းခွဲမှုလေးပင်ဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ လမ်းခွဲမှုလေးက ဘယ်လိုမှ မချိုမြိန်သ လို ၊ ဘယ်လိုမှလည်း မလှပ ခဲ့ပါဘူး။ တကယ်ဆို ကျွန်တော် နှစ်ယောက်ဟာ အစတည်းက မတူညီတဲ့ စာမျက်နှာတွေကို ရေးသားခဲ့ကြတာပါ။ တူညီမှု မရှိတဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆုံတွေ့မှုလေးဟာလည်း တူညီလာအောင် လုပ်ယူလို့ မရခဲ့ကြပါဘူး။ ဒီလိုနဲ့ပဲ မတူညီတဲ့ ချစ်ခြင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဇာတ်သိမ်းခန်းလေးကလည်း ဘယ်လိုမှ မလှပခဲ့ပါဘူး။

 



ပြီးပါပြီ။
သူငယ်ချင်းများအားလုံးကို ခင်မင်လေးစားလျက်



light of Knowledge



No comments:

Post a Comment