Saturday, January 12, 2013

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး ။ အပိုင်း ( 7 )



အခန်း ( 7 )


              ညသည် ပိန်းပိန်းထူအောင် မှောင်မည်းနေလေသည်။ ကောင်းကင်ယံ ၌ မိုးသက်မိုးသားတို့ တည်ရှိနေခြင်း ကြောင့် ကြယ်ကလေးများလည်း ပုန်းခို နေကြလေသည်။ လကွယ်လမိုက်ည ဖြစ် သော ကြောင့် အမှောင်ထုက ပိုမို အား ကောင်း ကာ စိုးမိုး ထားသောကြောင့် ညမှာ အကျည်းတန် ရ်ျ နေပေသည်။

              နေရာအားဖြင့် ယုဒီပနိုင်ငံနှင့် ဟန်သော်ဝေနိုင်ငံ နယ်စပ်နေရာ ဖြစ်လေသည်။ အတိကျ ဆိုရပါမူ ဟန်သော်ဝေ နိုင်ငံ ဘက်ခြမ်း ခံတပ်ဖြူ တည်ရှိရာ နေရာပင် ဖြစ်လေသည်။ ထို ခံတပ် သည်ကား ဟန်သော်ဝေ နိုင်ငံ၏ နယ်စပ်မြို့ ခံတပ် များထဲတွင် အကြီးဆုံး ခံတပ်ကြီး ဖြစ်လေသည်။ စစ်ရေးအရလည်း ဗျူဟာကျသောနေရာတွင် တည်ရှိသောကြောင့် ခံတပ် အကျယ်ဝန်းနှင့်စစ်သည် အင်အားမှာလည်း ကြီးမားများပြား လှလေသည်။

               ထို ခံတပ် သည် တည်ဆောက်ထားပုံမှာ အနည်းငယ်ထူးဆန်းလေပေသည်။ ခံတပ်ကို စက်ဝိုင်းပုံစံ အ၀ိုင်း တည် ဆောက်ထားပြီး အ၀င်အထွက် တံခါး ပေါက်အားဖြင့် သုံးပေါက်မျှသာ ရှိလေသည်။ ဟန်သော်ဝေ နိုင်ငံရဲ့ သမိုင်းကြောင်း အဆက်ဆက် ၌ ထို ခံတပ် သည် မည်သည့် အခါကမှ ကျဆုံးခဲ့ဖူးခြင်း မရှိပဲ နာမည်ကြီး ခံတပ် များထဲတွင် တစ်ခု အပါအ၀င် ဖြစ်လေသည်။ ထို ခံတပ်ကို လာရောက်တိုက်ခိုက်သော ရန်သူ များသာလျှင် ပြန်လည်ဆုတ်ခွာ သွားရသည်များသာ ရှိခဲ့လေသည်။

                အကြောင်းမှာမူ ထို ခံတပ်ကြီးအား တည်ဆောက်ထားပုံ ကြောင့်ပင် ဖြစ်လေသည်။ ထို ခံတပ်၏  ခံတပ်ရိုး ရဲ့ အပြင်ဘက်၌ ကျယ်ပြန့်သော ခံတပ် ကျုံး တစ်ခုကို ကာရံထားပေသည်။ ခံတပ် အတွင်းသို့ ၀င်ရန် တံခါး ပေါက်များသည် လည်း ကြီးမားလေးလံပြီး ထို တံခါးများကို အဖွင့် ပိတ် ပြုလုပ်ရန် စက်ယန္တရားများကိုလည်း တပ်ဆင် ထားရှိလေသည်။ ထို ခံတပ် တံခါးများနဲ့ တ ဆက် တည်းမှာ ခံတပ် ကျုံး ပေါ်သို့ အုပ်မိုးရ်ျ ထိုးဆင်ထားသော တံတား သုံးခုလည်း ရှိပေသေး သည်။ ထို တံတား များသည်လည်း တံခါးများအတိုင်း ယန္တရား စက်များ တပ်ဆင်ထားလေသည်။ ထို တံတား များ သည် တံတား ရှင်များ ဖြစ်ကာ ရန်သူများလာရောက် တိုက်ခိုက်ပါက တံတားများကို ခေါက် သိမ်း ထားပါက ရန်သူများသည် ခံတပ် ကျုံး အပြင်ဘက်၌သာ ရှိနေပြီး ခံတပ် တွင်းသို့ ထိုး ဖောက် ၀င်ရောက်ရန် များစွာ ခက်ခဲလေသည်။

               ထို့အပြင် ခံတပ် အုတ်ရိုးတံတိုင်းများသည် မာကျောသော ကျောက်သားဆစ်များဖြင့် တည် ဆောက်ထားပြီး တခြားသော ခံတပ် တံတိုင်းများထက် နှစ်နီးပါး မြင့်မား လေသည်။ ထို ခံတပ် အား တည်ဆောက်ထားသော ကျောက်ဆစ် သားများသည် အဖြူရောင် အဆင်းရှိပြီး တော်တန်ရုံလောက် လွဲ လက်နက်များကို ခံနိုင်ရည် ရှိလေသည်။

                ခံတပ်အတွင်းပိုင်းသည်လည်း ဧရိယာ ကျယ်ဝန်းကာ စစ်မက်ဖြစ်ပွားနေချိန်များတွင် ရိက္ခာ ပြတ်လပ်မှု မပူပင်ရအောင် စပါးစိုက်ပျိုးနိုင်သော မြေဧက များလည်း ရှိနေပေသေးသည်။ ၄င်းအပြင် ရေ အတွက်လည်း သဘာဝ အလျောက် စီးဆင်းနေသော စိမ့်စမ်းတစ်ခုက ခံတပ်၏ အလယ်ဗဟိုမှ တည့်တည့် ဖြတ်ကာ စီးဆင်းနေပေသေးသည်။ ခံတပ် အတွင်း၌လည်း ရေတွင်း များကိုလည်း တူးဖော် ထားရှိ လေရာ အစားစာနှင့် ရေအတွက် ပူပင်ခြင်း ကင်းဝေးစွာ နေထိုင် နိုင်ပေသည်။

                 ခံတပ်အတွင်းရှိ ရိက္ခာသိုလှောင်ရုံများ၊ လက်နက်တိုက်များ ၊ ဆေးကုသဆောင်များ ၊ စစ် သည်တော်များ နေရန် အဆောင်များ ၊ မြင်းဇောင်းများ သည်လည်း တခြား ခံတပ်များထက် အရေ တွက်အားဖြင့် ပိုမိုလေသည်။ ထို့ကြောင့် ပင် ခံတပ်ဖြူကြီးသည် တိုက်ပွဲ တိုင်းတွင် နိုင်ငံရဲ့ ဗျူဟာ ကျသော လမ်းကြောင်းပေါ်၌ တည်ရှိနေခြင်း၊ ခံတပ် တည်ဆောက် ထားပုံ ကောင်းမွန်ခြင်း ၊ စနစ် ကျခြင်း တို့ကြောင့် တခြား ခံတပ် များသို့ စစ်ကူနှင့် ရိက္ခာ ပေးပို့ရာတွင် လည်ကောင်း ၊ ခံစစ်ပြု တိုက်ခိုက်ရာတွင် လည်းကောင်း အစွမ်းထက်လေ့ ရှိကာ ကျဆုံးခြင်းမရှိပဲ ရန်သူများကို အမြဲတမ်း တွန်းလှန် နိုင်လေ့ ရှိလေသည်။ ထို့ကြောင့် ထို ခံတပ်ဖြူကြီးသည် ဟန်သော်ဝေ စစ်သည်တို့အတွက် ဂုဏ်ယူစရာလည်း ဖြစ်နေပေ သည်။

                 ယခုမူ.............
                 ထို ခံတပ်၏ အပြင်ဘက် တောအုပ်များရှိရာ အရပ်၌ အနက်ရောင်ကိုယ်ကြပ် ၀တ်စုံများ ကို ၀တ်ဆင်ထားပြီး မျက်နှာများကို ဖုံးအုပ်ထားသော လူတစ်စုသည် ခံတပ်ဖြူကြီးနှင့် နီးနိုင်းသမျှ နီးအောင် ချဉ်းကပ်လာကြလေသည်။ ထို လူစုကား တခြားမဟုတ်။ ယုဒီပ နိုင်ငံမှ တပ်မှူးကြီး လော်ဒီယာ ဦးဆောင်သော လက်ရွေးစင် တပ်ဖွဲ့ ဖြစ်လေသည်။ စုစုပေါင်း အယောက် ( 30 ) မျှရှိကာ တပ်ဖွဲ့ဝင် အားလုံးသည် တိုက်ရည် ခိုက်ရည် ပြည့်ဝသော အသေခံ တပ်သားများ ဖြစ်ကြလေသည်။

                 ထို လူစုသည် ခံတပ်ဖြူကြီးနှင့် အနီးဆုံး နေရာသို့ တပ်နိုင်သမျှ နီးကပ်အောင် လာခဲ့ရာ အနီးဆုံးနေရာ တစ်ခုသို့ ရောက်လျှင် တပ်မှူးကြီး လော်ဒီယာက သူ့လူများအားလုံးကို စုစည်း လိုက်ပြီး ကိုယ်တွင်းမှ သူလျှိုများဆီမှ ရယူ ထားသော ခံတပ်ဖြူကြီးရဲ့ သားရေပေါ်၌ ရေးဆွဲ ထား သော မြေပုံကို မြေ၌ ဖြန့်ခင်း လိုက်လေသည်။ ထို့နောက် တစ်စုလျှင် လူ ငါးဦးစီ ခွဲတမ်းချကာ လုပ် ဆောင်ရမည်များကို အသေးစိတ် လမ်းညွှန်မှာ ကြားလိုက်လေသည်။ ထို့နောက် ကင်းထောက် အဖွဲ့ ကို စေလွှတ်ကာ ခံတပ်ဖြူကြီး ရဲ့ အခြေနေကို သတင်းရယူ ခိုင်းလိုက်လေသည်။

                  ခံတပ်ဖြူကြီး အတွင်း၌ကား ညဘက်ဖြစ်သည့် အားလျော်စွာ ခံတပ်တံတိုင်းများနှင့် အ တွင်း ပိုင်း နေရာ အဆောင်များတွင် မီးတုတ်များတွန်းညှိ ထားပြီး ပုံမှန်အတိုင်းသာ စစ်သည် ရဲမက် များ ကင်းလှည့် စောင့်ကြပ်လျက် ရှိနေ ပေသည်။ ဟန်သော်ဝေ စစ်သည် များသည် ရန်သူ များလာ ရောက် တိုက်ခိုက်ခြင်းမရှိဟု ယူဆထားကာ ပုံမှန်အတိုင်းသာ လုံခြုံရေးကို ဆောင်ရွက်နေ ကြ ခြင်း လည်း ဖြစ်လေသည်။ သူတို့သည် သူတို့ရဲ့ ခံတပ်ဖြူကြီးကို ယုံကြည်မှုရှိကာ သတိပေါ့ နေ ကြခြင်း လည်း ဖြစ်လေသည်။

                  တပ်မှူးလော်ဒီယာတို့ လက်ရွေးစင် တပ်ဖွဲ့သည် တောအုပ်တွင်း၌ အချိန်တစ်ခုကို စောင့် ဆိုင်း ကာ အသင့်ပြင် ဆင်လျက် အချိန်းဖြုန်းနေကြလေသည်။ အချိန်အားဖြင့် ညဉ့် သန်းခေါင်းယံ ကျော်ချိန်သို့ရောက်ရှိလာခဲ့လေ သည်။ အရှေ့မှ စေလွှတ်ထားသော သတင်းကင်းထောက်အဖွဲ့မှ တပ်သားတစ်ယောက်ရောက်ရှိလာကာ ..........


သတင်းပို့ပါတယ် တပ်မှူးကြီး
အချိန်ကျရောက်လာပါပြီ။

                   တပ်ဗိုလ် တစ်ယောက်ရဲ့ ဆင့်ကဲ သတင်းပို့မှု နဲ့အတူ တပ်မှူးကြီးလော်ဒီယာသည် သူရဲ့ လက်ရွေးစင် တပ်ဖွဲ့ကို လှုပ်ရှားမှုစတင်လိုက်လေသည်။ ခံတပ်ဖြူကြီး ဘက်မှာလည်း အစောင့် ကင်းလှည့် စစ်သည် များရဲ့ လူအပြောင်း လဲ လုပ်ချိန် ဖြစ်လေသည်။ အရှေ့ ကင်းထောက် အဖွဲ့ဆီမှ အချက်ပေးမှု စတင်လာရာ လော်ဒီယာတို့ တပ်ဖွဲ့သည် ကိုယ်စီ ခါး၌ အသင့် ယူဆောင်လာသော ၀ါးလုံး ငယ်လေးများကို ထုတ်ယူကာ ခံတပ်ဖြူကြီးရဲ့ ကျုံးရေ အတွင်းသို့ တိတ်တဆိတ် ပြေးဆင်း ကာ ၀ါးလုံးငယ်များကို ပါးစပ်မှာ ကိုက်လျက် ကျုံးရေ အတွင်း၌ ရေငုပ်ရ်ျ နေလိုက်ကြလေသည်။ တပ်မှူး လော်ဒီယာသည် သူလျှိုများမှတဆင့် ကျုံးအတွင်းရှိ ယန္တရားတပ် ဆူးညှောင့်များကိုလည်း ပိတ် ထားစေခြင်း ဖြစ်လေသည်။ လော်ဒီယာတို့ တပ်ဖွဲ့ သည် ကျွမ်းကျင်ပါးနပ်စွာဖြင့် ကင်းစောင့် ရဲမက် များ လှည့်ပြောင်းချိန်တွင် ခံတပ် တံတိုင်းအောက် ကျုံးအတွင်းသို့ အချိန်အနည်းငယ်တွင်း နေရာ ယူလိုက် ကြလေသည်။

                    ထို့နောက် ကျုံးရေ အတွင်း၌ တစ်ဦးချင်းစီ အသာယာ လှုပ်ရှားကာ ခံတပ်တံခါးအနီးရှိ ရေသွင်း ရေမြောင်း ပေါက်နားဆီသို့ တဖြည်းဖြည်းချင်း တိုးကာ ရေမြောင်းပေါက်မှတဆင့် ခံတပ် တွင်းသို့ တစ်ဦးချင်းစီ ၀င်ရောက် နေရာယူလိုက်ကြလေသည်။ တပ်မှူးလော်ဒီယာသည် ခံတပ်ဖြူ ကြီး၏ မြေပုံအား ရရှိထားသည့်အလျောက် လူတစ်ကိုယ်စာ မျှအပေါက်ဖြစ်နေသော ရေမြောင်း ပေါက်များမှတဆင့် ခံတပ်အတွင်းသို့ အောက်ခြေမှ ထိုးဖောက်ဝင်ရောက်ခဲ့ ခြင်းဖြစ်လေသည်။ တပ်မှူးလော်ဒီယာသည် သူလျှိုများနှင့် ပူးပေါင်းကာ ကြိုတင် ကြံစည်ထားခြင်း ဖြစ်ပြီး အချိန်ကိုက် လှုပ်ရှားမှု ကို ပြုလုပ်ခဲ့ခြင်း လည်း ဖြစ်လေသည်။ သို့ပေမယ့် ပထမ အဆင့်သာလျှင် ပြီးဆုံးခဲ့ခြင်း ဖြစ်လေသည်။

                    ထို့နောက် လော်ဒီယာတို့ လူစုသည် ခံတွင်းတွင်း၌ မှောင်ရိပ်ကျသော နေရာများတွင် ငါးယောက်တစ်စု ဖြင့် ပုန်းအောင်းနေလိုက်ပြီး ခံတပ်တွင်းရှိ ဟန်သော်ဝေ စစ်သည်များ၏ ကင်း လှည့် နေမူကို စောင့်ကြည့် အကဲခတ် လိုက် လေသည်။ ခံတပ်အတွင်း၌တွင်ကား ပုံမှန် အခြေနေ အတိုင်း သာ ရှိနေပြီး ကင်းလှည့် စစ်သည်များမှအပ ကျန်သူများအား လုံး အိပ်စက်အနားယူ လျက် ရှိ နေပေသည်။ ထို့ကြောင့် လော်ဒီယာသည် ဒုတိယ အစီစဉ်ကို စတင်ရန် အချက်ပြလိုက်လေသည်။ အချက် ပြလိုက်သည်နှင့် တပြိုင်နက် လော်ဒီယာရဲ့ တပ်ဖွဲ့ဝင်များသည် ခါးမှ ဓါးမြှောင်များကို ထုတ် ယူ အသင့်ပြင် လိုက် ပြီး မိမိတို့၏ ပုန်းအောင်ရာ လူစုနားသို့ ရောက်ရှိလာကြသော ဟန်သော် ဝေ ကင်းလှည့် ရဲမက်များကို လုပ်ကြံလိုက် ကြ ကာ အလောင်း များ ကို အမှောင်ထုအောက်သို့ ဖျောက် ဖျက်ပစ်လိုက်ကြသည်။ ထို့နောက်တွင်တော့ ဟန်သော်ဝေ နိုင်ငံရဲ့ ရဲမက်ဝတ်စုံ များကို လဲလှဲ ၀တ် ဆင်လိုက်ကြပြီး အဖွဲ့ငယ်အလိုက် လုပ်ဆောင်ရမည့် ပစ်မှတ်များဆီသို့ ဆက်လက် ထွက်ခွာ သွား ကြလေ သည်။

                    လော်ဒီယာ၏ တပ်ဖွဲ့ငယ်သည် သူတို့ရဲ့ ပစ်မှတ်ဖြစ်သော ဟန်သော်ဝေ နိုင်ငံ၏ စစ်သူကြီး အဆောင်သို့ ထွက်ခွာလာခဲ့ကြလေသည်။ စစ်သူကြီး အဆောင်ရှေ့သို့ ရောက်လျှင် ..........

ဟိတ် .......... ရပ်စမ်း
ဘယ်သူတွေလဲ
ဒီနေရာကို မလာရတာ
မသိဘူးလားကွ။

                      စစ်သူကြီး အဆောင်ရှေ့၌ စောင့်နေသော ရဲမက်တစ်ယောက်မှ လှမ်းအော်လိုက်ခြင်း ဖြစ်လေသည်။ ထို အခါ လော်ဒီယာ က ဟန်အမူရာဖြင့် တိုးတိုးလုပ်ပါ ဟု သဘောပြသလိုက်ပြီး ထို အစောင့် တပ်သားကို လှမ်းခေါ်လိုက်လေ သည်။ ထို တပ်သားသည်လည်း ဘုမသိဘမသိ ဖြင့် လော်ဒီယာ အနားသို့ ရောက်လာရာ လော်ဒီယာက ထို လူအား တစ်စုံ တစ်ခုကို တီးတိုး ပြောဆို လိုက်လေသည်။ ထို အခါ တပ်သားဖြစ်သူက..............

တကယ်လားဗျ
ဘယ် အဆောင်မှာတုန်း
ဒါမျိုး ကျုပ်က ၀ါသနာ ကြီးတယ်ဗျ


တကယ်ပေါ့ဟ
နောက်ပါ့မလား
ဟို နားက အဆောင်ထဲမှာ
မင်းတို့ မြန်မြန်သွားလိုက်
ငါတို့ ဒီမှာ စောင်နေပေးမယ်။
သူများတွေ သိကုန်မယ်နော်။
အရမ်းမကြာနဲ့ ။
သွား  သွား ။


သေချာတယ်နော်။


သေချာပါတယ်ဆိုနေကွာ
သွားမှာသာ သွားစမ်းပါ။

                       
                       ထိုသို့ဖြင့် စစ်သူကြီး အဆောင်ရှေ့၌ စောင့်နေသော တပ်သားများသည် လော်ဒီယာ တို့နှင့် လူချိန်းကာ ညွှန်ပြသော အဆောင်ဆီသို့ ကူးသွားလိုက်ကြလေသည်။ ထို သူများသည် အဆောင် တံခါးကို အသာယာ ဖွင့်ဝင်လိုက်ပြီး ပါးစပ်မှ ..........


ဟေးးးးးးးးးးးး
မိန်းခလေးတို့ရေ
ဘယ်နားမှာလဲကွယ်

                        
                         အသံကို ခပ်နိမ့်နိမ့်လေးဖြင့် တီးတိုးကာ အသံပြုလိုက်လေရာ အဆောင် အတွင်း ဘက်ဆီမှ .....

ခစ်......ခစ်........ခစ်

                         မိန်းခလေးများ ရယ်သံ တိုးတိုးလေး ထွက်ပေါ်လာလေသည်။ ရဲမက်များသည် လော်ဒီယာ ပြော လိုက် သော စကားကို ယုံကြည်သွားကာ တကယ်ပင် မိန်းခလေး ရှိသည်ဟု ထင်မှတ်ပြီး အတွင်းပိုင်းသို့ ၀င်ရောက်သွား ရာအဆောင်တွင်း၌ အသင့်ပုန်းအောင်း စောင့် ဆိုင်း နေသော လော်ဒီယာ၏ တပ်ဖွဲ့များက လုပ်ကြံရှင်းလင်း လိုက်လေသည်။ မိန်းခလေး ရယ်သံများမှာ အသံတု ဖြစ်ကြောင်းကိုတော့ အသိနောက်ကျသွားကြလေသည်။

                        လော်ဒီယာတို့ လူစုသည် စစ်သူကြီးရဲ့ အဆောင်ဆီသို့ တစ်ချက် အကဲခတ် လိုက်လေ ရာ အခြေနေ ဘာမှ မထူးခြားချေ။ ထို့ကြောင့် လော်ဒီယာတို့ လူစုသည် ဟန်သော်ဝေ နိုင်ငံ စစ်သူ ကြီးရဲ့ အဆောင်တွင်း သို့ ခြေသံလုံလုံ ဖြင့် ၀င်ရောက်ခဲ့ကြလေသည်။ တဖြေးဖြေးနှင့် ၀င်ရောက် ခဲ့ကြလေရာ စစ်သူကြီးရဲ့ အိပ်ခန်းဆီသို့ ရောက်ရှိကြကာ အခန်း တွင်းရှိ စစ်သူကြီးရဲ့ အိပ်စက်ရာ နေရာဆီသို့ အရောက်တွင်........

ဝှစ်..............
အားးးးးးးးးးးးးးးးးး

                        နောက်ကျောဘက်ဆီမှ ဓါးမြှောင်တစ်ချောင်းက လော်ဒီယာရဲ့ ဘေးရှိ ရဲမက် တစ်ယောက် ၏ ကျောပြင် သို့ စိုက်ဝင်သွားလေသည်။ ကျန်လူများ အားလုံးသည် နောက်သို့ လှည့်ကြည့် လိုက်ရာ အဆောင်ဓါးကို အသင့်ကိုင်ဆောင် ထားသော ဟန်သော်ဝေ နိုင်ငံ ၏ စစ်သူကြီးကို တွေ့ရလေသည်။

မင်းတို့ ဘယ်သူတွေလဲဟေ့

                         စစ်သူကြီးရဲ့ စကားမဆုံးမီမှာပင် လော်ဒီယာသည် ဓါးမြှောင်ဖြင့် လှမ်းပစ် လိုက်လေ ရာ ဟန်သော်ဝေ စစ်သူကြီးရဲ့ ညာဘက်လက်မောင်းဆီသို့ စိုက်ဝင်သွားလေသည်။ အခြေနေကို သ ဘောပေါက်လိုက်ကြသော လော်ဒီယာတို့ လူစုသည် ကိုယ်စီ အဆောင်ဓါးများကို ထုတ်ကာ ဟန် သော်ဝေ စစ်သူကြီးနှင့် ရင်ဆိုင်လိုက်ကြလေသည်။

ယားးးးးးးးးးးးး
ချလွမ်.........ချလွမ်..........
ဝှစ် ........... ချလွမ်...........

                         တိုက်ပွဲ သည် အများနှင့် တစ်ယောက် အနေထားဖြင့် စတင်လေသည်။ လော်ဒီယာ တို့ လူစုသည် ဟန်သော်ဝေ စစ်သူကြီးအား ဒလကြမ်း ဖိတိုက်ကြလေသည်။ ဟန်သော်ဝေ စစ်သူ ကြီးမှာ လက်၌ရထားသော ဒဏ်ရာ ကြောင့် လည်းကောင်း ၊ ကိုယ်ခံပညာ အဆင့်မြင့်သော လူစု နှင့် တိုက်ခိုက်နေရသည်ကြောင့် လည်းကောင်း တဖြည်းဖြည်း အကျဘက်သို့ ဦးတည်ရ်ျ လာလေ သည်။ ထိုသို့ တိုက်ခိုက် နေချိန်တွင် အစောပိုင်း၌ ကျော၌ ဓါး ဒဏ်ရာရခဲ့သော ရဲမက် သည် အ ဆောင် အပြင်ဘက်သို့ ထွက်ခွာ သွားပြီး အသင့်ပါလာသော မီးကျည်ကို မီးရှို့ကာ ကောင်းကင် ပေါ် သို့ အချက်ပြ ပစ်ဖောက်လိုက်လေသည်။

                        ထို မီးကျည် ပစ်ဖောက်မှုကြောင့် အတွင်း၌ တိုက်ခိုက်နေသော လော်ဒီယာတို့ လူစုသည် လည်း ကောင်း ၊ အပြင်ဘက်၌ စောင့်ကြပ် နေကြသော ဟန်သော်ဝေ ရဲမက်များသည် လည်းကောင်း ၊ ပစ်မှတ်နေရာ အသီးသီး ၌ စောင့် ဆိုင်းနေကြသော လော်ဒီယာ၏ လက်ရွေးစင် ရဲမက်များသည် လည်းကောင်း ၊ တောအုပ်အတွင်း ၌ ပုန်းအောင်း နေသော ယုဒီပ နိုင်ငံရဲ့ နောက် ချန် တပ်ဖွဲ့ များသည်လည်းကောင်း အသီးသီး အားလုံး မြင်သိရှိကုန်ကာ လှုပ်ရှားမှုများ စတင်လာ ကြတော့သည်။

                         တပ်မှူးကြီး လော်ဒီယာ ရဲ့ လူများက ကြိုတင်စီစဉ်ထားသည့် အတိုင်း ရိက္ခာရုံများ ၊ မြင်းဇောင်းများ ၊ လက်နက်တိုက်များ ၊ ရဲမက်များ ဆေးကုဆောင်များ ၊ ည အိပ်ဆောင်များကို မီးရှို့ လိုက်ကြလေရာ ခံတပ်ဖြူကြီး အတွင်း ၌ မီးဟုန်းဟုန်း တောက်လောင်ကာ ကစဉ့်ကလျား ဖြစ် ကုန် လေသည်။ တောအုပ်အတွင်း ၌ စောင့်ဆိုင်းနေသော နောက် ချန် တပ်ဖွဲ့များသည်လည်း ရှေ့သို့ တိုးကာ ချီတက်လာပြီး ခံတပ်ဖြူကြီး နှင့် အနီးဆုံး တောအုပ်တွင်း ၌ လော်ဒီယာ တို့ရဲ့ အခြေနေကို စောင့်ကြည့်နေကြလေသည်။ ဟန်သော်ဝေ ရဲမက်များကလည်း အလျင်အမြန် လူစုစည်းကာ လော်ဒီယာ တို့ရဲ့ လက်ရွေးစင် လူများကို လိုက်လံ ရှင်းလင်းလေသည်။ ထို့ကြောင့် အစောပိုင်းက တိတ်ဆိတ်စွာ အိပ်မော ကျနေသော ခံတပ်ဖြူကြီးသည် ရှုပ်ယှက်ခတ်ကုန်ကာ တိတ်ဆိတ်ခြင်းကို ဖြိုခွဲ လိုက်ကြလေသည်။

                          အဆောင်တွင်း၌လည်း လော်ဒီယာ တို့ လူစုသည် တိုက်ပွဲကို ပိုမို အရှိန်မြှင့်ကာ အဆုံးသတ်ရန် အပြင်းထန် တိုက်ခိုက်နေလေသည်။ ယခု အချိန်တွင် လော်ဒီယာ တို့လူစုသည် တိုက်ပွဲကို အမြန်အဆုံးသတ်နိုင်မှာသာ ဟန်သော်ဝေ ရဲမက်များ ရောက်မလာခင် ခံတပ်တွင်းမှ အချိန်မှီ ပြန်လည် ထွက်ခွာ နိုင်မည် ဖြစ်လေသည်။ သို့မဟုတ်ပါက အသက်နဲ့ကိုယ် အိုးစားကွဲဖို့ သာ ရှိလေတော့သည်။

                          ခံတပ်တွင်း၌ မီးတောက်မီးလျှံတို့သည် အရှိန်အဟုန်ဖြင့် ပိုမို လောင်ကျွမ်းလာပြီး ခံတပ်တစ်ခုလုံးကို မီးက ကူးစက်နေပေသည်။ လော်ဒီယာ ရဲ့ လက်ရွေးစင်တပ်ဖွဲ့များသည်လည်း တိုက်ခိုက်လာသော ဟန်သော်ဝေ စစ်သည် များကို ပြန်လည် ခုခံကာ လော်ဒီယာ ရှိရာ စစ်သူကြီး အဆောင်ဘက်ဆီသို့ ဦးတည်ကာ လူလာစုလျက်ရှိနေပေသည်။ အဆောင်တွင်း၌ တွင်ကား ...........

ဝှစ် ........ ၀ှစ်............
ချလွမ်..........ချလွမ်..........

                          တိုက်ပွဲကား မပြီးဆုံးသေချေ။ သို့ပေမယ့် အချိန်သိပ်မကြာလိုက်ပါ။

ဝှစ် ........ ၀ှစ်...........
ချလွမ်.....................
ရွှတ် ......ရွှတ်..........
အားးးးးးးးးးးးးးးးးးးးးးးး

                          ဟန်သော်ဝေ စစ်သူကြီးရဲ့ ညာဘက်ခြေထောက်နှင့် ဘယ်ဘက်လက်တို့၌ ဓါး ဒဏ် ရာ တို့ ရရှိသွား ပြီး လက်မှ ဓါးသည် လွတ်ကျသွားလေသည်။ လော်ဒီယာသည် ရသည့် အခွင့်ရေးကို လက်လွှတ်မခံပဲ ဟန်သော်ဝေ စစ်သူ ကြီးအား လက်ရ ဖမ်းလိုက်လေသည်။ အဆောင်အပြင် ဘက် ဆီ မှာ လည်း ထိုးဖောက် တိုက်ထွက်လာသော လော်ဒီယာရဲ့ လက်ရွေးစင် လူများသည်လည်း စစ်သူ ကြီး အဆောင်ရှေ့၌ စုရုံး မိကြလေသည်။ ထို လူများအားလုံး အဆောင်ရှေ့၌ စုရုံးမိ ခိုက် ဟန်သော် ဝေ ရဲမက်များကလည်း ပတ်ပတ်လည်မှ ၀ိုင်းဝန်းပိတ်စို့ လိုက်ကြလေသည်။ ထို အချိန်တွင်...........

                          တပ်မှူးလော်ဒီယာသည် ဟန်သော်ဝေ စစ်သူကြီးရဲ့ လည်ပင်းကို ဓါးမိုးလျက် အဆောင် တွင်းမှ ထွက်လာလေသည်။ ဟန်သော်ဝေ ရဲမက်များသည် သူတို့ရဲ့ စစ်သူကြီးအား လက်ရ ဖမ်းထားသည်ကို မြင်လေသော် ၀င်ရောက် တိုက်ခိုက်ဖို့ အတွက် အနည်းငယ် ရှဲ သွားကြ လေသည်။ ထို့ နောက် လော်ဒီယာက ..........

ရဲမက်တို့ နားထောင်ပါ။
မင်းတို့ရဲ့ စစ်သူကြီးအသက်က
ငါ့ရဲ့ လက်ထဲမှာ ဖြစ်တယ်။
မင်းတို့ရဲ့ စစ်သူကြီးကို
မသေစေချင်ရင်
အရှေ့ဘက် တံခါးကို
အမြန်သွားဖွင့်ပါ။

                          ဟန်သော်ဝေ စစ်သူကြီးကမူ ...........

လုံးဝ မဖွင့်နဲ့ဟေ့
ငါ သေရင် သေသွားပါစေ
ဒီကောင်တွေကို
တစ်ယောက်မှ ခံတပ်ထဲက
မလွတ်စေနဲ့

                            စစ်သူကြီးရဲ့ စကားဆုံးသည်နှင့် တပ်မှူးလော်ဒီယာသည် စစ်သူကြီးရဲ့ လည်ပင်း ပေါ်သို့ မိုးထား သော ဓါးအား အသားထဲသို့ အနည်းငယ် ဖိသွင်းလိုက်လေသည်။

အားးးးးးးးးးးးးးးး

                           ဟန်သော်ဝေ စစ်သူကြီး ထံမှ စူးရှရှ အသံ ထွက်ပေါ်လာလေသည်။ ထို့နောက် လော်ဒီယာ က ........

ဘာလုပ်နေကြတာလဲ
အရှေ့ဘက် တံခါးကို
ဖွင့်ခိုင်းနေတာ
မကြားဘူးလားဟေ့
ငါ့ လက်ထဲမှာ မင်းတို့
စစ်သူကြီးကို သေစေချင်လို့လား။

                           စကားဆုံးတော့ ဟန်သော်ဝေ ရဲမက်များသည် ရပ်မနေနိုင်ကြတော့ပဲ တဖြည်း ဖြည်း နောက်သို့ ဆုတ်ကာ အလျော့ပေး လျက် ခံတပ်၏ အရှေ့ဘက် တံခါးဆီသို့ ဆုတ်ခွာ ပေးလိုက် ကြလေသည်။ ဟန်သော်ဝေ စစ်သူကြီး အား ဓါးမိုး ထားသော တပ်မှူးလော်ဒီယာအား ကျန်ရှိ နေ သော သူရဲ့ လက်ရွေးစင် တပ်ဖွဲ့သားများက အကာကွယ်ပေးလျက် ရှေ့သို့ တဖြည်းဖြည်း ချင်း တိုး ကာ လိုက်ပါလိုက်ကြလေသည်။ အရှေ့ဘက် တံခါးဝ သို့ ရောက်လေသော် တပ်မှူး လော်ဒီယာ က ဟန်သော်ဝေ စစ်သူကြီးအား ..........

အမိန့်ပေးစမ်း
တံခါးဖွင့်ဖို့

                          လော်ဒီယာ က ပြောနေပေမယ့် ဟန်သော်ဝေ စစ်သူကြီးက တင်းခံရ်ျ နေလေသည်။ ထို့ကြောင့် လော်ဒီယာက ဓါးသွားကို အသားထဲသို့ အနည်းငယ် ထပ်ဖိ သွင်းလိုက်လေသည်။

အီးးးးးးးးးးးးးးးးးး

                           နာကျင်သဖြင့် ညည်းသံထွက်ပေါ်လာပြီး ဟန်သော်ဝေ စစ်သူကြီးက အမိန့်ပေး လိုက် လေသည်။

တံခါးဖွင့် ပေးလိုက်

                           ခံတပ်အရှေ့ဘက်ဆီမှ ကျုံးရေပေါ်သို့ ခံတပ် တံတားသည် တဖြည်းဖြည်းခြင်း ကျ ရောက်လာလေ သည်။ ထို အချင်းရာကို မြင်သော ယုဒီပ နိုင်ငံရဲ့ နောက်ချန် တပ်ဖွဲ့သည် တောအုပ် တွင်းမှ အရှေ့သို့ ထပ်မံ ချီတက်လိုက်ပြီး မြှားတပ်ကို အရှေ့တင်ကာ ဘေးနှစ်ဘက်၌ မြင်းတပ် နှင့် နောက်၌ လှံ ရှည်ကိုင် တပ်ဖွဲ့တို့ကို ခင်းကျင်းထားလိုက်လေသည်။ မြှားတပ်မှ မြှား စစ်သည်တို့သည် ခံတပ်တံတိုင်း နှင့် တံတားကျလာသော ခံတပ် တံခါးဆီသို့ လူခွဲကာ ချိန်ရွယ် ထားကြလေ သည်။

                          ထို့နောက် ခံတပ်ဖြူကြီးရဲ့ ကျုံးတံတားသည် တဖြည်းဖြည်းနှင့် မြေပြင်ပေါ်သို့ ရောက် ရှိလာကာ ခံတပ် တံခါးလည်း ပွင့်လာလေသည်။ ထို့နောက် ခံတပ်တွင်းမှ တပ်မှူး လော် ဒီယာ တို့ လူစုသည် ဟန်သော်ဝေ စစ်သူကြီး ကို ဓါးစာခံ လုပ်ကာ ခံတပ်တွင်းမှ ဆုတ်ခွာ လာ ကြ လေသည်။ ခံတပ်တွင်းမှ ထွက်လာသော လော်ဒီယာတို့ လူစုနောက်သို့ ဟန်သော်ဝေ ရဲမက် များက လိုက်ပါ မည်ပြုပြီး ခံတပ်အပြင်ဆီသို့ ထွက်ရန် တံတားပေါ်သို့ အရောက်တွင် ခံတပ်ရှေ့၌ အသင့် စောင့်နေ သော် ယုဒီပ နိုင်ငံ စစ်သည်များကို တွေ့မြင်ကာ ဆက်လက် မတက်ဝံ့တော့ချေ။ လော်ဒီ ယာ တို့ လူစု သည် မိမိ တပ်များဘက်သို့ အရောက်တွင် မြှားတပ် နောက်၌ ရှိနေသော လှံရှည် ကိုင် တပ်ဖွဲ့များ သည် မြှားတပ်၏ အရှေ့ ဘက်သို့ တက်ရောက်လာခဲ့ပြီး အခင်းကျဉ်းပုံစံ ပြောင်းလဲ လိုက် လေသည်။ ထို့ကြောင့် မြှားတပ်သည် အလယ်သို့ ရောက်ရှိသွားကာ လှံရှည် တပ်သည် ရှေ့၌ ရှိနေပြီး မြင်းစီး စစ်သည်များက ဘေးနှစ်ဘက်၌ ၀န်းရံထားပေးလေသည်။ လော်ဒီယာတို့ လက်ရွေးစင် တပ်ဖွဲ့ သည် နောက်ဆုံး ၌ ရှိနေပေသည်။

                           ထိုသို့ဖြင့် ယုဒီပ နိုင်ငံရဲ့ တပ်မှူးကြီး လော်ဒီယာတို့ တပ်ဖွဲ့များသည် ဟန်သော်ဝေ နိုင်ငံရဲ့ စစ်သူကြီးကို လက်ရဖမ်းဆီးကာ နောက်မှ ရောက်ရှိလာသော နောက်ချန်တပ်များနှင့်အတူ ည အမှောင်ကို အကာကွယ် ယူလျက် တောအုပ်တွင်းသို့ ၀င်ရောက်ပျောက်ကွယ်ကာ ပြန်လည် ဆုတ်ခွာ လွတ်မြောက်လာခဲ့ကြလေသည်။

( ဆက်လက်ဖော်ပြပါမည်။ )

Rocker77

No comments:

Post a Comment